ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 3, 2012

>
-စပ်မိစပ်ရာ-
ဒီကနေ့ သတင်းစာထဲ မှာ ရန်ကုန် မန်းတလေး ကားလိုင်းတွေ ကားခ တွေ အပြိုင် အဆိုင်လျော့ချကြတဲ့ ကြော်ငြာတွေ ပါလာပါတယ် ၊ အရင် ၁ သောင်းကျော် က နေ အခု ရှစ်ထောင်ဘဲ ရှိပါတော့တယ် ၊ တာယာတွေ ဈေးကျ လို့လား ၊ ဒီဇယ်ဆီဈေးတွေ ကျ ကုန် လို့လား ဆိုတော့ မဟုတ်ရပါခင်ဗျာ။ မန်းတလေး အပြင် မုံရွာ မော်လမြိုင် ရေဦး တောင်ကြီး ကားခ တွေပါ ကျ ကုန်ကြပါတယ်။ ပြီးခဲ့တဲ့ တနှစ် က စ ပြီး ကားသွင်းတာတွေ ကို လွယ်လွယ် ကူကူ ဖြစ် လာတော့ ကား ကိုနောက်ကျ မှ သွင်းလေ ဈေးချို လေ၊့ ကားကမိုဒယ်ပိုမြင့်ပြီး တပ်ထားတဲ့ ပစ်စည်း ပိုကောင်းလေပါဘဲ ခင်ဗျာ ၊ နောက် မှ ပေါ်တဲ့ ကားလိုင်း တွေက ကားအမျိုး ပိုကောင်း တော့ ၊ အရင်ကားလိုင်းဟောင်းတွေ က လိုက် ဖိုက် ရ ပါ တော့ တယ် ၊ ပထမ ပိုင်း တုံး က ဈေး မချ ပေး ပါဘူး ၊ ကား ပေါ် က ခရီးသည် ကို ဧည့်ခံတာ ကို ပြိုင်ကြပါတယ် ၊ မျက်နှာ သုတ် ပုဝါ ကောင်းကောင်း ပေးတာ ၊ ကား ပေါ်မှာလဘက်ရည်တိုက်တာ ၊ အမျိုး သမီး ယဉ် အကူထားတာ ၊ ၁၁၅ မိုင် မှာ ကော်ဖီ အလကားတိုက် တာ ၊ ကား ပေါ်မှာ ၃၂ လက်မ အယ်စီဒီ ကံစမ်းမဲ ဖောက်တာ တွေ နဲ့ ပြိုင်ကြပါတယ် အခု ကား လိုင်း တွေ ကား အရေ အတွက် တွေ က တအား များ တော့ ၊ ဘယ် ကို သွားသွား တနာရီ ၁ စီး တော့ အနဲလေး ရှိ ပါ တယ်။ လူ တွေ အတွက် ရွေးချယ် စရာ တွေအများကြီး ဖြစ် လာ တော့ ၊ ဟို ကား လိုင်း က သူ့ကားစီး ပါ ၊ ဒီ ကား လိုင်းက သူ့ကားစီးပါ ဖြစ်လာကြတာပါ။ အခု တော့ ခုန ပြောတဲ့ နည်း တွေ က လူ စိတ် ၀င်စား စရာမဟုတ်တော့ အခု လို အပြိုင် အဆိုင် ကား ခ တွေ လျော့ချ ပြိုင် ကုန် ကြ တာပါ။ ဒီလိုဖြစ် လာတာ အမှန်တရားပါ ။ စ က တဲ က ဒီလိုဘဲ ဖြစ် ရ မှာ ပါ ၊ အင်္ဂလိပ် ခေတ်က မွန်သူဌေးကြီး ဦးနာအောက် နဲ့ ဧရာဝတီ ဖလုပ်တီလာ သင်္ဘော ကုန်ပဏီတို့ ပြိုင် ကြတာအခမဲ့ သင်္ဘောစီးခွင့် ပြုတဲ့ အပြင် ပုဝါတပိုင် နဲ့ ထမင်း ပါ အလကား ကျွေး ပါ သေးတယ် လက်ဝါးကြီး အုပ်တာ မရှိ ဘဲ ၊ တကယ် အပြိုင် အဆိုင်ရှိလာပီ ဆိုရင် ဒီလို အထိ ဖြစ်မှာပါ။ ကျွန်တော် ပြောချင် တာ က အရင် ရန်ကုန် မန်းတလေး ခရီး က တော် တော် စိတ်ပျက် စရာကောင်းပါတယ် ။ ရထား က တပါး ၊ မှ တပါး အခြား မရှိ ခေတ် မှာ ရထားခ ကို မှောင်ခိုမှာ ၃ ဆ ၄ ဆ ပေး ၀ယ်ခဲ့ရ ၊ သွားမဲ့ နေ့ ထက် ၃ ရက် ကြို ၊ မနက် မိုး မလင်း ခင်ရထား လက် မှတ် ရ မယ် ၊ မရ မယ် မသေချာ ဘဲ တန်း စီ တိုး ရ ၊ မီးရထား ဌာန က၀န်ထမ်းတွေ အကျင့် ပျက် ၊ တန်းစီ တိုး စား တဲ့ လူတန်းစား တရပ် ပေါ်လာ နဲ့ စိတ်ပျက်စရာကြီး ပါ။ အခု များ တော့ ရထား ဆို တာ မေ့ တောင် နေ ပါ ဘီ။ အရင် မီးရထားခေတ် တုံး က မှတပါး အခြား မရှိ ပုံစံမျိုး နဲ့ ခု ခေတ် မှာ ကား လိုင်း တွေကြိုက်တာ ရွေးစီး ခွင့် ၊ ကား မကောင်း ရင် မစီး ဘဲနေ နိုင်ခွင့် တို့ ကွာခြား လာ တာကို အဓိကပြောချင်တာပါ ခင် ဗျာ ။ ရန်ကုန် ထဲ ပြေးနေ တဲ့ ဘတ်ကား တွေ လဲ ဒီလိုပါဘဲ လေယဉ် ခရီးတွေ လဲ ဒီလိုပါဘဲ ၊ လေယဉ် ဆိုတာ က ဇိမ်လုပ်ချင် လို့ ၊ ဂုဏ်ထုတ်ချင် လို့စီးကြတာ မဟုတ် ရ ပါ ခင် ဗျာ ၊ ရိုး ရိုး ကုန်းလမ်း ခရီး ထက် စရိတ် ပို မှန်း လူ တိုင်းသိပါ တယ် ၊ မ စီး ရင် မဖြစ် လို့ စီး ကြ ရ တာ ပါ ခင် ဗျာ ၊ စစ် တွေ က လူ တွေ တာချီလိတ် က လူ တွေ ၊ ပူ တာ အို ၊ မြစ်ကြီးနား က လူ တွေ ၊ ကျိုင်း တုံ က လူတွေ ၊ ကလေး ၊ ဂန့် ဂေါ ၊ ခန်းတီး က လူ တွေ ၊ ပလက် ၀ က လူ တွေ ၊ ထားဝယ် မြိတ် ကော့သောင်း က လူ တွေ ၊ ရန် ကုန် ကို လာ ချင်သပ ဆို ၊ လေယဉ် မှ မစီးဘယ် လို လုပ် ခရီး ရောက် မှာ လဲ ခင် ဗျာ။ အဲဒီ ဘက် က သာမန် ပြည်သူ ပြည် သား တွေ ဟာ အင် မတန် သနား စရာ ကောင်းပါ တယ်။ ဒီ လေယဉ် ခရီး တွေ ဟာ ၊ ၀န်ထမ်း ၊ စစ် တပ် နဲ့ ပါတ်သက် ရာ ကုန်သည်တွေ က သာ အမြဲ ဘွတ်ကင်တွေ ပြည့် နေဘို့ ၊ သာမန် အရပ်သားဆို ရင် အနည်း ဆုံးသုံး ပါတ် လောက် စောင့် ရ ပါ တယ် ။ အသွား အပြန် ဆို အနည်းဆုံး တလခွဲစောင့် ပေ ရော့ ပေါ့ ခင် ဗျာ။ အဲဒီ နေ ရာ က ပြည် သူ တွေ ကျန်းမာ ရေး ဆေး ကု ချင် လို့ ရန် ကုန် ကို လာ ရမယ် ဆို ရင် လူ နာ သာ နောက် ဘ၀ ကူး သွား မယ် ၊ လေယဉ် လက် မှတ် ကမသေချာ ပါ ခင် ဗျာ။ ပြီး တော့ ရန် ကုန် ရောက် လို့ ဘယ် ဆေး ရုံ တက် ရပ ဆို တာ က လည်း ၀ါး တား တား ။ ခု ခေတ် လူ တွေ က တော့ ဒါ တွေ ကို စိတ်ပျက် လွန်း လို့ ကျိုင်းတုံ တာချီလိတ် က လူ တွေ နေ မကောင်း ရင် ယောင် လို့ တောင်ရန် ကုန် မလာတော့ ပါဘူး ၊ ယိုးဒယား ကို သွား ကု ပါ တယ်။ သွား စရိတ် လဲသက် သာ ၊ ဆေး ကု ရ တာ လဲ ကောင်း မှ ကောင်း ။ စုစုပေါင်း စရိတ် က လဲရန် ကုန် လာ ကု တဲ့ စရိတ် တ၀က် တောင် မရှိ ပါဘူး ။ ဒီလို ပါ ဘဲ ၊ ချင်း ပြည် ၊ ရခိုင် ပြည် တွေ က လူ တွေ နေ မကောင်း ရင် အိန်ဒီယားက မှ တကဲ့ ကို အားထားရာ ဖြစ် လာ သလို ၊ ကချင် ပြည် ၊ ရှမ်းပြည် မြောက် ပိုင်း ကလူ တွေ ဆို ကျန်းမာရေး ကိတ်စ ရှိ ရင် တရုပ် ပြည် ကို ဆေး သွားကု ကြ ပါ တယ်။ အေး ပေါ့ ဗျာ ၊ မေး ခွန်း လဲမေး စ ရာ ဖြစ် လာ ပါတယ်။ ခင် ဗျား တို့ တွင် တွင်ပြော နေ တဲ့ ( ပြည် ထောင် စု စိတ် ဓါတ် ) ဆို တာ ဘယ် လို အဓိတ်ပါယ် ရ ပါသလဲ ဆို တာ ပါ ၊ လက် တွေ့ ဘ၀ နဲ့ ယှဉ် ပြီး ဖြေ ကြည့် ကြ ပါ ခင် ဗျာ။ အခုခေတ် ရန်ကုန်ထဲ စီတီးမတ် တို့ ၊ စိန်ဂေဟာ တို့ ၊ ဂျန်ရှင်း စကွဲယား တို့ လို ကုန်တိုက်ကြီး တွေ မှာ ဈေးဝယ်ရတာနဲ့ ကျွန်တော်တို့ ငယ်ငယ် က ပပက လို့ခေါ်တဲ့ ပြည်သူ့ဆိုင်တွေ မှာ ဈေး ၀ယ် ရ တာ နဲ့ တွေး ကြည့် ကြ ပါ ခင်ဗျာ ။ ဘာ လို ချင် ချင် တန်းစီရပါတယ် ၊ ပရုပ်ဆီ ၀ယ်ချင် တောင် ထောက်ခံစာ လို ပါ တယ်။ ဓါတ်ခဲ ၀ယ်ချင် ရင်တန်းစီ ရ ယုံ မက ၊ ရေဒီယို လိုင်စင် စာအုပ် ပါ ပြ ရ ပါ သေး တယ် ။ဘယ် လောက် တောင် လူ ဖြစ် ရှုံး ခဲ့ သလဲ ဆို တာ ကို ပါ ခင် ဗျာ။ အခု ကုန် တိုက် ကြီး တွေ မှယ ဟင်းသီး ဟင်း ရွက် အသား ၊ ငါး က အစ အီလက်ထရောနစ် ပစ်စည်း အမျိုးစုံ အ၀တ်အထည် အမျိုး စုံ ၊ ရေခဲသစ်တာ အ၀တ်လျော်စက် အမျိုး မျိုးပိုက်ဆံသာ ယူလာခဲ့ အကုန် ၀ယ်လို့ ရ ပါ တယ်။ ပစ်စည်း ကို တန်ဘိုး အမျိုးမျိုး ကုန်အမှတ် တံဆိပ် အမျိုး မျိုး ကို စု စည်း ပြီး သား ၊ စိတ် ကြိုက် နှိုင်း ယှဉ် ၀ယ် လို့ ရပါ တယ်။ အရင် ပြည်သူ့ဆိုင် စနစ် နဲ့ အခု ခေတ် ကုန် တိုက် ကြီး များ ဈေး ရောင်း တဲ့စနစ် ဘယ် လို ကွာ သလဲ ၊ ရောင်း တဲ့ဝန်ထမ်း ဆက် ဆံ ပုံ ၊ ဘာ ကွာ သလဲစဉ်း စား ကြည့် တော် မူ ကြ ပါ ခင် ဗျာ ။ ကျွန်တော် တို့အများ ပြည်သူ က လဲ စိတ်ကူး ကောင်း ဘို့ လို ပါ တယ်။ မန်းတလေးဈေး ချို ထဲ က ဆိုင် တွေဈေး ရောင်း သလို ၊ ဈေး ရောင်း ရင် ၊ ရောင်း ဈေး ကိုဝယ်သူ ရဲ့ အခြေ အနေ ကို ကြည့် ပြီး မဟုတ် တမ်း တယား မောင်ကြီးနှမ ကျား ကိုက်ပရစေ ဆို တာမျိုး ၊ အံတီ အတွက် ဆိုရင် သုံးထောင် နဲ့ ယူ ဆို ပြီး တစ် ထောင် တောင်မတန် တဲ့ ပစ် စည်း ကို ရောင်း ထွက် အောင် ပလီ တတ် တာ ကို ငါ တော် လှပြီ အဟုတ်ကြီး ထင် တတ် တဲ့ အလေ့ ဆိုး မျိုး ကို စွန့် လွှတ် တတ်ဘို့ လို လာ ပါ ပြီ ဈေး ထဲ က ဈေး သည် တွေ ၊ ကုန်စုံ ဆိုင် သေးသေး လေး တွေ က ဈေး သည် တွေကုန် တိုက်ကြီး တွေ အပေါ် က ကောင်း တဲ့ စနစ် မျိုး ဆို အတု ယူ တတ် ဘို့ လိုပါ တယ်။ အစား အသောာက် ရောင်း တဲ့ ဈေး သည် တွေ လဲ ၊ ရွှေ ပုဇွန်ဆိုင် ကဘာ ဖြစ် လို့ လူ တွေ ကြိတ် ကြိတ် တိုး နေ သလဲ ၊ ရွှေပလင် လဘက်ရည်ဆိုင် ကငါ့ ဆိုင် နဲ့ ဘာ ကွာ နေ လဲ ၊ ၀ိုင် ကေကေ အို ဆိုင် က ဘာ ဖြစ် လို့ နာမည်ကြီးလဲ ကီးစတုန်းဆိုင် က နောက် မှ ပေါ်တဲ့ ဆိုင် ဖြစ် ပေ မဲ့ ဘာ ဖြစ် လို့ ပေါက် သွား တာလဲ အစ ရှိ သဖြင့် အတု ယူ မှန် ရင် ၊ ရောင်း တဲ့ ဆိုင် လဲ အကျိုး ရှိ ၊ စား တဲ့လူ လဲ ကြေ ကြေ နပ်နပ် နဲ့ အဲ ‘ဒါ မှ ဒီ မို ကရေ စီ စစ် စစ် ပါ ခင် ဗျာ။ အခု သမတကြီး က ပြု ပြင် ပြောင်း လဲ ရေး တွေ လုပ် ဘို့ တအား တိုက် တွန်း နေ ပါတယ်။ ပြီး ခဲ့ တဲ့ သြဂုတ် လ က တဲ က ၀န် ကြီး ဌာ န အလိုက် ကိုယ့် လုပ် ငန်းတွေ ကို ဘယ် လို ပြု ပြင် ပြောင်း လဲ မလဲ ဆို တာ နည်း လမ်း ရှာ ဘို့ ၊ အောက်ချေ အဆင့်ဆင့် တွေ မှာ ဆွေးနွေးပွဲ တွေ လုပ် ၊ အစီရင်ခံစာ တွေ ထုတ် ၊ အခု အောက်တိုဘာလ အတွင်း ၀န်ကြီးဌာန အဆင့် အမျိုးသား အဆင့် ဆွေးနွေးပွဲ တွေ လုပ် ၊ နိုဝင်ဘာလ ကျ ရင် ပြု ပြင် ပြောင်း လဲ မဲ့ အမျိုးသားအဆင့် စီမံချက် တွေ ထုတ် ၊ အဲဒီဇင်ဘာ လ ရောက် ရင် ၊ နိုင်ငံတကာ ကို ကြေ ငြာချက် ထုတ် ပါ မယ် တဲ့ ခင် ဗျ ဒီ သတင်း တွေ လဲ သတင်းစာ တွေ ထဲ နေ့ တိုင်း ပါ နေ ပါ တယ် ၊ ဆွေးနွေးပွဲရလာဒ်တွေ ကို ဖတ် ကြည့် မိ သမျှ တော့ တခု မှ မစွံပါ ခင် ဗျာ ၊ ၀န် ထမ်း တွေခေါက် ရိုး ကျိုး နေ ဆဲပါ ၊ ရေး ထား တာ တွေ က ဆိုရှယ် လစ် ခေတ် က စာလုံးတွေအရင် ကြံ့ ခိုင်ရေး အစည်း အဝေး တွေ မှာ ပြော နေ ကျ လေ သံ တွေ ။ ဒီ ပုံ ရိပ်တွေ ထဲ က ၊ အ ရင် လောင်း ရိပ် အောက် က မထွက် နိုင် ကြ သေး ပါ ခင် ဗျာ။ပညာရေး ဌာန ဆို အဆိုး ဆုံး ပေါ့ ခင် ဗျာ ၊ တနှစ် ကို မဟာဘွဲ့ က ဘယ်လောက် ပါရဂူ ဘွဲ့ က ဘယ်လောက် မွေး ထုတ် ပေး မယ် ဆို တာ ခု ထိ ပြော နေ တုံး ပါ ဘဲ အရင် က သစ်ပင် တပင် ဘဲ စိုက် နိုင် တာ ၊ အခု အပင် တသောင်း စိုက် နိုင် တယ်ပြော နေ ခြင်း မှာ ၊ တပင် ထဲ စိုက် နိုင်တုံး က မြတလုံး သရက်ပင် ၊ နောက် ထပ်အပင် တသောင်း စိုက် နိုင် တယ် ဆို တာ က မြက် ပင် တွေ ဆို တာ မျိုး ကိုဂုဏ် လုပ် ပြော နေ မဲ့ အစား ၊ လဲ သေပြလိုက် တာက ပို ကြည့် ကောင်းပါတယ် ခင် ဗျာ အထက် မှာ ကျွန်တော် ရေး ပြ ထား ပါ တယ် ခင် ဗျာ။ ဒါ တွေ က ကိုယ့် မျက်စေ့ ရှေ့တင် သိသာ ထင် ရှား မြင် နိုင် ပြီး သား ပါ။ အရင် က ပြည်သူ့ ဆိုင် နဲ့ အခု ကုန် တိုက်ကြီးတွေ ဘာ ကွာသလဲ၊ ဘာကြောင့် လဲ အရင် က မန်းတလေးသွားရတာ နဲ့ အခု ကားလိုင်းအသစ်တွေ ဘာ ကွာသလဲ၊ ဘာကြောင့် လဲ အရင် က လဘက်ရည်ဆိုင် နဲ့ အခု စားသောက်ဆိုင်တွေ ဘာ ကွာသလဲ၊ ဘာကြောင့် လဲ အခုလဲ နေ့စဉ် နေ့တိုင်း သတင်းစာတွေ ထဲ ပါ နေ တဲ့ ပြုပြင်ပြောင်းလဲ ရေး အစည်းအဝေးတွေ ကို ဟော်တယ် ပေါင်းစုံ မှာ အစည်းအဝေးတွေ တခမ်းတနား လုပ်ပြီး ဆွေးနွေး နေ တဲ့ဆရာ သမား တို့ ခင် ဗျာ။ ဝေး ဝေး မကြည့် ပါ နဲ့ ၊သူ လို ကိုယ် လို ၊ ကမ်ဘောဒီးယား လာအို ၊ ဗီယက်နမ် ၊ သူများ နိုင် ငံ ၃ နိုင် ငံ ကို ဘဲ ၊ မြင် အောင် ကြည့် ပေးပါ ခင် ဗျာ သူများနိုင်ငံ မှ မီ ဒီ ယာတွေ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ ဆေးကုရ တာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ မီးလာ တာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ သွားရေးလာရေး နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ စီးပွားရှာတာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ ၀န်ထမ်းခန့်ထားပုံ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ တယ်လီဖုန်း ၀ယ်ရ တာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှ တက္ကသိုလ်တွေ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ ------------- နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ သူများနိုင်ငံ မှာ -------------- နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊ ကိုယ်နဲ့ဆိုင်တဲ့ လုပ်ငန်း တွေ ကို ဘဲ အဖြေ ထုတ် ပေး နိုင် ရင် ကျေနပ် နိုင် ပါ ဘီ။ ကျွန်တော် တို့ မြန်မာ တွေ က ကြံရည် ဖန်ရည် ကောင်း ကြ ပြီး သား ပါ ခင် ဗျာ ။ သို့သော် ကြံရည် ဆို တာ ချို ပြီး ၊ ဖန်ရည် ဆို တာ ခါး၏ ဆို တဲ့ တလွဲ တချော် အတွေး မျိုး နဲ့ က တော့ ခရီး မပေါက် နိုင် သေး ပါ ပ ဗျား ။ 

**azawgyi** 

Credit to MMCP (မြန်မာကျူးပစ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)