ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 9, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
 **အာရှဘောလုံးအဖွဲ့ချုပ် ယူ-၁၆ ဘောလုံးပြိုင်ပွဲ ဥဇဘက်တို့အောင်ပွဲခံ**

 (တီဟီရန် အောက်တိုဘာ ၇) အာရှဘောလုံးအဖွဲ့ချုပ်၏ ယူ-၁၆ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အီရန်နိုင်ငံ တီဟီရန်မြို့၌ အောက်တိုဘာ ၆ ရက်က ဥဇဘက်ကစ္စတန်နှင့် ဂျပန်အသင်းတို့ယှဉ်ပြိုင်ကစားရာ ဥဇဘက်ကစ္စတန်တို့ သုံးဂိုး-တစ်ဂိုးဖြင့်နိုင်ပွဲရပြီး ဖလားကိုင်မြှောက် အောင်ပွဲခံနိုင်ခဲ့သည်။ဗိုလ်လုပွဲသို့ ခြေရည်တူအသင်းများတက်ရောက်လာခဲ့ခြင်းဖြစ်ရာ ပွဲချိန်မိနစ် ၉ဝ ပြည့်သည်အထိ တစ်ဂိုးစီသရေပွဲဖြစ်နေ ခဲ့သည်။ အချိန်ပိုဆက်လက်ကစားခဲ့သော်လည်း နှစ်သင်းစလုံးမသွင်းနိုင်ခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကန်သွင်းခဲ့သည်။ ထိုသို့ ပယ်နယ်တီကန်သွင်းရာမှ ဥဇဘက်ကစ္စတန်တို့က ဂျပန်အသင်းအား သုံးဂိုး-တစ်ဂိုးဖြင့်အနိုင်ရပြီး ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်တို့ရှုံးနိမ့်ခဲ့သဖြင့် သုံးကြိမ်မြောက် ဖလားကိုင်မြှောက်အောင်ပွဲခံနိုင်ရေး အိပ်မက်ပျက်ပြယ်သွားခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ် ယူ-၁၆ ဘောလုံးပြိုင်ပွဲကို အီရန်နိုင်ငံ တီဟီရန်မြို့၌ စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ၆ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့အတူ ၂ဝ၁၃ ခုနှစ် ဖီဖာ ယူ-၁၇ ဘောလုံးပြိုင်ပွဲကို အာရပ်စော်ဘွားများနိုင်ငံ(ယူအေအီး)၌ လာမည့်နှစ် အောက်တိုဘာ ၁၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ကျင်းပရန်စီစဉ်ထားသည်။ (ဆင်ဟွာ)

** ချိုင်းနားအိုးပင်းတင်းနစ်ပြိုင်ပွဲရုရှားတင်းနစ်မယ်အတွဲ ဖလားဆွတ်ခူး**
 (ပေကျင်း အောက်တိုဘာ ၇) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ချိုင်းနားအိုးပင်းတင်းနစ်ပြိုင်ပွဲ ကျင်းပလျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် ရုရှားတင်းနစ်မယ်နှစ်ဦးက ပြိုင်ဘက် များကို အနိုင်ရပြီး ဆုဖလား ဆွတ်ခူးသွားခဲ့သည်။ အဆိုပါ အမျိုးသမီးနှစ်ယောက်တွဲ တင်းနစ်ပြိုင်ပွဲတွင် ရုရှားမှ မာတာရိုဗာနှင့်အီလန်နာဗက်စတီးနားတို့အတွဲက စပိန် တင်းနစ်မယ်ဂျူရီယာလာကိုစတာရာဗီဗက်နှင့်အိန္ဒိယတင်းနစ်မယ်ချန်နီကာ ဗီယာဇာ တို့အတွဲကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရပြီးဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ)

  **စတီဗင်ဂျရတ် လီဗာပူးတွင်ဆက်ကစားမည်** 
(လန်ဒန် အောက်တိုဘာ ၇) လီဗာပူး အသင်းခေါင်းဆောင်စတီဗင်ဂျရတ်က ၄င်း၏ ကြေးစား ဘောလုံးသမားဘဝကို လီဗာပူးမှာသာကုန်ဆုံးစေလိမ့်မည်ဖြစ်ကြောင်း ထုတ် ဖော် ပြောကြားလိုက်သည်။အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ် သော စတီဗင်ဂျရတ်သည် လီဗာပူးအသင်းကို ပြန်လည်အောင်မြင်မှုများ ရရှိရေးအတွက် ကြိုးစားလျက်ရှိသည်။၎င်းသည် ၁၉၉၈ ခုနှစ် နိုဝင်ဘာလက လီဗာပူးအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၄င်းသည် လီဗာပူးအသင်းနှင့် အတူ ပွဲပေါင်း ၆ဝဝ ကျော်ကစားခဲ့ပြီးချန် ပီယံလိဂ်၊ အက်ဖ်အေဖလား၊ လိဂ် ဖလား၊ ယူအီးအက်ဖ်အေဖလား၊ ယူအီးအက်ဖ်အေစူပါဖလားတို့ အပါအဝင် ဖလားများစွာ ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။''ကျွန်တော်ဟာ ကမ္ဘာက အံ့ဖွယ် ကောင်းလောက်အောင် လီဗာပူးအတွက်ကစားပြပေးခဲ့ပြီးပါပြီ၊ ဒါပေမယ့်လည်း ကျွန်တော် ဆက်လက်ကြိုးစားနေမှာပဲ၊လီဗာပူးနဲ့အတူ ဖလားတွေ ဆက်လက် ယူချင်ပါသေးတယ်၊ လီဗာပူးမှာပဲ ဆက်နေသွားပါမယ် ''ဟု စတီဗင် ဂျရတ်က ပြောကြားသည်။ (ရိုက်တာ) 

** ချယ်လ်ဆီးလေးမှတ်အသာဖြင့် ဦးဆောင်** 
ပရီမီယာလိဂ်ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) ပြိုင်ပွဲများကိုလည်း အောက်တိုဘာ ၆ ရက် ညပိုင်းက စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီးက ဆက်တိုက်အနိုင်ရပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။ ချယ်လ်ဆီးအသင်းက အိမ် ကွင်းတွင် နော့ဝှစ်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်ခြင်းဖြစ်သည်။ ချယ်လ်ဆီးအတွက်ဂိုးများကို လမ်းပတ်၊ တောရက်စ်၊ အီဗာနိုဗစ်နှင့် ဟာဇက်တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။ ချယ်လ်ဆီးတို့ ယင်းပွဲအနိုင်ရလိုက်သဖြင့် အမှတ်ပေး ဇယားထိပ်တွင် လေးမှတ်အသာရပြီး ဦးဆောင်လျက်ရှိသည်။ (အင်တာနက်) 

** ဘိုင်ယန်မြူးနစ် ခုနစ်ပွဲဆက်တိုက်နိုင်** 
ဂျာမနီဘွန်ဒက်စ်လီဂါဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) ပြိုင်ပွဲများကို အောက်တိုဘာ ၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က ဟော့ဖန်ဟိန်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရလိုက်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ် ဘွန်ဒက်စ် လီဂါရာသီတွင် ခုနစ်ပွဲဆက်တိုက်အနိုင်ရပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်လျက်ရှိသည်။ ဘိုင်ယန်မြူးနစ် အသင်းတွင် ဝါရင့်ကစားသမားကြီး ရစ်ဘာရီနှင့် သောမတ်စ်မူလာတို့ ဦးဆောင်မှုဖြင့် ယခုနှစ်ရာသီတွင် ရာနှုန်းပြည့် အောင်မြင်မှုများ ဆက်တိုက်ရရှိလျက်ရှိသည်။ (အင်တာနက်) 

 ** ဂျိုကိုဗစ်ဖလားဆွတ်ခူး* *
ဆားဗီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်သည် တရုတ်နိုင်ငံပေကျင်းမြို့၌ အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့သော အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် ပြင်သစ်မှ တီဆွန်ဂါအား အနိုင်ရပြီး တတိယအကြိမ်မြောက် ချိုင်းနားအိုးပင်းဖလား ကို ဆွတ်ခူးသွားခဲ့ သည်။ ကမ္ဘာ့နံပါတ်နှစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်သည် ယင်း ပြိုင်ပွဲတွင် ၇-၆(၄)၊ ၆-၂ ဖြင့်အနိုင်ရပြီး ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျိုကိုဗစ် သည် ယင်းဖလားကိုဆွတ်ခူးခဲ့ခြင်းသည် ယခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက် ဖလားဆွတ်ခူးခဲ့ ခြင်းဖြစ်သည်။ ဂျိုကိုဗစ်သည် ပြင်သစ်ကစားသမားတီဆွန်ဂါကို ရှစ်ကြိမ်မြောက်အဖြစ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ (အင်တာနက်) 

**ဒန်းဟေးလ်လင့်ဂေါက်သီးရိုက်ပြိုင်ပွဲ တောင်အာဖရိကစားသမားဦးဆောင်** (စိန့်အင်ဒရူး အောက်တိုဘာ ၇ တောင်အာဖရိက ဂေါက်သီးကစားသမား ဘရန်ဒန်းဂရေ့စ်သည် စကော့ တလန်နိုင်ငံ စိန့် အင် ဒရူး၌ကျင်းပလျက်ရှိသည့် ဒန်းဟေးလ်လင့်ချန် ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့အဖြစ် အောက်တိုဘာ ၆ ရက်က ယှဉ်ပြိုင်ကစား ခဲ့ရာ သတ်မှတ်ရိုက်ချက်ထက် အချက် ၂ဝ လျှော့ရိုက်ပြီး ဦးဆောင်လျက်ရှိသည်။ ဘရန်ဒန်း သည် တတိယနေ့က ၆၉ ချက်သာ ရိုက်ခဲ့သည်။ နော်ဝေ ဂေါက်သီးကစားသမား အိုလီဆန်ထက် လေးချက်အသာဖြင့်  ဦးဆောင်လျက်ရှိသည်။ အိုလီဆန်က တတိယနေ့ပြိုင်ပွဲအပြီး စုစုပေါင်း သတ်မှတ်ရိုက်ချက်ထက် ၁၆ ချက် အထိသာ လျှော့ရိုက်ထားသည်။ ဆွစ်ဇာလန်ဂေါက်သီးကစားသမားများဖြစ်ကြသည့် အလက်ဇန္ဒားနော်ရင်နှင့် အန်ဒါဆင်ဟက်တို့က ၁၅ ချက်စီ လျှော့ရိုက်ထားကြသည်။ အသက် ၂၄ နှစ်ရှိ တောင်အာဖရိကဂေါက်သီးကစားသမား ဘရန်ဒန်းသည် ဖွင့်ပွဲနေ့တွင် အချက် ၆ဝသာ ရိုက်ခဲ့သည်။ သမိုင်းတွင် ပထမနေ့ လျှော့ရိုက်ချက် အများဆုံးကစားသမားဖြစ်လာခဲ့သည်။ တောင်အာဖရိကဂေါက်သီးကစားသမားဘရန်ဒန်းသည် အဆိုပါ ဒန်းဟေးလ် လင့်ချန်ပီယံဆုဖလားကြီး ဆွတ်ခူးနိုင်ခဲ့ပါက ယခုနှစ်အတွင်း ၄င်း၏ စတုတ္ထမြောက် ဆုဖလားဖြစ်လာလိမ့်မည်ဖြစ်သည်။ ¤င်းသည် လေးချက်အသာဖြင့် ဦးဆောင် နေခြင်းကြောင့် ဖလားဆွတ်ခူးရန် အလားအလာကောင်းနေသည်။ (ဆင်ဟွာ) 

**အာဖရိကအကောင်းဆုံးဘောလုံးသမားဆု ပဏာမအားကစားသမားစာရင်းထုတ်ပြန်** အက်ကာ အောက်တိုဘာ ၇ အာဖရိကဘောလုံးအဖွဲ့၏ ၂ဝ၁၂ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုရွေးချယ်ရာတွင် ပဏာမဘောလုံးသမား ၃၄ ဦးစာရင်းကို ထုတ်ပြန်ပြီဖြစ်ရာ ဂါနာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းမှ ဘောလုံးသမား သုံးဦးလည်းပါဝင်ကြောင်း ဂါနာဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ဂါနာနိုင်ငံသား ဘောလုံးသမားသုံးဦးမှာ မာဆေးလ်ကလပ်တွင် ကစားနေသော အင်ဒရီဘာယော၊ ဂျူဗင်တပ်စ်အသင်းတွင်ကစားနေသော ကဝါဒူ အဆာမိုနှင့် အူဒီးနီးစ်အသင်းတွင် ကစားနေသော ဘာဒူတို့ဖြစ်ကြသည်။ ယခု ပဏာမရွေးချယ်ထားသည့်ဘောလုံးသမား ၃၂ ဦးကို နိုင်ငံကိုယ်စားပြု ဘောလုံး အသင်းများတွင် ပါဝင်ကစားသည့်ခြေစွမ်းနှင့် ကလပ်အသင်းများ၌ကစားသည့် ပွဲများတွင် ခြေစွမ်းပြနိုင်မှုများအပေါ် အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အာဖရိက အကောင်းဆုံးဘောလုံးသမားဆု ရွေးချယ်ဆုချီးမြှင့် ခြင်းမှာ အာဖရိကဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရန်အတွက်ဖြစ်သည်။ တစ်ဖန် အာဖရိကပြင်ပတွင် သွားရောက်ကစားခြင်းဖြင့် အာဖရိကဂုဏ်ကို ဆောင်နိုင်ကြ စေရန်ဖြစ်သည်။ ယင်းဆုချီးမြှင့်ပွဲကို ယခုနှစ်ဒီဇင်ဘာ ၂ဝ ရက်၌ ဂါနာနိုင်ငံ မြို့တော်အက်ကာရှိ ဘန်ကွက်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။ (ဆင်ဟွာ)

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)