ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 14, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဆက်သွယ်ရေးစနစ်များ
လျင်မြန်စေရန် ဥရောပဂြိုလ်
တုနှစ်လုံးကမ္ဘာပတ်လမ်းကြောင်း အတွင်းလုပ် ဆောင်နေ**

 ပြင်သစ်နိုင်ငံ ဂိုင်ရာနာအာကာသ
ယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်
တင်ခဲ့သောဥရောပ
ဆက်သွယ်ရေးဂြိုဟ်တုနှစ်လုံးသည် ကမ္ဘာပတ်လမ်းကြောင်း အတွင်း ပုံမှန်လုပ်ငန်းများကို ဆောင်ရွက်နေလျက်
ရှိကြောင်း ဥရောပအာကာ သအေဂျင်စီမှ
 နိုဝင်ဘာ ၁၃ ရက်တွင်သတင်းထုတ်ပြန်သည်။ ယင်းဂြိုဟ်တုနှစ်လုံးကို နိုဝင်ဘာ၁ဝ ရက် ဒေသစံတော်ချိန် ၁၈ နာရီ ဝ၅ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။၎င်းဂြိုဟ်တုနှစ်လုံးသည် ဥရောပနိုင်ငံ များ၏ ဆက်သွယ်ရေးစနစ်များကို ပိုမိုလျင်မြန်စေရန် အထောက်အကူပြုမည် ဖြစ်သည်။ အူတီလ်ဆက်-၂၁ ဘီနှင့်စတားဝမ်း-စီ ၃ အမည်ရှိ အဆိုပါ ဂြိုဟ်တု နှစ်လုံးသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း၌ ဥရောပအာကာသအေဂျင်စီ မှ အခြားဂြိုဟ်တုများနှင့်လည်း ကွန်ရက်သဖွယ် ချိတ်ဆက်ကာ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ယခုဂြိုဟ်တုများသည် ဥရောပ၊မြောက်အာဖရိကနှင့် အနောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းနိုင်ငံများအတွက်လည်း ဆက်သွယ်ရေး လုပ်ငန်းများကို ပိုမိုလျင်မြန်စေရန်နှင့်ရုပ်မြင်သံကြား ထုတ်လွှင့်မှုစနစ်များ ကောင်းမွန်စေရန် အထောက်အကူပြုမည်ဖြစ်သည်။စတားဝမ်း-စီ ၃ ဂြိုဟ်တုသည် အဆိုပါနိုင်ငံများရှိ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများ၊ အသံလွှင့်လုပ်ငန်း များ၊ ပြည်တွင်းဆက်သွယ်ရေးကွန်ရက်စနစ်များ ကောင်းမွန်သွက်လက်စေရန် လည်း ဖြည့်ဆည်းပံ့ပိုးပေးမည်ဖြစ်သည်။အူတီလ်ဆက်-၂၁ ဘီဂြိုဟ်တုသည် ၄င်းနိုင်ငံများရှိ ကွန်ပျူတာချိတ်ဆက်မှုစနစ်များကို ပိုမိုလျင်မြန်စေမည်ဖြစ် သည်။ (ရိုက်တာ)

 **အိန္ဒိယမြောက်ပိုင်း၌ စက်ရုံမီးလောင်၊ရှစ်ဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိ**
 (နယူးဒေလီ နိုဝင်ဘာ ၁၃)
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတရာပရာဒေ့ခ်ျပြည်နယ်တွင်ရှိ သော မီးရှူးမီးပန်းစက်ရုံတစ်ရုံ နိုဝင်ဘာ ၁၃ ရက်နံနက်က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားရာ ရှစ်ဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယအရာရှိများကပြောကြားသည်။ မီးလောင်ပေါက်ကွဲအဆိုပါစက်ရုံသည် အူယေယာခရိုင်ရှိ ယာကူပူရာကျေးရွာ အနီးတွင်တည်ရှိပြီး စက်ရုံ၌ လုပ်ငန်းများဆောင်ရွက်နေစဉ် မတော်တဆဖြစ်ရပ်ကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ လုပ်ကိုင်နေချိန် မတော်တဆမီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ရာ သေဆုံးသူအများစုမှာ လူငယ်နှင့်အမျိုးသမီးများဖြစ်ကြောင်း သတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)  

**ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ဆန်တန်ချိန် တိုးမြှင့်ထုတ်လုပ်မည်**
 (မနီလာ နိုဝင်ဘာ ၁၃) 
ဖိလစ်ပိုင်နိုင်ငံသည် ၂ဝ၁၂ ခုနှစ်ကုန်အထိ ဆန်ထုတ်လုပ်မှု ၇ ဒသမ ၇ ရာခိုင်နှုန်းတိုးမြှင့်ကာ ဆန်တန်ချိန် ၁၇ ဒသမ၉၈ မက်ထရစ်တန်အထိ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းဗျူရိုက နိုဝင်ဘာ ၁၃ ရက် ၌ သတင်းထုတ်ပြန်သည်။ အဆိုပါထုတ်လုပ်နိုင်မှုသည် ယခင်မျှော်မှန်းထားသော ဆန်တန်ချိန် ၁၇ ဒသမ ၈၄ မက်ထရစ်တန်ကို ကျော်လွန်ကာ ဆန်တန်ချိန် ၁ဝဝဝဝဝ ခန့် ပိုမိုထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ မျှော်မှန်းချက်အပေါ် အခြေပြုပြီး အဆိုပါသတင်း၌ ဖော်ပြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်လများက မုန်တိုင်းများဒဏ် ခံရမှုရှိခဲ့သော်လည်း ယခုနှစ်ဇူလိုင်လမှ ဒီဇင်ဘာလအထိ ဆန်ထုတ်လုပ်နိုင်မှု ၁ဝ ဒသမ ၇ ရာခိုင်နှုန်းတိုးမြှင့်ကာ ထုတ် လုပ်နိုင်ခဲ့သည်။ဖိလစ်ပိုင်အစိုးရသည် စပါးစိုက်ပျိုး ထွက်ရှိမှုနှုန်းကို တိုးမြှင့် ရန် အစီအစဉ် ချမှတ်ဆောင်ရွက်ခဲ့ရာ တစ်ဟက်တာလျှင် ၃ ဒသမ ၈၃ တန်အထိ စပါးထွက်ရှိနိုင်ရေးကြိုးစားခဲ့သည်။ ထို့ကြောင့် ယခုနှစ်၏ စပါးထွက်ရှိမှုသည် ၂ဝ၁၁ ခုနှစ်က ထက် တစ်ဟက်တာလျှင် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထွက်ရှိခဲ့ သည်။ (ဆင်ဟွာ) 

**အာရှပထမဆုံးအထပ်မြင့်နေစွမ်းအင်ဓါတ်အားပေးစက်ရုံတရုတ်နိုင်ငံ ပေကျင်း အနောက်မြောက်ပိုင်း၌ တည်ဆောက်**
 (ပေကျင်း နိုဝင်ဘာ ၁၃) 
အာရှတွင်နေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ပထမဆုံးအထပ်မြင့် ဓာတ် အားပေးစက်ရုံကို တရုတ်နိုင်ငံ ပေကျင်းမြို့အနောက်မြောက်ပိုင်းတွင် တည်ဆောက်နေပြီဖြစ်ကြောင်း စက်ရုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က နိုဝင်ဘာ ၁၂ ရက် တွင် ပြောကြားခဲ့သည်။ အဆိုပါ ဓာတ်အားပေးစက်ရုံတွင် လျှပ်စစ်ဓာတ်အားထုတ် ယူရန် ရေနွေးငွေ့တာဘိုင်ဓာတ်အားပေးစက်တစ်လုံးကို အသုံးပြုထားပြီး ယင်းစက်ရုံမှ ပုံမှန်ဓာတ်အားထုတ်ယူနိုင်ရေးဆောင်ရွက်နေကြောင်း တရုတ်အကယ်ဒမီသိပ္ပံမှ သုတေသန ပညာရှင် တစ်ဦးဖြစ်သည့် ဝမ်ကျီဖန်က ပြောကြားခဲ့သည်။ အားထုတ်ယူရန် နေစွမ်းအင်မှ ဓာတ်အားစွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း၊ ခြောက်နှစ်ကြာ တည် ဆောက်မည့် ယင်းစီမံကိန်းသည် တရုတ်နေစွမ်းအင်ဓာတ်အားထုတ်လုပ်ခြင်းနည်းပညာကို မြှင့် တင်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ဝမ်က ထပ်လောင်းပြောကြားသည်။ အဆိုပါစက်ရုံသည် လက်ရှိပုံမှန်လည်ပတ်နေသောဓာတ်အားပေးစက်ရုံများနှင့် နှိုင်းယှဉ်လျှင် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် ၂၃၆၆ တန်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုက် ၁၇ ဒသမ ၅ တန်ကို လျှော့ချထုတ်လွှတ်ပေးနိုင်သွားမည်ဖြစ်သည်။ (ဆင်ဟွာ) 

**ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ်ကာနီပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေဆုံး** 
(ဗန်ကောက် နိုဝင်ဘာ ၁၃) 
ထိုင်းနိုင်ငံတောင်ပိုင်း ပတ်ကာနီပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်စောစောက ချောင်းမြောင်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံးသွားကြောင်း ဗန်ကောက်ပို့စ်သတင်းတွင် ဖော်ပြပါရှိသည်။ သေဆုံးသူမှာ အသက် ၅၈ နှစ်ရှိ ဆမာအဲယားဖြစ်ပြီး ပတ်ကာနီပြည်နယ် ကာဟိုခရိုင်မှဖြစ်ကြောင်းသိရသည်။ ဆမာအဲယားသည် ကာဟိုခရိုင်အတွင်း သူ့ကားဖြင့် ဖြတ် မောင်းစဉ် လမ်းဘေးသစ်တောအတွင်းမှ သေနတ်သမားများက ချောင်းမြောင်းပစ်ခတ်ခြင်းဖြစ်ပြီး သေနတ်သမားများမှာ ထိုနေရာမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့က ပြော ကြားသည်။ ဆမာအဲယားမှာ ပွဲချင်းပြီး သေဆုံးသွားသည်ဆို သည်။ (ဆင်ဟွာ)

 စုစည်းဘာသာပြန် - တင်မောင်လွင်

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)