(နိုဝင်ဘာလ ၁၄ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)
ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် မဲဆောက်မြို့အနောက်ပိုင်း၊
ဝှေ့မုတ်ရွာတွင်တည်ထောင်ထားသော
ထိုင်းလူမျိုးပိုင် ဂျဂွါ(စတီးလ်)စက်ရုံထုတ်ပိုး (ပါကင်) ဌာနမှ မြန်မာအလုပ်သမား ၆၀ ဦးတို့သည် အလုပ်ပုံမှန်ရရှိရန်အတွက်
အလုပ်ရှင်ထံတောင်းဆိုကြရာနေ့ချင်းပြီး အောင်မြင်သွားကြောင်း သတင်းရရှိသည်။ ဤသို့အလုပ်ပုံမှန်ရရှိ စီစဉ်ဆောင်ရွက်ပေးပါမည်ဟု အလုပ်ရှင်၏ကတိကို ထိုင်းအလုပ်သမားဝန်ကြီး ဌာန၊ တာ့(ခ်)ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ဒုတိယညွှန်ကြားရေးမှူး ဖိမဲ့တာက ကြားဝင်စေ့စပ်ဖျန်ဖြေပေးခဲ့ခြင်းဖြစ်သည်။ ဂျဂွာ (စတီးလ်) စက်ရုံတွင် လက်တလောအား ဖြင့် မြန်မာအလုပ်သမား (၁၃၀)ဦးနှင့် ထိုင်းအလုပ်သမား (၂၅) ဦးခန့်ရှိပြီး ထိုင်းဥပဒေအတိုင်းနေ့စဉ် လုပ်အားခ ၂၂၆ ဘတ်နှင့် အချိန်ပိုတစ်နာရီလုပ်အားခ (၄၂) ဘတ်ပေးသောစက်ရုံဖြစ်သည်။
(မြန်မာသတင်းမီဒီယာများမှ ဂျဂွာစတီးလ်စက်ရုံပြဿနာကို မေးမြန်းနေကြစဉ်)
သို့ရာတွင် လက်ရှိလုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၁၃၀ ဦးအနက်မှ ထုပ်ပိုး (ပါကင်) ဌာန အလုပ်သမား ၆၀ ဦးတို့သည် နေ့စဉ် ပုံမှန် အလုပ်မလုပ်ရပဲ အလှည့်ကျစနစ်ဖြင့် အလုပ်လုပ်ကိုင်ကြရမည် သာမက ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ နှစ်ရက်တွင် လုပ်အားခမရဘဲ အလုပ်နားရ မည်ဖြစ်သဖြင့် မကျေနပ်ကြရာမှ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြခြင်းဖြစ်သည်။ JACBA ကလည်း ထိုင်းအလုပ်သမားဝန်ကြီး ဌာန၊ တာ့(ခ်)ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ထံသို့ အလုပ်သမားများကိုခေါ် ဆောင်ကာ တိုက်ရိုက်ဆက်သွယ်အကူအညီတောင်းခံပေးခဲ့ခြင်းဖြစ်သည်။ ဂျဂွာ(စတီးလ်)စက်ရုံ ပါကင် ဌာနမှ အလုပ်သမား ၆၀ ဦးတို့သည် ဆ၀ါဒီကန်ရုံး၏ကြားဝင်စေ့စပ်ဖျန်ဖြေပေးမှုအရ မနက်ဖြန်မှစတင် ကာ အလုပ်ပုံစံသစ်ဖြင့်နေ့စဉ် အလုပ်လုပ်နိုင်ကြတော့မည်ဖြစ်ကြောင်းသိရသည်။
(အလုပ်သမားများစုပေါင်းအရေးဆိုရန်လက်ဗွေနှိပ်နေကြစဉ်)
(ထိုင်းအလုပ်သမားဝန်ကြီး ဌာန၊ တာ့(ခ်)ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ပြင်ပ နားနေရာတွင်အလုပ်သမားများအား(JACBA)မှ သင်ကြားပေးနေစဉ်)
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး
-မဲဆောက်မြို့ ဂျဂွာ (စတီးလ်) စက်ရုံ ပါကင်ဌာနမှ မြန်မာအလုပ်သမား ၆၀ ဦးက အလုပ်ပုံမှန်ရရှိရန်နေ့ချင်းပြီး
တောင်းဆိုအောင်မြင်-

No comments:
Post a Comment