ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 14, 2012

> -မရည်ရွယ်သော်လည်း-
 ရုပ်သံအစီအစဉ်များတွင်
လာတတ်သော ကြော်ငြာများကို တစ်ခါတစ်လေ စိတ်ပါလက်ပါဖြင့်ကျွန်တော်ကြည့်မိတတ်သည်။ 
 နိုင်ငံခြားဇာတ်လမ်းတွဲများကိုစောင့်မျှော်ကာ ကြည့်တတ်လေသော အိမ်ရှိကျန်လူများ ကတော့ (အထူးသဖြင့်ကျွန်တော့်အမေနှင့်အစ်မဖြစ်သူတို့ကတော့)  ကြော်ငြာများလာလျှင် စိတ်ပျက်လက် ပျက် ညည်းညူတတ်၏။ “ကမ္ဘာ့ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ ခြင်တွေဟာပိုမိုပေါက်ဖွားလာကြပါတယ်...၊ ခြင်အန္တရာယ်ကိုကာ ကွယ်ဖို့ဆိုရင်တော့ ဂျမ်ဘို ခြင်ဆေးခွေကအကောင်းဆုံးပါပဲ” အထက်ပါအတိုင်း(အတိအကျဟုတ်ချင်မှဟုတ်ပါလိမ့်မည်)ပြောကာကြေငြာသွားသော ဆရာဝန်အဆိုတော် မလေး ဖြူဖြူကျော်သိန်း၏ ခြင်ဆေးခွေကြေငြာကို အမှတ်တမဲ့ ကျွန်တော်ကြည့်မိသွားသည်။ ကြည့်ပြီးခဲ့ တော့ အတွေးက၀င်လာ၏။ ဟုတ်သည်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်တာလည်း ဖြစ်နိုင်သည်။ အခုပဲကြည့်...၊ ရာသီဥတုက မိုးတွင်းမှာ ပင် မိုးရွာလိုက် နေပူလိုက်နှင့်...။ ပြီးတော့ ခြင်တွေ...။ နေရာတိုင်းလိုလိုမှာ ပေါနေသည်။ ဒီနှစ်နွေရာသီတွင် သုံးဆယ်၊ သာယာဝတီ စသည့်မြို့များဘက်သို့ ကျွန်တော် သွားလည်စဉ်ကလည်း အဲ့ဒီနေရာတွေမှာ တော်တော်ပေါနေ၏။ ညပိုင်းအိမ်အပြင်ဘက်ထွက် ကာ လေညင်းခံတာတောင် ခြင်ဆေးခွေနှင့်မှ..။ နို့မဟုတ်လျှင်တော့ ခြေတလှုပ်လှုပ်၊ လက်တစ်ခါခါနှင့်မို့ ညလေညင်း၏တိုးဝှေ့မှု အေးမြမြအရသာကို အပြည့်အ၀ ခံစားနိုင်မည်မဟုတ်..။ ဒါတောင်မှ ရေနှုတ်မြောင်း များ၊ ခြုံနွယ်ပိတ်ပေါင်းများ တောထမနေသည့် ကားလမ်းမ ဘေးလိုနေရာများပင်။ သို့သော် ဘယ်နေရာ မှာဖြစ်ဖြစ် ခြင်များက မင်းမူနေကြတာကတော့ အမှန်။ ရန်ကုန်တွင်တော့ ထို့ထက်ပိုဆိုးတော့သည်။ ညနေစောင်းလျှင်... လူသားတို့အား အန္တရာယ်ပေးနိုင်သည့် ပိုးမွှား များကို သယ်ဆောင်လာနိုင်သည့် မောင်မောင်ခြင်၊ မမခြင်တို့သည် လူတို့၏အနားတွင်.. ရစ်သီ ရစ်သီ... တ၀ီဝီဖြင့်..စတင် လှုပ်ရှား သက်ဝင်လာခဲ့ကြပြီ။ တစ်ခါတရံ နေ့ခင်းကြောင်တောင်မှာပင် လာ တတ်ကြသေး၏။ ကိုက်တတ်ကြသေး၏။ ~~~~~@@@~~~~~ တစ်ညတွင် အိပ်ယာပေါ်ဝမ်းလျှားမှောက်ကာ ဗလာစာအုပ်ထဲမှာ ဟိုမရောက် ဒီမရောက်... တောင်ေ တာင်အီအီ စာအတိုအစများ လျှောက်ရေးနေမိသည်။ ထိုခဏတွင် ခြင်များက ကျွန်တော့်အနားမှာ ရစ်သီ၊ ရစ်သီဖြင့်။ တချို့က အ မြင်ကတ်စရာကောင်းလောက်အောင်ပင် နားရွက်အနားသို့လာပြီး တအီအီ လုပ်လာကြ၏။ အဲ့ဒါမျိုးကို ကျွန်တော်သိပ်မုန်းသည်။ ကိုက်စရာရှိကိုက်၊ ပြီးလျှင် ထပြန်သွားမည်ဆို တော်သေး၏။ ထိုကဲ့သို့ တ၀ီဝီ၊ တအီအီလုပ်ခြင်းက လူတို့အားပိုပြီး စိတ်တိုစေနိုင်သည် ထင်ရ၏။ ညလည်း နက်လာခဲ့ပြီမို့ ခြင်ထောင်ကိုချကာ အထဲမှာပင် ဆက်ရေးဖို့ပြင်မိ၏။ (ခြင်လုံဇကာမတပ်နိုင်တာ မို့ ခြင်ထောင်နှင့်အိပ်ရပါသည်။)ခြင်ထောင်ချပြီး ခဏအကြာမှာပင် ကျွန်တော့်နားထဲမှာ တအီအီမြည်သံကို ထပ်ကြားရပါသည်။ ထို့ကြောင့် စာရေးခြင်းမှအသာငြိမ်ကာ နားစွင့်နေလိုက်၏။ ဧကဏ္ဍ ကျွန်တော့်ခြင်ထောင်ထဲ ခြင်တစ်ကောင်တော့ ၀င်နေခဲ့ချေပြီ...။ ကျွန်တော်ငြိမ်နေလိုက်တော့ ခြင်၏တ၀ီဝီမြည်သံကပျောက်သွားသည်။ ထို့ကြောင့် စာဆက်ရေးဖို့ပြင်တော့ တစ်ခါ ပြန်ပြီး တစ်အီအီလုပ်ပြန်၏။ ပြန်ငြိမ်ကာ ကျွန်တော်နားစွင့် နေလိုက်သည်။ ခြင်ကတော့ ကျွန်တော် ငြိမ်သွားတာကို သတိမပြုမိသည့်အလား ဒီတစ်ခါမှာတော့ ကျွန်တော့်ရဲ့နားအနားတွင် တ၀ီဝီလုပ်နေဆဲ....။ အသက်အောင့်ပြီး စိတ်ထဲမှချိန်သားကိုက်ကာ နားရွက်နားတွင် ၀ဲနေသောခြင်ကို လက်နှင့်ရိုက်ပစ်လိုက်၏။ ထို အခါတွင် အချိန်အဆများသွားတာမို့ ကိုယ့်နားထင်ကိုကိုယ်ပြန်ကာ နားပန်ကျင်းမိသလိုဖြစ်သွားရသည်။ နားလည်း နည်းနည်းအူသွား၏။ မျှော်လင့်ခြင်းကြီးစွာဖြင့် ခြင်အသေကောင်အား လက်ဖ၀ါးပေါ်တွင် ရှာ ကြည့်သောအခါ မတွေ့ရ....။ ခြင်သည် ကျွန်တော့်လက်ချက်မှ အောင်မြင်စွာရုန်းထွက်နိုင်သွားသည်။ ကျွန်တော်သာပဲ.. ကိုယ့်နားပန်ကို ကိုယ်ပြန်ကျင်းသူ ဖြစ်ခဲ့ရ၏။ ထို့ကြောင့် စိတ်တိုစွာ ကျွန်တော်ငုတ်တုတ်ထ,ထိုင်လိုက်၏။ နောက် တ၀ီဝီမြည်နေသောခြင်ကို စောင့်၏။ ဒီတစ်ခါတော့ ခြင်သည် ကျွန်တော့်လက်မောင်းနားတွင် ရစ်သီ၊ ရစ်သီလုပ်နေတာကို ထွန်းထားသော မီး အလင်းရောင်ဖြင့် ထင်ရှားစွာ တွေ့နေရ၏။ သေချာအောင် ချိန်သားကိုက်ကာ ကျွန်တော်လှမ်းရိုက်လိုက် သည်။ ကျွန်တော့်လက်မောင်းသားနှင့် လက်ဖ၀ါးတို့ အချင်းချင်းထိခတ်ကာ ဖျန်းခ,နဲအသံက ကျွန်တော့် ခြင်ထောင်ထဲမှာ ခပ်အုပ်အုပ် မြည်ဟည်းသွား၏။ ကြည့်လိုက်မိတော့ ကျွန်တော့်ရဲ့လက်ဖ၀ါးထဲတွင် ခြင်၏ခန္ဓာကိုယ်သည် ရုပ်ပျက်ဆင်းပျက် မှုန့်မှုန့်ညက် ညက် ကြေ တော့မည့်အနေအထားဖြင့် ဘ၀တပါးသို့ပြောင်းသွားခဲ့ရလေပြီ...။ ကျွန်တော် ကျေနပ်စွာပြုံး လိုက်မိသည်။ ပြီးမှ ကျွန်တော်သတိရလာ၏။ ခြင်သည် သက်ရှိသတ္တ၀ါတစ်ကောင်ဖြစ်၏။ ထို့အတွက် သူ့ဝမ်းစာ သူရှာစား ရ၏။ ကျွန်တော့်ကို နှောက်ယှက်ရာရောက်မရောက် တွေးချင်မှလည်း တွေးမိပေမည်။ ဒါကို ကျွန်တော်နှင့် တွေ့တော့ ကျွန်တ်ာက နှောက်ယှက်ခံရသည်ဟု ထင်မိ၏။ (တကယ်လည်း နှောက်ယှက်ရာရောက်ပါသည်။) ထို့ကြောင့် ကျွန်တော်၏ အကွက်ကျကျစောင့်ကာ ခြေမှုန်းခြင်းကို သူ့ခမြာခံစားသွားရ၏။ တကယ်လို့များ လူမှုစီးပွားရေးနယ်ပယ်တွင် ကျွန်တော်သည် ကိုယ်တိုင်မရည်ရွယ်ပဲ အခြားလူတစ်ဦး တစ်ယောက်အား နှောက်ယှက်မိခိုက် ထိုခြင်ကဲ့သို့ အကွက်ကျကျစောင့်ကာ ချက်ကောင်းကိုဖမ်းပြီး ခြေ မှုန်းခံရသည်ဆိုပါစို့...။ ကျွန်တော်ပြုံးနေနိုင်ပါ့မလားရယ်ဟု.... ကိုယ့်ဘာသာကိုယ် ပြန်တွေးမိနေပါတော့သည်။ 

~~~~~@@@~~~~~ 
 ချစ်ခြင်းအားဖြင့်....

 ~ဏီလင်းညို~

-မရည်ရွယ်သော်လည်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)