ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 21, 2012

> -၁၅၀၀ ဆိုတာ မေတ္တာတဲ့လား (သို့) ၅၂၈ မေတ္တာ ဆိုတာ- .......................................................................

လူငယ်တွေကြား၊ တစ်ချို့လူတွေကြားမှာ အလွဲနားလည်ပြီး အသုံးပြုနေတဲ့ စကားတစ်ခုရှိပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး သုံးတဲ့စကားပါ။ တစ်ဦးနဲ့ တစ်ဦးကြားမှာ အချစ်တွေကို ဖော်ပြပြီး တွင်တွင်ကြီး သုံးနေတာတွေမှာ လွဲနေတာလေးက "ဒို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူး၊ ဒို့အချစ်က ရိုးသားတယ်၊ ဒို့မင်းအပေါ်မှာထားတဲ့ အချစ်ဟာ ၅၂၈အချစ်မျိုးပါ.."စသဖြင့် သုံးနေကြတာ ရှိသလို "ဒို့မင်းကိုချစ်တာ ၁၅၀၀အချစ်မျိုးနဲ့တင် မဟုတ်ဘူး ၅၂၈အချစ်မျိုးနဲ့ပါ ချစ်တာပါ…၊ ဘာပဲဖြစ်ဖြစ် မောင်စိတ်နှစ်မစိတ်နဲ့ ၅၂၈လို အချစ်မျိုးပဲ ကောင်းပါတယ်…" စသဖြင့် ပြောဆိုနေကြတာတွေပါ။ လူအတော်များများက မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့တပည့်ကြား၊ ညီအစ်ကို မောင်နှစ်မတွေကြားမှာထားတဲ့ အချစ်ဟာ အပြစ်ကင်းတဲ့ ၅၂၈ အချစ်မျိုးဖြစ်တယ်လို့ ထင်နေကြပြီး ချစ်သူသမီးရည်စားတွေရဲ့ အချစ်မျိုးကတော့ ၁၅၀၀ အချစ်လို့ နားလည်နေကြပါတယ်။ ဒါဟာ လွဲနေပါတယ်။ အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊ ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊ ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ ၅၂၈ အချစ်မျိုး မဟုတ်ပါဘူး။ တကယ်တော့ ၅၂၈အချစ် တစ်နည်းအားဖြင့် ၅၂၈ မေတ္တာဟာ ဖြူစင်ပါတယ်။ မျှော်လင့်ချက်ကင်းပါတယ်။ မေတ္တာအစစ်ဟာ ကိုယ့်အတွက်မပါဘဲ သူတစ်ပါးကို အကျိုးလိုလာခြင်း သက်သက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ၅၂၈မေတ္တာဟာ ပို့တိုင်းပို့တိုင်း ကိုယ့်အတွက်မပါ သူတစ်ပါး ချမ်းသာရေး သက်သက်ကိုသာ ရှေ့ရှုပို့သတာ ဖြစ်တဲ့အတွက် ဖြူစင်တဲ့ မေတ္တာအစစ်ဖြစ်ပါတယ်။ ဆိုကြပါစို့ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့် စသူတို့ကြားမှာ ရှိနေတဲ့ အချစ်မျိုးဟာ ပို့တိုင်းပို့တိုင်း "ငါ့အဖေ၊ ငါ့အမေ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆရာ၊ ငါ့တပည့်၊ ငါ့အစ်ကို၊ ငါ့ညီ၊ ငါ့အစ်မ၊ ငါ့နှစ်မ"စတဲ့ ငါစွဲများဦးစီးပြီး ပို့သနေတဲ့ မေတ္တာများ ဖြစ်နေတဲ့အတွက် ဖြူစင်တဲ့ ၅၂၈မေတ္တာလို့ မပြောနိုင်ပါဘူး။ ၅၂၈ မေတ္တာကတော့ "သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ…၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ…၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ပါစေ…"လို့ ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး သက်သက်ပဲ ဖြစ်နေပါတယ်။ ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး အကျိုးလိုးလာမှု သက်သက်ရှိတဲ့ မေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ခေါ်တာပါ။ ဒီနေရာမှာ ၅၂၈ မေတ္တာ ရေတွက်ပုံလေးကို တင်ပြလိုပါတယ်။ ဒီနည်းကတော့ ပုဂ္ဂိုလ် ၁၂ယောက်ကို တစ်ယောက်ချင်း မေတ္တာလေးချက်နဲ့ အရင်ပွားပြီး နောက် အရပ်ဆယ်မျက်နှာနဲ့ ပြန်ပွားပေးခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် သဗ္ဗေသတ္တာ (အလုံးစုံသော သတ္တ၀ါတို့သည်) အဝေရာဟောန္တု (ဘေးရန်ကင်းကြပါစေ)၊ အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)၊ အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)၊ သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေ) လို့ ပုဂ္ဂိုလ်တစ်ယောက်ချင်းကို ဒီလေးချက်နဲ့ ပွားရပါတယ်။ ဒီနည်းအတိုင်း သဗ္ဗေပါဏာ (အလုံးစုံသော ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါများ)၊ သဗ္ဗေဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တ၀ါများ)၊ သဗ္ဗေပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ (အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါများ)၊ သဗ္ဗာဣတ္ထိယော (အလုံးစုံသော မိန်းမများ)၊ သဗ္ဗေပုရိသာ (အလုံးစုံသော ယောက်ျားများ)၊ သဗ္ဗေအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)၊ သဗ္ဗေအနရိယာ (အလုံးစုံသော ပုထုဇင်များ)၊ သဗ္ဗေဒေ၀ါ (အလုံးစုံသော နတ်ဒေ၀ါများ)၊ သဗ္ဗေ မနုဿာ (အလုံးစုံသော လူများ)၊ သဗ္ဗေ၀ိနိပါတိကာ (အလုံးစုံသော အပါယ်ငရဲကျရောက်သော သူများ)

တို့ကိုလည်း တစ်ဦးချင်းကို အဝေရာဟောန္တုစတဲ့ အချက်လေးချက်နဲ့ ပွားများပါက ပုဂ္ဂိုလ် ၁၂ယောက်ဆိုတော့ မေတ္တာ ၄၈ချက် ဖြစ်ပါတယ်။ နောက် အဲဒီ (၁၂)ယောက်ကိုပဲ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊ အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အရှေ့ မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့်အရပ်၊ အောက်အရပ်၊ အထက်အရပ်ဆိုတဲ့ အရပ်ဆယ်များနှာနဲ့ တစ်ခုချင်း ပုဂ္ဂိုလ်တစ်ဦးချင်း မေတ္တာတစ်ချက်ချင်း ထပ်ပွားများတဲ့အခါ မေတ္တာ ၄၈၀ချက် ဖြစ်ပါတယ်။ ဥပမာ အရှေ့အရပ်၌ရှိသော အလုံးစုံသော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ..၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေလို့ ပွားများပေးရသလိုပေါ့။ ဒီ၄၈၀နဲ့ ခုနက ပုဂ္ဂိုလ်သက်သက် ပွားများခဲ့တဲ့ ၄၈ချက်ပြန်ပေါင်းရင် ၅၂၈ချက်ဖြစ်ပါတယ်။ (၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈) ဒီ၅၂၈မေတ္တာကိုပဲ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ဒီမေတ္တာမှာ ပို့သတိုင်း ပို့သတဲ့ ကိုယ့်အတွက်မပါဘဲ ငါစွဲကင်းကာ သူတစ်ပါးအတွက်သာ ဖြစ်နေတဲ့အတွက် တကယ့်ပြူစင်တဲ့ ၅၂၈ မေတ္တာလို့ ခေါ်ပါတယ်။ ဒါကြောင့် ဒီ ၅၂၈ မေတ္တာကို တစ်လွဲနားလည်ပြီး အသုံးပြုနေသူများ သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ ၁၅၀၀ကတော့ မေတ္တာမဟုတ်ပါဘူး။ ကိလေသာပါ။ ကိလေသာဖြစ်တဲ့အတွက် လူအတော်များများ နားလည်ထားသလို သမီးရည်စားအချစ်၊ လင်မယား အချစ်တွေသာ ၁၅၀၀ အချစ်ဆိုတာမျိုး မဟုတ်ဘဲ ရဟန္တာ မဖြစ်သေးသူ မှန်သမျှမှာ ဒီကိလေသာက ရှိနေမှာဖြစ်ပါတယ်။ ကိလေသာ အကျဉ်းကတော့ ၁၀ပါးပါပဲ။ အဲဒီဆယ်ပါးကို တစ်ခြား စိတ်၊ စေတသိက်၊ ရုပ်တွေနဲ့ မြောက်ပွားလိုက်တဲ့အခါ ၁၅၀၀အထိ ဖြစ်သွားခြင်း ဖြစ်ပါတယ်။ ၁၅၀၀ ကိလေသာ ရေတွက်ပုံကို အကျဉ်းသိသာရုံ တင်ပြရရင်… စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။ အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။ (၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။) အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။ ဒီသဘောက အဘိဓမ္မာ မသင်ဖူးသူတွေအတွက် နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက ၅၂၈ မေတ္တာနဲ့ ၁၅၀၀ကိလေသာ မလွဲကြဖို့ပါ။ ၅၂၈မေတ္တာကို လူ့လောကမှာ နားလည်အသုံးပြုကြသလို အမှတ်မမှားကြဖို့ပါ။ ငါစွဲရှိနေ၊ ငါ့အတွက်ပါနေသေးတဲ့ အချစ်ဟာ ဖြူစင်တဲ့ ၅၂၈ မေတ္တာအစစ်မဟုတ်ဘူး ဆိုတာ သဘောပေါက်ကြဖို့ပါ။ ဒီလို သဘောပေါက်ပြီး အလွဲတွေကို ဖယ်ကာ အမှန်လေးတွေ ပြင်နိုင်ကြဖို့ အခုလို လွဲနေတာလေးကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ 

 (အရှင်ဝိစိတ္တ)

 http://www.venvicitta.com/2010/02/blog-post_22် -
- Posted By အောင်မျိုးကျော်

-၁၅၀၀ ဆိုတာ မေတ္တာတဲ့လား (သို့) ၅၂၈ မေတ္တာ ဆိုတာ- .......................................................................

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)