လွတ်လပ်မှုဟာ ငါတို့ ရဲ့ အကောင်းဆုံး မိခင်ဖြစ်တယ်။။ လွတ်လပ်မှုက လူသားတိုင်းအတွက် အကောင်းဆုံးအတွေ့ အကြုံဖြစ်တယ်.. လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးဟာ ငါတို့ ရဲ့ ဘာသာစကားမှာ မြတ်နိုးစရာ တန်ဖိုးထားစရာ အကောင်းဆုံး စကားလုံးဖြစ်တယ်။။ ဒါကြောင့် ဒီစကားလုံးကို ပေါ့ပေါ့တန်တန်နေရာမှာ တလွဲမသုံးသင့်ဘူး။။ လူတစ်ယောက်ပဲဖြစ်ဖြစ် လူမျိုးတစ်မျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မထိန်သိမ်းနိုင်ပဲ လွတ်လပ်မှုကို မရနိုင်ဘူး။။ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိနေတာကို မသုံးပဲ လွတ်လပ်စွာ ပြောဆိုခွင့်ကို လိုချင်တာဟာ အဆင့်ကျော်နေပါတယ်..။။ ပေးမှရတဲ့လွတ်လပ်မှုဟာ လွတ်လပ်မှုအစစ်မဟုတ်ဘူး။ ဘယ်သူကမှလွတ်လပ်မှုကိုပေးလို့ မရဘူး။။ မိမိဘာသာဖြစ်အောင်လုပ်ယူမှရတယ်။ ။ လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်ဘူး။။ လွတ်လပ်မှုနဲ့  အပြန်အလှန်လေးစားမှုဟာ လက်တွဲပြီးသွားတယ်။။ လွတ်လပ်မှုက အန္တရယ်များတယ် ဒါပေမဲ့ လွတ်လပ်မှုမရှိတာက ပိုပြီးအန္တရယ်များတယ်။။ ဥာဏ်နုတုန်းမှာ ကောင်းကောင်းစားရဖို့ ကောင်းကောင်းနေရဖို့ မှန်းတယ်။။ ဥာဏ်နည်းနည်းမြင့်လာရင် ပညာတတ်ဖို့ မှန်းတယ်။ အသိဥာဏ်အမြင့်ဆုံးကို ရောက်ရင်တော့ လွတ်လပ်မှုကို မှန်းတယ်။။ စိတ်ထားနဲ့ အသိဥာဏ်မြင့်သွားလေလေ လွတ်လပ်မှုကို မြတ်နိုးလေပဲ။။ တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ လွတ်လပ်မှုမရှိတဲ့သူ လွတ်လပ်မှုကိုနဲ့ မထိုက်တန်တဲ့သူ ဖြစ်တယ်။။
လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင် လွတ်လပ်မှု ပျောက်သွားမယ်။။ ရှိနေတဲ့လွတ်လပ်မှုကို အလွဲသုံးစားလုပ်နေတဲ့သူဟာ ပိုပြီး အဆင့်မြင့်တဲ့လွတ်လပ် မှုကိုဘယ်လိုနည်းနဲ့ မှမရနိုင်တော့ဘူး။။ ရထားတဲ့လွတ်လပ်မှုကို မသုံးပဲနေသူဟာလည်း ပိုပြီးအဆင့်မြင့်တဲ့လွတ်လပ်မှုကို မရနိုင်ဘူး။။ ရတဲ့လွတ်လပ်မှုကို အပြည့်အ၀ သုံးနေသူပဲ ပိုပြီးလွတ်လပ်လာမယ်။။ မှတ်ချက် ===တွေးမိတိုင်းပျော်တယ်စာအုပ်မှကြိုက်မိတာလေများ.............
**ဆရာတော်ဦးဇောတိက**
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
Posted by ချစ်စံအိမ်
- လွတ်လပ်မှု-

No comments:
Post a Comment