(အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)
ယမန်နေ့နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံသားဇနီးမောင်နှံ ၂ ဦး ကားဖြင့်ရောက်ရှိလာပြီး ရွှေဝယ်ဟန်ဆောင်ကာ လုယူသွား သော ဖြစ်ရပ်တစ်ခုသည် ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် ဖုတ်ဖရမြို့နယ်၊ ဘန်ရာမဲကလိုဆာဟာမစ် (မြန်မာတို့အခေါ်- ၄၈ ကီလိုမီတာ) တိုက်နယ်ရှိ တစ်ခုတည်းသော ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ရွှေ ၁၈ ကျပ်ခွဲသား (ကာလတန်ဖိုး-ဘတ် ၄ သိန်းခန့်) ပါသွား ကြောင်း၊ အဆိုပါဇနီးမောင်နှံကိုရော၊ ယင်းတို့ စီးလာသောကားကိုပါ တာ့(ခ်)ခရိုင် ဒုတိယရဲ တိုင်းမှူး ကိုယ်တိုင်ကွင်းဆင်းရောက်ရှိလာပြီး ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း-သောင်ရင်းနဂါး
-ထိုင်း-မြန်မာနယ်စပ် ရွှေဆိုင်တစ်ဆိုင် လုယက်ခံရ၊ ရွှေ ၁၈ ကျပ်ခွဲသား ပါသွား၊ တရားခံမမိသေး-
(ဖုတ်ဖရမြို့နယ်ဘန်ရာမဲကလိုဆာဟာမစ်တိုက်နယ် ၁ လမ်း အတွင်းမှ နံနက်ခင်း အလုပ်ဆင်းကြမည့် မြန်မာစိုက်ပျိုးရေးလုပ်သားများ)
ယမန်နေ့နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံသားဇနီးမောင်နှံ ၂ ဦး ကားဖြင့်ရောက်ရှိလာပြီး ရွှေဝယ်ဟန်ဆောင်ကာ လုယူသွား သော ဖြစ်ရပ်တစ်ခုသည် ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် ဖုတ်ဖရမြို့နယ်၊ ဘန်ရာမဲကလိုဆာဟာမစ် (မြန်မာတို့အခေါ်- ၄၈ ကီလိုမီတာ) တိုက်နယ်ရှိ တစ်ခုတည်းသော ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ရွှေ ၁၈ ကျပ်ခွဲသား (ကာလတန်ဖိုး-ဘတ် ၄ သိန်းခန့်) ပါသွား ကြောင်း၊ အဆိုပါဇနီးမောင်နှံကိုရော၊ ယင်းတို့ စီးလာသောကားကိုပါ တာ့(ခ်)ခရိုင် ဒုတိယရဲ တိုင်းမှူး ကိုယ်တိုင်ကွင်းဆင်းရောက်ရှိလာပြီး ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း-သောင်ရင်းနဂါး
No comments:
Post a Comment