ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 10, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**အာရှလူငယ်နှင့် အငယ်တန်းအလေးမ တံခွန်စိုက်ပြိုင်ပွဲ မသူဇာ ရွှေတံဆိပ်သုံးခုဆွတ်ခူး**
(ရန်ကုန် နိုဝင်ဘာ ၉)
 အာရှအလေးမအဖွဲ့ချုပ်က ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာရှလူငယ်နှင့်အငယ်တန်း (Asian Youth & Junior Weightlifting Championships2012) အမျိုးသား အမျိုးသမီး အလေးမပြိုင်ပွဲကို ယနေ့နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပသည်။ပြိုင်ပွဲသို့ International WeightliftingFederation ဥက္ကဋ္ဌ Mr.Tamas Ajan (Hungary)၊ အာရှ အလေးမအဖွဲ့ချုပ် အတွင်းရေးမှူး Mr. Ali Moradi (Iran)၊ အာရှ အလေးမအဖွဲ့ချုပ် 1st Vice PresidentMaJ. General Intarat Yodbangloey (Thailad)၊၊ မြန်မာ နိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက် လင်း၊ အထွေထွေအတွင်းရေးမှူး ဦးမြင့်ဆွေနှင့် အမှုဆောင်များ၊ အားကစား ဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ သော ပြိုင်ပွဲများအနက် လူငယ်အမျိုးသမီး ၄၄ ကီလိုတန်းပြိုင်ပွဲတွင် စုစုပေါင်းစံချိန် ၁၄ ကီလိုဖြင့် DPR ကပထမ၊ စုစုပေါင်းစံချိန် ၁၃ဝ ကီလိုဖြင့်IND ဒုတိယ၊ စုစုပေါင်း စံချိန် ၁၁၁ကီလိုဖြင့် TPE က တတိယရရှိပြီးမြန်မာ့လူငယ်လက်ရွေးစင် ဇင်မေဦးက စတုတ္ထရရှိသည်။လူငယ်အမျိုးသမီး ၄၈ ကီလိုတန်းပြိုင်ပွဲတွင် စုစုပေါင်းစံချိန် ၁၇ဝ ကီလို ဖြင့် CHN က ပထမ၊ မြန်မာ့လူငယ်လက်ရွေးစင် ခိုင်ခိုင်က အမြန်မပြိုင်ပွဲ တွင် ၇ဝ ကီလိုဖြင့် တတိယ၊ နှစ်ဆင့်မပြိုင်ပွဲတွင် ၉၁ ကီလိုဖြင့် ဒုတိယ၊ စုစု ပေါင်းစံချိန် ၁၆၁ ကီလိုဖြင့် ဒုတိယရရှိပြီး KOR က စုစုပေါင်းစံချိန် ၁၅၈ ကီလိုဖြင့် တတိယရရှိသွားသည်။ လူငယ်အမျိုးသမီး ၅၃ ကီလိုတန်း ပြိုင်ပွဲတွင် စုစုပေါင်းစံချိန် ၁၈ဝ ကီလိုဖြင့် CHN ပထမ၊ မြန်မာ့လူငယ် လက်ရွေးစင် မေဖြိုးမိုးက နှစ်ဆင့်မ ပြိုင်ပွဲတွင် ၉၁ ကီလိုဖြင့် ဒုတိယနှင့် အမြန်မ နှင့် နှစ်ဆင့်မပြိုင်ပွဲများတွင် စုစုပေါင်းစံချိန် ၁၆၁ ကီလိုဖြင့် ဒုတိယရရှိပြီး KAZ က စုစုပေါင်းစံချိန် ၁၅၅ ကီလိုဖြင့်တတိယရရှိသွားသည်။ လူငယ်အမျိုးသား ၅၆ ကီလိုတန်းပြိုင်ပွဲတွင် စုစုပေါင်းစံချိန် ၂၂၁ ကီလို ဖြင့် IND ကပထမ၊ စုစုပေါင်းစံချိန်၂၁၉ ကီလိုဖြင့် PRK က ဒုတိယ၊ စုစု ပေါင်းစံချိန် ၂၁၅ ကီလိုဖြင့် IRQ တတိယရရှိပြီး မင်းမင်းသည် (၉ဝ+ ၁၂၁) စုစုပေါင်း ၂၁၁ ကီလိုဖြင့် ပဉ္စမရရှိသွားသည်။နိုဝင်ဘာ ၉ ရက်တွင် ကျင်းပသည့် ပြိုင်ပွဲများအနက် လူငယ်အမျိုးသမီး ၆၃ကီလိုတန်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မသူဇာက အမြန်မ ၉၁ ကီလိုဖြင့် ပထမရွှေတံဆိပ်၊ နှစ်ဆင့်မ ၁၁ဝ ကီလိုဖြင့်ပထမ ရွှေတံဆိပ်၊ စုစုပေါင်း ၂ဝ၁ ကီလိုဖြင့် ပထမရွှေတံဆိပ် ရွှေတံဆိပ်သုံးခုဆွတ်ခူးရရှိသည်။ ယင်းအတန်းပြိုင်ပွဲတွင် KOR ကစုစုပေါင်း ၁၈၆ ကီလိုဖြင့် ဒုတိယနှင့် KAZ က စုစုပေါင်း ၁၈၆ ကီလိုဖြင့်တတိယရရှိသွားကြောင်း သိရှိရသည်။(ကေတီ-သတင်းစဉ်)

**တိုက်စစ်မှူးဒီဖိုး ဟက်ထရစ်သွင်းယူ**
(လန်ဒန် နိုဝင်ဘာ ၉)
ယူရိုပါလိဂ် အုပ်စုပွဲစဉ်အဖြစ်စပါးနှင့် အင်န်ကာမာရီဘာအသင်းတို့ နိုဝင်ဘာ ၉ ရက် နံနက်က ယှဉ်ပြိုင်သည့်ပွဲတွင် စပါးတိုက်စစ်မှူးဒီဖိုးက ဟက်ထရစ်သွင်းယူနိုင်ခဲ့သဖြင့် နည်းပြဗီလပ်စ်ဘိုအက်က ချီးကျူးလိုက်သည်။ ဒီဖိုးသည် စပါးအသင်း၏ ဂုဏ်ကို ဆောင်ကြဉ်းနိုင်သည့် တိုက်စစ်မှူး တစ်ဦးဖြစ်ကြောင်း ဘိုအက်က ထုတ်ဖော်ပြောကြားသည်။ ဒီဖိုးသည် ယင်းပွဲ စဉ်တွင် ပွဲချိန် ၂၂ မိနစ်၌ တစ်ဂိုး၊ ပွဲချိန်၄၉ မိနစ်၌ တစ်ဂိုးနှင့် ပွဲချိန် ၇၇ မိနစ်၌ တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ယခုပွဲ၌ စပါးတို့အနိုင်ရခဲ့သဖြင့် အုပ်စု (J) တွင် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ၄င်းပွဲ၌ စပါးအသင်းတွင် ဒီဖိုး၊ အဒီဘာယော၊ ကာရိုး၊ ဂါရက်ဘေး၊ လီနွန်၊ ဝေါလ်ကာစသည့် အဓိကပွဲထွက် ကစားသမားကိုထုတ်သုံးခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ)

  **၀ီလ်ရှရီ အင်္ဂလန်အတွက် ကစားပေးမည်** 
(လန်ဒန် နိုဝင်ဘာ ၉) 
အာဆင်နယ်ကွင်းလယ်ကစားသမားဂျက်ဝီလ်ရှရီအား နိုဝင်ဘာ ၁၄ ရက် တွင် ဆွီဒင်နှင့်ကစားမည့် ချစ်ကြည်ရေးပြိုင်ပွဲအတွက် အင်္ဂလန်အသင်းက ပြန်လည် ခေါ်ယူထားသည်။အသက် ၂ဝ ရှိ ဝီလ်ရှရီသည် ဒဏ်ရာကြောင့် တစ်နှစ်ကြာနားနေရာမှ ပြန်လည်ကစားနိုင်ခဲ့သည်။ အင်္ဂလန်အသင်းက ပြန်လည်ခေါ်ယူထားသော ကစားသမားများတွင် အသက် ၃၁ နှစ်ရှိ အဲဗာတန်ကွင်းလယ်ကစားသမား လင်နွန်အိုစမန်၊ လီဗာပူး မှစတာလင်းနှင့် ဂျွန်ဂျိုရှယ်ဗေးတို့လည်း ပါဝင်သည်။အင်္ဂလန်အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ယင်းပြိုင်ပွဲတွင်ပွဲပေါင်း ၁ဝဝ မြောက်ကစားနိုင်သည့် အင်္ဂလန်ကစားသမားဖြစ်လာရန် ပြင်ဆင်ထားသည်။ ဂျရတ်သည် အင်္ဂလန် အသင်းတွင် ပွဲ ၁ဝဝ ကစားပေးနိုင်သည့် ခြောက်ဦးမြောက် အင်္ဂလန် ကစားသမား ဖြစ်လာမည်ဖြစ်သည်။ဂျက်ဝီလ်ရှရီသည် ၂ဝ၁၁ ခုနှစ် ဇွန်လ ကတည်းက နိုင်ငံကိုယ်စားပြုမကစားနိုင်ခဲ့ပေ။ (ရိုက်တာ) 

 **ကမ္ဘာ့နံပါတစ်တစ် မက်ကာရွိုင်းစင်ကာပူအိုးပင်းယှဉ်ပြိုင်**
 (စင်ကာပူ နိုဝင်ဘာ ၉) 
ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးကစားသမား မက်ကာရွိုင်းသည် စင်ကာပူအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် သတ်မှတ်ရိုက်ချက်ထက် ငါးချက်လျှော့ရိုက်ပြီး ပြိုင်ဘက်များကို ဦးဆောင်လျက်ရှိသည်။အသက် ၂ဝ ရှိ ဝီလ်ရှရီသည် ဒဏ်ရာကြောင့် တစ်နှစ်ကြာနားနေရာမှ ပြန်လည်ကစားနိုင်ခဲ့သည်။ အင်္ဂလန်အသင်းက ပြန်လည်ခေါ်ယူထားသော ကစားသမားများတွင် အသက် ၃၁ နှစ်ရှိ အဲဗာတန်ကွင်းလယ်ကစားသမား လင်နွန်အိုစမန်၊ လီဗာပူး မှစတာလင်းနှင့် ဂျွန်ဂျိုရှယ်ဗေးတို့လည်း ပါဝင်သည်။အင်္ဂလန်အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ယင်းပြိုင်ပွဲတွင်ပွဲပေါင်း ၁ဝဝ မြောက်ကစားနိုင်သည့် အင်္ဂလန်ကစားသမားဖြစ်လာရန် ပြင်ဆင်ထားသည်။ ဂျရတ်သည် အင်္ဂလန် အသင်းတွင် ပွဲ ၁ဝဝ ကစားပေးနိုင်သည့် ခြောက်ဦးမြောက် အင်္ဂလန် ကစားသမား ဖြစ်လာမည်ဖြစ်သည်။ဂျက်ဝီလ်ရှရီသည် ၂ဝ၁၁ ခုနှစ် ဇွန်လ ကတည်းက နိုင်ငံကိုယ်စားပြုမကစားနိုင်ခဲ့ပေ။ အသက် ၂၃ နှစ်ရှိ မြောက် အိုင်ယာလန် ဂေါက်သီးကစားသမားမက်ကာရွိုင်းသည် အဖွင့်ပွဲစဉ်တွင် ၆၆ ချက်သာ ရိုက်ခဲ့သည်။ ၄င်းသည်အမေရိကန်ပီဂျီအေတိုး ဝင်ငွေအ ကောင်းဆုံး ဂေါက်သီးကစားသမားတစ်ဦးဖြစ်သည်။ မက်ကာရွိုင်းသည် ဥရောပဝင်ငွေအကောင်းဆုံး ဂေါက်သီးကစားသမားတစ်ဦးအဖြစ် ဆက် လက်ရပ်တည်ရန် အနည်းဆုံး တတိယဆုဆွတ်ခူးရန်လိုသည်။ စင်ကာပူ အိုးပင်းတွင် တတိယဆု အနည်းဆုံးရရှိမည်ဆိုပါက ဥရောပတွင် ဝင်ငွေ အကောင်းဆုံး ဂေါက်သီးကစားသမားအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ် သည်။ ၄င်းသည် လက်ရှိ ၂ဝ၁၂ ခုနှစ်အတွင်း ဂေါက်သီးကစားရာမှ ဆုကြေး ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈သန်းကျော် ရရှိထားသည်။(ရိုက်တာ) 

**နိုဝင်ဘာလ ၉ ရက် ယူရိုပါလိဂ် အုပ်စုပွဲစဉ်ရလဒ်များ** 
အုပ်စု (A) အင်ဂျီ ၁-ဝ လီဗာပူး

 အူဒီးနိစ် ၂-၃ ယန်းဘွိုင်စ် အုပ်စု (B)

 အကာဒီမီးရား ၂-ဝ အက်သလက်တီကို 

ဗစ်တိုးရီးယားပီလ်ဇန် ၄-ဝ ဟာပိုးတဲလ်အဗစ်အုပ်စု (C)

ဖီနာဘာချီ ၂-ဝ အေအီးတယ်လီမာဆိုးလ် 

မာဆေးလ် ၂-၂ မွန်ချန် အုပ်စု (D)

 ဘော့ဒိုး ၁-ဝ မာရီတီနို 

ကလပ်ဘာရက်၂-၂ နယူးကာဆယ် အုပ်စု (E) 

ကိုပင်ဟေဂင် ဝ-၂ စတုဂတ် 

မိုလ်ဒယ် ၁-၂ စတုအာ အုပ်စု (F)

 အေအိုင်ကေစတော့ဟုမ်း ၁-ဝ ပီအက်စ်ဗီအင်ဒိုဗင်

 နာပိုလီ ၄-၂ ဒီနီပရို ဒီပီတရော့ခ် အုပ်စု (G) 

ဘာဆယ် ၁-ဝ ဗစ်ဒိုတန်

 စပို့တင်းလစ္စဘွန်း ၁-၁ ရေးဆင်း အုပ်စု (H) 

နက်ဖ်ချီ ဝ-၁ ရူဘင်ကာဇန်

 ပါတီဇန်ဘဲလ်ဂရိတ် ၁-၃ အင်တာမီလန် အုပ်စု (I) 

ဘီလ်ဘာအို ၂-၃ လိုင်ယွန် 

ကာရက်ရှမိုနာ ၁-၁ စပါတာပရာဂွေး အုပ်စု (J)

 လာဇီယို ၃-ဝ ပနာသီနာကို့စ် 

စပါး ၃-၁ မာရီဘော အုပ်စု (k)

 ဘေယာလေဗာကူစင် ၃-ဝ ရာပစ်ဗီယင်နာ

 ခါကိဗ် ၃-၁ ရိုဆင်ဘတ် အုပ်စု (L) 

အက်ဖ်စီတွမ်တီး ဝ-ဝ လီဗန်တေး 

ဟန်နိုဗာ ၃-၂ ဟယ်စင်ဘော့ 

(အင်တာနက်) 

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)