ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 15, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** ဂျန်နာရာ 'School' ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်မည်**
 ကိုရီးယားရုပ်သံလိုင်းတစ်ခုဖြစ်သော KBS 2 တီဗွီ ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသမည့ှ် School အမည်ရှိ ဒရမ်မာ ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ရန်အတွက် အဆိုတော် ဂျန်နာရာက သရုပ်ဆောင်တဖြစ်လဲ ပါဝင် သရုပ်ဆောင်ရန် အတည်ပြုထားပြီးဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် ဂျန်နာရာက ကျောင်းဆရာမတစ်ဦး အနေဖြင့် ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်တွင် သရုပ်ဆောင်ရွေးချယ်ပွဲကို ကျင်းပခဲ့ပြီးဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် အခြားသရုပ်ဆောင်များကိုမူ ရွေးချယ် ဆုံးဖြတ်နေဆဲဖြစ်ကြောင်း ယင်းဇာတ်လမ်းတွဲ ထုတ်လုပ်သူက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်း School အမည်ရှိ ဒရမ်မာဇာတ်ကားသည် ကိုရီးယား နိုင်ငံ၏ ရေပန်းအစားဆုံး ဒရမ်မာဇာတ်ကားများအနက် တစ်ကားအပါအဝင်ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲကို ၁၉၉၉ ခုနှစ်မှစတင်ကာ ယနေ့အထိ အတွဲပေါင်း လေးတွဲပြသခဲ့ပြီး ဂျန် Hyuk, ဟာဂျီဝန်၊ ဂျိုအီဆောင်၊ လီယိုဝန်းနှင့် ချွဲကန်ဟီးအစ ရှိသော နာမည်ကျော်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ခဲ့ကြ ပြီး ယခုအသစ်ထုတ်လွှင့်မည့် ဇာတ်လမ်းတွဲအသစ်တွင် မည်သည့် နာမည်ကြီးသရုပ်ဆောင်များ ပါဝင်လာမည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။ (အင်တာနက်)

 ** အနာဂတ်တွင် ယခုထက်ပိုကြိုးစားမည့်  လီချန်ဟီး**
 ကိုရီးယားသရုပ်ဆောင် လီချန်ဟီး ပါဝင် သရုပ်ဆောင်ထားသော "The Thousandth Man"အမည်ရှိ ဒရမ်မာဇာတ်လမ်းတွဲ ကို MBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသ လျက်ရှိရာ ယခုတစ်ပတ် အတွင်း အပြီးသတ်ပြသမည်ဖြစ်သည်။ ''ဒီဇာတ်လမ်းရိုက်ကူးတဲ့အချိန်မှာ ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိတဲ့ အချိန်တွေပါပဲ။ ပရိသတ်တွေကို သမားရိုးကျ သရုပ်ဆောင်နေတဲ့ပုံစံထဲက ခွဲထွက်ပြီးသရုပ်ဆောင် ပြနိုင်ခဲ့တဲ့အတွက်ပါ။ ဒီဇာတ်လမ်းတွဲကို အဆုံးထိအားပေးကြည့် ရှုခဲ့ကြတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ တခြား ဇာတ်ကားတွေမှာလည်း ဒီထက်ပိုကြိုးစားသွားပါမယ်''ဟု သရုပ်ဆောင် လီချန်ဟီးက အဆိုပါ ဒရမ်မာဇာတ်ကားပြီးဆုံးခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ ယင်းဇာတ်ကားတွင် ကိုရီးယားသရုပ်ဆောင် လီချန်ဟီးက စားသောက်ဆိုင်ပိုင်ရှင် ကင်မ်အီဆောက်အဖြစ် ပါဝင်သရုပ် ဆောင်ထားသည်။ ယင်းဇာတ်ကားသည် Gumiho (ခေါ်) အမြီးကိုးခုနှင့် မြေခွေးအကြောင်းအခြေခံထားသော ဒရမ်မာ ဇာတ်ကားဖြစ်ပြီး ကင်မ်အီဆောက်အရမ်းနေမကောင်းဖြစ် နေသည့်အခါ လူသားအသည်းအားစားရန် လိုအပ်လာခဲ့သည်။ ထိုကဲ့သို့ လူသား၏အသည်းကိုစားမှသာ လူတစ်ယောက်အနေ ဖြင့် ဆက်လက်အသက်ရှင်နိုင်မည်ဖြစ်သည်။ ၄င်းအသက်ရှင် ရမည့်အချိန်သည်လည်း သုံးလခန့်သာလိုတော့သည် စသည်ဖြင့် ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားသော ဒရမ်မာဇာတ်လမ်းတွဲဖြစ်သည်။

  **ပွဲကောင်းများစွာနဲ့ ၂ဝ၁၄ ကမ္ဘာဖလား ဥရောပဇုန်ခြေစစ်ပွဲများ**
 လာမယ့် အောက်တိုဘာ ၁၆ ရက် ညမှာ ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဥရောပဇုန်ခြေစစ်ပွဲတွေကို ဆက်လက်ကျင်းပသွားဖို့ရှိပါတယ်။ အဆိုပါပွဲစဉ်တွေ အထဲမှာ နာမည်ကြီးအသင်းနှစ်သင်းဖြစ်တဲ့ စပိန်နဲ့ပြင်သစ်တို့ ဆုံတွေ့မယ့်ပွဲ ပါနေသလို အီတလီနဲ့ ဒိန်းမတ်၊ ပိုလန်နဲ့အင်္ဂလန်တို့ဆုံတွေ့မယ့်ပွဲတွေလည်း ပါဝင်နေတာကြောင့် အကြိတ်အနယ်ရှိမှာသေချာနေပါတယ်။ 

**အီတလီ Vs ဒိန်းမတ်**
 နောက်ဆုံးဆုံတွေ့မှု ဒိန်းမတ် ဝ-ဝ အီတလီ 
ဒိန်းမတ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အသင်း လိုက်ကစားပုံညီညွတ်မျှတသလို အိမ်ကွင်းကစားအားလည်း ထက်မြက်မှုရှိတာကြောင့် အီတလီတို့ရုန်းကန်ရမှာပါ။ အထူး သဖြင့် ဒိန်းမတ်ဟာ ကရန်ဂျာ၊ အက်ဂါ၊ ဘန်တနာတို့လို ကစားသမားကောင်းတွေလည်း ပါဝင်လာမှာဖြစ်လို့ အီတလီ အသာရဖို့ခက်ခဲပါလိမ့်မယ်။ အီတလီအနေနဲ့လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းကောင်းမွန်နေသလို ဘာလော့တယ်လီ၊ ပီယာတို့လို ကစားသမားကောင်းတွေကို ရွေးချယ်ထားပေမယ့် ဒိန်းမတ်ရဲ့ ကစားအားကြောင့် သရေကျဖို့များလာနိုင်ရင်တောင် မပြတ်သားနိုင်ပါဘူး။ 

**ပိုလန် Vs အင်္ဂလန်**
 နောက်ဆုံးဆုံတွေ့မှု ..အင်္ဂလန် ၂ - ၁ ပိုလန်
 ပိုလန်ဟာ အသင်းလိုက်ကစားအားနဲ့ အိမ်ကွင်းရုန်းအား ကောင်းမွန်တဲ့အတွက် အင်္ဂလန်အခက်တွေ့နိုင်ပါတယ်။ အင်္ဂလန်ဟာ ဒီခြေစစ်ပွဲအတွက် လမ်းပတ်၊ ဂျရတ်တို့အပါအဝင် ကစားသမားကောင်းတွေကို ရွေးချယ်ထားပေမယ့် လီဝမ်ဒေါ စကီးဦးဆောင်တဲ့ ပိုလန်ရဲ့ကစားသမားစုဖွဲ့မှုကလည်း အင်္ဂလန်ထက် မနိမ့်ပါဘူး။ ဒါကြောင့် ဒီပွဲမှာတော့ အင်္ဂလန် ရုန်းကန်ရနိုင်ပြီး သရေမျှော်လင့်ခွင့်ရှိနေတဲ့ ပိုလန်ကိုပဲ ရွေးချယ်ရမှာပါ။ 

**စပိန် Vs ပြင်သစ်**
 နောက်ဆုံးဆုံတွေ့မှု ..စပိန် ၂ - ဝ ပြင်သစ် 
ဒီပွဲစဉ်တွေအထဲမှာ အကြိတ်အနယ်အရှိဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ဒီနှစ်သင်းဟာ ယူရို ၂ဝ၁၂ မှာတုန်းကလည်း ဆုံတွေ့ခဲ့ဖူးပြီး စပိန်က နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း စပိန်ဟာ မာတာ၊ ပူယိုးလ်တို့ကို ချန်လှပ်ခဲ့ပေမယ့်လည်း ဒေးဗစ်ဗီလာ၊ တောရက်စ်၊ ပီဒရိုတို့ လို တိုက်စစ်မှူးကောင်းတွေအပြင် အင်နီယေစတာ၊ ဇာဗီ၊ ဖာဘရီဂက်စ်၊ အလွန်ဆိုတို့လို ကွင်းလယ်ကစားသမား ကောင်းတွေကိုလည်း ရွေးချယ်ထားတဲ့အတွက် တောင့်တင်းမှု အပြည့်ရှိနေပါတယ်။ ပြင်သစ်အနေနဲ့ကလည်း ဘန်ဇီမာ၊ ဂီရောက်ဒ်၊ ဂိုမစ်၊ ဗယ်ထူနာ၊ ရီဘာရီ၊ မီနက်ဇ်တို့လို ကစား သမားကောင်းတွေကို ရွေးချယ်ထားမှုကြောင့် စပိန်ကို အကောင်းဆုံးအန်တုနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်ကွင်းက စပိန်ရဲ့ကွင်း ဖြစ်နေတာကြောင့် စပိန်တို့အခွင့်အရေးအနည်း ငယ်ပိုသာနေသလို စပိန်ကပဲ ကပ်ပြီးနိုင်သွားနိုင်ပါတယ်။ 

**ရိုမေးနီးယား Vs ဟော်လန်**
 နောက်ဆုံးဆုံတွေ့မှု.. ဟော်လန် ၂ - ဝ ရိုမေးနီးယား 
အက်စ်တိုးနီးယား၊ အန်ဒိုရာတို့လို အသင်းငယ်လေးတွေ ကို အနိုင်ရထားတဲ့ ရိုမေးနီးယားအနေနဲ့ ဟော်လန်ကို ထိန်းချုပ် နိုင်ဖို့တော့ ရုန်းကန်ရမှာပါ။ ဟော်လန်က ယူရို ၂ဝ၁၂ မှာ ခြေ ပျက်ခဲ့ပေမယ့် ဒီနောက်ပိုင်း စွမ်းဆောင်ရည်ထက်မြက်နေသလို ဒီခြေစစ်ပွဲအတွက်လည်း ဟန်တယ်လာ၊ ဗန်ပါစီတို့လို တိုက်စစ် မှူးကောင်းတွေကို ရွေးချယ်ထားတဲ့အတွက် ရိုမေးနီးယားရဲ့ ခံစစ်ကို ဖိအားပေးသွားနိုင်မှာပါ။ အဝေးကွင်းဖြစ်ပေမယ့်တစ်ဦး ချင်းအရည်အသွေးအပြင် အသင်းလိုက်ကစားပုံပါ ပိုကောင်းတဲ့ ဟော်လန်ကပဲ ကပ်ပြီးအနိုင်ရသွားမှာပါ။

 **ရုရှား Vs အဇာဘိုင်ဂျန်**
 နောက်ဆုံးဆုံတွေ့မှု ..အဇာဘိုင်ဂျန် ၁ - ၁ ရုရှား ရှေ့ပွဲစဉ်မှာ ပေါ်တူဂီနဲ့ကစားခဲ့ရမှုကြောင့် ပွဲပန်းလာ နိုင်ပေမယ့် ရုရှားဟာ အခုလိုပွဲမျိုးကို အမှားအယွင်းအဖြစ်ခံမှာ မဟုတ်ပါဘူး။ အထူးသဖြင့် အဇာဘိုင်ဂျန်ရဲ့ ခြေစွမ်းကသာမန် သာရှိတဲ့အပြင် အဝေးကွင်းမှာဆိုရင် ခံစစ်ကစိတ်မချရလို့ ရုရှား ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ရမှာပါ။ အိမ်ကွင်းကောင်းမွန်တဲ့အပြင် ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ရုရှားပဲနိုင်ပွဲရယူ သွားနိုင်မှာပါ။ 

**ဂျာမနီ Vs ဆွီဒင်**
 နောက်ဆုံးဆုံတွေ့မှု ဆွီဒင် ဝ - ဝ ဂျာမနီ 
အီဘရာဟီမိုဗစ်လို ကစားသမားကောင်းမျိုးပါဝင်လာ မယ့် ဆွီဒင်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး လျှော့တွက်ဖို့ တော့ခက်ပါတယ်။ ဒါပေမယ့် ကလိုဆေး၊ ပိုဒေါစကီး၊ စီဒီယာ၊ အိုဇေးလ်၊ စတိုင်ဂါးလမ်းတို့လို ထိပ်တန်းကစားသမားတွေကို ရွေးချယ်ထားတဲ့ ဂျာမနီကိုတော့ စုဖွဲ့မှုအင်အားမှာ ယှဉ်နိုင်တဲ့ အဆင့်မရှိပါဘူး။ အထူးသဖြင့် လူငယ်အများစုနဲ့ အခြေခံ ထားတဲ့ ဂျာမနီဟာ အသင်းလိုက် ကစားပုံအားကောင်းပြီး အိမ် ကွင်းအခွင့်အရေးလည်းရှိနေတဲ့အတွက် ဆွီဒင်တို့ပွဲချိန်ပြည့် ထိန်းချုပ်ဖို့ခက်ပါလိမ့်မယ်။ ဂျာမနီကသာ အိမ်ကွင်းမှာနိုင်ပွဲရယူ သွားနိုင်ပါတယ်။ 

**ပေါ်တူဂီ Vs မြောက်အိုင်ယာလန်**
 နောက်ဆုံးဆုံတွေ့မှု- မြောက်အိုင်ယာလန် ၁ - ၁ ပေါ်တူဂီ
 မြောက်အိုင်ယာလန်ဟာ အသင်းကောင်းတစ်သင်းပါ။ တစ်ဦးချင်းခြေစွမ်းအရ ထိပ်တန်းအဆင့်မှာ မရှိပေမယ့်အသင်း လိုက်ညီညွတ်မျှတတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီ ကလည်း ရော်နယ်ဒို၊ နာနီတို့လို ထိပ်တန်းကစားသမားတွေကို ရွေးချယ်ထားတဲ့အပြင် အိမ်ကွင်းအားသာချက်လည်းရှိနေပါ တယ်။ ဒါကြောင့် ပေါ်တူဂီရဲ့သွင်းဂိုးအနည်းကို နှစ်သက်မိပါ တယ်။ 

**ခရိုအေးရှား Vs ဝေလ**
 နောက်ဆုံးဆုံတွေ့မှု -ခရိုအေးရှား ၂ - ဝ ဝေလ
 ဝေလဟာ ရမ်ဆေး၊ ဘေးလ်တို့လို ကစားသမားကောင်း တွေရှိပေမယ့် ဒီခြေစစ်ပွဲအတွင်းမှာ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် အခုကစားရမယ့်ကွင်းကလည်း ခရိုအေးရှားရဲ့ကွင်း ဖြစ်နေလို့ ဝေလတို့ရုန်းကန်ရဦးမှာပါ။ ခရိုအေးရှားက အိမ်ကွင်း အားနဲ့ဖိအားပေးသွားမှာဖြစ်သလို မိုဒရစ်လို ထိပ်တန်းကစား သမားတွေရှိနေတဲ့အပြင် အသင်းလိုက်စွမ်းဆောင်ရည်မှာလည်း ဝေလထက် အားသာမှုရှိပါတယ်။ ခရိုအေးရှားကသာ နှစ်ဂိုး အသာနဲ့ နိုင်ပွဲရယူသွားမှာပါ။ 

 **ဖာရိုးကျွန်းစု Vs အိုင်ယာလန်**
 နောက်ဆုံးဆုံတွေ့မှု -အိုင်ယာလန် ၂ - ဝ ဖာရိုးကျွန်းစု 
အသင်းငယ်လေး ဖာရိုးကျွန်းစုဟာ အသင်းလိုက်အားနဲ့ အိမ်ကွင်းအခွင့်အရေးကိုပေါင်းပြီး အမှတ်ရဖို့ခံကစားမှာပါ။ ဒါပေမယ့် ဖာရိုးကျွန်းစုအနေနဲ့ တစ်ဦးချင်းအရည်အသွေးမှာ ရော်ဘီကိန်းလိုကစားသမားမျိုးတွေရှိနေတဲ့ အိုင်ယာလန်ကို မမီ သလိုအတွေ့အကြုံနဲ့ အသင်းလိုက်စွမ်းဆောင်ရည်မှာလည်း အိုင်ယာလန်ထက်နိမ့်နေပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် အိုင်ယာလန်ပဲနိုင်ပွဲရသွားမှာပါ။ သွင်းဂိုးလည်းများနိုင်ပါတယ်။ 

**မက်ဆီဒိုးနီးယား Vs ဆားဘီးယား**
 နောက်ဆုံးဆုံတွေ့မှု -မက်ဆီဒိုးနီးယား ၁ - ၁ ဆားဘီးယား 
ဆားဘီးယားဟာ ဗီဒစ်လိုကစားသမားကို ဒဏ်ရာကြောင့် မရွေးချယ်နိုင်ခဲ့ပေမယ့် မာတစ်၊ ပီထရိုဗစ်၊ မာကိုဗစ်၊ အိုင်ဗန် နိုဗစ်၊ ကိုလာရော့စ်၊ နာစတာဆစ်တို့လို ကစားသမားကောင်းတွေ ကျန်ရှိနေသေးသလို အသင်းလိုက်ကစားပုံလည်း မာကျောမှုရှိ တာကြောင့် ခြေစွမ်းသာမန်သာရှိနေတဲ့ မက်ဆီဒိုးနီးယားကို ဖိအားပေးနိုင်မှာပါ။ ဆားဘီးယားကသာ ကပ်ပြီးအနိုင်ရသွား နိုင်ပါတယ်။ 

 **ချက် Vs ဘူဂေးရီးယား**
 နောက်ဆုံးဆုံတွေ့မှု -ချက် ၃ - ၁ ဘူဂေးရီးယား
 ချက်ဟာ ခြေစွမ်းပိုင်း အနည်းငယ်အားနည်းနေပေမယ့် အိမ်ကွင်းအားနဲ့ ဖိအားပေးနိုင်ဖို့ ကြိုးစားမှာပါ။ ဘူဂေးရီး ယားကလည်း ခြေစွမ်းသာမန်သာရှိပြီး တိုက်စစ်ပိုင်းအားနည်း လို့ချက်ကိုပဲ ရွေးချယ်ချင်မိပါတယ်။

 **၂ဝ၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲများ**
( အောက်တိုဘာ ၁၆ )
ရုရှား - အဇာဘိုင်ဂျန် 
အစ္စရေး - လတ်ဆင်းဘတ်
 ဘီလာရုစ် - ဂျော်ဂျီယာ 
လတ်ဗီးယား - လီချင်စတိန်း 
အင်ဒိုရာ - အက်စ်တိုးနီးယား 
ဖာရိုးကျွန်းစု - အိုင်ယာလန်
 ဘော့စနီးယား - လစ်သူရေးနီးယား
 ဆိုက်ပရပ်စ် - နော်ဝေ 
ယူကရိန်း - မွန်တီနီဂရိုး 
ခရိုအေးရှား - ဝေလ 
ချက် - ဘူဂေးရီးယား 
ရိုမေးနီးယား - ဟော်လန်
 သြစတြီးယား - ကာဇက်စတန် 
ဆလိုဗက်ကီးယား - ဂရိ
 အိုက်စလန် - ဆွစ်ဇာလန် 
ဆမ်မာရီနီ - မော်လ်ဒိုဗာ 
မက်ဆီဒိုးနီးယား - ဆားဘီးယား 
ဟန်ဂေရီ - တူရဂီ 
ဂျာမနီ - ဆွီဒင် 
အယ်ဘေးနီးယား - ဆလိုမေးနီးယား 
ဘယ်ဂျီယံ - စကော့တလန်
 ပေါ်တူဂီ -ေ မြာက်အိုင်ယာလန် 
အီတလီ - ဒိန်းမတ် 
စပိန် - ပြင်သစ် 
ပိုလန် - အင်္ဂလန် (အင်တာနက်)

 စုစည်းဘာသာပြန် - ရှိုင်းမင်းမင်း 

** ကွယ်လွန်သူ ဂရမ်မီဆုရှင်အား ဂုဏ်ပြုဖျော်ဖြေ** 
အမေရိကန်မှ နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်သူ Whitney Houston အသက် (၄၈)နှစ်အား ဂုဏ်ပြုကျင်းပသည့် We Will Always Love Youi : A Gramny Salute to Whiteny အမည်ရှိဖျော်ဖြေပွဲတစ်ခုကို ကြာသပတေးနေ့တွင် လော့စ်အိန်ဂျလိစ်ရှိ နိုကီရာပြဇာတ်ရုံ၌ ကျင်းပခဲ့သည်။ အဆိုပါဖျော်ဖြေပွဲသို့ နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် ဘရစ်တနီ စပီးယား၊ ဟယ်လီဘာရီ၊ အက်ရှ်ရှာ၊ ဂျနီဖာဟူဒ်ဆန်နှင့် အခြားအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြသည်။ ထိုပွဲတွင် ဂျနီဖာဟူဒ်ဆန်နှင့် အက်ရှ်ရှာတို့က Whitney Houston ၏ အောင်မြင်မှုရရှိခဲ့သော တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီးအဆိုပါ ဂီတဖျော်ဖြေပွဲကို အမေရိကန်၌ ဃြှ ရုပ်သံလိုင်းက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ယင်းအခမ်းအနားသို့ Whitney Houston ၏ သမီးဖြစ်သူ ဘော့ဘီခရစ္စတီးနာ ဘရောင်းနှင့် မနခသမိုဘေနူ မှ တာဝန်ရှိသူ ကလစ်ဖ်ဒေးဗစ်တို့ တက်ရောက်ခဲ့ကြသည်။ ''သူမဟာ မျိုးဆက်သစ် မိန်းကလေးငယ်များနှင့်အမျိုးသမီးများ မိမိတို့၏ ကိုယ်ပိုင်အိပ်မက် များအပေါ် ယုံကြည်ချက်ထားရှိကြရန်နှင့် အရာအားလုံးဖန်တီးနိုင်သောစွမ်းအားသည် မိမိတို့၌ရှိသည်ကို သိထားကြရန်လိုကြောင်း လှုံ့ဆော်ပေးခဲ့ပါတယ်''ဟု ဘာရီက စင်မြင့်ထက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဆက်လက်၍ ဘရစ်တနီက ''သူမဟာအလွန်အံ့သြဖို့ကောင်းတဲ့မိန်းမတစ်ယောက်ပါ၊ သူမရဲ့အသံဟာ နတ်ဘုရားတွေထက် ပိုကောင်းတယ်လို့ ကျွန်မထင်မိပါတယ်''ဟု ပြောကြားခဲ့သည်။ Houston ၏ အသက်အရွယ်ငယ်ငယ်ဖြင့် သေဆုံးခြင်းသည် ဝမ်းနည်းဖွယ်ကောင်းသော သတိပြု ဆင်ခြင်စရာ ပုံပြင်တစ်ပုဒ်ဖြစ်ကြောင်း ၄င်းနောက်ဆုံးရိုက်ကူးခဲ့သည့် 'Sparkle' ဇာတ်ကားမှထုတ် လုပ်သူ T.D.Jakes ဆိုသည်။ Houston သည် ယခုနှစ် ဂရမ်မီဆုပေးပွဲကျင်းပမည့်ရက်မတိုင်မီတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောကြားကြသည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)