ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 3, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** ထိုင်းနိုင်ငံတစ်ဝန်း Wi-Fi အခမဲ့သုံးစွဲမှုနေရာများတိုးချဲ့ မည်** (ဗန်ကောက် အောက်တိုဘာ ၁) ထိုင်းနိုင်ငံ၏သတင်းဆက်သွယ်ရေးနှင့်အသံလွှင့်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် အမျိုးသားအသံလွှင့်လုပ်ငန်းနှင့်ဆက်သွယ်ရေးကော်မရှင် (အင်န်ဘီတီစီ) က ငွေကြေးအမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈ သန်းထောက်ပံ့ပေးမည်ဖြစ်ရာ ထိုင်းနိုင်ငံတစ်ဝန်း Wi-Fi အခမဲ့ သုံးစွဲနိုင်မှုစီမံကိန်းကို တိုးချဲ့နိုင်တော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။အဆိုပါ ငွေကြေးများကို ထိုင်း နိုင်ငံပြန်ကြားရေးနှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသို့ လာမည့် အောက်တိုဘာ ၁ဝ ရက်တွင် ပေးအပ်မည်ဖြစ်ကြောင်း အင်န်ဘီတီစီအထွေထွေ အတွင်းရေးမှူး တာကွန်တန်တာဆစ်ကပြောကြားသည် ။ ယင်းငွေကြေးများဖြင့် ထိုင်း နိုင်ငံတစ်ဝန်းတွင် လာမည့်သုံးနှစ်အတွင်း Wi-Fi အခမဲ့ သုံးစွဲနိုင်သည့် နေရာသစ်ပေါင်း ၁၅ဝဝဝဝ အထိတိုးချဲ့ပေးနိုင်တော့မည်ဖြစ်သည်။ ထိုစီမံ ကိန်းအရ ယခု ၂ဝ၁၂ခုနှစ်အတွင်း Wi-Fi အခမဲ့သုံးစွဲနိုင် မည့်နေရာသစ် ၃ဝဝဝဝ အထိ ထိုင်းနိုင်ငံတစ်ဝန်း တိုးချဲ့နိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း တိုး တက် ဖွံ့ဖြိုးရေးစီမံကိန်းအရ နိုင်ငံတစ်ဝန်းတွင် Wi-Fi အခမဲ့သုံးစွဲနိုင်သည့် နေရာပေါင်း ၂၅ဝဝဝဝ အထိ တိုးချဲ့ပေးသွားရန် စီစဉ်ထားသည်။ (ဆင်ဟွာ)

** အမေရိကန်စစ်သုံးအိုစပရေးလေယာဉ်များ အိုကီနာဝါ၌ စတင်ဖြန့် ကြက် **
(အိုကီနာဝါ အောက်တိုဘာ ၁) အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းတွင် အိုစပရေး (Osprey) စစ်သုံးလေယာဉ်စတင် ဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်က အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါအိုစပရေးလေယာဉ်များသည် ဇူလိုင်လက ဂျပန်နိုင်ငံအနောက်ပိုင်း အမေရိကန်စစ်အခြေစိုက်စခန်းသို့စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၄င်းလေယာဉ်များသည် အိုကီနာဝါရှိ ဖူတန်ဗာလေတပ်အခြေစိုက်စခန်းသို့ ဖြန့်ကြက်ချထားခြင်း မတိုင်မီ ဂျပန်အနောက်ပိုင်း အမေရိကန်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အိုစပရေးလေယာဉ်ခြောက်စင်း ဖူတန်ဗာလေတပ်အခြေစို က်စခန်းသို့ ရောက်ရှိနေ ပြီဖြစ်ကြောင်းဒေသဆိုင်ရာသတင်းများက ဆိုသည်။ မော်ရိုကိုနှင့် ဖလော်ရီဒါတို့တွင် ၄င်းလေယာဉ် အမျိုးအစားများ ပျက်ကျခဲ့ပြီးနောက် အိုကီနာဝါဒေသခံများအနေဖြင့် ယင်းကဲ့သို့ အမေရိကန်လေယာဉ်များ ဖြန့်ကြက်ချထားမှုကြောင့် ပျက်ကျမည်ကို စိုးရိမ်ကြ၍ဆန့်ကျင်ခဲ့ ကြသည်။ ၄င်းလေယာဉ်များသည် နှစ်မျိုးသုံးစစ်သုံးလေယာဉ် များဖြစ်သည်။ ဂျက်လေယာဉ်အဖြစ်သော်လည်းကောင်း၊ရဟတ်ယာဉ် အဖြစ်သော်လည်းကောင်း အသုံးပြုနိုင်သည်ဟု ဆို၏။အိုကီနာဝါဒေသခံပြည်သူများက ဖူတန်ဗာလေတပ်အခြေစိုက်စခန်းကို လူဦးရေထူ ထပ်သောနေရာမှ ကျွန်းအစွန်း တစ်ဖက်သို့ ပြောင်းရွှေ့ပေးရန်လိုလားလျက်ရှိသည်။ အမေရိကန်နှင့်ဂျပန်အစိုးရများကလည်း ၄င်းလေတပ်အခြေစိုက်စခန်းကိုပိတ်ရန်သဘောတူညီထားသည်။ ယခုအခါ လူဦးရေနည်းသော အိုကီနာဝါကျွန်းမြောက်ပိုင်း၌ အဆောက်အအုံများ ဆောက် လုပ်ပြီး အစားထိုးရန် ပြင်ဆင်လျက်ရှိသည်။ (ဆင်ဟွာ)  

** စင်ကာပူ၌ လူဦးရေတိုးတက်လာ** 
(စင်ကာပူ အောက်တိုဘာ ၁) စင်ကာပူနိုင်ငံ၏ လူဦးရေသည်လွန်ခဲ့သည့် ၂ဝ၁ဝ ခုနှစ်က ၅ ဒသမ ၁၈ သန်းရှိခဲ့ရာမှ ယခုနှစ်ပြီးခဲ့သည့် ဇွန်လကုန်အထိ လူဦးရေ ၅ ဒသမ ၃၁ သန်း အထိ တိုးတက်လာခဲ့ရာ ယခင်ကထက်၂ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည် ဟု စင်ကာပူနိုင်ငံ လူဦးရေတိုးတက်မှုစိစစ်ရေးဆိုင်ရာအရာရှိများက အောက် တိုဘာ ၁ ရက်တွင်ပြောကြားသည်။အဆိုပါဦးရေမှာ စင်ကာပူ နိုင်ငံတွင် တရားဝင် အခြေချနေထိုင်ခွင့်ရရှိသူ ဝ ဒသမ ၅၃ သန်းလည်း ပါဝင်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြ ထားသည်။စင်ကာပူနိုင်ငံတွင် ပြည်ပအလုပ်သမားများ၊ ၄င်းတို့အား မှီခိုသူများနှင့် ပြည်ပမှလာရောက်သော ကျောင်းသားကျောင်းသူများဦးရေသည် မြင့်တက် လျက်ရှိသည်။ စင်ကာပူနိုင်ငံတွင် အခြေချနေထိုင်ခြင်းမဟုတ်သူများ ဦးရေမှာ ပြီးခဲ့သည့် ဇွန်လအထိ ၁ ဒသမ ၄၉သန်းခန့်ရှိသည်။ ၄င်းဦးရေမှာ ၂ဝ၁ဝ ခုနှစ်တွင် ၁ ဒသမ ၃၉ သန်းမှ တိုးမြင့်လာခြင်းဖြစ်ရာ တိုးမြင့်မှုမှာ ၇ ဒသမ ၂ ရာခိုင်နှုန်းခန့် ရှိနေသည်။ထိုသို့ တိုးတက်လာသော်လည်း ၂ဝဝ၇ ခုနှစ်က ၁၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂ဝဝ၈ ခုနှစ်က ၁၉ ရာခိုင်နှုန်း တိုး ခဲ့သည်နှင့်နှိုင်းယှဉ်လျှင် များစွာနည်းသွားခြင်းဖြစ်သည်။ (ဆင်ဟွာ) 

** အာဆီယံမစ်ရှင် တရုတ်ထူထောင်**
 (ဂျကာတာ အောက်တိုဘာ ၁) တရုတ်နိုင်ငံက အာဆီယံနှင့်ဆက်ဆံမှုအားကောင်းလာစေရန် ၄င်း၏အာဆီ ယံဆိုင်ရာ မစ်ရှင်အဖွဲ့ကို ဂျကာတာမြို့၌ ထူထောင်ဖွင့်လှစ်လိုက်ကြောင်း အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ အောက်တိုဘာ ၁ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် အာဆီယံဆို င်ရာမစ်ရှင်ကို ထူထောင်လိုက်ခြင်းဖြင့်မိတ်ကောင်းဆွေကောင်းပီသကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း၊ အနာဂတ်တွင် အာဆီယံနိုင်ငံများနှင့်အတူ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။ မှတ်ချက်ပြုပြောကြားအဆိုပါ မစ်ရှင်ထူထောင်ခြင်းသည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက် မှုနှင့်အာဆီယံ၏ညှိနှိုင်းမှုတို့ တိုးပွားလာပြီး အနာဂတ်ကာလတွင် အာဆီယံ-တရုတ်မဟာဗျူ ဟာပေါင်းဖော်ဖက်အဖြစ် တိုးမြှင့်သွားနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ဆူရင်ပစ်ဆူဝမ်က မှတ်ချက်ပြုပြောကြားခဲ့သည်။ (အင်တာနက်)

 ** အီရန်က လာမည့်  နွေရာသီတွင် အီရတ်သို့ သဘာဝဓာတ်ငွေ့များ စတင်ထောက်ပံ့မည်** (တီဟီရန် အောက်တိုဘာ ၁) အီရန်နိုင်ငံက လာမည့် ၂ဝ၁၃နွေရာသီတွင် အနီးဝန်းကျင်ရှိ အီရတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ စတင်ထောက်ပံ့ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အီရန်စွမ်းအင် အရာရှိတစ်ဦး၏ ပြောကြားချက်ကို အစိုးရအာဘော်တစ်ပိုင်း ဖားစ်သတင်းစာက အောက်တိုဘာ ၁ ရက်တွင် ဖော်ပြသည်။အီရန်နိုင်ငံအနေဖြင့် အနီးဝန်းကျင်ရှိအီရတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပို့ဆောင်ပေးမည့် ဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၅ရာခိုင်နှုန်းကျော် ပြီးဆုံးနေပြီဖြစ်ကြောင်း၊ ယင်းဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် အီရတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တစ်နေ့လျှင် ကုဗမီတာ ၂၅သန်းထက်မနည်း ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားအီရန် ဓာတ်ငွေ့ကုမ္ပဏီမှ ညွှန်ကြားရေး မှူး ဂျာဗတ်အိုဂျီက ပြောကြားခဲ့သည်။လောလောဆယ်အီ ရတ်သို့ ပို့ ဆောင်ပေးမည့် အချင်း ၄၈ လက်မရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း မှာ ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီး အီရန်ကန်ထရိုက်တာများ အနေဖြင့်လည်း အီရတ်ရှိ ၄င်းဓာတ်ငွေ့ပိုက်လိုင်းဖြင့် အစိတ်အပိုင်းများကို ဝိုင်းဝန်းကူညီတည်ဆောက်ပေး လျက်ရှိကြောင်း အိုဂျီက ထပ်လောင်းပြောကြားခဲ့သည်။ ခန့်မှ န်းထားနှစ်နိုင်ငံအတွင်း၌ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုများ ပိုမိုတိုး တက်လာမှုနှင့် အတူ ယခု တည် ဆောက်လျက်ရှိသည့် ဓာတ်ငွေ့ပိုက်လိုင်းကို လာမည့် နွေရာသီတွင်စတင်ဖွင့်လှစ်ပြီးသဘာဝဓာတ်ငွေ့များထောက်ပံ့ဖြည့်ဆည်းပေးနိုင် လိမ့် မည်ဟု ခန့်မှ န်းထားကြောင်း အိုဂျီက ဆက်လက်ပြောကြားခဲ့သည်။ (ဆင်ဟွာ)

 စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)