ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 6, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** ချိုင်းနားအိုးပင်းတင်းနစ် ပြိုင်ပွဲရှာရာပိုဗာ ကွာတားတက်ပြီ**
(ပေကျင်း အောက်တိုဘာ ၄) ကမ္ဘာ့နံပါတ်အဆင့်နှစ် တင်းနစ်အားကစားမယ် မာရီယာ ရှာရာပိုဗာသည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပ လျက်ရှိသော ချိုင်းနားအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ် ပြိုင်ပွဲတွင် အောက်တိုဘာ ၄ ရက်က ဆလိုဗေးနီးယား တင်းနစ်မယ် ပိုလိုနာဟာကော့အား အနိုင်ရပြီး ကွာတားဖိုင် နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ရုရှားတင်းနစ်မယ် ရှာရာပိုဗာသည် ကမ္ဘာ့နံပါတ် ၉ဝ ရှိ ဆလိုဗေးနီးယား တင်းနစ်မယ် ပိုလိုနာဟာကော့အား အချိန် တစ်နာရီကျော်ကြာကစားခဲ့ပြီးနောက် ၆-ဝ၊ ၆-၂ ဖြင့် နိုင်ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်သည်။ ရှာရာ ပိုဗာသည် ၄င်းပြိုင်ပွဲတွင် အမှားအယွင်းအနည်းဆုံးဖြင့် ကစား နိုင်ခဲ့၍ ဆလိုဗေးနီးယားတင်းနစ်မယ်ကို အနိုင်ရလိုက်ခြင်း ဖြစ်သည်။ရှာရာပိုဗာသည် ဝါသဘောအရ ဆလိုဗေးနီးယား တင်းနစ်မယ်ကို အသာစီးမှ ကစားနိုင်ခဲ့သည်။ သူမသည် ကွာတားဖိုင်နယ်ပြိုင်ပွဲ တွင် ကာရိုလိုင်းဝေါ့ဇ်နီယာစကီ သို့မဟုတ် အိန်ဂျလီကေးကာဘာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ ရှာရာပိုဗာသည် ယခုနှစ် ချိုင်းနားအိုးပင်းဖလားပြိုင် ပွဲတွင် ဖလားဆွတ်ခူးရန် ရေပန်းအစားဆုံး တင်းနစ်မယ်ဖြစ် လာသည်။ (ဆင်ဟွာ)

 ** ကမ္ဘာ့ ရေကူးအဖွဲ့ ချုပ်ဖလားပြိုင်ပွဲဟန်ဂေရီရေကူးမယ် ဗိုလ်စွဲ**
 (ဒူဘိုင်း အောက်တိုဘာ ၄) အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ ဒူဘိုင်းမြို့တွင် အောက်တိုဘာ ၃ ရက်က စတင်ကျင်းပလျက် ရှိသည့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ်ဖလား ရေကူးပြိုင်ပွဲကို အောက် တိုဘာ ၄ ရက်တွင် ဆက်လက်ကျင်းပရာ အမျိုးသမီးအလွတ် ကူးပြိုင်ပွဲ၌ ဟန်ဂေရီရေကူးမယ် ကာတင်ကာဟော့စ်ဇူက အနိုင်ရဗိုလ်စွဲခဲ့သည်။ ကာတင်ကာဟော့စ်ဇူသည် ယခုပြိုင်ပွဲတွင် ၄ မိနစ် ၂၆ စက္ကန့်ဖြင့် အနိုင်ယူဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဒုတိယရရှိ သည့် ရေကူးမယ်မှာလည်း ဟန်ဂေရီနိုင်ငံမှ ဂျာကာဘော့စ် ဖြစ်ပြီး ၄ မိနစ် ၃၁ ဒသမ ၃၄စက္ကန့်ဖြင့်အနိုင်ရရှိခဲ့သည်။ ဟန်ဂေရီရေကူးမယ် ကာတင်ကာဟော့စ်ဇူသည် အမျိုးသမီးမီတာ ၂ဝဝ လိပ်ပြာကူးပြိုင်ပွဲတွင်လည်း ၂ မိနစ် ၁ဝ ဒသမ ၄၃ စက္ကန့်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ထို့အတူ သူမသည် မီတာ ၄ဝဝ စိတ်ကြိုက်ကူးပြိုင်ပွဲ၌ ၄မိနစ် ဝ၄ ဒသမ ၄၃စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့သည်။ တစ်ဖန် ကာတင်ကာဟော့စ်ဇူသည် အမျိုးသမီး မီတာ ၁ဝဝ အလွတ်ကူးပြိုင်ပွဲ၌ ၁ မိနစ် ဝ ဒသမ ၇၅ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အတူ မီတာ ၅ဝ လေးယောက်တွဲ လက်ဆင့်ကမ်းရေကူးပြိုင်ပွဲ၌လည်း ကာတင်ကာဟော့စ်ဇူတို့ အဖွဲ့က အနိုင်ရရှိရန် ရေပန်းစားလျက်ရှိသည်။ (ဆင်ဟွာ)

** အင်ဒီမာရေးညီအစ်ကို ဂျပန်အိုးပင်းကွာတားတက်**

(လန်ဒန် အောက်တိုဘာ ၄) ကမ္ဘာ့နံပါတ် ၃ တင်းနစ်ကစားသမား အင်ဒီမာရေးသည် အောက်တိုဘာ ၄ ရက်က ဂျပန်အိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အနိုင်ရပြီးနောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင်လည်း ညီဖြစ်သူ ဂျာမီနှင့်အတူ ကွာတားဖိုင်နယ် ၄င်းတို့ ညီအစ်ကိုနှစ်ဦးသည် အဲရစ်ဘိုတာရက်နှင့် ဂျာကိုနင်မီနင်တို့ အတွဲအား ၅-၇၊ ၆-၃၊ ၁ဝ-၄ ဖြင့် အနိုင်ရပြီးကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့သည်။ ၄င်းတို့ ညီအစ်ကိုနှစ်ဦးသည် လန်ဒန်အိုလံပစ်ပြိုင်ပွဲပြီးနောက် ပထမဆုံး နှစ်ယောက်တွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ) 

** တောင်ပံကစားသမားစတာလင်းအားအင်္ဂလန်လူငယ်အသင်းကခေါ်ယူ** 
(လန်ဒန် အောက်တိုဘာ ၄) လီဗာပူးတောင်ပံကစားသမား ရာဟီးစတာလင်းအား အသက် ၂၁ နှစ် အောက် အင်္ဂလန်အသင်းက ခေါ်ယူထား သည်။ ၄င်းသည်အင်္ဂလန်လူကြီးအသင်းတွင် ကစားနေသူဖြစ် သည်။ ၄င်းသည်ပြီးခဲ့သည့် စက်တင်ဘာလက ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ယူကရိန်းနှင့်အင်္ဂလန်အသင်းတို့ ပွဲတွင် ပါဝင်ကစားခဲ့သူဖြစ်သည်။အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်းသည် ယူရို ၂ဝ၁၃ ခြေစစ်ပွဲအဖြစ် ဆားဘီးယားနှင့် လာမည့်သီတင်း ပတ်တွင် ကစားရမည်ဖြစ်သည်။ အသက် ၁၇ နှစ်ရှိ စတာ လင်းသည် လီဗာပူးအသင်းတွ င် ကစားလျက်ရှိပြီး နည်းပြ ရော်ဂျာ လက်ထက်တွင် ရှစ်ပွဲကစားပေးခဲ့ပြီးဖြစ်သည်။ စတာလင်းကို လီဗာပူးက စက်တင်ဘာလမှစပြီး နည်းပြရော်ဂျာက လူစားအဖြစ်အသုံးမပြုဘဲ ပထမပွဲ ပြိုင်ပွဲမှာပင် ထည့်သွင်းကစားလျက်ရှိသည်။ ၂၁ နှ စ်အောက် အင်္ဂလန် အသင်းသည် ဆားဘီးယားအသင်းနှင့် အောက်တိုဘာ ၁၂ ရက်နှင့် ၁၆ ရက်တွင် ကစားရမည်ဖြစ်သည်။ (ရိုက်တာ)

**ဘရာဇီးကမ္ဘာ့ အဆင့် ၁၄**
ဘရာဇီးဘောလုံးအသင်းသည် ဖီဖာ၏ကမ္ဘာ့ဘောလုံး အဆင့်အတန်းထုတ်ပြန်ခဲ့ရာတွင် ကမ္ဘာ့အဆင့် ၁၄ သို့ ရောက်ရှိနေကြောင်း အောက် တိုဘာ ၄ ရက်က သတင်း ဖော်ပြသည်။ ကမ္ဘာ့ဖလား ငါးကြိမ်ဆွတ်ခူးနိုင်ခဲ့သည့် ဘရာဇီး အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ဆက်တိုက်ကျ ဆင်းခဲ့ရသည်။ ပေါ်တူဂီအသင်းသည် ကမ္ဘာ့အဆင့် ၃ နေရာ သို့ တက်ရောက်လာပြီး စပိန်နှင့် ဂျာမနီတို့က ပထမနှင့် ဒုတိယနေရာတို့တွင် ဆက်လက်ရပ်တည်လျက်ရှိသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)