**Public Health**
ကမ္ဘာ့ စိတ်ပညာဆိုင်ရာ စာအုပ်တွင် အင်တာနက် စွဲလမ်းမှု ပြဿနာကို စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တစ်ခုအဖြစ် သတ်မှတ်တော့မည် ဖြစ်ကာ ကလေးသူငယ်များမှာ ယင်းဖြစ်ရပ် အတွက် အထူးပင် စိုးရိမ်ရမည့် အနေအထား ဖြစ်နေရကြောင်း သိရသည်။ နိုင်ငံတကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စွယ်စုံကျမ်းတွင် ဖော်ပြရာ၌ Diagnostic and Statistical Manual of Mental Disorders (DSM-IV) ဟုခေါ်သော ရောဂါစာရင်းတွင် အင်တာနက် အသုံးပြုမှု ကစဥ့်ကလျား ရောဂါတစ်ခု အဖြစ် သတ်မှတ်ပြီး နောက် ထပ် လေ့လာမှု ပြုရန်အတွက် ထောက်ခံထားကြောင်း သိရသည်။ စိတ်ပညာရှင်များမှာ အင်တာနက် စွဲလမ်းမှုကို အခြားသော စိတ်ကစဥ့်ကလျား ရောဂါ တစ်ခုအဖြစ် သတ်မှတ်စေလိုပြီး ယင်းတွင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှု ၊ စိတ်စုစည်းမရမှုနှင့် စိတ် ကျဆင်းမှုများ ပါဝင်ကြောင်း သိရသည်။ အကယ်၍ မိဘများ အနေဖြင့် ကလေးငယ်များ ကစားနေသည့် အီလက်ထရွန်းနစ် ပစ္စည်းများကို ယူဆောင်ပါက ဒေါသများထွက်ခြင်းနှင့် ကြမ်းတမ်း ခက်ထန်လာခြင်းများ ရှိပါက ယင်းသို့သော လက္ခဏာများ ရှိနိုင်ကြောင်းလည်း rt သတင်းတွင် ဖော်ပြ သွားခဲ့သည်။
- From : MRTV4
-Myanmar Express - http://www.myanmarexpress.net/2012/10/blog-post_3164.html -- ----------------------
**နတ်မိမယ် (SSH)**
--လူထုကျန်းမာရေး (အင်တာနက် စွဲလမ်းမှု ပြဿနာကို စိတ်ဝေဒနာ တစ်ခုဖြစ်ကြောင်း သတ်မှတ်မည်)-

No comments:
Post a Comment