ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 29, 2012

> -အကြောင်းကိုက ပိုးလောက်လန်းတွေရဲ့ အကအကြောင်း(တဲ့)-
နဖါချေးဟာ ခါးတယ်၊ ဖြစ်ပုံက မယုံလို့
ကလည်း မရဘူး။ ဒါမျိုးကိုတော့ တို့များ
(များတို့)က သွားမငြင်းရဲဘူး။ တစ်ခါတခါကျတော့လည်း သွားကြားထဲက အကြွင်းအကျန်တွေရဲ့ ချဉ်စူးစူးအနံ့ကို ရှုတ်ချချင်လို့ကို ကိုယ်က သွားရှူရှိုက်ကြည့်
မိတာက တကူးတက။ အဲလိုပေါ့ အခုမှ တွေ့ကြရသူအချင်းချင်း ရာသီဥတုအကြောင်း စောက်ဖှောင်းထုရင်း ရင်းနှီး၊ မြှုပ်နှံပြီး မိတ်ဖြစ်ဆွေဖြစ် ဘုံရန်သူ
ရှာတမ်း ကစားကြည့်။ အားပေးကြပါဦး´ ပြောမယ်ဆိုရင် နောက်မှာ၊ ရှင်´ ထည့်ရတယ်ဆိုတာမှ မသိကြတော့ဘူး မိမော်လွင်ရေ ဘာညာပေါ့။ ကုလားကြီးအလိုအရတော့၊ ချက်နောက်က ခြောက်နက်ထဲ ပြုတ်ကျလုဆဲဆဲ၊ အဘား´အော်သံဟာ ငါတို့ပြုလုပ်ကြတဲ့ ကဗျာပဲ၊ ကဲ.. ဒါကိုရော ခံစားချက်(မ)ပါ(ဘူး)လို့ ဘယ်သူငြင်း(ဆန်)မလဲ။ သူကတော့ ငယ်ငယ်ကအသံလေးပါ ပါအောင် ပြုလုပ်ကြည့်တာပါပဲ။ ပြီးတော့၊ ဆိုတာက အမိန့်ပေးစေခိုင်းမှုလိုလို စကားဆက်လိုလို မရေမရာနဲ့ ပြီးပြီးရော ပြီးချင်ပြီးပြီး ပြီးချင်မှလည်း ပြီးတယ်။ ရိုးရိုးရေကို ပူရှိန်းပြားစားပြီး အေးအေးလေးသောက်လိုက်ရတာ ကိုယ်တွေငယ်ငယ်က သိပ်သဘောကျခဲ့သလိုပေါ့။ သွားတိုက်ဆေးတွေ ခိုးစားတာ လူမမိလိုက်ဘူး။ သွားမတိုက်တာကိုတော့ ၁၁ နှစ်ကတည်းက လူမိခံလိုက်တယ်တဲ့၊ မိုက်ပါ့။ တကယ်တော့၊ ရေကူးကန်တစ်ကန်တည်း(/ထဲ)ကို အခါနှစ်ဆယ် ပြန်ဆင်းဖူးပါတယ်။ မိမိရဲ့ ရှူးပေါက်ချမှုကို လူသိရှင်ကြား တောင်းပန်ရလောက်အောင် မမိုက်ရိုင်းခဲ့ဘူး။ ပူနွေးလာတဲ့ ဘဒ္ဒကမ္ဘာကြီးက အသုဘယပ်တောင်ပေါ် ပုံနှိပ်ခံထိသွားတဲ့ နှစ်ဆယ့်လေးပစ္စည်းဟာ ဖွဲ့စည်းပုံအရဆို အခြေခံအရိပ်ကဗျာ။ ချကျွေးထားလည်း ချွေးဒီးဒီးကျ အခွံခွာရခက်တဲ့ ကွာစေ့တွေရဲ့ ကောက်ကျစ်စေ့စပ်မှု။ ကိုယ်နဲ့မဆိုင်တဲ့၊ ခေါင်းတိုင်က ဟန်ပြမီးခိုးထုတ်လွှတ်မှုကိုကြည့်ပြီး ကြေကွဲမျက်ရည်စီးနေတဲ့ ကျန်ရစ်သူမိသားစု။ ဘယ်လိုပြောရင် ကောင်းမလဲ။ သမာဓိတည်တည်။ ဘ၀ဆိုတာကို..(ကံပုဒ်လို)၊ ပြီးမယ်ဆိုရင်တော့ အချိန်မရွေး ပြီးချလိုက်လို့ရတယ်၊ ဒါပေမဲ့ တတ်နိုင်သလောက် မပြီးအောင်ထိန်းထားမယ်´ ဆိုတဲ့ (ငါးစမန် ကတ္တားပုဒ်ရဲ့) ဒေါသမာန်နဲ့ အရသာ ဆက်ခံကြရ။ ..အရသာ ဆက်ခံနေရတာ၊ ဘယ်သူ့အလိုအရ ဆိုတာကျ အစလည်းမရှာရဲ၊ အဆဲလည်းရှာမရ။ ကဲပါ၊ ပြောင်းဖို့သာလွယ်ပြီး ပြင်ဖို့ကျမလွယ်ဘူး´ ဆိုတာမှာ ဘာနိုင်ငံရေးမှမပါဘူး။ အပြစ်တွေ ဆေးကြောလျှော်ဖွပ်ရာ ဂင်္ဂါမြစ်ဟာ နောက်ကျိနေတဲ့မှန်၊ ကိုယ့်ကိုယ်ကိုယ် ပြန်မမြင်ရသော ပုံနှိပ်စကားလုံး။ ထိုးမြဲလက်မှတ်အပေါ်က ပုံ- ဟာ၊ ငါပဲကွ´ ဆိုတဲ့ ဟိန်းဟောက်သံ။ သက်ဆိုင်သူသိစေရန်´ ရဲ့ ရသတန်ဖိုး သိုးသိုးသဲ့သဲ့။ အမှန်တော့ လူတကာရဲ့ မေ့လျော့ခံဖြစ်နေတာက မှတ်သားဖွယ်ရာ မိုးရေချိန်များ။ အံစာ တစ်ချက်တည်းခေါက်ပြီး ကြွက်တွင်းထဲပြုတ်ကျသွားတဲ့ ဘူမသိကိုးမသိ အငြင်းပွားမှု။ အကြာကြီးစိမ် ထိုင်ပြီးလို့ ကိစ္စ၀ိစ္စပြီးကာမှ ရေဆွဲချမရတဲ့ အိမ်သာခွက်ကြီးရဲ့ ဟက်ဟက်ပက်ပက် ကျိန်စာ။

**တေဇာ (လရောင်လမ်း)**

-အကြောင်းကိုက ပိုးလောက်လန်းတွေရဲ့ အကအကြောင်း(တဲ့)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)