(ဒီလာဝယ်လ်၊ အောက်တိုဘာ - ၁၃)
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ်ပြည်နယ်၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသည့် ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC) ဟုခေါ်သော ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်းက အိုင်အိုဝါပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုးအနိုင်ယူခဲ့သည်။ ''The Burmes Pytohon'' ဟုချစ်စနိုးခေါ်ဝေါ်ကြသော အောင်လသည် ပွဲကို ဖြည်းဖြည်းချင်းစတင်ခဲ့ရာ ပြိုင်ဘက် ဂျက်ဆင်လောက်ထံမှ မျက်နှာနှင့် ခန္ဓာကိုယ်သို့ပစ်သွင်းသည့် လက်သီးချက်များ ထိမှန်ခဲ့ရသည်။ သို့သော် အောင်လက ရှေ့ဆက်ထိုးရန် တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီးမစ္စတာဂျက်ဆင်လောက် ထောင့်ကပ်မိချိန်တွင် အောင်လက အသည်းနေရာသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ ဂျက်ဆင်တစ်ယောက် ရှူးရှူးရှားရှား ရှေ့တိုးလာသည်။ ထို့နောက်အောင်လက ဘယ်လက်သီးများ ဆက်တိုက်လွှတ်ထိုးရင်း ညာလက်သီးတစ်လုံးလျှပ်တစ်ပြက်ပစ်သွင်းလိုက်ရာ ပြိုင်ဘက် ဂျက်ဆင်မှာ မလှုပ်မယှက်နောက်ကောက်ကျ ဖြစ်သွားသည်။ အသက် ၂၇ နှစ်အရွယ် အောင်လက အဆိုပါလက် ဝှေ့ပွဲမှ အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာရငွေအားလုံးကို ကချင်စစ်ဘေးဒုက္ခသည်များကို လှူဒါန်းမည်ဟု ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။
Photo- sherdog.com
The Voice Weekly --
Posted By အောင်မျိုးကျော်
-အမေရိကန် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွင် မြန်မာပြည်မှ အောင်လက ပြိုင်ဘက်အား အလဲထိုး-

No comments:
Post a Comment