ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 29, 2012

> -မှိတ်ထားတဲ့မျက်လုံး -
မျက်လုံးကိုမှိတ်လိုက်တော့မှ တချို့ပုံရိပ်တွေဟာ ထင်ရှားလာခဲ့တယ်။ သာမန်မျက်လုံးဖွင့်ထားတဲ့အချိန်မှာ ပြင်ပ ပုံရိပ်တွေက အမြဲလွှမ်းမိုးထားကြတယ် မဟုတ်လား။ ဖွင့်ထားတဲ့မျက်လုံးဟာ အပြင်ကိုကြည့်ရှုဖို့ အသုံးဝင်တာမှန်ပေမယ့် အတွင်းထဲကို ကြည့်ရှုဖို့ကတော့ မှိတ်ထားတဲ့ မျက်လုံးတွေ လိုအပ်နေခဲ့တယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ ဘာကိုမှမကြည့်ဘဲ မြင်နေရတယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ အမှောင်ထဲမှာလည်း မြင်နိုင်တယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ ကာဆီးဖုံးကွယ်ထားတာတွေကိုလည်း မြင်နိုင်တယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ အချိန်ကာလကို ကျော်လွန်ပြီးကြည့် မြင်နိုင်တယ်။ မှိတ်ထားတဲ့မျက်လုံးတွေနဲ့ပဲ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတာကို အာရုံခံနိုင်တယ်။ ဒါပေမယ့် မှိတ်ထားတဲ့မျက်လုံးအကြောင်း လူတွေသိပ်မပြောကြဘူး။ ဖွင့်ထားတဲ့မျက်လုံးတွေနဲ့သာ ကျွန်တော်တို့ကြည့်ကြတယ်၊ လေ့လာကြတယ်၊ ဆန်းစစ်ကြတယ်၊ သုံးသပ်ကြတယ်၊ အကဲဖြတ်ကြတယ်၊ သတ်မှတ်ကြတယ်၊ ဖွင့်ထားတဲ့မျက်လုံးတွေနဲ့ ကျွန်တော်တို့ အဝေးကိုကြည့် ကြတယ်၊ ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ကြတယ်။ စကြဝဠာကြီးကို ကြည့်ကြတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေနဲ့ ကျွန်တော်တို့ ဟိုးအတိတ်ဝေးဝေးကို ကြည့်ကြတယ်။ အနာဂတ်လှမ်းလှမ်းကို ကြည့်ကြတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေနဲ့ ကျွန်တော်တို့အတိတ်ကို တူးဆွကြတယ်။ အတိတ်ကို သက်တမ်း သတ်မှတ်ကြတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေနဲ့ ကျွန်တော်တို့ အနာဂတ်ကို ပုံဖော်ကြည့်ကြတယ်၊ အနာဂတ်အတွက် ပြင်ဆင်နေကြတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေထဲကို ကုန်ပစ္စည်းကြေငြာတွေ၊ နိုင်ငံရေးဝါဒဖြန့်မှုတွေ၊ လိင်လှုံ့ဆော်မှုတွေ၊ နိစ္စဓူဝ အနိဋ္ဌာရုံတွေ၊ အပေါစားဖျော်ဖြေရေးတွေ မပြတ်တမ်းဝင်ရောက်လို့ ဖွင့်ထားတဲ့မျက်လုံးတွေထဲမှာ ဒီပလိုမေစီ အောင်မြင်ရေးနဲ့ ဈေးကွက်ရှာဖွေနေတဲ့ အကြည့်တွေသာ ဖုံးလွှမ်းလို့။ ဖွင့်ထားတဲ့မျက်လုံးတွေထဲမှာ ပါဝါ ရှိတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေထဲမှာ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေထဲမှာ ဥာဏ်ရည်အနိမ့်အမြင့်တွေ ရှိတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေထဲမှာ လှည့်စားမှုတွေ ရှိတယ်။ ဖွင့်ထားတဲ့မျက်လုံးတွေဟာ ပြောင်းလဲမှုနဲ့ လိုက်ရွှေ့ တတ်တယ်။ ဖွင့်ထားတဲ့မျက်လုံးတွေဟာ မြင်ချင်ရာပဲ ရွေးမြင်တတ်တယ်။ မျက်လုံးကိုဖွင့်ပြီး အရာရာကို သတ်မှတ်ကြတယ်။ မျက်လုံးကိုဖွင့်ပြီး ဘဝကို နေထိုင်ကြတယ်။ မျက်လုံးကိုဖွင့်ပြီး အဓိပ္ပါယ်တွေရှာကြတယ်။ မျက်လုံးထဲမှာ ပေါ်သမျှကိုပဲ လောကလို့ သတ်မှတ်တော့တယ်။ မြင်ကွင်းထဲမှာ မရှိတဲ့အရာတွေကို မေ့ဖျောက်ထားလိုက်ကြတော့တယ်။ မှိတ်ထားတဲ့မျက်လုံးတွေအကြောင်းက လူသိနည်းတယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ အရှေ့တိုင်းဘာသာရေးနယ်ထဲမှာပဲ အရေးတယူ လုပ်ခံရတယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ လောကီအာရုံတွေကို ငြင်းပယ်တဲ့ လက္ခဏာဆောင်နေကြတယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ အပေါ်ယံလောကမှာမတွေ့ရတဲ့ နက်ရှိုင်းတဲ့အမှန်တရားတွေကို ရှာဖွေနေသယောင်ရှိတယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ တသီးပုဂ္ဂလသဘောရဲ့ အပေါ်လွင်ဆုံး သရုပ်သကန်ကို ပြသနေကြတယ်။ မှိတ်ထားတဲ့မျက်လုံးတွေဟာ အဝင်အထွက်မရှိတဲ့ တံခါးချပ်တွေလို ဣနြေ္ဒရငြိမ်သက် နေကြ တယ်။ အနောက်တိုင်းမှာတော့ မှိတ်ထားတဲ့မျက်လုံးတွေဟာ အမှောင်ထဲကအရာတွေကို ရှာဖွေဖို့ပဲ။ စိတ်ရဲ့အမှောင်ခြမ်းထဲမှာ နစ်မြုပ်ဖုံးကွယ်နေတဲ့ အရာတွေကို တူးဆွဖို့ပဲ။ ဒါမှမဟုတ် ဘိုးဘွားဘီဘင်တို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ စိတ်အစအနတွေကို လေ့လာဖို့ပဲ။ ဒီ့ထက်မပိုဘူး။ မှိတ်ထားတဲ့မျက်လုံးတွေဟာ ကိုယ်တိုင်လည်း လျစ်လျူရှုခံရသလို လျစ်လျူရှုခြင်းကိုလည်း အားပေးတယ်။ မယုံလျှင် သင် မျက်စိနှစ်လုံးကို မှိတ်ကြည့်လိုက်ပါ။ သင်ဟာ အာတိတ်ရေခဲပြင်က ရေခဲတုံးတစ်တုံးနဲ့ ဘာမှမကွာခြားတော့တာ ခံစားရပါလိမ့်မယ်။ မျက်စိမှိတ်ထားတဲ့ သူတွေ ကို တချို့က အထင်ကြီးကြတယ်။ တချို့က နားမလည်နိုင်ကြဘူး။ တချို့က စိတ်မသက်မသာ၊ တချို့က ရွံ့တွန့်တွန့်နဲ့၊ မှိတ်ထားတဲ့မျက်လုံးတွေအောက်မှာ ဘယ်လိုအကြံအစည်တွေများ ရှိမလဲ။ ဘယ်လိုတွေးခေါ်မြော်မြင်မှုတွေ ရှိမလဲ။ ဘယ်လိုထိုးထွင်းသိမြင်မှုတွေ ရှိမလဲ။ ဘယ်လို လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိမလဲ။ ဘယ်သူမှ မသိနိုင်ဘူးလေ။ မှိတ်ထားတဲ့မျက်လုံးတွေဟာ အမြဲတမ်းတော့ မှိတ်မနေနိုင်ဘူး။ ဖွင့်ထားတဲ့မျက်လုံးတွေလည်း တစ်ချိန်မှာ မှိတ်ရမှာပဲ။ ဘယ်အချိန်ဖွင့်ပြီး ဘယ်အချိန်မှိတ်မလဲ၊ အဲဒီ အချိန်ကိုက်မှု၊ ချိန်သားကျမှု၊ ဆီလျော်ပြေပြစ်မှုတွေဟာ အနုပညာ၊ ဘဝရဲ့ အနုပညာ။ ငုံနေတဲ့ပန်းတစ်ပွင့် ဘယ်အချိန် မှာ ပွင့်လာသလဲ၊ ဘောက်ဖတ်ဘဝကနေ လိပ်ပြာဘဝ ဘယ်အချိန်မှာ ကူးပြောင်းသွားသလဲ၊ တစ်စုံတစ်ယောက်အပေါ် ပြင်းပြတဲ့စွဲလမ်းမှု ဘယ်အချိန်မှာစတင်ပြီး ဘယ်လိုလျော့ပါးပျောက်ဆုံးသွားသလဲ၊ ဂီတဟာ စည်းချက်ညီမှုပေါ်မှာ အခြေခံသလိုပဲ ဘဝဆိုတာလည်း မျက်လုံးတွေရဲ့ အဖွင့် အပိတ် ရစ်သမ်အလိုက် ရွေ့မျောလို့၊ မျက်စိတစ်မှိတ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ဘဝဟာ အကြီးအကျယ်ပြောင်းလဲလို့။ မျက်လုံးကိုမှိတ်လိုက်တဲ့အချိန်၊ ဖွင့်လိုက်တဲ့အချိန်၊ မျက်လုံးကိုမှိတ်လိုက်တဲ့အချိန်၊ ဖွင့်လိုက်တဲ့အချိန်၊ မျက်လုံးကိုမှိတ်လိုက်တဲ့အချိန်၊ ဖွင့်လိုက်တဲ့အချိန်၊ မျက်လုံးကိုမှိတ်လိုက်တဲ့အချိန်၊ ဖွင့်လိုက်တဲ့အချိန်၊ ချုပ်လိုက်ရင် ဘဝမှာ ဒီနှစ်ချိန်ပဲရှိ။ ဘဝမှာမျက်လုံးမှိတ်ပြီးနေမလား၊ မျက်လုံးဖွင့်ပြီးနေမလား၊ ကြိုက်တာရွေး။ ဘဝကို မျက်လုံးဖွင့်ပြီးကြည့်မလား၊ မျက်လုံးမှိတ်ပြီး ကြည့်မလား၊ ကြိုက်တာရွေး။ အိပ်မက်ကို မျက်လုံးဖွင့်ပြီး မက်မလား၊ မျက်လုံးမှိတ်ပြီး မက်မလား၊ ကြိုက်တာရွေး။ ချစ်ခြင်းအမှုကို မျက်လုံးဖွင့်ပြီး ပြုမလား၊ မျက်လုံးမှိတ်ပြီး ပြုမလား၊ ကြိုက်တာရွေး။ ဂီတကို မျက်လုံးဖွင့်ပြီးနားထောင်မလား၊ မျက်လုံးမှိတ်ပြီးနားထောင်မလား၊ ကြိုက်တာရွေး။ မနက်မနက် မျက်လုံးဖွင့်ပြီး ဘုရားဝတ်ပြုမလား၊ မျက်လုံးမှိတ်ပြီး ဘုရားဝတ်ပြုမလား၊ ကြိုက်တာရွေး။ တစ်ခုမဟုတ် တစ်ခုကိုရွေး။ နှစ်ခုထဲက တစ်ခုကိုရွေး။ မရွေးမနေရရွေး။ ရွေးခွင့်ရတယ်ဆိုရုံရွေး။ မှိတ်ပြီးရွေးရွေး၊ ဖွင့်ပြီးရွေးရွေး၊ ကြိုက်သလိုရွေး။ မြင်နေရတာတွေဟာ အသွင်သဏ္ဍာန်တွေလား၊ အစစ်အမှန်တွေလား၊ ဘယ်သူမှမပြောနိုင်ဘူး။ မျက်လုံးရဲ့အလုပ်ဟာ ပြောဖို့မဟုတ် မြင်ဖို့၊ တစ်ချို့က ဖွင့်လျက်နဲ့ မမြင်ဘူး။ တစ်ချို့က မှိတ်လျက်နဲ့ မြင်နေရတယ်။ ဘယ်လိုမြင်မြင် မျက်လုံးရဲ့အလုပ်က မြင်ဖို့။ ကျွန်တော်မြင်တာ၊ ခင်ဗျားမြင်တာ၊ သူတို့မြင်တာ၊ တခြားသူတွေမြင်တာ တူ၊ မတူ ဘယ်သူမှ မသိ။ မျက်လုံးရဲ့အလုပ်ဟာ မြင်ဖို့၊ မြင်ဖို့ မျက်တောင်မခတ်စတမ်း ကြည့်နေကြတယ်။ မြင်ဖို့ မျက်ကြောတွေ ညောင်းညာတဲ့အထိ တောင့်ထားကြတယ်။ မြင်ဖို့ မျက်မှန်တွေ တပ်ကြတယ်။ နောက်ဆုံးပေါ် သရီးဒီ မျက်မှန်တွေ တပ်ကြတယ်။ လူတွေဟာ မြင်ဖို့အားထုတ်လာခဲ့ကြတာ သမိုင်းအစဉ်အဆက်ပဲ။ မြင်ရင် မြင်တယ်လို့မှတ်၊ မြင်ရင် မြင်တယ်လို့မှတ်၊ မြင်ရင် မြင်တယ်လို့မှတ်၊ မြင်ရင်
 မြင်တယ်လို့မှတ်၊ မြင်ရင် မြင်တယ်လို့မှတ်၊ မြင်ရင် မြင်တယ်လို့မှတ်၊ မြင်ရင် မြင်တယ်လို့မှတ်၊ မြင်ရင် မြင်တယ်
လို့မှတ်၊ မြင်ရင် မြင်တယ်လို့မှတ်၊ မြင်ရင် မြင်တယ်လို့မှတ်။ မျက်လုံးရဲ့အလုပ်ဟာ မြင်ဖို့ ပဲ။ မြင်ရင်ပြီးပြီ။ မှိတ်ပြီးကြည့်ကြည့်၊ ဖွင့်ပြီးကြည့်ကြည့်၊ ကြည့်ချင်သလိုကြည့်။ ဒါပေမယ့် ဘာကိုမှ မကြည့်ချင်၊ မမြင်ချင်တော့ဘူးဆိုတဲ့သူတွေကတော့ ထာဝရ မျက်စိမှိတ်သွားကြတယ်။ ပြန်မဖွင့်လာတော့ဘူး။ မှိတ်ထားတဲ့မျက်လုံးတွေဟာ တစ်စုံတစ်ရာကို ထာဝရ ဖုံးကွယ်သိမ်းဆည်းထားသလိုမျိုး ထင်ရတယ်။ အဲဒီမျက်လုံးတွေ တစ်ချိန်မှာ ပြန်ဖွင့်လာနိုင်ခဲ့ရင် တော့ ကျွန်တော်တို့အားလုံး အဲဒီလျှို့ဝှက်ချက်ကို သိနိုင်ကြမှာပေါ့။ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုခရစ်လိုမျိုး လူတွေရဲ့နှလုံးအိမ်ထဲမှာ ယုံကြည်မှုကို ရာသက်ပန် ဆောင်ကြည်းပေးနိုင်မှာပေါ့။ မှိတ်ထားတဲ့မျက်လုံးတွေအကြောင်း ဖွင့်ထားတဲ့မျက်လုံးတွေကို ပြန်ပြောပြနိုင်တော့မှာပေါ့။ မှိတ်ထားတဲ့မျက်လုံးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ တွေးကြည့်လို့မရတဲ့ လောကကြီးတစ်ခုအကြောင်းကိုပေါ့။ ‘အမြင်’ သက်သက်လောကကြီး၊ တစ်နည်းအားဖြင့် အသွင်သဏ္ဍာန်ကလွဲလို့ အနှစ်သာရမရှိတဲ့ လောကကြီးအကြောင်းပေါ့။

**ဒီနိုဗို **

-မှိတ်ထားတဲ့မျက်လုံး -

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)