-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** ရော်ဘာတွေကို
ဘောင်းဘီချုပ်ဝတ်တဲ့နာမည်ကျော်အဆိုတော် ချယ်ရီကိုးလ်**
နာမည်ကျော်အဆိုတော် ချယ်ရီကိုးလ်တစ်ယောက်ကတော့ ပရိသတ်တွေစိတ်ဝင်စားစေအောင်
လုပ်ပြလိုက်ပြန်ပါပြီ။ သူမဟာ ဒိန်းမတ်နိုင်ငံ ရောက်တုန်းရောက်ခိုက် ဖျော်ဖြေပွဲတစ်ခုသို့သွားရာမှာ
ရော်ဘာပြားတွေနဲ့ ချုပ်ထားတဲ့ဘောင်းဘီကို ဝတ်ဆင်ပြသခဲ့ပါတယ်။ ချယ်ရီကိုးလ်ဟာ
ကမ္ဘာမှာ ဖက်ရှင်နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။
လက်ခံသဘောကျသူမဟာ လေဒီဂါဂါလို ထူးထူးဆန်းဆန်းတွေဝတ်ပြတတ်တဲ့ အဆိုတော်တွေ
ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံမှာ သူဝတ်ပြတဲ့ဝတ်စုံတွေဟာ ပရိသတ်တွေကို အံ့သြသွားပေမယ့် ပရိသတ်တွေကတော့ လက်ခံသဘောကျပုံမရပါဘူး။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချယ်ရီကိုးလ်ဟာ အသားကပ်ဂျင်းဘောင်းဘီကဲ့သို့ ရော်ဘာ တွေနဲ့ချုပ်ထားတဲ့ ဘောင်းဘီကိုဝတ်ဆင်ပြခဲ့တာဟာ ပရိသတ်တွေအတွက် အထူးအဆန်းလိုဖြစ်ခဲ့ရပါတယ်။အဆိုတော်ချယ်ရီကိုးလ်ဟာ X factor သီချင်းပြိုင်ပွဲရဲ့ ဒိုင်အဖွဲ့ ဝင်ဟောင်းလည်းဖြစ်ပါတယ်။ သူမဟာ ဒိန်းမတ်နိုင်ငံ ရောက်တုန်း ဖျော်ဖြေပွဲတစ်ခုသွားရာမှာ ရော်ဘာတွေနဲ့ချုပ်လုပ်တဲ့ ဘောင်းဘီကို အကောင်းဆုံးဝတ်စုံအဖြစ် ရွေးချယ်ချုပ်လုပ် ဝတ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ (အင်တာနက်)
** အဆိုတော်ရီဟန်နားသတ္တမမြောက်အယ်လ်ဘမ် ထွက်မည်**
ကမ္ဘာကျော်အဆိုတော် ရီဟန်နားတစ်ယောက် ယခုတလော သူမရဲ့
သတ္တမမြောက်အယ်လ်ဘမ်ထွက်ရှိဖို့အရေး ကြိုးစားနေပါတယ်။ အယ်လ်ဆာဗေဒိုး
အဆိုတော်ရီဟန်နားက သူ့ရဲ့နောက်ထွက်မယ့် အယ်လ်ဘမ်အမည်ကို Diamonds ဟု
အမည်ပေးထားပါတယ်။အဆိုတော်ရီဟန်နားက သူမရဲ့အသစ်ထွက်ရှိ Diamonds အယ်လ်
ဘမ်ထဲက သီချင်းတွေကို မကြာမီ ရေဒီယိုက အမြည်းထုတ်လွှင့်ပေးဦးမယ်လို့ ဆိုပါ
တယ်။ ဒါ့အပြင် iTunes မှာလည်း ထုတ်လွှင့် ပေးသွားဦးမယ်လို့ ဆိုပါတယ်။
iTunes နားထောင်ကြည့်ရှုမယ်ဆိုရင်တော့ ဒီအခွေက အချိန်တစ်နာရီလောက်
ကြာလိမ့်မယ်လို့ဆိုပါတယ်။အဆိုတော်ရီဟန်နားက ဒီအခွေနဲ့ပတ်သက်ပြီး အသေးစိတ်ကို
မကြာမီကြေညာသွားမယ်လို့ ဆိုပါတယ်။ သူမရဲ့ မကြာမီကထွက်ရှိခဲ့တဲ့ အခွေဟာလည်း
အလွန်လူကြိုက်များခဲ့ပါတယ်။ အမေရိကန်အရောင်းရဆုံး တေးအယ်လ်ဘမ်တွေ
ထဲမှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ အခွေဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရောင်းချမှု သန်းနှင့်
ချီရှိခဲ့ပါတယ်။ ဒီအခွေလိုပဲ ယခုထွက်ရှိလာမယ့် Diamonds အခွေဟာလည်း
ဆက်ပြီးပေါက်လိမ့်ဦးမယ်လို့ သူမကဆိုပါတယ်။ ရီဟန်နားရဲ့ နောက်ထွက်မယ့်
Diamonds အခွေကိုတော့ နော်ဝေတေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ထုတ်လုပ်
ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။ အဆိုတော်ရီဟန်နားက ဒီအခွေနဲ့ပတ်သက်ပြီး
လာမယ့်နွေရာသီမှာ ကမ္ဘာလှည့် ဖျော်ဖြေရေးပြုလုပ်သွားမယ်လို့ မကြာမီက ပြောကြား
ခဲ့ပါတယ်။ (အင်တာနက်)
** ချိုင်းနားအိုးပင်းတင်းနစ်ပြိုင်ပွဲ ဗြိတိန်နံပါတ်တစ် တင်းနစ်မယ်အနိုင်ရ**
(ပေကျင်း အောက်တိုဘာ ၁)
ဗြိတိသျှနံပါတ်တစ် တင်းနစ်အားကစားမယ် လော်ရာရော့ဆင်သည် စက်တင်ဘာ
၃ဝ ရက် က တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပလျက်ရှိ သည့် ချိုင်းနား အိုးပင်းတင်းနစ်ပြိုင်ပွဲ
အဖွင့်ပွဲစဉ်တွင် ဂျပန်တင်းနစ်မယ် ကီမီကိုဒိတ်ခရွန်အား ၆-၄၊ ၆-၄ ဖြင့်နိုင်ပြီး ဒုတိယအကျော့ပြိုင်ပွဲသို့
တက်ရောက်သွားပြီဖြစ်သည်။
အသက် ၁၈ နှစ် အရွယ်ရှိ လော်ရာရော့ဆင်သည် အသက် ၄၂ နှစ်ရှိ ဂျပန်ပြိုင်ဘက်ကို
၁ နာရီနှင့် ၂၁ မိနစ်ကြာအောင် ကစားခဲ့ ရသည်။ ကမ္ဘာ့အဆင့် ၅၇ ရှိ ဗြိတိန်ဆယ်ကျော်သက်
တင်းနစ်မယ်ရော့ဆင်သည် လွန်ခဲ့သည့် သီတင်းပတ်က ကွမ်ကျို့အိုးပင်းတင်းနစ်ပြိုင်ပွဲတွင်
ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည်။
လော်ရာရော့ဆင်သည် ဗြိတိသျှတင်းနစ်အားကစားမယ်များတွင် နံပါတ်တစ် အားကစားမယ်
ဖြစ်သည်။ သူမသည် မကြာမီက တင်းနစ်လောကသို့ စတင်ဝင်ရောက်လာခဲ့ပြီး နိုင်ပွဲများ
ဆက်တိုက်ရရှိခဲ့မှုကြောင့် ကမ္ဘာ့စာရင်းဝင် တင်းနစ်မယ်ဖြစ်လာသည်။ သူမသည် အသက်ငယ်
သော်လည်း ကမ္ဘာ့ထိပ်တန်းတင်းနယ်မယ်များကိုပင် အနိုင်ကစားနိုင်သည့် တင်းနယ်မယ်ဖြစ်
သည်။ (အင်တာနက်)
** ဥရောပအသင်း ရိုင်ဒါဖလားဆွတ်ခူး**
အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ ကျင်းပခဲ့သော
(၃၉)ကြိ မ်မြောက် ရိုင်ဒါဖလားဂေါက်သီးရိုက်ပြိုင်ပွဲတွင်
ဥရောပဂေါက်သီးအသင်းက အမေရိကန်ဂေါက်သီးအသင်း
ကို အနိုင်ရပြီး ဖလားဆွတ်ခူးသွားခဲ့သည်။ ဥရောပဂေါက်သီး
အသင်းက အမေရိကန်ဂေါက်သီးအသင်းကို ၁၄ ဒသမ
၅ မှတ်၊ ၁၃ ဒသမ ၅ မှတ်ဖြင့် အနိုင်ရလိုက်ခြင်းဖြစ်သည်။
** ၂ဝ၁ ကမ္ဘာ့  ဖလားအိမ်ရှ င်ရုရှား**
၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ရုရှား
မြို့ကြီး ၁၁ မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကမ္ဘာ့
ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် ရုရှားဘောလုံးတာဝန်ရှိသူများက
ပြောကြားသည်။ အဆိုပါမြို့ကြီးများမှာ ဘယ်လင်နင်ဂရပ်၊
စိန့်ပီတာစဘတ်၊ မော်စကို၊ ကာဇန်၊ နိုဂိုရော့ဒ်၊ ဆာရမ်း(စ်)၊
ဆာမာရာ၊ ရက်ခါတာရင်ဘတ်၊ ရိုစတော့အွန်ဒွန်၊ ဗော်ဂို
ဂရပ်နှင့် ဆိုချီတို့ဖြစ်ကြသည်။
** တယ်ရီ လေးပွဲပယ်ခံရ**
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီအား
အက်ဖ်အေက ကျူပီအာ ကစားသမား အန်တန်ဖာဒီနန်အား
ဆဲရေးမှုဖြင့် လေးပွဲပိတ်ပင်လိုက်သည်။ ထို့အပြင် ဒဏ်ငွေ
ပေါင် ၂၂ဝဝဝဝ ဒဏ်ရိုက်လိုက်သည်။ သို့သော် တယ်ရီသည်
အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားဖွယ်ရှိပြီး အက်ဖ်အေသို့
အယူခံဝင်မည်ဟု သိရသည်။
** သဲသောင်ပြင် ဘော်လီဘော**
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း အပန်းဖြေစခန်း၌
ဘိုရာကေးသဲသောင်ပြင်ဘော်လီဘော အိုးပင်းပြိုင်ပွဲကို
နိုဝင် ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်
ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပသူများက စက်တင်ဘာ ၂၇
ရက်တွင် ပြောကြားသည်။
အဆိုပါ သဲသောင်ပြင် ဘော်လီဘောပြိုင်ပွဲကို
ဘိုရာကေးကျွန်းအပန်းဖြေစခန်း၌ ကျင်းပမည်ဖြစ်ရာ
ဘရာဇီး၊ ကနေဒါ၊ အမေရိကန်၊ ကာတာ၊ ဆွီဒင်နှင့်
ဂျာမနီနိုင်ငံတို့မှ သဲသောင်ပြင်ဘော်လီဘော အားကစား
မယ်များ လာရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
** ဘာလင်မာရသွန်ပြိုင်ပွဲကင်ညာမှ မူတာအီဗိုလ်စွဲ**
(ဘာလင် အောက်တိုဘာ ၁)
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပလျက်ရှိသော
ဘာလင်မာရသွန် အပြေးပြိုင်ပွဲကို အောက်တိုဘာ ၁ ရက်က
ဆက်လက် ယှဉ်ပြိုင်ကစားရာ အမျိုးသားမာရသွန်အပြေး
ပြိုင်ပွဲ၌ ကင်ညာအပြေးသမား မူတာအီကဗိုလ်စွဲခဲ့သည်။
မူတာအီသည် ယခုမာရသွန်ပြိုင်ပွဲ၌ ၂ နာရီ ၄ မိနစ်
၁၅ စက္ကန့်ဖြင့် ထိပ်ဆုံးမှပန်းဝင်ကာ ဗိုလ်စွဲခဲ့ သည်။
တတိယရရှိ ခဲ့နောက်ထပ်ကင်ညာအပြေးသမား ကီမီတိုက ၂ နာရီ
၎ မိနစ် ၁၆ စက္ကန့်ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့သည်။
တတိယနေရာမှ ပန်းဝင်နိုင်ခဲ့ သူမှာလည်း ကင်ညာမှ ကီပဆန်
ဖြစ်ပြီး ၂ နာရီ ၆ မိနစ် ၁၂ စက္ကန့်ဖြင့် ပန်းဝင်ပြီး တတိယ
ရရှိခဲ့သည်။ အမျိုးသမီးမာရသွန်အပြေးပြိုင်ပွဲတွင် အီသီယိုး
ပီးယားအပြေးမယ် ကီဘီလီက ၂ နာရီ မိနစ် ၂ဝ စက္ကန့်
၃ဝ ဖြင့် ပထမ၊ နောက်ထပ်အီသီယိုးပီးယားမှ ဆီဂါယီက
၂ နာရီ ၁၉ စက္ကန့်ဖြင့် ဒုတိယရပြီး ယူကရိန်းမှ အိုလီနာဆူ
ရာနိုက ၂ နာရီ ၂၃ မိနစ် ၃၂ စက္ကန့်ဖြင့် တတိယရရှိခဲ့
သည်။ (ဆင်ဟွာ)
** ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ မာလောင်ဗိုလ်စွဲ**
(လီဗာပူး အောက်တိုဘာ ၁) အင်္ဂလန်နိုင်ငံ လီဗာပူးမြို့၌ ကျင်းပသည့် ကမ္ဘာ့ စားပွဲတင် တင်းနစ်ပြိုင်ပွဲကို အောက်တိုဘာ ၁ ရက်က ဆက်လက်ကျင်းပရာ အမျိုးသားတစ်ဦးချင်းပြိုင်၌ တရုတ်မှ မာလောင်က ဂျာမနီမှတီမိုဘိုးလ်အား အနိုင်ရဗို လ်စွဲသွား သည်။မာလောင်သည် တီမိုဘိုးလ်အား ၁၄-၄၊ ၁၁-၃၊ ၁၁-၈၊ ၁၁-၉ ဖြင့် လေးပွဲပြတ် အနိုင်ရရှိကာ အောင်ပွဲခံခဲ့ ခြင်းဖြစ်သည်။ မာလောင်သည် တရုတ်စားပွဲတင် တင်းနစ် အသင်းနှင့်အတူ အချိန်ယူကာ လေ့ကျင့်နေသူဖြစ်သည်။ ယခုပွဲ၌ နိုင်ပွဲရအောင်ကစားမည်ဟု ယုံကြည်မှုအပြည့် ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၂၄ နှစ်အရွယ် မာလောင်က ပြောကြားသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment