ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 10, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**အရှည်ပေ ၅ဝခန့်ရှိ ဝေလငါးကြီးဘော်စတွန် ကမ်းခြေသို့ သေဆုံးပြီးမျောလာ** (ဘော်စတွန် အောက်တိုဘာ ၉)
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့
ကမ်းခြေတွင် အောက်တိုဘာ ၈ ရက်နံနက်က 
အလွန်ကြီးမားသော ဝေလငါးကြီးတစ်ကောင် သောင်တင်သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု အမေရိကန်ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့အရာရှိများက ပြောကြား သည်။ အဆိုပါ ဝေလငါးကြီးသည် အရှည်ပေ ၅ဝ ရှိပြီး အလေးချိန်တန် ၄ဝ ကျော် ခန့်ရှိကြောင်း၊ ဘော်စတွန်မြို့ကမ်းခြေအနီးရေပြင်တွင် ပေါလောပေါ်ကာမျောပါနေ ခြင်းဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို လေ့လာစူးစမ်းလျက်ရှိ ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ ဘော်စတွန်မြို့ကမ်းခြေတွင် ယခုကဲ့သို့ဝေလငါးကြီးများ သေဆုံးမျောပါလာမှု ဖြစ်ရပ်မှာ ရှားပါးသည်။ ဝေလငါးများသည် သဘာဝဘေးဒဏ်၊ ရောဂါဖြစ်ပွားမှု တို့အပြင် လူတို့ကြောင့်လည်း သေဆုံးနေကြရသည်။ ယခုသေဆုံးနေသော ဝေလ ငါးမျိုးသည် အရှည်ပေ ၇ဝ ကျော်အထိရှည်လျားပြီး အလေးချိန်တန် ၅ဝ ခန့်အထိ ကြီးထွားတတ်သော ဝေလငါးမျိုးဖြစ်သည်။ ယင်း သေဆုံးနေသော ဝေလငါးကြီးကို ဘော်စတွန်ကမ်းခြေသို့ ဆွဲယူလာပြီး နောက်ထပ် ဝေလငါးများသေဆုံးသောင်တင် လာမှုရှိမရှိကို စောင့်ကြပ်လေ့လာလျက်ရှိသည်။ (ဆင်ဟွာ)

 **နိုင်ဂျီးရီးယားနိုင်ငံ လိုဂီပြည်နယ်ရေလွှမ်းမှု လူပေါင်း ၆ဝဝဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်**
(နိုင်ဂါဟာ အောက်တိုဘာ ၉) နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း လိုဂီပြည်နယ်တွင် မကြာသေးမီက ရေလွှမ်းမှုကြောင့် လူပေါင်း ၆ဝဝဝဝဝခန့် ရေဘေးဒုက္ခကြုံတွေ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အစိုးရ ထိ ပ်တန်းအရာရှိ တစ် ဦးက အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။ လိုဂီပြည်နယ်တွင် အဆိုပါရေဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးစခန်းအရေအတွက်မှာ ကနဦးက ကိုးခုရှိခဲ့ရာမှ ၈၇ ခုအထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ် ဦးဖြစ်သည့် အဘတ်ဒူရာဟာမန်ကဝူရာက မြို့တော်လိုကို ဂျာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့်  ကျန်းမာရေးဌာနအချို့တို့ရှိ ဒုက္ခသည်စခန်းများတွင် လူအများ အပြားရှိနေခဲ့ကြောင်း၊ လိုဂီပြည်နယ်ရှိ နေရာဒေသကိုးခုတွင် လူ နေရပ်ကွက်ပေါင်း ၄၅၇ ခုတို့၌ ရေဘေးဒုက္ခကြုံတွေ့ခဲ့ ရကြောင်း ဝူရာက ဆက်လက်ပြောကြားခဲ့သည်။ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ စိုက်ပျိုးရေး ခြံများ၊ ကျန်းမာရေး၊ အဆောက်အအုံများနှင့် လမ်းများတွင် အဆိုးရွားဆုံးရေလွှမ်းမှုများဖြစ်ခဲ့ကြောင်း ဝူရာက ပြောကြား ခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် မကြာသေးမီသတင်းပတ် များက မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ် ၃၈ ခုတို့ ရေလွှမ်းမှုဖြစ်ပေါ်ကာ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့  သည်။ (ဆင်ဟွာ)  

**ရုရှားတွင် ဥရောပနိုင်ငံများသို့ ဖြန့် ဖြူးပေးမည့်  ဓာတ်ငွေ့ပိုက်လိုင်းသစ်များတည် ဆောက်** (မော်စကို အောက်တိုဘာ ၉) ရုရှားနိုင်ငံက ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့များဖြန့်ဖြူးပေးပို့နိုင်ရေးအတွက် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အနီးတွင် ဓာတ်ငွေ့ပိုက်လိုင်းသစ်များ တည်ဆောက် လျက်ရှိရာ ပိုက်လိုင်းသစ်နှစ်ခုကို ထပ်မံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း နော့ဒ်စတမ်းပိုက်လိုင်းသွယ်တန်းရေးကုမ္ပဏီက
 အောက်တိုဘာ ၉ ရက်၌ ပြောကြားသည်။ ထိုသို့ ပိုက်လိုင်းအသစ် သွယ်တန်းရန် ရုရှားနိုင်ငံမှ ဂတ်စ်ပရွမ်ဓာတ်ငွေ့ကုမ္ပဏီနှင့် နော့ဒ်စတမ်းပိုက်လိုင်း ကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ပြီးဖြစ်သည်။ နော့ဒ်စတမ်း ပိုက်လိုင်းကုမ္ပဏီသည် ယခုအခါ ဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းသွယ်တန်းတည်ဆောက်ပေးပြီးဖြစ်သည်။ ယခုအသစ်တည်ဆောက်မည့် တတိယနှင့်စတုတ္ထဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ရေးအတွက် နည်းပညာများနှင့် နည်းစနစ်အသစ်များ ထပ်မံဖြည့်ဆည်းကာ တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်။ နော့ဒ်စတမ်းပိုက်လိုင်းကုမ္ပဏီသည် ရုရှားတွင် ဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းတည်ဆောက်ပေးခဲ့ရာ အရှည် ၁၂၂၄ ကီလိုမီတာ ရှိသည်။ ယင်းဓာတ်ငွေ့ပိုက်လိုင်းများကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလကတည်းက စတင်တည်ဆောက်ခဲ့ရာ ယခုပြီးဆုံးခဲ့ပြီဖြစ်ပြီး အောက်တိုဘာ ၈ ရက်မှစတင်ကာ ဓာတ်ငွေ့များ စတင်ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုတည်ဆောက်ပြီးစီးသွားသည့် ဓာတ်ငွေ့ပိုက်လိုင်းတစ်လိုင်းအနေဖြင့် တစ်နှစ်လျှင် ဓာတ်ငွေ့ ၂၇ ဒသမ ၅ ဘီလီယံ ကုဗမီတာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။ အသစ်ထပ်မံတည်ဆောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းသစ်ကို မကြာမီ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ (ဆင်ဟွာ) 

**လက်တော့ပ်ပေါက်ကွဲ၊ တစ်ဦးသေဆုံး**
ဘင်္ဂလားဒေ့ရှ်လူငယ်တစ်ဦးသည် မြို့တော်ဒါကာ၌ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက လက်တော့ပ်ပေါက်ကွဲ မီးလောင်မှုဖြစ်ပွားပြီးနောက် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။ ဒါကာဆေးကောလိပ်ဆေးရုံမှ ဆရာဝန်များသည် အခင်းဖြစ်ပွားရာနေရာသို့ ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရောက်ရှိသွားချိန်တွင် အာမက်ရှောကတ်မာဆွတ်အား သေဆုံး လျက်တွေ့ရကြောင်း ဒါကာမြို့ မီယာပါးရဲစခန်းမှ စုံစမ်းစစ်ဆေး ရေးမှူး ဖာရုကွတ်ဇာမန်းက ပြောကြားသည်။ မာဆွတ်သည် ဘဏ်စီးပွားရေး ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်သည်။ ၄င်းသည် လက်တော့ပ်ပေါက်ကွဲပြီး အဝတ်အစားများနှင့် အိပ်ရာခင်းများကို မီးစွဲလောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ) 

**လာအိုစီးပွားရေးတိုးမြင့် လာမည်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်သုံးသပ်** 
(ဗီယန်ကျင်း အောက်တိုဘာ ၉ လာအိုနိုင်ငံ စီးပွားရေးသည် ၂ဝ၁၂-၂ဝ၁၃ခုနှစ်တာကာလတွင် ၇ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာဖွယ်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က အောက်တိုဘာ ၉ရက်တွင် ထုတ်ပြန်သော သုံးသပ်ချက်၌ ဖော်ပြထားသည်။ လာအိုနိုင်ငံ၏ လျှပ်စစ်နှင့်သတ္တုကဏ္ဍများသည် အထူးခြားဆုံးတိုးတက် နိုင်မည်ဖြစ်ပြီး အထူးသဖြင့် လျှပ်စစ်ကဏ္ဍသည် သိသိသာသာတိုးတက်လာ မည်ဟု အေဒီဘီ၏ သုံးသပ်ချက်၌ဖော်ပြထားသည်။ ၂ဝ၁၂ ခုနှစ်အတွင်း လာအိုနိုင် ငံ၏ လျှပ်စစ်ကဏ္ဍသည်လျှပ် စစ်ပစ္စည်းများဖြစ်သည့် ဝိုင်ယာ ကြိုးများ၊ အခြားလျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည်။ လာအိုနိုင်ငံသည် အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ရာ အဓိ က ပြည်ပတင်ပို့ကုန်မှာ လျှပ်စစ်ပစ္စည်း အစိ တ်အပို င်းများဖြစ်သည်။ ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှုသည် တဖြည်းဖြည်းတိုးမြင့်လာလျက် ရှိရာ လာမည့် ၂ဝ၁၅ခုနှစ်တွင် စုစုပေါင်းလျှပ်စစ်ဓာတ်အား ၃၈၅၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။လာအိုနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်လာမှုကြောင့် အလုပ်အကိုင်သစ်များထွက်ပေါ်လာပြီး စီးပွားရေး တိုးတက်မှုကို အထောက်အကူပေးနိုင်မည်ဖြစ်သည်။ အခြားဆက်စပ်စီးပွားရေး လုပ်ငန်းများအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်သည်။ ထို့ အတူ လာအိုနိုင်ငံ၏ သတ္တုကဏ္ဍသည်လည်း တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်ပေါ် လျက်ရှိသည်။ လာအိုနိုင်ငံ၏ အဓိကသတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်သည့် မူဘီ ရာ သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ဘန်ဟွာစီသတ္တုတွင်းမှ ရွှေနှင့် ငွေတို့ကို တိုးမြှင့် ထုတ်လုပ်နိုင်မည့်အခြေအနေရှိနေသည်။ယင်းသတ္တုတွင်းမှ တစ်နှ စ်လျှင် ရွှေ ၁ဝဝဝဝဝ အောင်စနှင့် ငွေ ၇ဝဝဝဝဝအောင်စခန့် ထုတ်လုပ်လျက်ရှိသည်။ ထို့အပြင် အခြားသတ္တုတွင်းများမှလည်းရွှေနှ င့်ငွေများကို တိုးမြှင့် ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းထားသည်။ တစ်ဖန်လာအိုနိုင်ငံအတွင်း နိုင်ငံခြားငွေများ တိုးမြှင့်ရှာဖွေပေးနိုင်မည့် သတ္တုတွင်းသစ်များကိုလည်း ထပ်မံတွေ့ရှိလျက်ရှိသည်။ ထို့အပြင် လာအိုနိုင်ငံက မကြာမီကာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် အာရှ-ဥရောပ စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲတွင် လာအိုနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အသစ်များ ရရှိလာဖွယ်ရှိသည်။လာအိုနိုင်ငံ၏ လယ်ယာကဏ္ဍထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်လာမှုကြောင့်လည်း ၂ဝ၁၂-၂ဝ၁၃ဘဏ္ဍာရေးနှစ် ၌ စီးပွားရေး တိုးမြင့်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားခြင်းဖြစ်သည်။ (ရိုက်တာ) 

** အင်ဒိုနီးရှားနိုင်ငံ အရှေ့ ပိုင်း၌အင်အားပြင်းငလျင်လှုပ်**
 (ဂျကာတာ အောက်တိုဘာ ၉) အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း မာလူကူပြည်နယ်တွင် အောက်တိုဘာ ၈ ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်သွားကြောင်း၊ အဆိုပါ ငလျင် ကြောင့် ဆူနာမီသတိပေးချက်၊ အပျက်အစီးနှင့်ထိခိုက် သေကျေမှုထုတ်ပြန်ခြင်းမရှိကြောင်း အင်တာနက်သတင်း တစ်ရပ်တွင် ဖော်ပြပါရှိသည်။ အမေရိကန်ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါငလျင်သည် ဘင်ဒါပင်လယ်ပြင်၌ လှုပ်ခတ်သွားခြင်း ဖြစ်သည်။ ယင်းငလျင်သည် အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ၁၈ နာရီ ၄၃ မိနစ်က မာလူကူပြည်နယ် မာလူကူတန်ဂတ်မြို့ အရှေ့တောင်ပိုင်း ၁၄၅ ကီလိုမီတာ အကွာ ပင်လယ်ရေအောက် ၁ဝ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ် သွားခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဘူမိဗေဒဌာနမှအရာရှိ တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။ ထို့အပြင် မာလူကူပြည်နယ် မြို့တော်အမ်ဘွန်၏ အရှေ့တောင်ဘက် ၁၃၇ ကီလိုမီတာအကွာတွ င် ယင်းနေ့ ဒေသစံတော်ချိန် ၁၉ နာရီက ရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့် ရှိ ငလျင်ငယ်တစ်ခုထပ်မံလှုပ်ခဲ့သည်ဟု ၄င်းအရာရှိက ဆက်လက်ပြောကြားသည်။ (ဆင်ဟွာ) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)