ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 29, 2012

> -လူထုကျန်းမာရေး (ဘီယာဗိုက်အကြောင်း အမှန်တရားများ)-
**Public Health**
သင်ဟာ ဘီယာကို နှစ်ပေါင်းများစွာ
 သောက်သုံးခဲ့လို့ ယခုတော့ သင့်ရဲ့
ဗိုက်ဟာ စည်ပိုင်းလေးလို ပူနေပြီလား။
သင်ဟာ ဒီလို “ဘီယာဗိုက်” ပိုင်ရှင်
 ဖြစ်နေခဲ့ပြီ ဆိုရင် သေချာတာ တစ်ခုက သင်တစ်ယောက်တည်း မဟုတ်ပါဘူး
 ဆိုတာပါပဲ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘီယာ စွဲစွဲမြဲမြဲ သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့

 အမျှ ဗိုက်ရွှဲလာဖို့ သေချာပါတယ်။ အထူးသဖြင့် ယောက်ျားတွေက ဘီယာသောက်တာချင်း အတူတူ မိန်းမတွေထက် ပိုဗိုက်ရွှဲကြကြောင်း သိရပါတယ်။ ဘီယာဗိုက်လို ဗိုက်ရွှဲရွှဲဟာ ဘီယာကြောင့်ပဲ ဖြစ်ရတာလား ??? ဘီယာသောက်သူတိုင်းမှာ ဘီယာဗိုက် မရှိကြသလို တချို့ အားကစားသမားတွေဟာလဲ အသက်အရွယ် နည်းနည်းလေး ရလာရုံနဲ့ အရမ်းဗိုက်ပူ တတ်ကြပါတယ်။ ဒါဆို ဘယ်အရာက အမျိုးသားအများစုနဲ့ အမျိုးသမီးအချို့ကို ဗိုက်ရွှဲစေတာ ပါလိမ့်။ အဖြေက ရှင်းပါတယ်။ သင့်ရဲ့ သေသပ်ချပ်ရပ်တဲ့ ခါးကို ဘောင်းဘီရှေ့မှာ ပူထွက်လာစေတာ ဘီယာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကယ်လိုရီတွေ များများ စားလို့ ဖြစ်ပါတယ်။ နေ့စဉ်စားလိုက်တဲ့ အစားအသောက်တွေထဲမှာ ပါတဲ့ ကယ်လိုရီ ဆိုတဲ့ စွမ်းအင်ပမာဏထက် အဆမတန် လှုပ်ရှားမှုနည်းရင် ဗိုက်မှာ အဆီစုလာမှာ သေချာပါတယ်။ ကယ်လိုရီမြင့်တဲ့ အစားအသောက်များ ဖြစ်တဲ့ အရက်၊ သကြားပါသော အချိုရည်များ၊ ကစီဓာတ်နဲ့ အဆီဓာတ်ပေါ် အခြေခံထားတဲ့ အစားအသောက်များ (အမြည်း) စတာတွေအားလုံးဟာ သင့်ကို ဗိုက်ရွှဲစေပါလိမ့်မယ်။ ဘီယာတစ်ခု တည်းကြောင့် ဗိုက်ရွှဲတာတော့ မဟုတ်ပါဘူး။ “ယေဘုယျသဘော ပြောရရင် ဘီယာပဲဖြစ်ဖြစ် အရက်ပဲဖြစ်ဖြစ် သောက်တဲ့သူများဟာ ခါးတုတ်လာဖို့ သေချာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသည်းက ကယ်လိုရီများများကို ဘီယာတွေ အရက်တွေထဲမှာ ပါနေတဲ့ အယ်လ်ကိုဟောဆီကနေ ရတဲ့ အတွက် ခန္ဓာကိုယ်ထဲက အဆီတွေကို ချေ ဖျက်ခြင်း မလုပ်တော့လို့ ဖြစ်ပါတယ်” လို့ အင်ဒိုခရိုင်းပါရဂူ နဲ့ အ၀လွန်မှု သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ Michael Jensen က ရှင်းပြပါတယ်။ ပုံမှန် ဘီယာ တစ်ခွက်မှာ ကယ်လိုရီ ၁၅၀ လောက်ပါပါတယ်။ လူတစ်ယောက်ဟာ (အလုပ်ကြမ်းသမား မဟုတ်ရင်) တစ်နေ့လုံး ပုံမှန် သွားလာ လှုပ်ရှားဖို့ ကယ်လိုရီ ၃၀၀၀ ကနေ ၄၀၀၀ ကြားရရင်ပဲ လုံလောက်နေတာမို့ ဘီယာသောက်ရင် သင်တစ်ထိုင်ထဲ ဘယ်နှခွက်လောက် သောက်သလဲ တွက်ကြည့်ပါဦး။ သေချာတာကတော့ ကယ်လိုရီတွေကို အ၀င်နဲ့ အထွက် မမျှတစေတော့ပဲ overload ဖြစ်စေမှာ ပါပဲ။ နောက်တစ်ချက်က ဘီယာနဲ့မြည်းတဲ့ အစားအသောက်တွေ ကြောင့်လည်း ပါပါတယ်။ အယ်လ်ကိုဟောဟာ သင့်ကို ခံတွင်းကောင်းကောင်း လိုက်စေတော့ သောက်ထားတဲ့အချိန်မှာ စားကောင်း နေတတ်တာမို့ ပုံမှန်အချိန်ထက် ပိုဝင်တတ်ပါတယ်။ ဒါ့အပြင် ဘီယာနဲ့ မြည်းဖို့ ဆိုင်တွေ မှာ ရောင်းတဲ့ စားစရာတွေကလည်း ပီဇာ၊ အာလူးကြော်၊ တောင်ပံအကြွပ်ကြော် စတဲ့ ကယ်လိုရီများတဲ့ ဆီကြော်မုန့်တွေ ဖြစ်နေတတ်လို့ပါပဲ။

**ကျန်းမာရေး အန္တရာယ် နည်းအောင် ဘယ်လို သောက်မလဲ ???**
 ကျွန်တော်လဲ ဘီယာကြိုက်သူတစ်ယောက် ပါပဲ။ ဒါကြောင့် ဒီနေရာမှာ အကြံပြုလိုတာက ဘီယာသောက်ရင် တတ်နိုင်သမျှ ဆီကြော်မုန့် တစ်မျိုးလောက်ပဲ ထည့်ပြီး အသီးအရွက်ကြော်တွေ ပါအောင် မြည်းစေချင်ပါတယ်။ အသီးအရွက်ကြော်တွေဟာ ဆီကြော်မုန့်တွေထက်တော့ ကယ်လိုရီနည်းပါတယ်။ အသီးအရွက်သုပ်တွေကို အစားထိုးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ပန်းဂေါ်ဖီ အစိမ်းနဲ့ ချောကလက်တို့ရဲ့ အဆီနဲ့ ကယ်လိုရီပမာဏချင်း နှိုင်းယှဉ်ပြထားတဲ့ ပုံပါ ပြီးတော့ သီဟိုဠ်စေ့လို အဆန်မျိုးတွေနဲ့ တွဲမြည်းရင် သွေးကြောတွေ အသည်းတွေကို အယ်လ်ကိုဟောဒဏ်ကြောင့် ပျက်စီးခြင်းမှ ခံနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တကယ်တန်ဖိုးရှိတဲ့ အချက်တစ်ခု ပြောပြရရင် အရက်ဘီယာ တစ်ခုခု သောက်ခါနီးမှာ နျုရိုဘီယမ်အပြာ၊ အင်နာဗွန်စီ တို့လို Vitamin B Complex ပါတဲ့ အားဆေးတစ်ခုခု ကြိုသောက်ခြင်းဟာလည်း အသည်းခြောက်ခြင်းကို တစ်ဖက်တစ်လမ်းက ထိထိရောက်ရောက် ကာကွယ်နိုင် တာ သေချာပါတယ်။

အရက်ကို အသည်းထဲမှာ အဆိပ်မဖြစ်အောင် ဖျက်ဖို့ ခန္ဓာကိုယ်က B1 လိုပါတယ်။ အရက်နဲ့ မျက်နှာသစ်ပြီး နေ့နေ့ညည သောက်နေတဲ့ သူတွေ၊ ဒါမှမဟုတ် နည်းနည်းသောက်ပေမယ့် နေ့စဉ်မှန်မှန် သောက်သူတွေမှာ B1 ချို့တဲ့နေမှာ သေချာပါတယ်။ B1 တွေ မရှိတော့ရင် အသည်းက ဖြစ်ရာ ရရာ နည်းတွေနဲ့ အယ်လ်ကိုဟောကို ချေဖျက်ပါတယ်။ ဒီအခါမှာ အသည်းထိပါတယ်။ ကြာလာရင် အသည်းအဆီ စဖုံးလာကာ အသည်း ကြီးလာပါတယ်။ အသည်းရောင် သွားလို့ပါ။ နောက်ကြာလာရင်တော့ အသည်းက မကြီးတော့ဘဲ ကျုံ့ကျုံ့လာပါတယ်။ အသည်းခြောက်ခြင်းဟာ အဲသလို ဖြစ်ရတာ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီတော့ B1 လုံးဝ ချို့တဲ့မနေဘူး ဆိုရင် အသည်းခြောက်ခြင်း အန္တရာယ် ရာခိုင်နှုန်းများစွာ လျော့ကျသွားမှာ သေချာပါတယ်။ ဆေးကျောင်းသား ဘ၀ကနေ အခုအထိ ၀ိုင်းဖွဲ့နေကျ ကျွန်တော်တို့ သူငယ်ချင်းတွေဆို အင်နာဗွန်စီလေးတွေ မသောက်ခင် ကြိုသောက် ကြပါတယ်။ ကောင်းရော……..Tongue out ယောက်ျားလေးနဲ့ မိန်းကလေးတွေဟာ အရွယ်မရောက်ခင် အထိတော့ အဆီစုပုံချင်း တူကြပေမယ့် အရွယ်ရောက်ပြီးရင်တော့ မတူတော့ပါဘူး။ အမျိုးသမီးတွေကျတော့ ကယ်လိုရီတွေဟာ အဆီအဖြစ် လက်မောင်း၊ ပေါင် နဲ့ တင်ပါးတွေမှာ အများဆုံး သွားစုကြပြီး ဗိုက်မှာတော့ စုတာ နည်းသွားပါတယ်။ အမျိုးသားတွေကျတော့ လက်မောင်း၊ ပေါင် နဲ့ တင်ပါးတွေမှာ အဆီတွေ သိပ်မရှိလို့ နောက်လာတဲ့ အဆီတွေက အဲနေရာတွေကို မသွားတော့ဘဲ ဗိုက်မှာ အများဆုံး စုကြတာ ဖြစ်ပါတယ်။ ဘီယာဗိုက်ဟာ အသက်ကြီးရင်လည်း ပိုထင်ရှားလာပါတယ်။ အကြောင်းရင်းတွေက အသက်ကြီးလာသူတွေရဲ့ ခန္ဓာကိုယ်က ကယ်လိုရီ လိုအပ်မှု နည်းလာလို့၊ အပင်ပန်းမခံနိုင်တော့တဲ့ အတွက် လှုပ်ရှားမှု နည်းလာလို့ ဖြစ်ပါတယ်။ အမျိုးသားကော အမျိုးသမီးတွေမှာပါ အသက်လေးရလာတာနဲ့ မျိုးပွားဟော်မုန်း ပမာဏကလည်း လျော့နည်း ကျဆင်းလာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အလယ်ပိုင်း (ခါး) မှာ အဆီစုလာကြတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာလည်း ခါးမှာ အဆီစုဖို့ နီးစပ်တယ်လို့ ကျန်းမာရေး ပညာရှင်များက ဆိုပါတယ်။ 

 **ဘီယာဗိုက် ရှိရင် ဘာအန္တရာယ်တွေ ဖြစ်နိုင်သလဲ** 
 မကောင်းတဲ့ အချက်တွေဟာ အလှအပ ပျက်ပါတယ်၊ ဘောင်းဘီတွေ မတော်တော့ပါဘူး ဆိုတဲ့ အချက်တွေ ထက် ပိုပါတယ်။ ဆီးချိုအမျိုးအစား အမှတ် ၂၊ သွေးတိုးနဲ့ နှလုံးသွေးကြောပိတ်ခြင်း ဆိုင်ရာ ရောဂါများ တိတိကျကျကို ဖြစ်စေနိုင်ပါတယ်။ ၀တာချင်း တူရင်တောင် ဗိုက်ရွှဲတဲ့ သူတွေက ပေါင်တွေ တင်ပါးတွေမှာ ၀တဲ့ သူတွေထက် အန္တရာယ် ပိုများပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ ဗိုက်ပေါ်မှာ အဆီတွေ အများကြီး စုနေတယ် ဆိုရင် ၀မ်းဗိုက်ထဲက ကလီစာတွေ ပတ်ပတ်လည်မှာပါ အဆီတွေ ဖုံးနေတယ်ဆိုတာ ညွှန်ပြနေတာ ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ် ကြီးပါတယ်။ ကလီစာတွေ ဘယ်လောက်အထိ အဆီဖုံးနေသလဲ ဆိုတာကို ခါးအ၀န်း (waist circumference) တိုင်းတာခြင်းဖြင့် ခန့်မှန်းနိုင်ပါတယ်။ ခါးအ၀န်းဟာ အမျိုးသမီးတွေမှာ ၃၅ လက်မ၊ အမျိုးသားတွေမှာ လက်မ ၄၀ ထက်ကျော်မယ် ဆိုရင် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေ ဖြစ်ပြီး သက်တမ်းကို တိုးစေတဲ့ သက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် သင့်ရဲ့ကျန်းမာရေးအတွက် သင့်ရဲ့ ခါးဆိုက်ကို ဒီလက်မတွေထက် မကျော်အောင် ထိန်းထားသင့်ပါတယ်။ 

**ဗိုက်ရွှဲခါးတုတ်ခြင်းကို ဘယ်လို လျှော့မလဲ**
 ဗိုက်ရွှဲခါးတုတ်ခြင်းကို လျှော့ချဖို့ ကယ်လိုရီ လျှော့စားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ ကလွဲရင် မှော်တန်ခိုးဆန်ဆန် နည်းလမ်းတွေ လုံးဝ မရှိပါဘူး။ ဗိုက်အဆီတွေကိုပဲ ရွေးချပေးတဲ့ အဆီချဆေးလည်း မရှိသလို အပြင်ကနေ ဆေးလိမ်း၊ စုပ်ထုတ်၊ အပူပေးတဲ့ နည်းတွေမှာလည်း ဆိုင်ရာ ဆိုးကျိုးတွေ ရှိနေပါတယ်။ တိရိ စ္ဆာန်အဆီ (ဥပမာ ၀က်ဆီ၊၀က်ခေါက်) တွေဟာ စားလိုက်ရင် ဗိုက်ခေါက်ထဲကို တိုက်ရိုက်တန်းဝင်တာကို စမ်းသပ်တွေ့ရှိထားရလို့ ဒါတွေကိုတော့ ဗိုက်ကျချင်ရင် ရှောင်ကြပါ။ အရက်နဲ့ ဘီယာ ယှဉ်ရင်တောင် ဘီယာက ပိုဗိုက်ရွှဲစေတာ အားလုံးသိမှာပါ။ ဘာလို့လဲ ဆိုတော့ အကြောင်းရင်းက ၂ ချက်ရှိပါတယ်။ သိတဲ့အတိုင်းပဲ ဘီယာသောက်ရင် ရေချိန်ရောက်အောင် များများ သောက်ရတော့ ကယ်လိုရီ အဆမတန် ရစေပါတယ်။ နောက်ပြီး ဘီယာထဲမှာ တစေးပမာဏ အများအပြား ပါဝင်ပါတယ်။ တစေးတွေနဲ့ ပုံမှန်ထိတွေ့နေတဲ့ အတွက်ကြောင့် အူတွေ ကလီစာတွေဟာ ကြီးထွားလာခြင်း (Organomegaly) ရလာစေပါတယ်။ ဒီနှစ်ချက်ကြောင့် ဘီယာဗိုက် ဖြစ်လာစေတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အယ်လ်ကိုဟော ဆိုရင်တော့ အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။ အရက်ကို ဘ၀နဲ့ ချီပြီး မက်ခဲ့လို့ ဘ၀နဲ့ချီပြီး ပျက်ခဲ့ရသူတွေ၊ ဝေဒနာမျိုးစုံ ရုပ်ပျက်ဆင်းပျက် ခံစားနေရသူတွေ ရှိနေတာကို မယုံရင် ဆေးရုံတွေမှာ သွားကြည့်ကြပါ။ (ဒီလူတွေထဲမှာ အသိဥာဏ် ပညာအဆင့်အတန်း နည်းတဲ့ အခြေခံ လူတန်းစားတွေ ပါသလို ပြည့်စုံကြွယ်ဝတဲ့ ပညာရှင်လူတန်းစားတွေလည်း ပါတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရက်နဲ့ ပတ်သက်ရင်တော့ ပညာသားပါပါ မဆင်ခြင်စွာ သောက်သုံးခဲ့ကြလို့ ဖြစ်တယ်ဆိုတာ ရောဂါရာဇ၀င်ယူခြင်း (History Taking) လုပ်ကြည့်သမျှ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဘ၀နဲ့ချီပြီး ထိခိုက်လောက်အောင်တော့ အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။ 

 **မြ၀တီ**

 by Myanmar Online News -- 

Posted By Blogger လူဗိုလ်

-လူထုကျန်းမာရေး (ဘီယာဗိုက်အကြောင်း အမှန်တရားများ)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)