ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 3, 2012

>
-ပြည့်ဝခြင်း-
 လောကအလယ်မှာ
 ပြည့်ပြည့်ဝဝနေရခြင်းဟာ ကောင်းမွန်ခြင်းပါပဲ ။ ပိန်ချိအားနည်းတာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပြည့်ဝခြင်းဟာ စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ် ။ ပြည့်ဝခြင်းကို သက်မဲ့တွေမှာတောင် တိုင်းတာကြည့်ရင် ကွာခြားမှုဟာ သိသာပါတယ် ။ ပြည့်ဝခြင်းဟာ ကောင်းမွန်ခြင်းပါ ပြည့်စုံခြင်းပါ ။ အနာအဆာ ကင်းတဲ့သဘောပါ သီးနှံတွေမှာဆိုရင် ပိုးကင်း ၊ ရောဂါကင်း ၊ အဟာရချို့တဲ့မှုကင်းခြင်းသဘောပါ ။ ဒါကို ပြည့်ဝခြင်းအဖြစ် တင်စားသုံးနှုန်းကြည့်တာပါ ။ သက်ရှိကျနော်တို့ လူသားတွေ အတွက် ပြည့်ဝခြင်းကို တိုင်းတာမယ်ဆိုရင် မည်သို့ဖြစ်မည်လဲ ဆိုတာ သိထားစရာပါ ။ တချို့တွေ ချီးမွမ်းသလိုနဲ့ ပြောကြပါတယ် “ဒီကလေး စိတ်သဘောထား ပြည့်ဝတယ်” စသဖြင့် ပြောကြ ဆိုကြပါတယ် ။ ဒီလို ပြောဆိုမှုခံရဖို့က သူ့အပြုအမူကြောင့် ပေါ်ထွက်လာတဲ့ သတ်မှတ်ခြင်းပါ ။ ထိုအပြုအမူကလည်း တစ်ခုနှစ်ခုလောက်နဲ့ ဖြစ်လာနိုင်ဖွယ်မရှိပါဘူး သူ့စိတ်က အမြဲလိုလိုကိုပဲ ပြည့်ဝနေမှ တခြားသူ စိတ်ကိုလည်း အမြဲလိုလို ဘဝင်တွေ့နေမှ ခေါ်ဝေါ်သမုတ်ကြတာပါ ။ ကျနော်တို့ လူတွေထဲက လူတွေမှာ ပြည့်ဝသူနဲ့ မပြည့်ဝသူဆိုတာကို ကျနော်တို့ သိထားသင့်ပါတယ် ။ ပြည့်ဝသူ တစ်ယောက်ရဲ့ ပြုမူနေကြ စရိုက်လက္ခဏာတွေကတော့ … အရာရာကို စိတ်ရှည်တယ် ၊ သည်းခံတယ် ၊ နားလည်ပေးတတ်တယ် ၊ အကောင်းမြင်ဝါဒနဲ့ အကောင်းကိုပဲ လက်ခံတယ်၊ အခြေအနေအရပ်ရပ်မှာ ရေရှည်အကျိုးကိုကြည့်တယ် ၊ ဟန်မဆောင်ဘူး ၊ ပြဿနာတွေကို ပြေလည်အောင် ဖန်တီးပေးနိုင်တယ် ၊ အတိုအရှည်ကိုသိတယ် ၊ ထိုသို့သော အသိများနဲ့လူကို ပြည့်ဝသူလို့ ခေါ်ပါတယ် ။ မပြည့်ဝသူကြတော့ရော ဘယ်လိုတွေလဲ ဆိုတာ သိရှိထားတာ ကောင်းပါတယ် ။ ထိုသူတွေဟာ အတွေ့အကြုံနည်းသလို စိတ်ကလည်း နုတယ်၊ အလိုမျကမှု တစ်ခုခုဖြစ်ပေါ်တိုင်း သူ့ကိုယ်ပိုင်စိတ်အိမ်ကို ညစ်ညမ်းတဲ့ အလွှာအဖြစ် ပြောင်းလဲပစ်လိုက်တယ် ။ စိတ်တိုလွယ်တယ် . ၊ ပြဿနာ တစ်ခုခု ဖြစ်တိုင်း သူများအပြစ်ချည်း ပြောတတ်တယ် ။ သူလုပ်ခဲ့လို့ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ဂုဏ်ဖော်လို့ မဆုံးတော့ဘူး ။ ကိစ္စတိုင်းကို အဆိုးဘက်ကနေ အများဆုံးကြည့်တယ် ။ သူ့အကြောင်းကို လူတွေသိမှာလည်း စိုးရိမ်တယ် .. ထို့ကြောင့် သူဟန်ဆောင်တယ် ။ လိုချင်မှုများတယ် ၊ စိတ်မငြိမ်ဘူး ၊ နားလည်မှု မရှိဘူး ၊ လူအများရှေ့မှာ ဆရာလုပ်ပြချင်စိတ် ရှိတယ် ၊ သူကိုယ်တိုင်က အရည်အချင်းမပြည့်ပဲ နေရာတိုင်းမှာ သူမပါရင်မပြီးချင်ဘူး ဖြစ်နေတတ်တယ် ။ သူများတွေအောင်မြင်တာ ပြီးမြောက်တာတွေကို လွယ်လွယ်နဲ့ ဝမ်းမသာတတ်ဘူး ။ အကယ်၍ ဝမ်းသာသောမျက်နှာဖြင့် တွေ့ရရင်လည်း စိတ်ထဲက ကြိတ်ခိုက်နေတတ်ပြီး မနာလို သလို မကြေမချမ်း ဖြစ်တတ်တယ်။ အဲ့ဒီလို စရိုက်မျိုးနဲ့သူကို မပြည့်ဝသူအဖြစ် သတ်မှတ်ပါတယ် ။ လူတွေမှာ အဲ့ဒီလို သဘောကွဲပြားပြီး သတ်မှတ်မှုတွေလည်းကွဲပြားသွားကြပါတယ် ။ ကျနော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စအဝဝ အလုပ်တွေထဲမှာ အဆင်မပြေမှု တစ်ခုခုအတွက် ဒေါသထွက်နေတယ်ဆိုရင် ထိုသူဟာ မပြည့်ဝသူပဲ ။ အဲ့ဒီဒေါသ ထွက်နေတဲ့သူက ကိုယ်ဖြစ်ခဲ့မယ်ဆိုရင်လည်း ကိုယ်ဟာ မပြည့်ဝသူဆိုတာ သိထားပေးစေချင်ပါတယ် ။ ထိုသို့ သိထားမိလိုက်ရင် မိမိဖြစ်နေတဲ့ ဒေါသကို ထိန်းဖို့ သတိရသွားပါလိမ့်မယ် ။ ထိုမှတဆင့် တဖက်သားကို နားလည်လာစိတ်များ ဖြစ်လာပြီး အကောင်းမြင်စိတ်များ ဖြင့် ပြဿနာတွေကို ဖြေရှင်းတတ်လာပါလိမ့်မယ် ။ ထိုသို့ သတိမရှိပါက မိမိဘာဖြစ်နေသည်ကိုပင် သိရှိရန် အချိန်ရတော့မည်မဟုတ်တော့ပါ ။ ဒေါသ စိတ်လိုပဲ လောဘစိတ်မျိုးတွေလည်း ဖြစ်တတ်တာတွေချည်းပါပဲ ။ သူများပိုင်တဲ့ ပစ္စည်းကို ကိုယ်ကပိုင်ချင်နေတဲ့စိတ် ၊ သူများက ကြိုးစားလို့ရတဲ့အရာကို ကိုယ်က မကြိုးစားပဲ အပိုင်စီးချင်တဲ့ စိတ် ၊ အစားအသောက်မှာကိုပဲ တူတူစားနေတဲ့ သူ အချင်းချင်း ကိုယ်က ပိုစားချင်တဲ့ စိတ် ပိုအရသာ ရှိတာကို စားချင်တဲ့ စိတ် ၊ လမ်းအတူတူလျှောက်သွားတာတောင် ကိုယ်သွားတဲ့ လမ်းက သူများသွားတဲ့ လမ်းထက် ပိုကောင်းတယ် ဆိုတဲ့ အထင်အမြင်စိတ် ၊ စသဖြင့် သူများရှိနေတာကို အကောင်းကို မမြင်တတ်ဟာလည်း မပြည့်ဝခြင်းပါပဲ ၊ တကယ်တော့ မုဒိတာ မထားနိုင်တာပါ ။ သူများရှိတာကို ကိုယ့်မှာ မရှိလို့စိတ်ဆင်းရဲ မနာလို ဖြစ်မဲ့ အစား သူနေ့ရာမှာ ဝင်ပြီး ကိုယ်မှာလည်း ရှိသလို စိတ်ထားပြီး မုဒိတာ ပွားများလိုက်ပါက မိမိကိုလည်း သတိပေးရာ ရောက်သလို မိမိဘဝအတွက်လည်း အေးချမ်းတဲ့ လမ်းအဖြစ် အသွင်ပြောင်းသွားစေနိုင်ပါတယ် ။ အဲ့ဒါတွေက ယခု လူမှုဘဝတွေမှာ ဖြစ်တတ်တာတွေပါ ။ ကိုယ်နှင့်မဆိုင်တာကိုလည်း ပိုင်ဆိုင်ချင်ချင် ဖြစ်နေတတ်ပါတယ် ။ ဒါတွေ ဖြစ်နေတာကို ကိုယ့်စိတ်မှာ အမှန်အတိုင်းသိတတ်ဖို့နဲ့ လက်ခံတတ်ဖို့ လိုပါတယ် ထိုသို့မှ မဟုတ်ရင် အများ လက်ခံ ပြောနေကြစကားလုံး ဖြစ်တဲ့ “ရင့်ကျက်ခြင်း” ဟာ ကိုယ့်ဆီ ရောက်မလာပဲ ရှိနေပါလိမ့်မယ် ။ ဘဝ နေဝင်ချိန်ထိသာ ထို အယူအဆ တွေသာ ပါသွားရင်ဖြင့် ထိုသူရဲ့ဘဝဟာ တန်ဖိုးမဲ့ တဲ့ ဘဝ ဖြစ်သွားပါလိမ့်မယ် ။ မည်သူမျှ တန်ဖိုးမဲ့တဲ့ဘဝ ကို မလိုချင်ကြပါဘူး … ဒါပေမဲ့ လုပ်ရပ်တွေကတော့ ထို ဘဝဆီကိုပဲ ဒရွတ်တိုက်ဆွဲခေါ်သွားနေတယ်ဆိုတာ မိမိပတ်ဝန်းကျင်မှာ မြင်မိကြပါမှာပါ ။ ထို အထဲမှာ ကိုယ်မပါရလေအောင် မိမိစိတ်ကို သေချာ ကြည့်ပါ ။ စိတ်တိုဒေါသထွက်နေရင်လည်း မိမိမပြည့်ဝဘူးဆိုတာ သိထားရပါမယ် ။ ထိုသို့ သိပြီး ပြုပြင်ပါ ။ ထို့နောက် သင်သည် အေးချမ်းတဲ့ ဘဝလေးကို အလိုလိုပိုင်ဆိုင်လာတာကို သိမြင်လာပါလိမ့်မယ် ။
ပိုင်ဆိုင်ခြင်းများ ၊ ဆင်းရဲခြင်းများ ၊ အသိပညာများ ၊ မိုက်မဲခြင်းများ ၊ ဘဝတန်ဖိုးကိုနားလည်ခြင်းများ ၊ ဘဝကို မည်သို့ နေမည်လဲ အတွေးများ ၊ မိမိဘဝကို အကောင်းဆုံးဖြစ်အောင် ဖန်တီးခြင်းများ ၊ ချမ်းသာအောင် ငွေဝင်သော လုပ်ငန်းများ လုပ်ခြင်း ၊ ဒေါသများ ၊ အာဂါတများ ၊ တရားရှုမှတ်ခြင်းများ ၊ သတိဖြင့် နေခြင်းများ ၊ သမာဓိ ကောင်းခြင်းများ ၊ ဘာဝနာပွားခြင်းများ ၊ ပြုံးခြင်းများ ၊ ပျော်ရွှင်ခြင်းများ ၊ ဟန်ဆောင်ခြင်းများ ၊ လိမ်လည်ခြင်းများ ၊ ချစ်ခြင်းများ ၊ မုန်းခြင်းများ ၊ စကားပြောချိုသာခြင်းများ ၊ စိတ်ကို အေးချမ်းအောင် ထားခြင်းများ ၊ ကျေနပ်ခြင်းများ ၊ ဘဝကိုလေးစားခြင်းများ ၊ တန်ဖိုးထားတတ်ခြင်းများ ၊ ခံစားခြင်းများ ၊ အကောင်းမြင်တတ်ခြင်းများ ၊ အဆိုးမြင်တတ်ခြင်းများ ၊ သီလရှိခြင်းများ ၊ သီလမရှိခြင်းများ ၊ စာနာခြင်းများ ၊ မုဒိတာပွားခြင်း ၊ မေတ္တာထားခြင်း စသည့်အစိတ်အပိုင်းများကို လူ့ဘဝအတွင်းမှာ တပ်ဆင်ခွင့်ရှိပါတယ် ။ ထိုအထက်ပါ ကိရိယာ တွေထဲမှာ မိမိဘဝကို မည်သည်များဖြင့်တပ်ဆင်ပြီး ဘဝခရီးကို ဖြတ်သန်းဖို့ ရွေးချယ်မလဲ ဆိုတာကို မိမိမှာ လုပ်ပိုင်ခွင့်ရှိပါတယ် ။ ကြိုက်ရာရွေးပါ ဈေးနည်း ဈေးပေါ့ ရှိပါတယ် ။ လွယ်လွယ်ကူကူလုပ်ယူ၍ ရနိုင်သော အရာသည် ဈေးပေါပြီး ခက်ခက်ခဲခဲ လုပ်ယူရသော အရာသည် ဈေးကြီးပါသည်။ ထိုအထဲမှ ဈေးကြီးများဖြင့် မိမိဘဝကို တန်ဖိုးမြင့်အောင်တည်ဆောက်တတ်ဖို့လိုပါတယ် ။ ကျနော့်စိတ်ကူးထဲမှာတော့ လူသားအားလုံးကို 100% ရှိသော အရည်အသွေးကောင်းများဖြင့် ဘဝခရီးကို ဖြတ်သန်းစေချင်တာပါ ။ အားလုံးကို စိန်စီတဲ့ ဘဝ ဖြစ်ကြစေဖို့ အားပေးလျှက်ပါ ။ 

 **ဘာနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)