ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 14, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** ဂျပန်ရုပ်ရှ င်မင်းသမီး ဆာဝါဂျီရီရဲ့  အနုပညာ**
 (တိုကျို အောက်တိုဘာ ၁၂) ဂျပန်ရုပ်ရှင်မင်းသမီး အီရီကာဆာဝါဂျီရီ ပါဝင်သရုပ်ဆောင်ထားတဲ့ Helter Skelter အမည် ရှိတဲ့ ရုပ်ရှင်ကားဟာ မကြာမီက ဂျပန်နိုင်ငံတစ်ဝန်းမှာ ပြသခဲ့တာဟာ ပရိသတ်တွေ နှစ်သက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂ဝ၁၃ အစပိုင်းမှာ သူမပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်ကားသစ်တစ်ကား ထပ်မံရိုက်ကူးဖို့ ရှိနေပါတယ်။ ရုပ်ရှင်မင်းသမီး အီရီကာဆာဝါဂျီရီ ပါဝင်သရုပ်ဆောင်မယ့် အဲဒီရုပ်ရှင်ကားသစ်ဟာ ဒရာမာဇာတ်ကားဖြစ်ပြီး သံယောဇဉ်နဲ့မေတ္တာတရားတွေကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းမျိုးဖြစ်တယ်လို့ဆိုပါတယ်။ ဒီရုပ်ရှင်ကားဟာ ရုပ်ရှင်မင်းသမီး အီရီကာဆာဝါဂျီရီရဲ့ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်တဲ့ ၁၃ ကားမြောက်ရုပ်ရှင်ကားလည်း ဖြစ်လာမှာလို့ ဖော်ပြထားပါတယ်။အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ရုပ်ရှင်မင်းသမီး အီရီကာဆာဝါဂျီရီရဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ Akujo ni Tsuite ကိုလည်း မကြာခင်က တီဘီအက်စ်ရုပ်မြင်သံကြားလိုင်းက ထုတ်လွှင့် ပြသခဲ့တာကို ဂျပန်ပရိသတ်တွေ စောင့်ကြည့်အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် Let M; Watashi ga Anata wo Aisuru Riyuu အမည်ရှိတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲကိုလည်း Bee TV ရုပ်မြင်သံကြားလိုင်းက ထုတ်လွှင့်ပြသခဲ့တာကို ဂျပန်ပရိသတ်တွေတစ်ခဲနက်အားပေးကြည့်ရှုခဲ့ကြတယ်လို့  ဆိုပါတယ်။ဂျပန်ရုပ်ရှင်မင်းသမီး အီရီကာဆာဝါဂျီရီဟာ မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့အပြင် တေးဂီတသမားတစ်ဦးလည်းဖြစ်တာမို့ တေးဂီတဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့နာမည်ကြီးတဲ့ တေးဂီတဗီဒီယိုတွေကတော့ Big Big Money နဲ့ Secret Love Story တို့ဖြစ်ပြီးအဲဒီဗီဒီယိုတွေမှာ ဂျပန်အဆိုတော် ကီရှီဒန်နဲ့အခြားအဆိုတော်ကဝိုင်းဝန်းသီဆိုပေးထားတာဖြစ်ပါတယ်။ရုပ်ရှင်မင်းသမီးအီရီကာဆာဝါဂျီရီဟာ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်မှာ မီဒီယာသမားတစ်ဦးဖြစ်တဲ့ ဆူယိုရှီ တာကာရှီရိုနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၇ရက်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးမှ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့နှစ်ဦးရဲ့လက်ထပ်မှုက ၂ဝ၁ဝ ခုနှစ်မေလမှာပဲ အဆုံးသတ်ခဲ့ပြီး ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ ရုပ်ရှင်မင်းသမီး အီရီကာဆာဝါဂျီရီဟာ တစ်ဦးတည်းလွတ်လပ်စွာနဲ့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေတာမို့ သူမရဲ့ရုပ်ရှင်ကားသစ်ကို ပရိသတ်လက်ခံအားပေးမှုရှိမရှိစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (ရိုက်တာ)

 ** ဟဲဗီးဝိတ်ချန်ပီယံ ဟိုလီဖီးလ် လက်ဝှေ့  လောကမှ အနားယူတော့မည်**
(နယူးယောက် အောက်တိုဘာ ၁၃) ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆု လေးကြိမ်ဆွတ်ခူးခဲ့ဖူးသည့် အီဗန်ဒါဟိုလီဖီးလ်သည် ၄င်း၏ပိုင်ဆိုင်မှုများကို လေလံတင်ရောင်းချရန် ကြေညာနေစဉ်မှာပင် လက်ဝှေ့အားကစားလောကမှလည်း အနားယူ တော့မည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။ လာမည့်သီတင်းပတ် ၅ဝ အတွင်း မိမိ၏ ၂၈ နှစ်ကြာ ကြေးစားလက်ဝှေ့သမားဘဝကို အဆုံးသတ်မည်ဖြစ်ကြောင်း ဟိုလီဖီးလ်က ပြောကြားလိုက်သည်။ ''ကျွန်တော့်ရဲ့လက်ရှိအခြေအနေမှာ ပြိုင်ပွဲတစ်ပွဲကို အနိုင်ကစားချင်နေပေမယ့် မဖြစ်နိုင်တော့ ပါဘူး။ ဒီအတွက် ကျွန်တော်လက်ဝှေ့လောကကိုကျောခိုင်းဖို့ နီးလာပါပြီ''ဟု ဟိုလီဖီးလ်က ဆက်လက်ပြောကြားသည်။ဟိုလီဖီးလ်သည် မိုက်တိုင်စန်၊ ရစ်ဒစ်ဘိုဝီ၊ လင်းနော့လူးဝစ်တို့အား ထိုးသတ်ပြီး ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူသည် ၁၉၉၆ ခုနှစ်တွင် ဒဗလျူဘီအေ၊ ၁၉၉၇ ခုနှစ်တွင် အိုင်ဘီအက်ဖ်နှင့်၂ဝဝဝ ပြည့်နှစ်တွင် ဒဗလျူဘီအေဟဲဗီးဝိတ်ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် ဟိုလီဖီးလ်သည် ၂ဝဝ၁ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုတစ်ခုမျှ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပေ။ ၄င်းသည် ပြီးခဲ့သည့်နှစ် မေလက ဒိန်းမတ်မှ ဘရိုင်ယန်နယ်ဆင်ကို ၁ဝ ချီဖြင့် အလဲထိုးနိုင်ခဲ့သည်။ဟိုလီဖီးလ်သည် လက်ရှိအခြေအနေတွင် ပေါင် ၁ဝ သန်း အကြွေးတင်နေသဖြင့် ပိုင်ဆိုင်မှုများကိုလေလံရောင်းချရန်စီစဉ်လျက်ရှိသည်။ (ရိုက်တာ)  

**ရုပ်ရှင်မင်းသား ကင်ဂျီဟွမ် မော်ဒယ်လုပ်မည်**
 (ဆိုးလ် အောက်တိုဘာ ၁၂)
တောင်ကိုရီးယား ရု ပ်ရှင်မင်းသား ကင်ဂျီဟွမ်ကို လော့တီ ဟိုတယ်များအုပ်စု၏ မော်ဒယ်တစ် ဦးအဖြစ် ရွေးချယ်လိုက် ကြောင်း အောက်တိုဘာ ၁၁ ရက်၌သတင်းထုတ်ပြန်သည်။ ရုပ်ရှင်မင်းသား ကင်ဂျီဟွမ်သည် အာရှပရိသတ်များ အထူး အားပေးခြင်းခံရသည့်တောင်ကိုရီးယား ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ရာ အာရှနိုင်ငံများတွင်တိုးချဲ့မည့် ဟိုတယ်လုပ်ငန်းများ အတွက် ကင်ဂျီဟွမ်အား မော်ဒယ်တစ်ဦးအဖြစ် ရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။ကင်ဂျီဟွမ်သည် လာမည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ လော့တီဟိုတယ်အုပ်စု အတွက် အနုပညာလုပ်ငန်းများ ဆောင် ရွက်ပေးရမည် ဖြစ် သည်။ ခရီးသွားများ ပိုမိုလာရောက်တည်းခိုရန် အပါအဝင် အခြားကြော်ငြာများတွင်လည်း ကူညီဆောင် ရွက်ပေးရမည်ဖြစ်သည်။ ရုပ်ရှင်မင်းသား ကင်ဂျီဟွမ်ကို ဂျပန်ပရိသတ်များက အထူး အားပေး နှစ်သက်ကြသည်။ ကင်ဂျီဟွမ် ပါဝင်သရုပ်ဆောင်ထားသည့်  Lie to me ESihf Runway Cop ဒရာမာဇာတ်ကားများကို ဂျပန်ပရိသတ်များ အထူးနှစ်သက် အားပေးခဲ့ကြသည်။ (ဆင်ဟွာ)

** ဂျပန်အိုးပင်းတင်းနစ်ဟီတာဝက်ဆင်ဗိုလ်လုပွဲတက်** 

ဗြိတိသျှတင်းနစ်မယ် ဟီတာဝက်ဆင်သည် အောက်တိုဘာ ၁၃ ရက်က ဂျပန် အိုးပင်းတင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ဖလားဆွတ်ခူးမည်ဟု နာမည်ကြီးနေသော ဂျပန်တင်းနစ်အားကစားမယ် မာဆာကိုင်းဒွိုင်းအား အနိုင်ရပြီး ဗိုလ်လုပွဲသို့တက် ရောက် သွားပြီဖြစ်သည် ။ဟီတာဝက်ဆင်သည် ဒဗလျူတီအို အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ အသက် ၂ဝ ရှိ ဝက်ဆင်သည် ၇-၆ (၇-၂)၊ ၇-၅ ဖြင့် အနိုင်ရရှိလိုက်ခြင်းဖြစ် သည်။ ၄င်းသည် တရုတ်(တိုင်ပေ)မှ ကိုင်ချန်ချန်းနှင့်ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။ ကိုင်ချန်ချန်းသည် သြစတြေးလျထိပ်တန်းတင်းနစ်မယ်ဆမ်စတိုဆာကို ၆-၄၊ ၄-၆၊ ၇-၆(၇-၃)ဖြင့် နိုင်ပြီး ဗိုလ်လုပွဲတက်ရောက်လာခဲ့ခြင်းဖြစ်သည်။ (အင်တာနက်) ** ရော်ဂျာဖက်ဒဲရားနံပါတ်တစ်ရပ်တည်** ရော်ဂျာဖက်ဒဲရားသည် အောက်တိုဘာ ၁၁ ရက်က ရှန်ဟိုင်းမာစတာတင်း နစ်ပြိုင်ပွဲတွင် ဝေါရင်ကာအား ၄-၆၊ ၇-၆၊ ၆-ဝ ဖြင့် အနိုင်ရပြီးနောက် ကမ္ဘာ့နံပါတ် တစ် တင်းနစ်ကစားသမားအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ သည်။ ဂရင်းဆလမ်ဖလား (၁၇)ကြိမ်ဆွတ်ခူးခဲ့ဖူးသည့် ရော်ဂျာဖက်ဒဲရားသည် ကမ္ဘာ့နံပါတ်တစ်နေရာကို ပြန်လည်ရောက်ရှိလာ၍ သီတင်းပတ်ပေါင်း ၃ဝဝ မြောက်အဖြစ် ပြန်လည်ရပ်တည် နိုင်ခဲ့သည်။ (အင်တာနက်) ** ကမ္ဘာ့ဂေါက်ဖိုင်နယ်ဖလားဂျပ်စတင်းရို့  စ်ဆွတ်ခူး** (အက်ကာရာ အောက်တိုဘာ ၁၃) တူရကီနိုင်ငံ၌ ကမ္ဘာ့ဂေါက်ဖိုင်နယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၂ ရက်က ဂျပ်စတင်း ရို့စ်က ကီဝက်စ်ဝုဒ်ကို တစ်ချက်အသာရပြီး ဖလားဆွတ်ခူး ရရှိသွားခဲ့သည်။ အကြိုဗိုလ်လုပွဲတွင် တိုက်ဂါးဝုဒ်ကို အနိုင်ရခဲ့သော ဂျပ်စတင်းရို့စ်သည် ၂၅ ကိုက်အကွာမှ ဘာဒီရအောင် ကစား နိုင်ခဲ့သော လီဝက်စ်ဝုဒ်ကို ပထမကျင်း၌ပင် ဦးဆောင်ကစား နိုင်ခဲ့သည်။ ဂျပ်စတင်းရို့စ်သည် ကျင်းအမှတ် (၁၇)တွင်လည်း ၂၅ ကိုက်အကွာမှ ဘာဒီရအောင် ကစားနိုင်ခဲ့သည်။ ဂျပ်စတင်းရို့စ်သည် အဆိုပါပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲ ခဲ့သဖြင့် ဆုဖလားနှင့်အတူ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ဆွတ်ခူးရရှိသွားခဲ့သည်။ (ရိုက်တာ)

 ** အင်္ဂလန်၊စပိန်နဲ့ဂျာမနီတို့ဂိုးပြတ်သွင်း နိုင်ပွဲတွေရယူခဲ့တဲ့ ဥရောပဇုန်ခြေစစ်ပွဲများ**
( လန်ဒန် အောက်တိုဘာ ၁၃ )၂ဝ၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ဥရောပဇုန်ခြေစစ်ပွဲတွေကို အောက်တိုဘာ ၁၃ ရက် နံနက်ကယှဉ်ပြိုင်ကစားကြတဲ့အခါ အုပ်စု (ဇ)ရဲ့ အင်္ဂလန်နှင့်ဆန်မာရီနိုအသင်းတို့ ပွဲမှာ ရွန်နေနှင့် ဝဲလ်ဘတ်တို့ဂိုးတွေနဲ့ အင်္ဂလန် တို့ ငါးဂိုးပြတ်သွင်းပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အိမ်ဖြည့်အဆင့်လောက်ပဲရှိတဲ့ ဆန် မာရီနိုအသင်းကို အစောပို င်း ပွဲချိ န် တွေမှာ အင်္ဂလန်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ပွဲချိန် ၃၅ မိနစ်မှာ ပယ်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် ရွန်နေကအဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၃၇ မိနစ်မှာ ဝဲလ်ဘတ်က တစ်ဂိုးသွင်းယူနိုင်ခဲ့ တာမို့ ပထမပိုင်းပွဲချိန်အပြီးမှာ အင်္ဂလန်တို့က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် မိနစ် ၇ဝ မှာတော့ ရွန်နေ ကတစ်ဂိုးထပ်မံသွင်းပြီး ၇၂ မိနစ်မှာ ဝဲလ်ဘတ်က တစ်ဂိုး ထပ်မံသွင်းယူခဲ့ပြန်ပါတယ်။ ဆန်မာရီနို အသင်းဟာ ချေပဂိုးပြန်သွင်းနိုင်ဖို့ ကြိုးစားခဲ့ပေ မယ့် အရာမထင်ခဲ့ပါဘူး။ ဆန်မာရီနိုတိုက်စစ်မှူး တွေက အင်္ဂလန်နောက်တန်းကို ထိထိရောက် ရောက်မထိုးဖောက်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၇၇ မိနစ် မှာတော့ ချမ်ဘာလိန်းက အင်္ဂလန်အတွက် တစ်ဂိုးသွင်းယူခဲ့တာမို့ ပွဲအပြီးမှာ အင်္ဂလန် အသင်းက ငါးဂိုးပြတ်နှင့် အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲအနိုင်ရရှိခဲ့တာမို့ အင်္ဂလန်အသင်းဟာ အုပ်စု (ဇ) မှာ သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ခုနစ်မှတ်ရရှိပြီး အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည် နေပါတယ်။ အုပ်စု(ဈ)ရဲ့ ဘီလာရုစ်နဲ့ စပိန်အသင်းတို့ ပွဲမှာ စပိန်အသင်းက ဘီလာရုစ်ကွင်းမှာ သွား ကစားရပေမယ့် လေးဂိုးပြတ်သွင်းပြီး အနိုင်ယူ ကာ အိမ်ပြန်နိုင်ခဲ့ ပါတယ်။ ဒီပွဲမှာလည်း စပိန် တို့က ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး ဘီ လာရုစ်ဂိုးပေါက်ကို အကြိမ် ကြိမ်ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ စပိန်အသင်းရဲ့ ဂိုးတွေကိုတော့ ပွဲချိန် ၁၂ မိနစ်မှာ အယ်လ်ဘာက တစ်ဂိုး၊ ပွဲချိန် မိနစ် ၂ဝ မှာ ရိုဒရီကွက်ဇ်က တစ်ဂိုး၊ ၆၉ မိနစ်နဲ့ ၇၂ မိနစ်တွေမှာလည်း ရိုဒရီကွက်ဇ်ကပဲ နှစ်ဂိုးဆက် တိုက်သွင်းယူပေးခဲ့လို့  ရိုဒရီကွက်ဇ်ဒီပွဲမှာ ဟက်ထ ရစ်ရယူနိုင်ခဲ့ပါတယ်။ ဘီလာရုစ်တို့  ချေပဂိုး တစ်ဂိုးမျှ မသွင်းနိုင်ဘဲ ပွဲအပြီးလေးဂိုးပြတ်နဲ့ ရှုံးနိမ့်  ခဲ့ရတာပါပဲ။ စပိန်အသင်းဟာ ဒီပွဲမှာ အနိုင်ရရှိ ခဲ့တာမို့ နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ခြောက်မှတ်နဲ့ အု ပ်စု(ဈ)မှ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အုပ် စု(ဈ) ရဲ့ နောက်တစ်ပွဲဖြစ်တဲ့ ဖင်လန်နဲ့ ဂျော်ဂျီယာတို့ကတော့ တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ ပါတယ်။ အုပ်စု(ဂ) ရဲ့ အိုင်ယာလန်နဲ့ ဂျာမနီ အသင်းတို့ပွဲမှာ ဂျာမနီတို့က ခြောက်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ ဂျာမနီအသင်းရဲ့ ဂိုးတွေကို တော့ ၃၂ မိနစ်နဲ့ မိနစ် ၄ဝ မှာ ရီ အက်စ်က နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။ ဆက်လက်ပြီး ၅၅ မိနစ်မှာ ပယ်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် အိုဇီးလ်က သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဆက် လက်ပြီး ဂျာမနီတို့ ထိုးဖောက်တိုက်စစ်ဆင်ခဲ့ ရာမှာ ၅၈ မိနစ်မှာ ကလိုဆေးက တစ်ဂိုး၊ ၆၁ မိနစ်နဲ့ ၈၃ မိနစ်မှာ ကာရို့စ်တစ်ဦးတည်း နှစ်ဂိုး သွင်းယူခဲ့လို့ ပွဲအပြီးမှာ ဂျာမနီအသင်းက ခြောက် ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျာမနီ အသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာမို့ အုပ်စု(ဂ) မှာ သုံးပွဲကစား၊ သုံးပွဲနိုင် ကိုးမှတ်ရရှိပြီး အုပ်စုထိပ် ဆုံးမှာ ရပ်တည်နေပါတယ်။ အုပ်စု(ဂ)ရဲ့ အခြားပွဲတွေဖြစ်တဲ့ ဖာရိုး ကျွန်းစုနဲ့ ဆွီဒင်တို့ပွဲမှာ ဆွီဒင်ကနှစ်ဂိုး-တစ်ဂိုး နဲ့အနိုင်ရယူခဲ့ပြီး ကာဇက်စတန်နဲ့ သြစတြီးယား အသင်းတို့ပွဲတွင် ကာဇက်စတန်က တစ်ဂိုး-ဂိုးမရှိနဲ့  အနိုင်ရရှိခဲ့ပါတယ်။ အုပ်စု(ခ)ရဲ့ အာမေးနီးယားနဲ့ အီတလီ အသင်းတို့ပွဲမှာ အီတလီတို့က သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ခုနစ်မှတ်ရရှိပြီး အုပ်စု(ခ) ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ အုပ်စု(ခ)ရဲ့ အခြားပွဲစဉ်တွေ ဖြစ်တဲ့ ချက်နဲ့မော်လ်တာအသင်းတို့ပွဲမှာ ချက် အသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘူလ်ဂေးရီးယားနဲ့ ဒိန်းမတ် အသင်းတို့ပွဲမှာ တစ်ဂိုးစီသရေပွဲဖြစ်ခဲ့တာမို့ အုပ်စု(ခ) မှာ ဘူလ်ဂေးရီးယားအသင်းက သုံးပွဲ ကစားတစ်ပွဲနိုင်၊ နှစ်ပွဲသရေနဲ့စုစုပေါင်း ငါးမှတ် ရရှိပြီး အုပ်စုဒုတိယနေရာမှာ ရပ်တည်နေ ပါတယ်။ အုပ်စု(က)ရဲ့ မက်ဆီဒိုးနီးယားနဲ့ခရို အေးရှားအသင်းတို့ပွဲမှာ မက်ဆီဒိုးနီးယားက တစ်ဂိုး-နှစ်ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ခရိုအေး ရှားအသင်းက အနိုင်ရရှိရေးအတွက် ခက်ခက် ခဲခဲကြိုးစားခဲ့ရပါတယ်။ ဆားဘီးယားနဲ့ဘယ်လ် ဂျီယံအသင်းတို့ပွဲမှာ ဘယ်လ်ဂျီယံတို့က အဝေး ကွင်းမှာ သုံးဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းက အခုပွဲကို အနိုင် ရရှိခြင်းဟာ တိုက်စစ်မှူးတွေက ရရှိလာတဲ့အခွင့် အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ခဲ့လို့ဖြစ်ပါ တယ်။ ဒီပွဲမှာ ဘယ်လ်ဂျီယံတို့ အနိုင်ရရှိခဲ့တာမို့ အုပ်စု(က)မှာ သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ နဲ့ စုစုပေါင်း ခုနစ်မှတ်ရရှိပြီး အုပ်စု(က)ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ခရို အေးရှားကလည်း သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲ သရေနဲ့ စုစုပေါင်း ခုနစ်မှတ်ရရှိကာ အုပ်စု(က) ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဆက်လက်ပြီး ဝေလနဲ့စကော့တလန် အသင်းတို့ပွဲမှာ ဝေလအသင်းက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။ ဒါကြောင့် ဝေလအသင်းက အုပ်စု(က)မှာ သုံးပွဲကစား၊ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနဲ့ သုံးမှတ်ရပြီး အုပ်စု(က) စတုတ္ထအဆင့်မှာ ရပ် တည်နေပါတယ်။ (ရိုက်တာ)

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)