ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 17, 2012

> -လူထုကျန်းမာရေး(ဗီတာမင် ဘီဝမ်းဆိုတာ ဘာလဲ)-
**Public Health** 
ဗီတာမင် ဘီဝမ်းဆိုတာ ဘာလဲ။ ဗီတာမင် ဘီဝမ်းကို သိုင်ယာမင်း (Thiamine) လို့ခေါ် ပါတယ်။ သူက ကစီ ဓာတ်တွေကို ဖြိုခွဲ ဖျက်ဆီး တဲ့ဖြစ်စဉ်မှာ အကူ ပစ္စည်း Co-Enzyme အဖြစ် ဆောင် ရွက်ပေးပါတယ်။Acetylcholine တွေ ဖြစ်ပေါ်လာဖို့အတွက်လည်း ဘီဝမ်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ Acetylcholine ဆိုတာကတော့ Peripheral nervous system နဲ့ Central nervous system မှာ neurone တစ်ခုနဲ့တစ်ခုကြား မှာ သတင်းအချက်အလက်တွေ သယ် ယူပို့ဆောင်ပေးတဲ့ neurotransmitter အဖြစ် ဆောင်ရွက်ပေးတဲ့အရာဖြစ်ပါ တယ်။ Beri Beri သူငယ်နာရောဂါဆို တာ ဘာလဲ။ ဘယ်ရီဘယ်ရီဟာ ကလေးငယ် အသက် ၂ လမှ ၃ လအတွင်း တွေ့ရ လေ့ရှိပါတယ်။ အထူးသဖြင့် နို့တိုက်မိခင် တွေမှာ အမေက ဘီဝမ်းဓာတ်ချို့တဲ့နေခဲ့ ရင် နို့စို့ကလေးငယ်တွေမှာ သူငယ်နာ ရောဂါ Beri Beri ဖြစ်ပွားနိုင်ပါတယ်။ Beri Beri ဘယ်နှမျိုးရှိသလဲ။ ၁။ နှလုံးနှင့် ဆက်နွယ်သော Cardiac Form ကလေးငယ်ဟာ အကောင်းကြီးက နေ ရုတ်တရက် ပြာနှမ်းလာတတ်ပါ တယ်။ ကလေးဟာ မောပန်းနေပြီး နှလုံး ခုန်နှုန်းတွေဟာလည်း မြန်နေပါမယ်။ အနည်းဆုံး တစ်မိနစ်မှာ နှလုံးခုန်နှုန်း ၁၀ဝ အထက်မှာ ရှိနေပါမယ်။ ကလေး ဟာ အသက်ရှူတဲ့နေရာမှာ ရှိုက်ရှိုက်ပြီး ရှူနေရခြင်း၊ မျက်နှာဖောင်းလာခြင်း၊ ရောင်ရမ်းလာခြင်း၊ အသည်းကြီးလာခြင်း၊ ဆီးသွားနည်းလာခြင်းတို့နဲ့ တွဲတွေ့ရပါ တယ်။ ၂။ အသံနှင့် ဆက်နွယ်သော Aphonic form ၂၄ နာရီကနေ ၄၈ နာရီအတွင်း မှာ ကလေးဟာ ဆက်တိုက် ငိုလာနေ ရင်းကနေ တဖြည်းဖြည်းအသံတိမ်ဝင်လာ ပြီး နောက်ဆုံး အသံလုံးဝပျောက်သွားပါ မယ်။ ၃။ ဦးနှောက်နှင့် ဆက်နွယ်နေသော Pseudomeningitic form ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ မေ့မြောနေခြင်းတို့နဲ့ တွဲ တွေ့ရပါတယ်။ Beri Beri မှန်း ဘယ်လိုသိနိုင် မလဲ။ ၁။ ဘီဝမ်းတိုက်ကျွေးကြည့်ခြင်း (ယေဘုယျအခြေအနေပြန်ကောင်းလာ မယ်၊ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်သွားမယ်၊ အသည်းအရွယ်အစားပြန်သေးသွားမယ်၊ ၂ နာရီအတွင်း ဆီးပြန်သွားမယ်) ဒါဆိုရင် တော့ ကလေးဟာ ဘီဝမ်းချို့တဲ့လို့ ဘယ်ရီ ဘယ်ရီဖြစ်နေတယ်ပေါ့။ ၂။ သွေးစစ်ကြည့်တဲ့အခါမှာLactic acid နဲ့ Pyruvic acid level တွေ မြင့်တက်နေခြင်း ၃။ သွေးနီဥဆဲလ် Transketolase လျော့နည်းနေခြင်း Beri Beri ကို ဘယ်လိုကုသမလဲ။ အမေရော ကလေးရော တစ်ပြိုင် တည်း ကုသရပါမယ်။ ကလေးကို Vitamin B1 50 mg ကို အသားဆေးတစ် ကြိမ်ထိုးပေးပြီးနောက်ပိုင်း ပါးစပ်ကနေ ဘီဝမ်းဆက်လက် တိုက်ကျွေးပါတယ်။ အမေကို Vitamin B1 50 mg ပါဝင်တဲ့ ဆေးပြား သို့မဟုတ် B Complex ပါဝင် တဲ့ ဆေးပြား တစ်နေ့တစ်ပြား နေ့စဉ် ပုံမှ်တိုက်ကျွေးပါတယ်။
Beri Beri ကို ဘယ်လိုကာကွယ် မလဲ။
 အမေက အထူးသဖြင့် ဗီတာမင် ဘီဝမ်းပါဝင်တဲ့အစားအစာတွေကို လုံ လောက် မျှတစွာ စားသုံးပေးရပါမယ်။ (ဥပမာ- ဝက်သား၊ မြေပဲ၊ ပဲအမျိုးအမျိုး)။ ဘီဝမ်းဓာတ်ကို ဆုတ်ယုတ်စေတဲ့ ချေဖျက်ပေးတဲ့ Thiaminase ပါရှိတဲ့ ငါး တွေကိုတော့ ရှောင်ရှားရပါမယ်။

**သက်တန့်ချို** 

From-မေမွန်ကျော်

-လူထုကျန်းမာရေး(ဗီတာမင် ဘီဝမ်းဆိုတာ ဘာလဲ)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)