-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** လာမည့်နှစ်တွင် ရွှေ ၂၅ တန်ဇင်ဘာဘွေ ထုတ်လုပ်မည် **
( ဟာရာရေး အောက်တိုဘာ ၄) ဇင်ဘာဘွေနိုင်ငံ၏ရွှေတူးဖော်ရေးလုပ်ငန်းများမှ ရွှေ ထုတ်လုပ်နိုင်မှုသည် လာမည့် ၂ဝ၁၃ ခုနှစ်၌ ရွှေတန်ချိန် ၂၅ တန်ကျော် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဇင်ဘာ ဘွေနိုင်ငံမှအရာရှိများက အောက်တိုဘာ ၄ ရက်တွင် ထုတ်ဖော် ပြောကြားသည်။ဇင်ဘာဘွေနိုင်ငံသည် ၂ဝ၁၂ ခုနှစ်ကု န်အထိ ရွှေ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများမှ စုစုပေါင်း တန်ချိန် ၁၅ တန် ကျော်ခန့်သာ ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။ သို့သော် လာမည့်နှစ်၌ ရွှေထုတ်လုပ်မှု ပိုမိုတိုးတက်နိုင်မည် ဖြစ်သည်။ဇင်ဘာဘွေနိုင်ငံ၏ ပြည်ပပို့ကုန် ၄ဝ ရာခိုင်နှုန်းမှာ ရွှေများဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ရွှေဈေးအတက်အကျသည် ဇင်ဘာဘွေနိုင်ငံ၏ ဝင်ငွေအတက်အကျအပေါ် ရိုက်ခတ်လျက် ရှိသည်။ ယခုအခါ ဇင်ဘာဘွေနိုင်ငံ၏ ရွှေတူးဖော်ရေးလုပ်ငန်း များတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာသဖြင့် လာမည့်နှစ်၌ ထုတ်လုပ်နိုင်မှု တိုးတက်မည်ဖြစ်ကြောင်း ဇင်ဘာ ဘွေအရာရှိများက ပြောကြားခြင်းဖြစ်သည်။ ဇင်ဘာဘွေနိုင်ငံ ရွှေထုတ်လုပ်မှုမှာ ၂ဝ၁၁ ခုနှစ်က ၉ ဒသမ ၆ တန်သာထွက်ရှိခဲ့ရာ ယခုနှစ်ရွှေထွက်ရှိမှုမှာ ၃၅ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းပင်ဖြစ်သည်။ ယခုနှစ်ခြောက်လ တာ နှစ်ဝက်ကာလတွင် ရွှေတန်ချိန် ၇ ဒသမ ၂ တန် ထုတ်လုပ် ခဲ့ရာ ငွေကြေး အမေရိကန်ဒေါ်လာများစွာရရှိခဲ့သည်။ (ဆင်ဟွာ)
** ကမ္ဘောဒီးယားရိုးရာလှေသဘင် ပွဲတော် နိုဝင်ဘာလတွင်ကျင်းပမည်**
(ဖနောင်ပင် အောက်တိုဘာ ၄)
ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လှေသဘင်ပွဲတော်ကို ပြီးခဲ့သည့်နှစ်က
ရေကြီးမှုဖြစ်ပွားခဲ့၍ ဖျက်သိမ်းခဲ့ရခြင်းကြောင့် ယခုနှစ်တွင်
နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆင်က
အောက်တိုဘာ၎ ရက်တွင်ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားလှေသဘင်ပွဲတော်သည် ရိုးရာရေသဘင်ပွဲဖြစ်သည်။''ဒီနှစ်လှေသဘင်ပွဲတော်ကို မည်သည့်အဖျက်အဆီး
အနှောင့်အယှက်မျှ မရှိအောင် စီစဉ်ထားပါတယ်'' ဟု ဝန်ကြီးချုပ်
ဟွန်ဆင်က လူသားအရင်းအမြစ်တက္ကသိုလ်၌ကျင်းပသော ဘွဲ့နှင်းသဘင်အခမ်းအနားတွင်
ပြောကြားလိုက်သည်။လွန်ခဲ့သည့်နှစ်က ကမ္ဘောဒီးယားလှေသဘင်ပွဲတော်ကို ရေကြီး
မှုဖြစ်ပွားနေ၍ ဖျက်သိမ်းခဲ့ရသည်။
၎င်းရေကြီးမှုတွင်ကမ္ဘောဒီးယားပြည်သူ ၂၅ဝ သေဆုံးပြီး လူပေါင်း ၁ ဒသမ
၎ သန်းခန့်ရေဘေးဒုက္ခကြုံခဲ့ရသည်။ ကမ္ဘောဒီးယားလှေသဘင်ပွဲတော်ကို
နှစ်စဉ်အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းလပြည့်နေ့တွင် စတင်
ကျင်းပလေ့ရှိသည်။အဆိုပါလှေသဘင်ပွဲတော်သည် ကမ္ဘောဒီးယားနိုင်ငံတွင်
အကြီးဆုံးသော နှစ်ပတ်လည်ပွဲတော်ကြီးဖြစ်ပြီး ကမ္ဘောဒီးယား
ပြည်သူသုံးသန်းခန့် ပါဝင်ဆင်နွှဲကြလေ့ရှိသည်။ အထူးသဖြင့် မြို့တော်ဖနောင်ပင်
အနီးဝန်းကျင်သို့ မြို့ပြနှင့်ကျေးလက်ဒေသများမှ
ပြည်သူများပါဝင်ဆင်နွှဲလေ့ရှိကြကြောင်း သိရသည်။
တုန်လီဆက်မြစ်နှင့် ဖနောင်ပင်ရှိမဲခေါင်မြစ်များအတွင်း အလှပြလှေ ၄ဝဝ ခန့်နှင့်
ပြိုင်လှေ ၂၅ဝဝ ခန့်တို့ပါဝင်ဆင်နွှဲလေ့ရှိကြသည်။ ၄င်းလှေပြိုင်ပွဲများသို့ ကျေး
လက်နှင့်မြို့ပြတို့မှ ပြည်သူသန်းပေါင်းများစွာတို့က
မြစ်ကမ်းနဖူးများတွင် ကမ်းလုံးပြည့်
အားပေးကြည့်ရှုလေ့ရှိကြကြောင်း သိရှိရသည်။ (ဆင်ဟွာ)
** Trithvi-II ဒုံးကျည် အိန္ဒိယစမ်းသပ်ပစ်ခတ်**
(နယူးဒေလီ အောက်တိုဘာ ၄) အိန္ဒိယနိုင်ငံက နျူကလီးယားထိပ်ဖူးတပ်ဆင်ထားသည့် တာတိုပစ်ပဲ့ထိန်းဒုံးကျည် တစ်စင်းကို နိုင်ငံအရှေ့ပိုင်း အိုဒီးရှားပြည်နယ်ရှိ ဒုံးကျည်စမ်းသပ် ပစ်လွှတ်ရေးစခန်းမှ အောက်တိုဘာ ၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်းအင်တာနက် သတင်းတစ်ရပ်၌ ဖော်ပြပါ ရှိသည်။ Trithvi-IIအမည်ရှိ မြေပြင်မှမြေပြင်ပစ် အဆိုပါ ပဲ့ ထိန်းဒုံးကျည်ကို အိုဒီးရှားပြည်နယ် ချန်ဒီပူဒုံးကျည်စမ်းသပ်ပစ်ခတ်ရေးစခန်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးသတင်းဌာနများ၏ ထုတ်ပြန်ချက်ကို နယူးဒေလီ သတင်းထောက်များက ပြောကြားခဲ့သည်။ယင်းဒုံးကျည်သည် အိန္ဒိယနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းက ထုတ်လုပ်ထားသည့် ပထမဆုံး ဒုံးကျည်ဖြစ်ပြီး အိန္ဒိယအစိုးရတပ်ဖွဲ့သို့အပ်နှံရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ၄င်းဒုံးကျည်သည် ကီလိုဂရမ် ၅ဝဝ စီရှိနျူကလီးယားထိပ်ဖူးနှစ်ခုကို သယ်ဆောင် နိုင်ပြီး မြေပြင်၌ ၃၅ဝ ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်သည်ဟု ဆို သည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်
**ကိုလံဘီယာလေဆိပ် တစ်ခု၌ ဗုံးထောင်ထားမှု ဖယ်ရှားနိုင်**
(ဘိုဂိုတာ အောက်တိုဘာ ၄)
ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်းတွင်ရှိသော လေဆိပ်တစ်ခု၌ အောက်တိုဘာ
၃ ရက်က ဗုံးတစ်လုံးရှာဖွေတွေ့ရှိပြီးနောက် ခရီးသည်များအား အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကာ လေယာဉ်ခရီးစဉ်အချို့ဖျက်သိမ်းခဲ့ရကြောင်း
လေဆိပ်
အရာရှိများက အောက်တိုဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဖြစ်ပွားသည့် လေဆိပ်မှာ ကိုလံဘီယာနိုင်ငံ အာရူကာမြို့ရှိ ဆန်တီရာဂိုပီရက်စ်
ကွီရော့ဇ်လေဆိပ်တွင်ဖြစ်ပြီး စက်ဘီး
တစ်စီးနှင့် ချည်နှောင်ထားသောဗုံးတစ်လုံးကို လေဆိပ်လုံခြုံ ရေးအဖွဲ့ဝင်
များက တွေ့
ရှိခဲ့ရာမှ ဘေးကင်းလုံခြုံရေးလုပ်ငန်းများအမြန်ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
ထိုသို့ ဗုံးတွေ့ရှိပြီးနောက် လေယာဉ်ပြေးလမ်းများ၊ ဆိုက်ရပ်ထားသော လေယာဉ်
များနှင့် လေဆိပ်အဆောက်အအုံအတွင်း
လုံခြုံရေးအဖွဲ့ဝင်များကို အသေးစိတ်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
လေယာဉ်ခရီးစဉ်အချို့
နှောင့်နှေးကြန့် ကြာမှု
ဖြစ်ခဲ့ သည်။ ယခုဖြစ်ရပ်မှာ အာရူကာမြို့ ဆာရာဗင်နာအရပ်ရှိ ရဲစခန်း
အဆောက်အအုံအနီး ဗုံးတစ်လုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မိနစ်
အနည်းငယ်အကြာတွင် ¤င်းလေဆိပ်၌ ထောင်ထားသော ဗုံးကို
ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါရဲစခန်းမှာ ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် အမျိုးသမီးနှစ်ဦးဒဏ်ရာ
ရရှိကာ အနီးရှိနေအိမ်များ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ယခုဖြစ်ရပ်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု
များပြုလုပ်လျက်ရှိသည်။ (ဆင်ဟွာ) ** Trithvi-II ဒုံးကျည် အိန္ဒိယစမ်းသပ်ပစ်ခတ်**

**သြစတြီးယားတွင် နေအိမ်သစ်များ၌သဘာဝစွမ်းအင်သုံးစွဲမည်**
(ဗီယင်နာ အောက်တိုဘာ ၄)
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ တည်ဆောက်မည့်
အဆောက်အအုံသစ်များတွင် သဘာဝစွမ်းအင်အသုံးပြု
အဆောက်အအုံများသာ တည်ဆောက်သွားမည်ဖြစ်ကြောင်း
သြစတြီးယားအရာရှိများက အောက်တိုဘာ ၄ ရက်တွင်
သတင်းထုတ်ပြန်သည်။သဘာဝစွမ်းအင်အသုံးပြုမည့် စီမံကိန်း၏ စတင်
အကောင်အထည်ဖော်မှုအဖြစ် လာမည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ
လမှစတင်ကာ နေအိမ်နှင့် အဆောက်အအုံသစ်တိုင်းတွင်
သဘာဝစွမ်းအင်များကို အသုံးပြုရန်နည်းပညာသစ်များဖြင့်
တည်ဆောက်မည်ဖြစ်သည်။ဗီယင်နာမြို့၌ တည်ဆောက်မည့်အဆောက်
အအုံသစ်များတွင် နေစွမ်းအင်၊ လေစွမ်းအင်တို့ကို အသုံးပြုပြီး နေအိမ်
များ၏ စွမ်းအင်သုံးစွဲမှုအပေါ် အဆင်ပြေစေရန် တည်ဆောက်
သွားမည်ဖြစ်သည်။ ¤င်းအိမ်များတွင် နေထိုင်သူများသည်
သဘာဝစွမ်းအင်ကို အခမဲ့သုံးစွဲနိုင်ကြရန် စီစဉ်ထားသည်။
သို့သော် သဘာဝစွမ်းအင်သုံးစွဲနိုင်ရေးအတွက် လိုအပ်သော
ဆက်စပ်ပစ္စည်းကိရိယာများ၏ ကုန်ကျစရိတ်များ တွက်ချက်
စိစစ်ပြီးဖြစ်သည်။ နေအိမ်အဆောက်အအုံများ၏ တည်ဆောက်
မှုနည်းစနစ်များပြောင်းလဲမှုပြုလုပ်ခြင်းဖြစ်ရာ ကျယ်ကျယ်ပြန့်ပြန့်
အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ (ဆင်ဟွာ)
** အိန္ဒိယ၌ ဦးနှောက်အမြှေးရောင်၍ ၃၉ဝ သေဆုံး**
(နယူးဒေလီ အောက်တိုဘာ ၄)
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်၌
ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ
အနည်းဆုံး ၃၉ဝ ရှိခဲ့ကြောင်း၊ အများစုမှာ ကလေးများဖြစ်
ကြောင်း အောက်တိုဘာ ၄ ရက်တွင် အင်တာနက်သတင်း
တစ်ရပ်၌ ဖော်ပြထားသည်။ ယခုနှစ်အတွင်း အဆိုပါ ရောဂါဖြစ်ပွားမှုကြောင့်
ဂိုရပ်ပါမြို့ရှိ အစိုးရဆေးရုံများသို့ လူနာ ၂၅ဝဝ ကျော် တက်
ရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း အိန္ဒိယကျန်းမာရေး
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ပရပ်စ်ထရပ်အော့
အိန္ဒိယသတင်းစာက ကိုးကားဖော်ပြသည်။
ဆေးရုံများပေါ်တွင် အနည်းဆုံး လူနာ ၂၇ဝ ဆေး
ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၄င်းတာဝန်ရှိသူက ပြောကြား
သည်။ ၄င်းရောဂါသည် ၁၉၇၈ ခုနှစ်မှစ၍ အဆိုပါဒေသတွင်
ဖြစ်ပွားပြီးနောက် ကလေး ၆၅ဝဝ နီးပါး သေဆုံးခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။ (ရိုက်တာ) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment