-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဥရောပသမဂ္ဂငြိမ်းချမ်းရေးနိုဗယ်ဆုရခြင်းအတွက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂုဏ်ယူဝမ်းမြောက်**
(နယူးယောက် အောက်တိုဘာ ၁၃) ၂ဝ၁၂ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂ(အီးယူ)အားအပ်နှင်းရန် ရွေးချယ်ခြင်းအတွက် မိမိဝမ်းမြောက်ဂုဏ်ယူမိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။ ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂလက်ခံရရှိခြင်းအတွက် ကုလသမဂ္ဂမိသားစု တစ်ရပ်လုံး၏ ကိုယ်စား မိမိဂုဏ်ယူဝမ်းမြောက်မိကြောင်း ဘန်ကီ မွန်းက ထုတ်ပြန်သောကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ ဥရောပသမဂ္ဂသည် ဥရောပတွင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို မြှင့်တင်အားပေးနေသော အဖွဲ့အစည်းအဖြစ် နိုဗယ်ဆုအတွက် ရွေးချယ်ခံရကြောင်း နော်ဝေနိုဗယ်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဂျက်လန်းက အော်စလိုမြို့တွင် အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။ဥရောပသမဂ္ဂကို ၁၉၅ဝ ပြည့်လွန်နှစ်များတွင် ထူထောင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်၏ ပြာပုံမှရုန်းထလာခဲ့ရသော အဆိုပါ အဖွဲ့အစည်းသည် ယခုအခါအဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်ပြီး သန်း ၅ဝဝ မျှသော ပြည်သူများကို ကိုယ်စားပြုကာ ရပ်တည်လျက် ရှိသည်။ (အင်တာနက်)
** ယူဂန္ဓာတွင် တစ္ဆေပင်စင်စားများ တွေ့ရှိ၍ ပင်စင်လစာများ ရပ်ဆိုင်းထား**
(ကန်ပါလာ အောက်တိုဘာ ၁၃)
ယူဂန္ဓာနိုင်ငံတွင် စာရင်းစစ်က တစ္ဆေပင်စင်စားများဟုခေါ်သည့် အမှန်တကယ်မရှိသော စာရွက်ပေါ်မှ ပင်စင်စားများကိုတွေ့ရှိရာ အငြိမ်းစားကျောင်းဆရာများ၊ အရပ်ဘက်ဝန်ထမ်းများနှင့် စစ်ဘက်ဝန်ထမ်း ၆ဝဝဝဝ ကျော်အား ပင်စင်လစာငွေများထုတ်ပေးခြင်းကို ရပ်ဆိုင်းထားကြောင်း သောကြာနေ့ ဘီဘီစီသတင်းတွင်ဖော်ပြသည်။ ယူဂန္ဓာတွင် တစ္ဆေပင်စင်စားများ တွေ့ရှိ၍ ပင်စင်လစာများ ရပ်ဆိုင်းထား ပင်စင်စားများသည် စက်တင်ဘာလစာငွေကို မရရှိသေးပေ။ နောက်ထပ် သီတင်းနှစ်ပတ်ကြာမှ ထုတ်ပေးမည်ဟုဘဏ္ဍာရေးဌာနက ပြောသည်။ မကြာသေးမီက စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် မရှိသည့် ရာပေါင်းများစွာသော လူများအတွက် လစဉ်တိုင်း ပင်စင်လစာငွေများထုတ်ပေးနေသည်ကိုတွေ့ရှိခဲ့သည်။ ပင်စင်လစာစာရင်းများကို စစ်ဆေးနေသည်မှာ ဆက်လက်၍ အချိန်ကြာမြင့် သွားမည်ကို ပင်စင်စားများက ပူပန်နေကြသည်။ ယူဂန္ဓာနိုင်ငံ၏ ဒေးလီးမော်နီတာသတင်းစာက ပင်စင်စားစာရင်းတွင် အချို့နာမည်များသည် တစ်ကြိမ်ထက်ပို၍ပါနေသည်ကိုတွေ့ရပြီး အချို့မှာ ဘဏ်စာရင်းတစ်ခုတည်းဖြင့် နာမည်အမျိုးမျိုးဖြင့်ပါနေခြင်းကိုလည်း တွေ့ရ သည်ဟု ဖော်ပြသည်။ပင်စင်လစာငွေစာရင်းတွင်ပါဝင်သောအချို့အမည်များသည် လက်ရှိလုပ်ငန်း ၌တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး အငြိမ်း စားမယူကြရသေးဟု သတင်းစာက ရေးသည်။စက်တင်ဘာလစာငွေ မရရှိသေး သဖြင့်စားဝတ်နေရေးအတွက်ယင်းပင်စင်လစာငွေအပေါ် မှီခိုနေကြရသော ပင်စင် စား ထောင်ပေါင်းများစွာမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ဘီဘီစီ က ဖော်ပြသည်။ (အင်တာနက်)
** အမေရိကန်သံရုံးစောင့် အရာရှိယီမင်သားတစ်ဦး လုပ်ကြံခံရ*
(ဆာနား အောက်တိုဘာ ၁၃) ယီမင်နိုင်ငံ မြို့တော်ဆာနားရှိ အမေရိကန်သံရုံးတွင် အစောင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသည့် ယီမင် လူမျိုးတစ်ဦးကို ¤င်း၏နေအိမ်အနီးတွင်မျက်နှာဖုံးစွပ်သေနတ် သမား တစ်ဦးက မော်တော်ဆိုင်ကယ်စီးလျက် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားကြောင်း ကြာသပတေးနေ့၌ တာဝန်ရှိသူ များက ပြောသည်။ ထိုလုပ်ကြံမှုသည် ယီမင်နိုင်ငံအတွင်းမှ အယ်လ်ခိုင်ဒါ အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ကြောင်း လက္ခဏာများက ပြသလျက် ရှိသည်ဟု တာဝန်ရှိသူများကပြောသည်။ သို့သော် ဤကိစ္စ နောက်ကွယ်၌ ယင်းအဖွဲ့ရှိမရှိဆိုသည်မှာဆုံးဖြတ်ရန်စောလွန်း သေးသည်ဟု ဆိုသည်။ ယီမင်ထောက်လှမ်းရေးအရာရှိများ၊ စစ်ဘက်အရာရှိများနှင့် လုံခြုံရေး အရာရှိများကို မကြာသေးမီ က လုပ်ကြံမှုများနှင့် လုပ်နည်းလုပ်ဟန် ဆင်တူလျက်ရှိသည်။ အာရေဗျကျွန်းဆွယ် ယီမင်အခြေစိုက် အယ်လ်ခိုင်ဒါ အဖွဲ့ (အေကျူအေပီ)ကို အမေရိကန်ထောက်ခံအားပေးသည့် ယီမင် အစိုးရစစ်ဘက်က ထိုးစစ်ဆင်ခြင်းကို လက်တုံ့ပြန် ခြင်းဖြစ်ဖွယ် ရာရှိသည်ဟု ယူဆကြသည်။ (အင်တာနက်)
** ဂရိပိုင်သင်္ဘောတစ်စင်းကိုပင်လယ်ဓားပြများ လွှတ်ပေး**
(မိုဒါဒစ်ရှူး အောက်တိုဘာ ၁၃) ဖိလစ်ပိုင်လူမျိုးသင်္ဘောသား ၂၁ ဦးနှင့်အတူ ရှစ်လကျော် ကြာ ဖမ်းဆီးထားသည့် ဂရိပိုင်လွတ်လပ်နတ်သမီး (Free Goddess) အမည်ရှိ ဝမ်းဖွင့် ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီ ပင်လယ်ဓားပြများက ပြန်လွှတ်ပေးလိုက်သည်ဟု ကင်ညာ သင်္ဘောသားများသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားကြောင်း အောက်တိုဘာ ၁၃ ရက် ရိုက်တာသတင်းတွင် ဖော်ပြသည်။ အိန္ဒိယသမုဒ္ဒရာအတွင်း ခုတ်မောင်းသွားလာသော သင်္ဘောများ၏ စားသောက်ရေးနှင့် သက်သာချောင်ချိရေးတို့ အတွက် ဆက်သွယ်ဆောင်ရွက်ပေးသူ အင်ဒရူးမဝမ်ဂူရာသည် အောက်တိုဘာ ၁ဝ ရက်က ပြန်ပေးရွေးငွေပါဝင်သောငွေထုပ်ကို ရေယာဉ်ပေါ်သို့ လေယာဉ်ဖြင့် ချပေးခဲ့ကြောင်း ပြောကြားသည်။ ဆိုမာလီနိုင်ငံမှ မိုဟာမက်ဟုအမည်ရှိသူ ပင်လယ်ဓားပြ တစ်ဦးက ¤င်းတို့လအတန်ကြာ ဖမ်းဆီးထားသည့် ရေယာဉ် အတွက် ပြန်ပေးရွေးငွေ ဒေါ်လာ ၅ ဒသမ ၇ သန်းရရှိကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ လိုင်ဘေးရီးယားနိုင်ငံအလံ လွှင့်ထူထားသည့် ဂရိပိုင် သင်္ဘောလွတ်လပ်နတ်သမီးသည် ယခုအခါလွတ်မြောက်သွားပြီ ဖြစ်ပြီး လောင်စာဆီနှင့် သောက်သုံးရေဖြည့်တင်းရရှိရန်နှင့် သင်္ဘောသားများလဲလှယ်ရန် အိုမန်နိုင်ငံ ဆာလားမြို့သို့ ဦးတည် ခုတ်မောင်းနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ (ရိုက်တာ)
** ကင်ညာလွှတ်တော်အမတ်များကိုဆုကြေးဒေါ်လာ ၁၁ဝဝဝဝ ပေးမည့်အဆို သမ္မတ ဗီတိုအာဏာဖြင့်ပယ်ချ**
(နိုင်ရိုဘီ အောက်တိုဘာ ၁၃) ကင်ညာနိုင်ငံလွှတ်တော်က လွှတ်တော်အမတ်များကို ၄င်းတို့၏သက်တမ်းကုန်ဆုံးချိန် လာမည့်နှစ်ကုန်တွင် ဆုကြေး ငွေအဖြစ် ဒေါ်လာ ၁၁ဝဝဝဝ ပေးအပ်မည့်အဆိုကို သမ္မတက ဗီတိုအာဏာဖြင့် ပယ်ချလိုက်ကြောင်း အေပီသတင်းဌာနက အောက်တိုဘာ ၁၂ရက်တွင်ဖော်ပြသည်။ ယင်းအဆိုသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိ ကြောင်း သမ္မတ အမ်ဝေကီဘာကီက အောက်တိုဘာ ၉ရက် နှောင်းပိုင်း၌ပြောသည်။ လွန်ခဲ့သည့်သီတင်းပတ်အတွင်းတွင် လွှတ်တော်အမတ် များသည် ¤င်းတို့ကို ဆုကြေးငွေများပေးအပ်ရန် တိတ်ဆိတ် စွာ စီစဉ်ခဲ့ရာ ပြည်သူများက မခံမရပ်နိုင်ဖြစ်ခဲ့ကြသည်။ ကင်ညာပြည်သူများက လွှတ်တော်အဆောက်အအုံ၏ အပြင်ဘက်အထိ သွားရောက်ကန့်ကွက်ခဲ့ကြပြီး လွှတ်တော် အမတ်များအား ပေးရန်အတွက် ငွေတောင်းခံလွှာကို အတည် ပြုမပေးပါရန် သမ္မတကိုတောင်းဆိုခဲ့ကြသည်။ လွှတ်တော်၏လက်ရှိအမတ်ဦးရေ ၂၂၂ဦးသည် တစ်ဦး လျှင် တစ်နှစ်၌ ဒေါ်လာ ၁၁ဝဝဝဝ နီးပါးစီဆုကြေးငွေ ရရှိကြ မည်ဖြစ်သည်။ မြို့တော်နိုင်ရိုဘီ၌ အနည်းဆုံးလုပ်ခလစာငွေ မှာ တစ်နှစ်လျှင် ဒေါ်လာ ၁၅ဝဝခန့်ဖြစ်သည်။ ယမန်နှစ်က လွှတ်တော်အမတ်တစ်ဦး၏ လစာငွေကို ဒေါ်လာ ၁၇၅ဝဝဝ အထိ တိုးမြှင့်ရန် လွှတ်တော်က ကြိုးစား ခဲ့ရာ ပြည်သူလူထု၏ အပြင်းအထန် ကန့်ကွက်မှုနှင့်ကြုံရ သဖြင့် ယင်းအစီအစဉ်ကို ဖယ်ထားခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment