-လူထုကျန်းမာရေး (ချယ်ရီသီးစားသုံးခြင်းသည်အဆစ်အမျက်ရောဂါဖြစ်ပွားမှုလျော့ကျနိုင်)-
**Public Health**
ချယ်ရီသီး စားသုံးခြင်းသည် အဆစ်အမျက်ရောဂါဖြစ်ပွားမှုကို လျော့ကျစေ ကြောင်း အမေရိကန်ကျန်းမာရေးသုတေသနပညာရှင်များ၏ သုတေသနပြုချက် တစ်ရပ်၌ ဖော်ပြထားသည်။ချယ်ရီသီး တွင် ပါဝင်သောဓာတ်များက အဆစ်အမျက်ရောင် ရောဂါဖြစ်ပွားမှု လျော့နည်းစေသည်ကိုအဆိုပါဝေဒနာရှင်များဖြင့် လက်တွေ့  သုတေသနပြုခဲ့ခြင်းဖြစ်သည်။ အဆစ်အမျက် ရောင်ရောဂါ ခံစားနေရသူများ ကို နှစ်ရက်ကျော်မျှ ချယ်ရီသီးများစားသုံးစေခဲ့ပြီး စစ်ဆေးခဲ့ရာ ရောဂါဖြစ် ပွားမှု ၃ဝ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွေ့ရှိရသည်ဟု သုတေသန ပြုချက်၌ ဖော်ပြထားသည်။ ချယ်ရီ သီးစားသုံးခြင်းကြောင့် အဆိုပါဝေဒနာရှင် များတွင် အဆစ်အမျက်များရောင်ရမ်းမှု၊နာကျင်ကိုက်ခဲမှု၊ အရိုးအဆစ်ချိတ်ဆက်မှု နေရာများတွင် ခံစားရမှုများကို သက်သာစေကြောင်း အမေရိကန်နိုင်ငံ ဘော်စတွန် တက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များက ပြောကြားသည်။ အဆစ်အမျက်ရောင်ရောဂါသည်ကမ္ဘာတစ်ဝန်း ၁ဝဝ လျှင် တစ်ဦးခန့် ဖြစ်ပွားတတ်လေ့ရှိပြီး အထူးသဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို ဖြစ်ပွားတတ်ကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။အမေရိ ကန်နိုင်ငံ ဘော်စတွန်တက္ကသိုလ်မှ သုတေသနပညာရှင်များက အသက် ၅၄ နှစ် ကျော်အရွယ်ရှိ အဆစ်အမျက်ရောင်ဝေဒနာရှင် ၆၃၃ ဦးအား တစ်နှစ်ကျော် ကြာ သုတေသနပြုခဲ့ရာ ချယ်ရီသီးစားသုံးခြင်းသည် အဆစ်အမျက်ရောင်ရောဂါ ဖြစ်ပွားမှုအား ၃ဝ ရာခိုင်နှုန်း လျော့နည်းကျဆင်းစေကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ် သည်။ချယ်ရီသီး တစ်ကြိမ်စားသုံးလျှင်အနည်းဆုံး ၁ဝ လုံးမှ ၁၂ လုံးအထိ စားသုံးခြင်းဖြစ်သည်။ ချယ်ရီသီးတွင်ပါဝင်သော ဓာတ်များက ခန္ဓာကိုယ်ရှိသွေးများ အတွင်းပါဝင်သော ယူရစ်အက်စစ်ဓာတ်အနေအထားများကို ထိန်းပေးသည်။ ယူရစ်အက်စစ်ပမာဏ များလွန်းခြင်းသည်လည်း အဆစ်အမျက်ရောင် ရောဂါကိုဖြစ် ပွားရန် တွန်းအားပေးသည်။ထို့ကြောင့် ချယ်ရီသီး စားသုံးပေး ပါက အဆိုပါရောဂါဖြစ် ပွားမှုလျော့ကျစေကြောင်း အမေရိကန်ကျန်းမာရေး သုတေသနပညာရှင်များ၏ သုတေသနပြုချက်၌ဖော်ပြထားခြင်းဖြစ်သည်။ (ရိုက်တာ)
စုစည်းဘာသာပြန် - ဝေယံဦး

No comments:
Post a Comment