ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 14, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်..အိုင်တီကုမ္ပဏီထူထောင်သူ လီရန်ဟောင်ဖြစ်လာ**
 (ပေကျင်း အောက်တိုဘာ ၁၃) တရုတ်နိုင်ငံမှ အင်တာနက်ရှာဖွေရေး အင်ဂျင်ဘိုင်ဒုကို တည်ထောင်သူ လီရန်ဟောင်သည် ၂ဝ၁၂ဟူရန်အိုင်တီ အချမ်းသာဆုံးစာရင်းတွင် အချမ်းသာဆုံး အိုင်တီလူသားဖြစ်လာကြောင်း အောက်တိုဘာ၁၂ ရက်က ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ဟူရန်သုတေသနဌာနက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသော စာရင်းတွင်လီသည် ယွမ်ငွေ ၄၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံခန့်) ချမ်းသာကြောင်း ခန့်မှန်းထားသည်။ လီရန်ဟောင်၏နောက်တွင် အင်တာနက်ထိပ်တန်းကုမ္ပဏီတန်ဆင့်နှင့် အခြားအင်တာနက် ထိပ်တန်း ကုမ္ပဏီနက်စ်အိတ်စ်တို့ဖြစ်ပြီး ဒုတိယနှင့် တတိယအချမ်းသာဆုံး ကုမ္ပဏီများဖြစ်ကြသည်။ အဆိုပါအစီရင်ခံစာကို ယွမ်ငွေ ၇ ဒသမ ၁ ဘီလီယံအနည်းဆုံးချမ်းသာသော တရုတ်နိုင်ငံသား၅ဝ ကို စာရင်းကောက်ယူထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် ၁၉၉၉ ခုနှစ်မှစပြီးအချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းများထုတ်ပြန်ခဲ့ရာ ယခုနှစ်သည် (၁ဝ)နှစ်မြောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (ဆင်ဟွာ)

** နေတိုးတပ်မှူးသစ် ရွေးချယ်**
 အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဒန်းဖို့ဒ်အား အာဖဂန်နစ္စတန်နိုင်ငံရှိ နေတိုးတပ်ဖွဲ့ ဝင်များ၏တပ်မှူးအဖြစ် ခန့်အပ်ရန် ရွေးချယ်ထားကြောင်း အောက်တိုဘာ ၁ဝ ရက်က ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ဗိုလ်ချုပ်ကြီး ဂျွန်ကောလင်းသည် ဥရောပမဟာမိတ်တပ် အကြီးအကဲနှင့် အမေရိကန်၊ ဥရောပတပ်မှူးဖြစ်လာလိမ့်မည်ဟု ဆိုသည်။ ဒန်းဖို့ဒ်သည် မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန် မြို့သားဖြစ်ပြီး ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးဖြစ်သည်။ ၄င်းသည် လောလောဆယ် အမေရိကန်မရိန်းတပ်ဖွဲ့၏ လက်ထောက် တပ်မှူးဖြစ်သည်။ ဆီးနိတ်လွှတ်တော်က ၄င်းအား အတည်ပြုပြီး လျှင် ဗိုလ်ချုပ်ကြီး ဒန်းဖို့ဒ်သည် အာဖဂန်နစ္စတန်နိုင်ငံရှိ နေတိုး တပ်ဖွဲ့၏ တပ်မှူးဖြစ်လာမည်ဖြစ်သည်။ ၄င်းသည် ၂ဝဝ၃ ခုနှစ်က အီရတ်ကိုကျူးကျော်တိုက်ခိုက်စဉ်အတွင်း မရိန်းတပ်ဖွဲ့ဝင်အမှတ် (၅)တပ်ရင်း၏တပ်မှူးအဖြစ်ပါဝင်ခဲ့သူဖြစ်သည်။ (ရိုက်တာ)

 **ဥရောပဂြိုဟ်တုနှစ်လုံး ရုရှားလွှတ်တင် ** 

(ဂိုင်ယာနာ အောက်တိုဘာ ၁၃) ဥရောပ၏ တည်နေရာပြစနစ်သုံးထားသော တတိယနှင့် စတုတ္ထဂြိုဟ်တုနှစ်လုံးကို အောက်တိုဘာ ၁၂ ရက်က ပြင်သစ် ဂိုင်ယာနာမှတစ်ဆင့် ရုရှားဆိုယုဇ်ဒုံးပျံဖြင့် လွှတ်တင်လိုက်ပြီဖြစ် ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ဂြိုဟ်တုများသည် ဥရောပဂျီပီအက်စ်စနစ်ကို တိုးတက်ကောင်းမွန်ရန် ဖန်တီးလိုက်ခြင်းပင်ဖြစ်ကြောင်း၊ ယင်း အတွက် ယူရိုငွေ သန်းပေါင်းများစွာ ကုန်ကျခဲ့ကြောင်း ဥရောပ အာကာသအေဂျင်စီ(အီဆာ)က ပြောကြားသည်။ ယခုအခါ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဥရောပကမ္ဘာ မြေပြင်စူးစမ်းလေ့လာရေးဂြိုဟ်တုလေးလုံးအထိ လွှတ်တင်နိုင်ခဲ့ ပြီဖြစ်ကြောင်း၊ ပထမနှင့်ဒုတိယ ဂြိုဟ်တုများကို ၂ဝ၁၁ ခုနှစ်က လွှတ်တင်ခဲ့ကြောင်း ဥရောပအာကာသအေဂျင်စီက ပြောကြား သည်။ အဆိုပါဂြိုဟ်တုနှစ်လုံးကို ရုရှားဆိုယုဇ်ဒုံးပျံအက်စ်တီ ဘီက ဒေသစံတော်ချိန် ၁၅ နာရီ ၁၅ မိနစ်တွင် လွှတ်တင်လိုက် ခြင်းဖြစ်သည်။ လွှတ်တင်ပြီး သုံးနာရီနှင့် ၄၄ မိနစ်အကြာ အမြင့် ကီလိုမီတာ ၂၃၂၅ဝ သို့ ရောက်ရှိကာ ဒုံးပျံက ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းအတွင်း ချထားပေးနိုင်ခဲ့သည်။ (ရိုက်တာ)

** ရှစ် လကြာပြန်ပေးဆွဲထားသည့်ဂရိသင်္ဘောပင်လယ်ဓားပြများပြန်လွှတ်**
( အေသင် အောက်တိုဘာ ၁၃) ဂရိနိုင်ငံသားတစ်ဦးပိုင် ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီ ပင်လယ် ဓားပြများက ရှစ်လကြာအပိုင်စီးထားခဲ့ပြီးနောက် အိုမန်နိုင်ငံ ကမ်းလွန်ရေပြင်တွင် ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း ဂရိအရာရှိ များက အောက်တိုဘာ ၁၃ ရက်၌ သတင်းထုတ်ပြန်သည်။ လိုင်ဘေးရီးယားနိုင်ငံ အလံလွှင့်ထူထားပြီး ဂရိနိုင်ငံသား တစ်ဦးပိုင်ဆိုင်သည့် ယင်းသင်္ဘောပေါ်တွင် ဖိလစ်ပိုင် သင်္ဘောသား ၂၁ ဦးလိုက်ပါသွားခဲ့ရာ ယခုအခါ အားလုံးပြန်လည်လွတ်မြောက်လာခဲ့ သည်။ ယင်းတို့အားလုံးမှာလည်း ကျန်းမာရေးကောင်းမွန်ကြောင်း ၄င်းတို့က ပြောကြားသည်။ အဆိုပါသင်္ဘောပြန်လည်လွတ်မြောက်ရန် ၄င်းသင်္ဘောကုမ္ပဏီက အမေရိကန်ဒေါ်လာ ငါးသန်းကို ဆိုမာလီဓားပြများအား ပေးဆောင်ခဲ့ရ ကြောင်း ဂရိသတင်းဌာနအမ်နာက ဖော်ပြသည်။ ယင်းကုန်တင်သင်္ဘောသည် သံ မဏိများကို တင်ဆောင်ကာ အီဂျစ်နိုင်ငံမှ စင်ကာပူနိုင်ငံသို့မောင်းနှင်လာစဉ် ဆိုမာလီပင်လယ် ဓားပြများက အပိုင်စီးသွားခဲ့ခြင်းဖြစ်သည်။ ယခုသီတင်းပတ် အစောပိုင်းကလည်း လောင်စာဆီ၃၂ဝဝဝ မက်ထရစ်တန်တင်ဆောင်ထားသော ဂရိသင်္ဘောတစ်စင်း ကို ဆိုမာလီဓားပြများက အာဖရိကအနောက်ပိုင်း ရေပြင်တွင်ပြန်လည် လွှတ်ပေးခဲ့သည်။ (ဆင်ဟွာ)

** တရုတ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကြောင့်  ယခုနှစ် ပထမကိုးလအတွင်း လူပေါင်း ၁၂၆၃ ဦးသေဆုံး**
(ပေကျင်း အောက်တိုဘာ ၁၃) တရုတ်နိုင်ငံတစ်ဝန်းတွင် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ သဘာဝဘေးအန္တရာယ်များကြောင့် စုစုပေါင်း လူ ၁၂၆၃ ဦး သေဆုံးခဲ့ပြီး ၁၈၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်သော အစိုးရ စာရင်းဇယားများ၌ ဖော်ပြထားသည်။ တရုတ်ပြည်မကြီးတွင် ဒေသခံပြည်သူ သန်းပေါင်း ၃၁ဝ သဘာဝဘေး အန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ အဆိုပါ သဘာဝဘေးများကြောင့် တရုတ် ယွမ်ငွေ ၃၄၇ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅ ဘီလီယံ) စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်သူ့ရေးရာအမျိုးသားသဘာဝ ဘေးအန္တရာယ် လျှော့ချရေးကော်မတီက ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။၎င်းသဘာဝဘေးအန္တရာယ်များကြောင့် နေအိမ်ပေါင်း ၈၂၅ဝဝဝ ပြိုကျ ပျက်စီးခဲ့ပြီး လယ်ယာမြေဟက်တာပေါင်း ၃၂ ဒသမ ၅ သန်း ထိခိုက်ခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အချိန်ကာလအတွင်း တရုတ်နိုင်ငံတွင် ရေလွှမ်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ တိုင်ဖွန်း မုန်တိုင်းများဝင်ရောက်ခြင်း၊ မိုးခေါင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဓာတုဗေဒသုံးစွဲထားသော ကောက်ပဲသီးနှံများမှတစ်ဆင့် ရောဂါကူးစက်ခြင်း၊ အပူချိန်ကျဆင်းခြင်း၊ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခြင်းနှင့် သဲမုန်တိုင်းများတိုက်ခိုက်ခြင်းနှင့် အခြားသော သဘာဝ ဘေးအန္တရာယ်များအပါအဝင် ဘေးအန္တရာယ်ပေါင်းစုံ ဖြစ်ပေါ်ခဲ့သည်။ တရုတ်တောင်ပိုင်းဒေသများတွင် ယခုနှစ်အတွင်း လေပြင်းများတိုက်ခတ် ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေလွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ် မြောက်ပိုင်းဒေသတွင် မိုးရွာသွန်းမှုကြောင့် တောင်တန်းများမှ ရေများဒလဟော စီးဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ်းခြေဒေသများတွင် တိုင်ဖွန်းမုန်တိုင်းများ ဝင်ရောက်ခြင်းနှင့် အနောက်ပိုင်းဒေသများတွင် ငလျင်လှုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ (ဆင်ဟွာ)

 ** ထိုင်းအခြေခံအဆောက်အအုံကဏ္ဍ ဒေါ်လာဘီလီယံ ၉ဝ ရင်းနှီးမြှုပ်နှံမည်**
 ထိုင်းအစိုးရက အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရန် အမေရိကန်ဒေါ်လာ ဘီလီယံ ၉ဝ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားရန် စီစဉ်လျက်ရှိကြောင်း အောက်တိုဘာ ၉ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ရေးသားဖော်ပြသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုသည် ထိုင်းနိုင်ငံသမိုင်းတွင် အများဆုံးဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ရင် လတ်ရှင်နာဝပ်က ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ဖရင့်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားလိုက်သည်။ ထိုသို့ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းသည် အာဆီယံစီးပွားရေး အသိုက်အမြုံ (အေအီးစီ)နှင့် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) တို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လုပ်ကိုင် ခြင်းလည်းဖြစ်ကြောင်း သူမကပြောကြားသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - တင်မောင်လွင်

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)