ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 2, 2012

>
-ဘုရားလဲ မကယ်နိုင် နတ်လည်း မ မနိုင်-
တစ်ခါတုန်းကအခင်ဆုံးသူငယ်ချင်း သုံးယောက်၇ှိပါတယ်။ တစ်ယောက်ကဗုဒ္ဓဘာသာ၊ နောက်တစ်ယောက်ကခရစ်ယာန်ဘာသာ၊နောက်တစ်ယောက်က အစ္စလာမ် ဘာသာ၊ သူတို့ သုံးယောက်ဟာ ဘာသာမတူပေမယ့် နားလည်မှူနဲ့  ပေါင်းကြပါတယ်။တစ်နေ့ တော့ တောထဲအမဲပစ်ဖို့ အလည်သွားရင်း မျက်စိလည်လမ်းမှားပြီး တွင်းကြီးတစ်တွင်းထဲ သုံးယောက်လုံး ပြုတ်ကျသွား ပါတယ်။ တောထဲဆိုတော့ ကယ်မယ့်သူ လဲမ၇ှိဘူး။ မကြာခင် နေ၀င်တော့မယ် .ညဘက်ရောက်ရင် တောကောင်တွေအစာလာ၇ှာတာနဲ့ တိုးရင်တော့ သေရချည်ရဲ့ လို့ တွေးပြီး သုံးယောက်သား ကြောက်ဒူးတွေတုန်နေပြီ။အဲ့ဒါနဲ့ ပထမဦးဆုံး ခရစ်ယာန်ဘာသာဝင်က သူတို့ ကိုးကွယ်တဲ့ဘုရားသခင်ကို သတိရသွားတယ်။ ဟာ..ဒီအချိန်မှာ ငါ့အတွက် အားကိုးစရာ ဆိုလို့ ဘုရားသခင်ပဲရှိတော့တာပါလား..ဘုရားကိုအကူအညီတောင်းမှ လို့ တွေးပြီး “အို....သခင်တော် ယေရှု.. သားတော်ဒုက္ခရောက် နေလို့ လာကယ်တော်မူလှည့်ပါ...” လို့ တိုင်တည်တော့ သခင်ယေရှု ကြားပြီး .. .“သြော် ..ဟိုတောကြီးမျက်မည်းထဲမှာ ငါ့သားတော် ဒုက္ခရောက် နေ၇ှာတာပါလား..ငါ့ကိုလည်း အားကိုးတကြီးနဲ့ လေးလေးနက်နက်သတိရ၇ှာတယ် ..ကယ်တင်တော်မူမယ်” ဆိုပြီး တွင်းကြီးထဲက ခရစ်ယာန်ဘာသာဝင်ကို လာကယ်သွားပါတယ်။ အဲ့ဒီအချိန်မှာ မွတ်စလင်လေးကလည်း “ဟာ..သူ့ ကိုတော့ သူတို့ ဘုရားက လာကယ်သွားပြီး ငါ့မှာလည်း အလ္လာအရှင်မြတ်ရှိတယ်။ အလ္လာအ၇ှင်မြတ်ကို အကူအညီတောင်းမယ်လို့  တွေးပြီး “အို..အလ္လာအ၇ှင်မြတ် သားတော် ဒုက္ခရောက်နေလို့ ကယ်တော်မူပါ” လို့ တလိုက်ရော အလ္လာအရှင်မြတ်ကြားပြီး “သြော်...ငါ့သားတော် တောကြီးမျက်မည်းထဲမှာ ဒုက္ခရောက်နေ၇ှာပါလား..ငါ့ကိုပဲ အားကိုးတကြီးတ၇ှာတယ် ကယ်တင်တော်မူမယ်လို့ ” ပြောပြီး တွင်းထဲက လာကယ်ထုတ်သွားတယ်။ နောက်ဆုံးကျန်နေတာကတော့ ဗုဒ္ဓဘာသာဝင် ပေါ့။ “ဟာ ဟိုနှစ်ယောက်တော့ သူတို့ အားကိုးတဲ့ဘုရားတွေ က လာကယ်သွားပြီး ငါတစ်ယောက်ထဲကျန်တော့တယ် ငါ့မှာလဲ အားကိုး၇ှိပါတယ်လို့ တွေးပြီး “အို...မြတ်စွာဘုရားကယ်တော်မူပါ ” ...လို့ တလိုက်တော့...မြတ်စွာဘုရားက လာကယ်ဖို့ ခြေကြွယုံရှိသေးတယ် ကိုယ်တော်ချော စိတ်ထဲကနေ တွေးတာက ဘုရား က အဝေကြီးကနေလာရမှာ ကြာတယ် ငါ့အိမ်မှာ ကိုးထားတဲ့ သောက်ဖော်သောက်ဖက် ကိုကြီးကျော်ကနီးတယ် ကိုကြီးကျော်ကိုပဲအမြန်လာကယ်အောင် တမယ် ဆိုပြီး ..“ကိုကြီးကျော် ကယ်တော်မူပါလို့ ” တလိုက်တော့ ခုနတုန်းက လာကယ်ဖို့ ပြင်နေတဲ့ ဘုရားက ကြားတော့ “သြော်..ငါ့သားတော်က ကိုကြီးကျော် ကို ပိုအားကိုးတာပဲ သူဟာ ငါ့ဘာသာဝင်ဖြစ်ပေမယ့် ငါ့ကိုအလေးအနက်မထားဘူး။
ဒါ့ကြောင့် သူအားကိုးတဲ့ ကိုကြီးကျော် ကယ်တင်ပါစေ ငါတော့ကယ်တင်စရာမလိုတော့ဘူး” လို့  ဆုံးဖြတ်ပြီး ဘုရားက လာကယ်ဖို့ အစီအစဉ်ရုပ်သိမ်းလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုကြီးကျော်ကလဲ နယ်က နတ်ကနားပွဲမှာ သောက်စားပျော်ပါးနေလို့ ဆိုင်းသံဗုံသံတွေနဲ့  ဆိုတော့ တောထဲက ဒုက္ခသည် တလိုက်တာကိုမကြားလိုက်မိဖူး၊ ကြားလဲ လာကယ်နိုင်မှာ မဟုတ်ဘူး။ဒီလောက်မူးရူးနေတာ ။ သူ့ ကိုယ်သူတောင်ခြေကြွဖို့  အနိုင်နိုင်ရယ်၊အဲ့ဒီလိုနဲ့ ဗုဒ္ဓဘာသာဝင်မှာ ဘု၇ားလဲလာမကယ်ဖြစ် ၊ကိုယ်ကြီးကျော်လဲ မကယ်နိုင်ဘဲတောထဲမှာ သေသွားရ၇ှာပါတယ်။ ချမ်းချမ်း ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ပုံပြင်လေးက ကလေးဆန်ပေမယ့် ဗုဒ္ဓဘာသာဝင်တွေ အတွက် သံဝေဂယူစရာဆင်ခြင်စရာ တော်တော်ကောင်းပါတယ်။ဗုဒ္ဓဘာသာဝင်အမည်ခံပြီး ရတနာ သုံးပါး အပြင် မိရိုးဖလာ ရိုးရာအမွေဆိုပြီး အခြေအမြစ်မရှိတဲ့  အောက်တန်းစား နတ်တွေပြိတ္တာတွေ ကိုကိုးကွယ်နေတာဟာ တော်တော်ရှက်စရာကောင်းပါတယ်။ သုံးဆယ့်တစ်ဘုံမှာ လူ့ ဘုံဟာ အမြတ်ဆုံးလို့ ဗုဒ္ဓက ဟောထားပါတယ်။ဘာလို့ လဲဆိုတော့ လူ့ ဘ၀ကနေပြီး ဘုရားဆုပန်လို့ ရတယ်။ ဘုရားဖြစ်ခွင့်ရှိတယ်။ ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တွေ အားထုတ်ခွင့်ရတာဟာ လူ့ ဘ၀ပါ။ဗုဒ္ဓဘာသာဝင်ကိုးကွယ်ကြတဲ့ နိုင်ငံတိုင်းလိုလိုမှာ ဘုရားအပြင်နတ်ကိုးကွယ်ကြတဲ့ ရိုးရာဓလေ့ထုံးစံတွေ တော်တော်များတယ်။ ထိုင်းမှာဆိုတော်တော်လေး အခြေအနေဆိုးပါတယ်။ ဘုရားစကားထက် ဗေဒင်စကား နတ်စကားကို ယုံကြပါတယ်။ အတုယူစရာကောင်းတာက အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ဘယ်နိုင်ငံဘယ်လူမျိုးပဲဖြစ်ဖြစ် သူတို့ ကိုးကွယ်တဲ့ ခရစ်တော် ၊ အလ္လာအ၇ှင်မြတ်တို့ နဲ့ တွဲပြီး ကိုးကွယ်ဖို့ ရိုးရာနတ်အယူအဆတွေမရှိဘူး။ အစ္စလာမ် ဘာသာဝင် တိုင်းလိုလို သူတို့ ရဲ့  အထွတ်အမြတ်ဖြစ်တဲ့ ကုရ်အာ ကျမ်းကို မိသားစုတိုင်းတော်တော်များများ ဖတ် တတ်ကြပါတယ်။အာရဗီ အာရပ် ဘာသာစကားကိုလည်း သင်ကြတယ်။ ခရစ်ယာန်တွေဆို သမ္မာကျမ်း စာတွေဖတ်တတ်ကြတယ်. အင်္ဂလိပ်လို သင်နိုင်ကြတယ်။ ချမ်းချမ်းတို့ ဗုဒ္ဓဘာသာတော်တော်များများ ပါဠိလိုပီသအောင်မဖတ်တတ်ကြပါဘူး။ ပရိတ်ကြီး ၁၁ သုတ် ပဌာန်း ၂၄ ပစ္စည်း အကျယ် နဲ့ ဓမ္မစင်္ကြာ .တို့ ကို တောင် ပီသအောင်ဖတ်တတ်တဲ့သူတော်တော်ရှားတယ်. ဒါဘာဖြစ်လို့ လဲဆိုရင် မိဘဆရာသမားတွေကိုယ်တိုင်က ဘာသာရေးနဲ့ ပက်သက်ပြီး အလေးအနက်မထားလို့ ပါပဲ.ချမ်းချမ်းတို့ ရဲ့ မိဘ ဘိုးဘွားတွေဟာ မိရိုးဖလာ အယူအဆတွေ အတိတ်နမိတ်တွေ လူမျိုးစွဲ .ရိုးရာ အစွဲအလမ်းတွေကို ဦးစားပေးလို့ ပါပဲ.။သားသမီးလေးတွေကို ငယ်ငယ်လေးကတည်းက ဘာသာရေးအသိတွေ ပေး၇မှန်းမသိလို့ ပါပဲ။ ကိုယ်တိုင်ကလည်း ဘာသာရေးကို အလေးအနက်ထားပီးမလေ့လာလို့ ပါပဲ. ဗလီတွေနဲ့ Church ကျောင်းတွေမှာ..****စုံတွဲများမသင့်မလျော် နေထိုင်ခြင်းမပြုရ***လို့ 
သတိပေးစာတန်းတွေ ရေးထားစရာမလိုအောင် သူတို့ က သူတို့ ရဲ့ ဘာသာတရားကို အလေးအမြတ်ထားတယ် မြန်မာပြည်က ဘုရားတွေတော်တော်များများ **** မှာ ဘုရားရင်ပြင်တော်ပေါ်တွင် စုံတွဲများမသင့်မလျော် နေထိုင်းခြင်းမပြုရလို့ ****ရေးထားတာတွေ့ တိုင်း အရမ်းဝမ်းနည်းမိတယ်။ ဘုရားပေါ်က လူတွေစားထားတဲ့ အမှိုက်တွေ အညစ်အကြေးတွေမြင်တိုင်းစိတ်မကောင်းဘူး။ ဘု၇ားကို ပန်းလေးတစ်ခက်လှု ရေလေးတစ်ခွက်လှူ ဆုတွေတစ်သီကြီးတောင်း ပီး ဘုရားရင်ပြင်တော်မှာ နေချင်သလိုနေဖွချင်သလိုဖွ နဲ့ တော်တော်လေး သံဝေဂ ရဖို့ ကောင်းတယ်။ တန်ဖိုးဆိုတာ ကိုယ့်ရင်ထဲမှာ အလေးအနက်ထားမှ ကိုယ့်အတွက်တန်ဖိုးရှိမှာပေါ့. ဥပမာ..... ကိုယ့်ဘ၀ ကိုယ်ကိုယ်တိုင်အလေးအနက်ထားမှ ကိုယ်ဟာတန်ဖိုး၇ှိတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်.သူတစ်ပါးက သတ်မှတ်ပေးမှ ကိုယ်တန်ဖိုးရှိတာမဟုတ်ဘူး။သူတစ်ပါးဆိုတာ လိုတစ်မျိုး မလိုတစ်မျိုးနဲ့  ချစ်ရင်တစ်မျိုး မုန်းရင်တစ်မျိုးနဲ့  ကိုယ့်ကို သူတို့ စိတ်ထင်ရာ သတ်မှတ်ကြပါတယ်။ သူတို့ သတ်မှတ်တာထက် ကိုယ့်ဘ၀ ကိုယ် အဓိပ္ပါယ် ရှိရှိနဲ့ လေးလေးနက်နက် တည်ဆောက်ပါ။ ဘာသာတရားဆိုတာ လူသားမျိုးနွယ်စုတစ်ခုရဲ့ အလေးအမြတ်ထားရာ တန်ဖိုးမဖြတ်နိုင်တဲ့အရာပါ.ဒါ့ကြောင့် ကိုယ်ကိုးကွယ်တဲ့ ဘာသာကို ကိုယ်တန်ဖိုးထားပါ.. ကိုယ့်ကြောင့် ကိုယ့်ဘာသာ ဂုဏ်မညှိုးပါစေနဲ့ . 

 လေးစားစွာဖြင့်
 **ရွာသူလေး ချမ်းချမ်း(ရင်တွင်းဖြစ်) **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)