**အာဂျင်တီးနားရှိ စူပါမားကတ်အမိုးပြိုကျ၊ သုံးဦးသေဆုံး**
(ဗျူနိုအေရိစ် အောက်တိုဘာ ၂၇)
အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်းတွင် စူပါမားကတ်တစ်ခု အမိုးပြိုကျမှု ကြောင့် သုံးဦးသေဆုံးပြီး အခြားတစ်ဒါဇင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အောက်တိုဘာ ၂၇ရက်တွင် ပြောကြားသည်။ အဆိုပါ ဖြစ်ပွားမှုသည် အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေရိစ် အနောက်တောင်ဘက် ၁၁၅ဝ ကီလိုမီတာအကွာ နီယူကွင်းမြို့ ရှိ စူပါမား ကတ်တစ်ခုနှင့် ဘေးချင်းကပ်လျက်ရှိသော ဆောက်လုပ်ဆဲအဆောက်အအုံ တစ်လုံးပြိုကျပြီး အချိန်တိုအတွင်းမှာပင်အဆိုပါ စူပါမားကတ်၏ အမိုးလည်း ထပ်မံပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ထိုသို့ အမိုးပြိုကျမှုဖြစ်ပွားချိန်တွင် စူပါမားကတ်အတွင်း၌ လူဒါဇင်ပေါင်းများစွာ ဈေးဝယ်နေကြကြောင်း၊ ယင်းစူ ပါမားကတ်အတွင်း လူမည်မျှရှိသည်ကိုအတိအကျထုတ်ပြန်ခြင်းမရှိကြောင်း၊ သို့ သော်လည်း လူအများအပြား အတွင်း၌ပိတ်မိလျက်ရှိကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောကြားသည်။ (ဆင်ဟွာ)
**ဆီးရီးယားအပစ်အခတ်ရပ်ရေး လေးစားလိုက်နာရန် အီရန်တိုက်တွန်း**
(ပေကျင်း အောက်တိုဘာ ၂၇)
(တီဟီရန် အောက်တိုဘာ ၂၇)
ဆီးရီးယားနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲခြင်းကို အီရန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ချီးကျူးလိုက်ပြီးအကျပ်အတည်းတစ်ခုလုံး အပြီးသတ် ဖြေရှင်းရေးကို လမ်းဖွင့်ပေးရန်အတွက်မငြိမ်မသက်မှုတွင် ပါဝင်ပတ်သက်သည့် ပါတီအဖွဲ့အစည်းအားလုံးက အပစ်အခတ်ရပ်စဲမှုကို လေးစားလိုက်နာကြ ပါရန် တိုက်တွန်းလိုက်သည်။ယခုအခါ ဆီးရီးယားနိုင်ငံရေး တွင်တက်ကြွစွာပါဝင်သူတို့၏ ရိုးသားသောကြိုးပမ်းမှုများ၏ ရလဒ်များ ပေါ်ထွက်လာပြီး အောက်တိုဘာ၂၆ ရက် နံနက်မှစ၍ အပစ်အခတ်ရပ် လာကြောင်း၊ ပါတီအဖွဲ့အစည်းအားလုံးက အပစ်အခတ်ရပ်စဲပြီး ထာဝစဉ်ငြိမ်း ချမ်း တည်ငြိမ်ရေးအတွက် လမ်းဖွင့်ပေးသည့် စိတ်ဓာတ်ပျက်ပြားအောင် မလုပ် ရေး ကတိတည်ကြမည်ဟု မျှော်လင့်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနက အောက်တိုဘာ ၂၇ ရက်တွင်ပြောကြားသည်။ထို့အပြင် အပစ်အခတ်ရပ်ရန် ကြိုးပမ်းသည့် ကုလသမဂ္ဂနှင့်အေယူအထူးသံဘရာဟီမီနှင့် ဆီးရီးယားအစိုးရ တို့၏ ကြိုးပမ်းချက်များကိုလည်း ဝန်ကြီးဌာနက ချီးကျူးလိုက်သည်။(အင်တာနက်)
**ဒဗလျူတီအို ၁၅၈ နိုင်ငံမြောက်လာအိုနိုင်ငံဖြစ်လာ**
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို)ဝင်ရောက် ရေး ၁၅ နှစ် ကြာ ဆွေးနွေးပြီးနောက် လာအိုနိုင်ငံအနေဖြင့် ဒဗလျူတီအို၏ ၁၅၈ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့(ဒဗလျူတီအို) က အောက်တိုဘာ ၂၇ ရက် တွင် အတည်ပြုလိုက်သည်။ ပြည်သူ ၂၈ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှုအဆင့် အောက်ရောက်ရှိနေသည့် ကုန်းတွင်းပိတ် လာအိုနိုင်ငံ အတွက် ဒဗလျူတီအိုဝင်ခွင့်ရရေးမှာ သမိုင်းဝင်အောင်မြင် မှုတစ်ရပ်ပင်ဖြစ်သည်။ သတ္တုတူးဖော်ရေးနှင့် ရေအားလျှပ်စစ်ဓာတ်အား လုပ်ငန်းတိုးတက်မှုတို့ကြောင့် လာအိုနိုင်ငံ၏ စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာရခြင်းဖြစ်သည်။ (ဆင်ဟွာ)
**ဒုံးပျံလွှတ်တင်မှု တောင်ကိုရီးယား ရွှေ့ဆိုင်း**
(ဆိုးလ် အောက်တိုဘာ ၂၇)
တောင်ကိုရီးယားက ပြည်တွင်းထုတ် ဒုံးပျံတစ်စင်းကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် လွှတ်တင်ရန် ပြင်ဆင် ထားခဲ့သော်လည်း ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားနေသဖြင့် ရက်ရွှေ့ ဆိုင်းခဲ့ရကြောင်း တောင်ကိုရီးယားသိပ္ပံရေးရာ ဒုတိယဝန်ကြီး ချိုယူရေးက ထုတ်ဖော်ပြောကြားသည်။ နာရို-၁ ဟုအမည်ပေးထားသော ၄င်းဒုံးပျံကို ဒုံးပစ်စင် တွင် တပ်ဆင်ထားရာ ဒုံးပျံတပ်ဆင်ထားသောနေရာနှင့် ဒုံးပျံ၏ ပထမအဆင့်နေရာအကြားတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်နေ သည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ယင်းဒုံးပျံကို ဒုံးပစ်စင်မှဖြုတ်ယူကာ ဓာတ်ငွေ့ ယိုစိမ့်နေသည့် အစိတ်အပိုင်းအား ပြုပြင်မှုများပြုလုပ်လျက်ရှိ သည်။ ၄င်းဒုံးပျံပစ်လွှတ်မှုကို အနည်းဆုံး နောက်ထပ်သုံးရက် ခန့် ရွှေ့ဆိုင်းရမည်ဖြစ်သည်။ အဆိုပါ ဒုံးပျံကို တောင်ကိုရီးယားနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းပေါ်ရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်တင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ယင်းဒုံးပျံကို ရုရှား နိုင်ငံက ဒီဇိုင်းပြုလုပ်ထားပြီး တောင်ကိုရီးယားနိုင်ငံတွင် ထုတ်လုပ်ထားခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝ ခုနှစ် အတွင်း ဒုံးပျံနှစ်စင်းလွှတ်တင်မှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ယခုဒုံးပျံလွှတ်တင်မှုကို တတိယအကြိမ်အဖြစ် ကြိုးပမ်းနေခြင်း ဖြစ်သည်။ (ဆင်ဟွာ)
**အီရန်အား ဗြိတိန်စစ်စခန်းများအသုံးပြုတိုက်ရန် အမေရိကန်က မေတ္တာရပ်ခံမှု ဗြိတိန်ပစ်ပစ်ခါခါငြင်းဆို** (လန်ဒန် အောက်တိုဘာ ၂၇)
အီရန်အား မြေပြင်ထိုးစစ်တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံစစ်အခြေစိုက်စခန်းများကို အသုံးပြုရန် အမေရိကန်က မေတ္တာရပ်ခံလာခြင်းအပေါ် ဗြိတိန်က ငြင်းဆိုလိုက်ကြောင်း ဗြိတိန်တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု အောက်တိုဘာ ၂၆ ရက်က ပရက်စ်တီဗွီသတင်း၌ ဖော်ပြထားသည်။ ထိုကိစ္စသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် တိုက်ခိုက်မှုဖြစ်လာနိုင်ကြောင်း၊ ဗြိတိန်ရှေ့နေချုပ်ရုံးက အကြံပြု ခဲ့ပြီးနောက် ဗြိတိန်အစိုးရက ယင်းမေတ္တာရပ်ခံတောင်းဆိုမှုကို ပစ်ပစ်ခါခါငြင်းဆိုလိုက်ကြောင်း ဂါးဒီးယန်းသတင်းစာက ရေးသားသည်။ ဗြိတိန်နိုင်ငံက ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန် ရှိသူတစ်ဦးက ပြောကြားလိုက်ကြောင်း ဂါးဒီးယန်းသတင်း စာ၌ဖော်ပြသည်။ အမေရိကန်သံတမန်များက ဆိုက်ပရပ်စ်ရှိ ဗြိတိသျှပိုင် စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးရန် စည်းရုံးပြောဆိုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။ အမေရိကန်၊ အစ္စရေးနှင့် ၄င်းတို့၏ မဟာမိတ်နိုင်ငံ များက အီရန်နိုင်ငံအား နျူကလီးယားလက်နက်ထုတ်လုပ် ရန် ကြိုးစားနေသည်ဟု စွပ်စွဲထားသည်။ အီရန်နိုင်ငံက ယင်းစွပ်စွဲမှုအပေါ် ငြင်းဆိုထားသည်။ အီရန်နိုင်ငံအနေဖြင့် မည်သည့်စစ်ရေးတိုက်ခိုက်မှု မဆို လက်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အီရန်တာဝန်ရှိသူ များက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment