-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ပေါ်တူဂီအသင်းအတွက် စီရိုနယ်ဒိုကစားမည်**
တောင်ပံတိုက်စစ်မှူး စီရိုနယ်ဒိုသည် အောက်တိုဘာ ၁၂ ရက်တွင်
ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပေါ်တူဂီအသင်းအတွက်
ပခုံးဒဏ်ရာရထားသော်လည်း ပါဝင်ကစားမည်ဟုဆိုသည်။ ပေါ်တူဂီအသင်း
သည် ရုရှားအိမ်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။ ပေါ်တူဂီနှင့် ရုရှား
တို့သည် အုပ်စု(၆)မှ နောက်တစ်ဆင့်တက်နိုင်ခြေရှိသည့် အသင်းများဖြစ်သည်။
ရီးရဲမက်ဒရစ်နာမည်ကြီး တောင်ပံတိုက်စစ်မှူး စီရိုနယ်ဒိုသည်
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်က စပိန်လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာ
အသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သည်။ ယင်းပွဲတွင်
တစ်ဖက်နှစ်ဂိုးစီဖြင့် သရေဖြစ်သွားခဲ့သည်။ ထို့ အတူ ဘာစီလိုနာအသင်းအတွက်
ဂိုးများကိုလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီက သွင်းယူပေး
နိုင်ခဲ့သည်။ (အင်တာနက်)
** ဂိုးမိုးခေါင်မှု ရွန်နေ မစိုးရိမ်**
မန်ယူတိုက်စစ်မှူးရွန်နေက ယခုနှစ်ရာသီတွင် ဂိုးမိုးခေါင်နေသော်လည်း
စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ရွန်နေသည် ပြီးခဲ့သောရာသီက စုစုပေါင်း ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့
သည်။ ၄င်းသည် ရာသီအစတွင် ပေါင်ခြံထိခိုက်အနာတရဖြစ်ခဲ့၍ မန်ယူ၏
အဓိကပြိုင်ပွဲများနှင့် လွဲချော်ခဲ့ရသည်။
တိုက်စစ်မှူးရွန်နေသည် မန်ယူသမိုင်းတွင် စတုတ္ထဂိုးအများဆုံးသွင်းယူ
နိုင်သည့် တိုက်စစ်မှူးဖြစ်သည်။ သို့သော် ယခုနှစ်ရာသီတွင် ရွန်နေ၏ နေရာ
တွင် တိုက်စစ်မှူးဗန်ပါစီက ဂိုးများဆက်တိုက်သွင်းယူပေးလျက်ရှိသည်။
ဗန်ပါစီသည် မန်ယူ၏အထောင်တိုက်စစ်မှူးဖြစ်သည့်အလျောက် လာမည့်
ပြိုင်ပွဲများတွင်လည်း ဂိုးများဆက် လက်သွင်းယူပေးဖွယ်ရှိသည်။ သို့အတွ က်
ရွန်နေဂိုးသွင်းစံချိန်သည် ယခုနှစ်အတွက် လျော့နည်းလာဖွယ်ရှိနေသည်။ (အင်တာနက်)
** အာရှအလေးမချန်ပီယံရှ စ်ပြိုင်ပွဲ တရုတ်အလေးမမယ်များ အနိုင်ရဗိုလ်စွဲ** (အူလန်ဘာတာ အောက်တိုဘာ ၉) မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့တွင် ကျင်းပလျက်ရှိသော ၂ဝ၁၂ ခုနှစ် အာရှအလေးမ ချန်ပီယံရှစ်ပြိုင်ပွဲကို အောက်တိုဘာ ၉ ရက်က ဆက်လက်ကျင်းပရာ တရုတ်အလေးမမယ်များက အနိုင်ရဗိုလ်စွဲကာ ရွှေတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည်။ တရုတ်အလေးမမယ် ဟောင်လီကျန်က အမျိုးသမီး ၄၈ ကီလို အလေးမပြိုင်ပွဲ၌ ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။ ထို့အတူ အမျိုးသမီး ၅၃ ကီလိုတန်း အလေးမပြိုင်ပွဲတွင် ကျန်ဝမ်ကျောင်က ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး အမျိုးသမီး ၅၈ ကီလိုတန်းတွင် တရုတ်အလေးမမယ် လီယန်ယန်က ရွှေတံဆိပ်ဆက်လက် ဆွတ်ခူးနိုင်ခဲ့သည်။တစ်ဖန် အမျိုးသမီး ၅၃ ကီလို အလေးမပြိုင်ပွဲတွင် တရုတ်အလေးမမယ် ကျန်ဆွီ ပင်းကငွေတံဆိပ်ရရှိခဲ့သည်။ ထို့ကြောင့် ၅၃ ကီလိုအလေးမပြိုင်ပွဲ၌ တရုတ်အလေးမမယ်များက ရွှေတံဆိပ်နှင့်ငွေတံဆိပ်များကို သိမ်းကျုံးရယူနိုင်ခဲ့သည်။ အမျိုးသမီး ၅၈ ကီလိုအလေးမပြိုင်ပွဲတွင် အိမ်ရှင်မွန်ဂိုလီးယား အလေးမမယ်ဖြစ်သည့် အောဒ်ဂန်တူယာဂန်ဂါက ငွေတံဆိပ်ရရှိခဲ့သည်။ ထို့အတူ ယင်း ၅၈ ကီလိုတန်း၌ပင်မွန်ဂိုလီးယားအလေးမမယ် အဒီယာဟူက ကြေးတံဆိပ်ဆွတ်ခူးရရှိသွားခဲ့သည်။တရုတ်အလေးမမယ်များသည် လာမည့်ရက်များတွင် ဆက်လက်ကျင်းပမည့် ၅၆ ကီလို၊ ၆၂ကီလို၊ ၆၉ ကီလို၊ ၇၇ ကီလို၊ ၉၄ ကီလို အလေးမပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းကီလိုတန်း အလေးမပြိုင်ပွဲများတွင် တရုတ်အလေးမမယ်များက ရွှေတံဆိပ်များရရှိရန် အလားအလာကောင်းလျက်ရှိသည်။ထို့အတူ တရုတ်အမျိုးသားအလေးမမောင်များကလည်း ရွှေ တံဆိပ်များရရှိရေး ကြိုးစားသွားမည်ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် အာရှအလေးမဖလားချန်ပီယံရှစ် ပြိုင်ပွဲကို မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ မြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ကျင်းပလျက်ရှိရာ အာရှနိုင်ငံများမှ အလေးမမောင်မယ်များပါဝင်ဆင်နွှဲလျက်ရှိသည်။ (ဆင်ဟွာ)
** ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲနီရှီကိုရီ ဖလားဆွတ်ခူး**
(တိုကျို အောက်တိုဘာ ၉)
ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ
ဗိုလ်လုပွဲကို အောက်တိုဘာ ၈ ရက်က တိုကျိုမြို့၌ ယှဉ်ပြိုင်ကစားကြရာ ဂျပန်
နံပါတ်တစ် တင်းနစ်ကစားသမား ကိနီရှီကိုရီက ကနေဒါတင်းနစ်ကစားသမား
မီလော့စ်ရောနစ်အား အနိုင်ရပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွားခဲ့သည်။
ဂျပန်နံပါတ်တစ် တင်းနစ်ကစားသမားနီရှီကိုရီသည် အိမ်ပရိသတ်များ
ရှေ့တွင် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့သည်။ ¤င်းသည် ကနေဒါတင်းနစ်ကစား
သမား မီလော့စ်ရောနစ်အား ၇-၆(၅)၊ ၆-၃၊ ၆-ဝဖြင့်နိုင်ပြီး ဆုဖလားဆွတ်ခူး
နိုင်ခဲ့ခြင်းဖြစ်သည်။''ကျွန်တော့်အနေနဲ့ ကိုယ့်မြေကိုယ်ရေပေါ်မှာ ဂျပန်အိုးပင်းဖလားကို
ဆွတ်ခူးနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ နောက်ထပ်လည်း ဖလားတွေဆက်လက်
ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာပါ''ဟု ဂျပန်တင်းနစ်ကစားသမား နီရှီကိုရီက ပြော
ကြားသည်။ နီရှီကိုရီသည် ယင်းပြိုင်ပွဲအနိုင်ရလိုက်၍ ကမ္ဘာ့အဆင့် ၁၇ ရှိတင်းနစ်
ကစားသမားဖြစ်လာခဲ့သည်။သို့သော် နီရှီကို ရီသည် ဂျပန်တင်းနစ်ကစားသမားများတွင် နံပါတ်တစ်ဖြစ်သည်။ ၄င်းသည် ယခု၂ဝ၁၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့
တက်ရောက်လာပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံအင်ဒီမာရေးသည် အကြို
ဗိုလ်လုပွဲတွင် ကနေဒါ တင်းနစ်ကစားသမား မီလော့စ်ရောနစ်အားရှုံးပြီး ပြိုင်ပွဲမှ
ထွက်ခဲ့ ရသည်။ ရောနစ်သည် ကမ္ဘာ့အဆင့် ၃ ရှိ အင်ဒီမာရေးကိုနိုင်ပြီး ဗိုလ်လုပွဲသို့
တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ရောနစ်သည် ဗိုလ်လုပွဲတွင် ဂျပန်တင်းနစ်ကစား သမားနီရှီကိုရီအားနိုင်ခြေအများဆုံးရှိနေသော်လည်း အိမ်ပရိသတ်အားပေးမှု သာလွန်သော နီရှီကိုရီအား အရှုံးပေးလိုက်ရသည်။ (ဆင်ဟွာ) စုစည်းဘာသာပြန် - မြင့်မောင်စိုး -

No comments:
Post a Comment