-မြန်မာပြည်သား ဘလော့ဂ်တင်ဆက်မှု ၄ နှစ်မြောက် အမှတ်တရ-
ယနေ့ (အောက်တိုဘာလ ၉ရက်နေ့) သည် နိုင်ငံတကာတော်လှန်ရေးဝါဒီဖြစ်သော “ရဲခေါင် ပြောက်ကျားချီဂွေဗားရား” ကျဆုံးနေသောနေ့ဖြစ်သည်။ ဤနေ့ကိုပင် ဂုဏ်ပြုသောအားဖြင့် မိမိတို့မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာ ပြည်သားဘလော့ဂ်ကို၂၀၀၈ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ယနေ့အထိ နေ့စဉ်မပျက်တင်ဆက်ခဲ့ပါသည်။ ဤသို့တင်ဆက်ရာတွင် စတင်သည် မှ ယနေ့အထိတိုင် နည်းပညာပိုင်း အကူအညီပေးခဲ့သော နေ့သစ်မီဒီယာအဖွဲ့အားလည်း ကောင်း၊ ကောင်းနိုးရာရာစာများကို အီးမေးလ်မှတဆင့်ပို့ပေးခဲ့သော မှော်ဆရာအုပ်စု၊ လွမ်းနေ သူအုပ်စုနှင့် အခြားဂရုမေးလ်အုပ်စုများအားလည်းကောင်း၊ မီဒီယာကျင့်ဝတ်အရ ခွင့်တောင်း ပြီးမှ ဖော်ပြသင့်ပါလျက်နှင့် မိမိတို့ဖတ်ရှုပြီး ခွင့်မတောင်းပဲ ဖော်ပြခဲ့သော စာအချို့၏ မူလစာ ရေးသူများအားလည်းကောင်း ကျေးဇူးတင်လျက်ရှိပါကြောင်းနှင့်ဆက်လက်ပြီး စဉ်ဆက်မပြတ် တင်ဆက်သွားမည့်အကြောင်း အမှတ်တရဖော်ပြလိုက်ရပေသည်။
**မြန်မာပြည်သားဘလော့ဂ်**

No comments:
Post a Comment