**ဘယ်လာရုစ်တင်းနစ်မယ် အဇာရင်ကာ ကမ္ဘာ့နံပါတ်တစ်အဖြစ် ဆက်ရှိနေမည်** (အစ္စတန်ဘူလ် အောက်တိုဘာ ၂၇)
ဘယ်လာရုစ်တင်းနစ်မယ် ဗစ်တိုးရီးယား
အဇာရင်ကာ သည် တူရကီနိုင်ငံ
အစ္စတန်ဘူလ်မြို့၌ ကျင်းပလျက်ရှိသော ဒဗလျူတီအေချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် လီနာကိုအနိုင်ရပြီး
နှစ်ကုန်အထိ ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် အဖြစ် ဆက်လက်ရပ်တည်နိုင်တော့မည်ဖြစ်သည်။ သြစတြေးလျအိုးပင်းချန်ပီယံအဇာရင်ကာသည် တရုတ် တင်းနစ်မယ် လီနာအား ၇-၆ (၇-၄)၊ ၆-၃ ဖြင့် အနိုင်ရပြီး ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာနှင့် အကြိုဗိုလ်လုပွဲကစား ရမည်ဖြစ်သည်။ ရှာရာပိုဗာသည် သြစတြေးလျတင်းနစ်မယ် ဆမ်စတိုဆာအား ၆-ဝ၊ ၆-၃ ဖြင့် နိုင်ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ ရက်ဝမ်စကာက ဆာရာအာရန်နီအား ၆-၇ (၆-၈)၊ ၇-၅၊၆-၄ဖြင့်နိုင်ခဲ့ပြီး ဆီရီနာဝီလျံနှင့် အခြားအကြိုဗိုလ်လုပွဲ အဖြစ်ကစားရမည်ဖြစ်သည်။ ရက်ဝမ်စကာသည် ယင်းပြိုင်ပွဲကို သုံးနာရီနှင့် ၂၉ မိနစ်ကြာ ကစားခဲ့ရပြီး နှစ်ကုန်ပြိုင်ပွဲ သမိုင်း တစ်လျှောက်တွင် ပွဲချိန်အကြာဆုံးဖြစ်သည်။ (အင်တာနက်)
**ကာဂါဝါ သုံးပတ်နားရမည်**
(လန်ဒန် အောက်တိုဘာ ၂၇)
မန်ယူကွင်းလယ်ကစားသမား ကာဂါဝါသည် ဒူးခေါင်း ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် အနည်းဆုံး သုံးပတ်မှ လေးပတ် အနားယူရလိမ့်မည်ဖြစ်ကြောင်း ၄င်းကလပ်က ကြေညာသည်။ ကွင်းလယ်ကစားသမား ကာဂါဝါသည် ယခုနှစ် ပရီ မီယာလိဂ်မှစတင်ပြီး မန်ယူနှင့်အတူ ခြေစွမ်းပြကစားလာသူ ဖြစ်သည်။ (အင်တာနက်)
**သရေကျသော်လည်း အုပ်စုတက်နိုင်ဟု စပါးနည်းပြ ဗီးလက်ဘို့စ်ပြော**
(လန်ဒန် အောက်တိုဘာ ၂၇)
စပါးနှင့်မာရီဘာကလပ်တို့ အောက်တိုဘာ ၂၅ရက် က ယူရိုပါလိဂ်အုပ်စုပြိုင်ပွဲ ကစားခဲ့ရာတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေပွဲဖြစ်ခဲ့သည်။ စပါးတို့ သရေပွဲကြုံခဲ့ရ သော်လည်း အုပ်စုအဆင့်မှ ကျော်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း စပါးနည်းပြ ဗီးလက်ဘို့စ်က ပြောကြားသည်။ စပါးအသင်းသည် အုပ်စု (ဲ)၌သုံးပွဲ ကစားခဲ့ရာတွင် သုံးပွဲ စလုံး သရေကျခဲ့သည်။ စပါးအသင်းသည် နိုဝင်ဘာ ၈ရက် တွင် မာရီဘာအသင်း ဒုတိယအကျော့ ကစားရမည်ဖြစ်သည်။ (အင်တာနက်)
**ရောဘတ်နှင့် ဂျွန်တယ်ရီ လက်ဆွဲနှုတ်ဆက်မည်**
(လန်ဒန် အောက်တိုဘာ ၂၇)
ချယ်လ်ဆီးနှင့် ရက်ဒင်းအသင်းတို့ ကစားသည့်အခါ ချယ်လ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီအား လက်ဆွဲ နှုတ်ဆက်သွားမည်ဖြစ်ကြောင်း ရက်ဒင်းတိုက်စစ်မှူး ဂျက်ဆင် ရောဘတ်က ပြောကြားလိုက်သည်။ ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် လူမျိုးခွဲခြားဆက်ဆံရေးဝါဒရှိသူ ဟုတ်မဟုတ်ကို မယုံကြည် ကြောင်း၊ သို့သော် ဘောလုံးပွဲယှဉ်ပြိုင်သည့်အခါ လက်ဆွဲ နှုတ်ဆက်သွားလိမ့်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် အက်တန်ဖာဒီနန်အား လူမျိုးခွဲခြားရေးစကားဖြင့် ဆဲဆိုခဲ့မှု ကြောင့် အက်ဖ်အေက ပြိုင်ပွဲကစားခွင့် လေးပွဲပယ်ပြီး ပေါင် ၂၂ဝဝဝဝ ဒဏ်ရိုက်ခဲ့သည်။ (အင်တာနက်)
**ဂျပန်ကစားသမားသုံးဦး ဖီဖာဆုစာရင်း၌ ပါဝင်**
(လန်ဒန် အောက်တိုဘာ ၂၇)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုအတွက် ရွေးချယ်ထား သည့်စာရင်းတွင် ဂျပန်အမျိုးသမီးဘောလုံးအသင်းမှ ဘောလုံးသမားသုံးဦးပါဝင်ကြောင်း ဖီဖာက အောက်တိုဘာ ၂၇ ရက်၌သတင်းထုတ်ပြန်သည်။အဆိုပါ အမျိုးသမီးဘောလုံးသမားသုံးဦးမှာ ဂျပန်အမျိုးသမီးဘောလုံးအသင်းမှ ကွင်းလယ်ကစားသမားများဖြစ်သောဆာဂါနှင့်အယာမီယာမာတို့အပြင် ဂိုးသမား မီဟိုဖူကူမိုတိုတို့ဖြစ်ကြသည်။ထို့အပြင် လန်ဒန်အိုလံပစ်အားကစားပွဲတော်၌ ဂျပန်အမျိုးသမီးဘောလုံးအသင်းကို ငွေတံဆိပ်ဆုရအောင် စွမ်းဆောင်ပေး နိုင်သည့် နည်းပြ နိုရီအိုဆာဆာကီနှင့် ဂျပန် ယူ-၂ဝနှင့် ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းနည်းပြ ဟီရိုရှီယိုရှီဒါတို့လည်း ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးနည်းပြများစာရင်းတွင် ပါဝင်လျက်ရှိသည်။ ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးဆုကို ရွေးချယ်ခံရသူအား ဇူးရစ်မြို့၌ လာမည့်နှစ် ဇန်နဝါရီလ ၇ ရက်၌ ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ (ဆင်ဟွာ)
**ရှန်ဟိုင်းမာစတာဂေါက်ပြိုင်ပွဲ မက်ရွိုင်း ၁၂ ချက်လျှော့ရိုက်**
(ရှန်ဟိုင်း အောက်တိုဘာ ၂၇)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ရှန်ဟိုင်းမာစတာတင်းနစ်ပြိုင်ပွဲ ကျင်းပလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က ဒုတိယနေ့အပြီး ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးကစားသမား မက်ရွိုင်း သည် ၁၂ ချက် လျှော့ရိုက်ပြီး ဒုတိယနေရာမှ ဦးဆောင်နေသည်။ ဆွီဒင်ဂေါက်သီးကစားသမား ပီတာဟန်ဆင်က ၁၄ ချက်လျှော့ရိုက်ပြီး ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။ မက် ရွိုင်းသည် ဒုတိယနေ့က သတ်မှတ်ရိုက်ချက်ထက် ခုနစ်ချက် လျှော့ရိုက်နိုင်ခဲ့သည်။ မက်ရွိုင်းသည် ယူအက်စ်ပီဂျီအေတိုး နှင့် ဥရောပပြိုင်ပွဲနှစ်ရပ်စလုံးတွင် ယခုနှစ်အတွင်း ဝင်ငွေ အများဆုံးရရှိခဲ့သည့် ဂေါက်သီးကစားသမားဖြစ်သည်။ ၄င်း သည် ၂ဝ၁၂ ခုနှစ်အတွင်း ဂေါက်သီးကစားခြင်းဖြင့် ဝင်ငွေယူရို ၂၈၁၃၉၆၂ ရရှိထားသူဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment