-သမ္မတ တာဝန် ယူရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော-
**(October 08, 2012 ခေတ်သတင်း)**ဆယ်ခုနှစ်ရက်ကြာ အမေရိကန် ခရီးစဉ်သို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်သော အောက်တိုဘာ ၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိမိအနေဖြင့် သမ္မတ တာဝန်ကို ယူရဲကြောင်း သတင်း မီဒီယာများသို့ ရဲဝံ့စွာ ပြောကြားသည်။ "ကျွန်မအနေနဲ့ လက်ရှိ ပါတီခေါင်းဆောင် တစ်ယောက် လုပ်နေတဲ့ အတွက် သမ္မတ လုပ်ရဲတယ်’’ ဟု ၎င်းက အတိအလင်း ရဲဝံ့စွာ ပြောဆိုလိုက်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်တွင် ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် သမ္မတရာထူးနှင့် ပတ်သက်၍ မိမိအနေဖြင့် ပြည်သူများ၏ သဘောထားသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား မှတ်ချက် ပေးထားသည်။

No comments:
Post a Comment