ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 10, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**သမ္မတအိုဘားမား အရှေ့တောင်
အာရှသုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်** (ဝါရှင်တန် နိုဝင်ဘာ ၉)
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အရှေ့တောင်အာရှနိုင်ငံများဖြစ် သည့် ထိုင်း၊ မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံများသို
့ လေးရက်ကြာ အာရှချစ်ကြည်ရေး ခရီးစဉ်တစ်ခုကို နိုဝင်ဘာ ၁၇ ရက်တွင် စတင်သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူ တော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ ပြုပြင် ပြောင်းလဲမှုများ ကြုံတွေ့ရမှုကို တုံ့ပြန်ရာတွင် အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုများကို လျှော့ချပေးခဲ့ပြီးနောက်နှစ်နိုင်ငံဆက်ဆံရေးများ ပြန်လည်နွေး ထွေးမှုရရှိလာသည့်အနေဖြင့် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်မှု မှတ်တမ်းတင်ရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ထို့နောက် သမ္မတအိုဘားမားသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်ပြီး မိမိတို့၏ မဟာမိတ်ပူးပေါင်းမှု အဓွန့်ရှည်ခိုင်မြဲမှုကို ထပ် လောင်းအတည်ပြုရန်နှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်ပေါင်း (၁၈ဝ)ပြည့်မှုကို ဂုဏ်ပြုမှတ်ကျောက်တင်ရန်ဝန်ကြီးချုပ်ရင်လတ်ရှင်နာဝပ်နှင့် တွေ့ဆုံ သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်ပြီး သမ္မတအိုဘားမားသည် ကမ္ဘောဒီးယားနိုင်ငံသို့သွား ရောက်ကာ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်မည့် အရှေ့အာရှထိပ်သီးအစည်း အဝေးသို့တက်ရောက်မည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ၏ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ယခုအာရှခရီးစဉ်သည် နိုဝင်ဘာ ၆ ရက်က ပြုလုပ်သည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြန်လည် ရွေးချယ်အနိုင်ရခဲ့ပြီးနောက် သမ္မတအိုဘားမား၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။ (ဆင်ဟွာ)

**ကရာချီတွင် နိုင်ငံတကာလက်နက်ပြပွဲကြီးကျင်းပ**

ပါကစ္စတန်နိုင်ငံ ကရာချိဆိပ်ကမ်းမြို့၌ နိုဝင်ဘာ ၇ ရက်က နိုင်ငံ၏အကြီးဆုံး နိုင်ငံတကာစစ်လက်နက်ပစ္စည်းပြပွဲ ကြီးကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အဆိုပါ စစ်လက်နက်ပစ္စည်းပြပွဲသို့ နိုင်ငံခြားကုမ္ပဏီ ၁၃၅ ခုနှင့် ပါကစ္စတန်ကုမ္ပဏီ ၇၄ ခုတို့ ပါဝင်ပြသခဲ့သည်။ ယင်းပြပွဲတွင် နောက်ဆုံးပေါ် တိုက်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ (အင်တာနက်)

  **မုန်တိုင်းကြောင့် နယူးယောက် မီးမလင်းနိုင်** 

အမေရိကန်နိုင်ငံတွင် မကြာသေးမီက စန်ဒီမုန်တိုင်းဝင် ရောက်ခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာမည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သော်လည်း အောက်တိုဘာ ၇ ရက်က လေပြင်းမုန်တိုင်းများ တိုက်ခတ်ပြီး ဆီးနှင်းများကျဆင်းခဲ့ကြောင်း နိုဝင်ဘာ ၈ ရက်က ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အောက်တိုဘာ ၈ ရက် အစောပိုင်းအထိ နယူးယောက်မြို့ ရှိ စီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်မီးများ ပြတ်တောက်နေဆဲ ဖြစ်သည်။ နယူးဂျာစီပြည်နယ်တွင်လည်း အိမ်ခြေ ၄ဝ၃ဝဝဝ လျှပ်စစ်ဓာတ်အားများပြတ်တောက်ခဲ့ရသည်။ (အင်တာနက်) 

**အမေရိကန်မောင်းသူမဲ့လေယာဉ် အီရန်ပစ်ခတ်** 

အီရန်တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်မောင်းသူမဲ့ လေယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် လွဲချော်သွားခဲ့ ကြောင်း၊ အမေရိကန်မောင်းသူမဲ့လေယာဉ်သည် ထိခိုက်ပျက်စီး မှုမရှိဘဲ အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် တွင် အတည်ပြုဟြေကြားသည်။ အီရန်တိုက်လေယာဉ်သည် လွန်ခဲ့သော သီတင်းပတ်က အာရေဗျပင်လယ် နိုင်ငံတကာ ရေပိုင်နက်အပေါ် ပျံသန်းသွားသောအမေရိကန်မောင်းသူ မဲ့လေယာဉ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျောလစ်တဲလ်က ပြောကြားသည်။ ယင်းပစ်ခတ်တိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း လည်း အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။(အင်တာနက်)

 **ဆိုမာလီနိုင်ငံတောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား**

 (ဆိုမာလီယာ နိုဝင်ဘာ ၉) 
ဆိုမာလီနိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်က ဆိုမာလီအစိုးရတပ်ဖွဲ့ဝင် များနှင့် အယ်လ်ရှာဘတ်တိုက်ခိုက်ရေးသမားများအကြား တိုက်ပွဲများဖြစ်ပွားရာ အစိုးရတပ်ဖွဲ့ဝင် ၁၈ ဦးနှင့်အယ်လ်ရှာဘတ်တိုက်ခိုက်ရေးသမား ၂၁ ဦး အပါအဝင် စုစုပေါင်း ၃၉ ဦးသေဆုံးခဲ့ကြောင်း ပရက်စ်တီဗွီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၉ ရက်က ဖော်ပြပါရှိသည်။အဆိုပါတိုက်ပွဲများသည် ဆိုမာလီနိုင်ငံ လိုဝါရှာဘာလီဒေသရှိ လီဂိုမြို့၏အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် ဆိုမာလီအစိုးရ တပ်ဖွဲ့အရာရှိတစ်ဦးဖြစ်သည့် အာမက်ဂျာမတ်လည်း သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိ သူများက အတည်ပြုပြောကြားခဲ့သည်။ အယ်လ်ရှာဘတ်တိုက်ခိုက်ရေး သမားများသည် ဆိုမာလီနိုင်ငံအတွင်းရှိ ယခင်အသွင်ကူးပြောင်းသော ဗဟိုအစိုးရ၏အဖွဲ့အစည်းများကို ဖြုတ်ရန်အတွက် ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလအတွင်းကစပြီး ကြိုးပမ်းနေကြခြင်းဖြစ်သည်။ (ပရက်စ်တီဗွီ)

 စုစည်းဘာသာပြန် - တင်မောင်လွင်

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)