**စိုးရိမ်လို့ပါ**
ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက ဇနီးသည်ကို ပြောသည်။ ယောက်ျား။ ။"မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား" မိန်းမ။ ။"မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ"
**ဗိုလ်ချုပ်ကြီး**
အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။ "မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား" "သိပါတယ်၊ ဗိုလ်ချုပ်ကြီး"
**ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)**
ဆရာမက ကျောင်းသားများကို မေးသည်။ "ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ" ပီတာလေးလက်ညှိုးထောင်သည်။ "ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ" "မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်" "အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်" "ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်" "အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်"
**ကိုယ်ချင်းစာကြည့်ပေါ့**
ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။ "ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်" ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။ "ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာ နေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်" တိရစ္ဆာန်ရုံဝန်ထမ်းက ပြန်ပြောသည်။ "ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်"
ရယ်မောခြင်းဖြင်. ဘဝအမောတွေ ပြေနိုင်ကြပါစေ။
Posted by မောင်မောင်
-ရယ်မောခြင်းဖြင်. ဘဝအမောတွေ ပြေနိုင်ကြပါစေ-

No comments:
Post a Comment