ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 20, 2012

> - တောတွင်းပြောက်ကျားသူပုန်ကြီး ချီဂွေဗားရား(၁၉၂၈-၁၉၆၇)-
မာခ့်ဝါဒကိုင်စွဲသူ
တော်လှန်ရေးသမား၊
ဆရာဝန်၊စာရေးဆရာ၊
ပညာရေးပါရဂူ၊ပြောက်ကျားစစ်ခေါင်းဆောင်၊
သံတမန်ရေးရာ ကျွမ်းကျင်သူ၊စစ်ပညာရှင်၊ စီးပွားရေးပညာရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများစွာရှိသော မုတ်ဆိတ်ကျင်စွယ်ဆံပင်ရှည်နှင့် ခေတ်အဆက်ဆက်
လူငယ်များ၏ သူငယ်ကောင်းပြယုဂ်၊တောတွင်းသူပုန်ကြီး “ချီ”ကို ၁၉၂၈ခုနှစ်၊ဇွန်လ၁၄ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ စန်တာဖီ မြို့၌ မွေးဖွားသည်။ စပိန်နှင့် အိုင်းရှစ်သွေးများရောနှောနေသည့် အာဂျင်တိုင်းမိသားစုမှ မွေးဖွားလာသည့် “ချီ”သည် မွေးချင်း ၅ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ချီ၏ဖခင်က သူ၏သားသည် အိုင်းရှစ်တော်လှန်ရေးသူပုန် ဘိုးဘေးများ၏ သွေးများ ရောနှောလျက်ရှိသည်ဟု ခဏခဏပြောခဲ့သည်။ ငယ်စဉ်ကပင် ရင်ကျပ်ပန်းနာ ရောဂါကို အကြိမ်ကြိမ်ခံစားခဲ့ရသော်လည်း “ချီ”မှာ ရေကူး၊ဘောလုံး၊ဂေါက်သီးရိုက်နှင့် သေနတ်ပစ် အားကစားတို့တွင် ထူးချွန်သည်။ စက်ဘီးစီးခြင်းကို အထူးဝါသနာထုံသူဖြစ်သည်။ ငယ်စဉ်ကတည်းက ဆင်းရဲခဲ့သူ “ချီ”မှာ အရင်းရှင်ဝါဒ၊ခေတ်သစ်ကိုလိုနီဝါဒ၊ စီးပွားရေး လက်ဝါးကြီးအုပ်ဝါဒတို့ကို အလွန်စက်ဆုပ်ရွံ့ရှာသူဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ချီဂွေဗားရားသည် ဗျူနိုအိုင်ရီတက္ကသိုလ်တွင် ဆေးကျောင်းတက်သည်။ ဆေးကျောင်းသားဘ၀ ၁၉၅၀တွင် စက်ဘီးတစ်စီးဖြင့် အာဂျင်တီးနားမြောက်ပိုင်းကို မိုင်၂၈၀၀ခန့် တစ်ကိုယ်တော်ခရီးဆန့်ခဲ့သည်။ ၁၉၅၁ခုနှစ်တွင် တောင်အမေရိကတိုက်အနှံ့ မိုင်ပေါင်း၅၀၀၀ကျော်ကို မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ၉ လကြာ ခရီးထွက်ခဲ့သေးသည်။ အာဂျင်တီးနား၊ချီလီ၊ပီရူး၊အီကွေဒေါ၊ကိုလံဘီယာ၊ပနားမားနှင့် ဗင်နီဇွဲလားနိုင်ငံများသို့ ရောက်ရှိခဲ့သည့် ၄င်းမော်တော်ဆိုင်ကယ်ခရီးစဉ်မှတ်တမ်းကို “မော်တော်ဆိုင်ကယ်ဒိုင်ယာရီ” အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ရာ နယူးယောက်တိုင်းစ် မဂ္ဂဇင်း၏ အရောင်းရဆုံးစာအုပ်စာရင်းမှာပါဝင်ခဲ့သည်။ ချီဂွေဗာရာ၏ မျိုးချစ်စိတ်သည် သူ၏မိခင်တိုင်းပြည်၊နိုင်ငံကိုကျော်လွန်သွားသော စိတ်ဖြစ်သည်။တောင်အမေရိကတိုက်နိုင်ငံအားလုံးကို လွတ်လပ်စေချင်သည်။ ချမ်းသာစေချင်သည်။ သူ ၏မျိုးချစ်စိတ်သည် မိခင်အာဂျင်တီးနားနိုင်ငံကို ကျော်လွန်၍သွားသော နယ်ချဲ့အရင်းရှင်ကို တော်လှန်လိုသည့် တော်လှန်ရေးစိတ်ဖြစ်သည်။ ၁၉၅၃၊ဇွန်လတွင် ဆေးပညာဘွဲ့ကိုရခဲ့သော ချီဂွေဗာရာသည် နားကျပ်ကိုစွန့်လွှတ်ခဲ့သည်။ သူ၏ရန်သူမှာသေမင်းမဟုတ်။ ဆင်းရဲမှု၊ဆာလောင်မှုနှင့် ၄င်းတို့မှအမွေခံလာသည့် ရောဂါဆိုများသည်သာ သူ၏ရန်သူဟု သတ်မှတ်သည်။လူသားများကို ကူညီနိုင်ရေးသည် ဆရာဝန်အလုပ်ဖြင့် မဖြစ်မြောက်နိုင်။ ဒုက္ခဆင်းရဲတွင်းမှ လူအများကို ကယ်တင်နိုင်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်ရေးနှင့် နိုင်ငံရေးလုပ်ငန်းများဖြင့် ဖီဆန်ရေးသည်သာလျှင် မှန်ကန်သောနည်းလမ်းဖြစ်သည်ဟု ယုံကြည်လျက် ဆေးပညာကိုလုံးဝစွန့်လွှတ်ခဲ့လေသည်။ မက္ကစီကိုစီးတီးတွင် ကက်စထရိုညီနောင်နှစ်ဦးနှင့် တွေ့ပြီး အမေရိကန်မှကျောထောက်နောက် ခံပြုထားသည့် ကျူးဘားအာဏာရှင် ဘတစ်စတာ အား ပြောက်ကျားစစ်ဖြင့် ဆန့်ကျင်ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်သူဖြစ်လာလေသည်။ ကျူးဘားတော်လှန်ရေးတွင် ကတ်စထရိုတို့အနိုင်ရပြီး ပေါ်ပေါက်လာသည့် ကျူးဘားအစိုးရသစ်တွင် အာဂျင်တီးနားမှ ချီဂွေဗာရာသည် အဓိကကျသည့် နေရာသို့ရောက်လာလေသည်။ ဂုဏ်ထူးဆောင်ကျူးဘားနိုင်ငံသား အဖြစ် ဂုဏ်ပြုသတ်မှတ်ခြင်း ခံရလေသည်။ ကျူးဘားနိုင်ငံ၏ တစ်နိုင်ငံလုံးစာတတ်မြောက်ရေး လှုပ်ရှားမှုကိုဦးဆောင်သူ၊ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ၊ ကျူးဘားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ အကြံပေးအရာရှိချုပ်၊ ကျူးဘားနိုင်ငံ၏ ဆိုရှယ်လစ်ဝါဒကို ကိုယ်စားပြုလျက် တစ်ကမ္ဘာလုံးလှည့်လည်သွားလာခဲ့သည့် သံတမန်စသည့် အထင်ကရနေရာများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၂၊ကျူးဘား နူးကလီးယား ထိပ်ဖူးတပ် ဒုံးလက်နက်အရေးအခင်းတွင် အဓိကကျသူတစ်ဦးဖြစ်လာလေသည်။ ထိုတင်မက ပြောက်ကျားစစ်နည်းဗျူဟာကို ပါရဂူမြောက်တတ်ကျွမ်းပြီး ကျမ်းကြီးကျမ်းကိုင်ပြုစုနိုင်သူလည်း ဖြစ်သည်။

၁၉၆၅တွင် ကျူးဘားမှထွက်ခွာပြီး မပြီးဆုံးသေးသော အရင်းရှင်တော်လှန်ရေးများအတွက် ခြေလှမ်းဆန့်ခဲ့သည်။ ဘိုလီဗီးယားနိုင်ငံတွင် ရှိနေစဉ် အမေရိကန်မှ ထောက်ပံ့ပေးထားသည့် ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ၁၉၆၇၊အောက်တိုဘာလ ၉ရက်၊အသက် ၃၉နှစ်အရွယ်တွင် ပစ်သတ်ခံရသည်။ ချီဂွေဗားရားအားပစ်သတ်ခါနီးမှာ ဘိုလီးဗီးယားစစ်သားတစ်ဦးက “ဘယ်နှယ့်လဲ ကိုယ့်လူ၊ ဘယ်လိုအသက်ရှင်ရမလဲ ကြံစည်နေတာလား။”ဟုမေးသည်ကို “ငါအသက်ရှင်ဖို့ ကြံနေတာမဟုတ်ဘူးကွ။ ဒီတော်လှန်ရေးကြီးကိုဘယ်လိုရှင်သန်အောင် ဆက်လုပ်ရမလဲ စဉ်းစားနေတာ။” ဟုပြန်ဖြေခဲ့သည်။သူ့ကို သတ်ပစ်ဖို့အမိန့်ပေးခြင်းခံရသည့်တပ်ကြပ်ကြီးတီရန်အား “ငါ့ကိုပစ်သတ်ဖို့ မင်းလာတာမဟုတ်လား။ ပစ်လေကွာ။သူရဲဘောကြောင်နေတာလား။” ဟုပြောခဲ့သည်။ ချီဂွေဗားရားသည် သေနတ်ဖြင့် ကိုးချက်အပစ်ခံရပြီးကျဆုံးခဲ့သည်။ မကွယ်လွန်မီလပိုင်း အလိုက် ကမ္ဘာ့တိုက်ကြီးသုံးတိုက် ညီလာခံတွင် သည်လို မိန့်ခွန်းပြောခဲ့သည်။ “သေခြင်းတရားကို မတုန်လှုပ်ပါနဲ့။ ရဲရဲကြီးကြိုဆိုလိုက်ပါ။ ကျွန်တော်တို့ တိုက်ပွဲများဆီက ငိုသံတွေကို သက်ဆိုင်သူတွေကြားပါစေ။ ကျွန်တော်တို့ရဲ့သေနတ်တွေကို လက်ဆင့်ကမ်းကိုင်စွဲ မယ့် နောက်လူငယ်တွေ ပေါ်လာရင်ကျေနပ်ပြီ။”

သံလွင်ရောင်စစ်စိမ်းအကျီကို ၀တ်ပြီး ဘယ်ရီဦးထုပ်ကိုဆောင်းလျက် ပါးသိုင်းမွေး၊မုတ်ဆိတ်မွေးထူလပျစ်နှင့် ရိုက်ကူးထားသည့် “ချီ”၏ဓာတ်ပုံမှာ “ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံ” အဖြစ်သတ်မှတ်ခြင်းခံရသည်။ လက်ဝဲစွန်းရောက် တော်လှန်ရေးသမားများ၏ သူရဲကောင်းကြီး အဖြစ်သာမက လူအများ၏အာဇာနည်သူရဲကောင်း အိုက်ကွန်အဖြစ်သတ်မှတ်ခြင်းခံရသူဖြစ် ပါသည်။ တိုင်းမ်မဂ္ဂဇင်း၏ ၂၀ရာစုအထင်ရှားဆုံးပုဂ္ဂိုလ် ၁၀၀တွင် ပါဝင်သည်။

-- Posted By
Blogger လူဗိုလ်

- တောတွင်းပြောက်ကျားသူပုန်ကြီး ချီဂွေဗားရား(၁၉၂၈-၁၉၆၇)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)