**Public Health**
(လန်ဒန် အောက်တိုဘာ ၁၅)
အသက်အရွယ်
ကြီးရင့်လာသည့်အခါ
လှုပ်လှုပ်ရှားရှားနှင့်
ပျော်ပျော်ရွှင်ရွှင်
နေထိုင်ပါကကျန်းမာပြီး
အသက်ရှည်စွာ နေထိုင် နိုင်ကြောင်း ထိုအချက်မှာ အသက် ရှည်ခြင်း၏ အဓိကအချက် တစ်ချက်တွင်ပါဝင်ကြောင်း ဗြိတိန် ဆေးဘက်ဆိုင်ရာ သုတေသန ပညာရှင်များက ပြောကြားသည်။ ဗြိတိန်နိုင်ငံရှိ အသက် ၅၅ နှစ် အရွယ်အထက်ရှိသော အမျိုးသား အမျိုးသမီး ၁ဝဝဝဝ ခန့်ကို နှစ် အတန်ကြာလာသောအခါ သုတေ သနပြုခဲ့ရာ လှုပ်လှုပ်ရှားရှားနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်လေ့ရှိသူ များသည် ပုံမှန်နေထိုင်သူများထက် အသက် ပိုရှည်ကြကြောင်း တွေ့ရှိ ရသည်ဟု ၄င်းတို့၏ သုတေသနပြု ချက်၌ ဖော်ပြထားသည်။ လှုပ်လှုပ်ရှားရှားနှင့် ပျော်ပျော် ရွှင်ရွှင် နေထိုင်ခြင်း ဆိုရာတွင် မိတ်ဆွေများနှင့်အတူ စိတ် လက် ပေါ့ပါးစွာ တွေ့ဆုံစကားပြောခြင်း၊ ကိုယ်လက် လှုပ်ရှားမှုအတွက် နေ့စဉ်စက်ဘီးစီးခြင်း သို့မဟုတ် မိတ်ဆွေများနှင့်အတူ လမ်းလျှောက် ခြင်းတို့ကို နေ့စဉ်ပြုလုပ်ခြင်းများ ပင်ဖြစ်သည်။ ထိုသို့သော ပြုမူ နေထိုင်လေ့ရှိသူများသည် သာမန် နေထိုင်သူများထက် အသက် ကိုးနှစ်ခန့် ပိုမိုသက်တမ်းရှည် ကြောင်း ၄င်းတို့၏သုတေသနပြု ချက်၌ဖော်ပြထားသည်ဟု လန်ဒန် တက္ကသိုလ် မှ ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက ပြော ကြားသည်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားခြင်း နှင့် ရယ်မောပျော်ရွှင်စွာနေထို င် လေ့မရှိသူများသည် ကျန်းမာရေး ချို့ယွင်းမှုနှင့် ရောဂါဖိစီးမှုများ ပိုမို ခံစားရလေ့ရှိသည်ဟုလည်း ဗြိတိန် ဆေးဘက် ဆိုင်ရာ သုတေသန ပညာရှင် ပါမောက္ခအင်ဒရူးစတီ တိုးက ပြောကြားသည်။ ထို့အတူ အသက် ၅၅ နှ စ် ကျော် အမျိုးသား အမျိုးသမီးများ သည် မိတ်ဆွေများနှင့် အတူ နေ့စဉ် လူမှုရေးလုပ်ငန်းများကို တက်တက် ကြကြ စုပေါင်းကူညီ လုပ်ကိုင်ပေး ခြင်းသည်လည်း စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူ ပြုစေကြောင်း မန်ချက်စတာ တက္က သိုလ်မှ ကျန်းမာရေးဆိုင်ရာ သုတေသန အနုပညာရှင်များက ပြောကြား သည်။ (ရိုက်တာ)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်
-လူထုကျန်းမာရေး (အသက် ၅၅ နှစ်ကျော်သူများလှုပ်ရှားပျော်ရွှင်စွာနေထိုင်လျှင် အသက်ရှည်နိုင်)-

No comments:
Post a Comment