ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 14, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**အေတီပီ Word Tour တင်းနစ်ပြိုင်ပွဲ ဂျိုကိုဗစ်ဖလားဆွတ်ခူး**
(လန်ဒန် နိုဝင်ဘာ ၁၃)
 အေတီပီ Word Tour တင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို
 နိုဝင်ဘာ ၁၃ ရက်က ဂျိုကိုဗစ်နှင့် ရော်ဂျာဖက်ဒဲရားတို့
ယှဉ်ပြိုင်ကစားရာ ဂျိုကိုဗစ်က အနိုင်ရပြီး ဖလားကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့သည်။ ဆာဘီးယားတင်းနစ်သမား ဂျိုကို ဗစ်သည် ဖက်ဒဲရားအား ၇-၆ (၈-၆)၊၇-၅ ဖြင့် နိုင်ပွဲရအောင် ကစားခဲ့ခြင်း ဖြစ်သည်။ ဂျိုကိုဗစ်သည် ယခုပွဲ၌ရော်ဂျာဖက်ဒဲရားကို တန်ပြန်ရိုက်ချက်၊ ထောင့်ဖြတ်ရိုက်ချက်များ မှန်ကန်တိကျစွာ ကစားနိုင်ခဲ့သဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဂျိုကိုဗစ်သည် ၂ဝ၁၂ခုနှစ်အတွင်း၌ သြစတြေးလျအိုးပင်းတင်းနစ်ဖလား၊ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် အေတီပီတိုးတင်းနစ်ဖလားများကို ဆွတ်ခူး နိုင်ခဲ့သည်။တစ်ဖန် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ နောက်ဆုံးဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့ပြီး ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့သည့်အပြင် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည်။ (ဆင်ဟွာ)

**အားကစားသတင်းအတိုအထွာများ**

 ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမား အသက် ၂ဝ အရွယ်ရှိ ဇာဟာအား အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားရန် ခေါ်ယူ လိုက်ပြီဖြစ်သည်။

 မန်ယူနှင့် အဲဗာတန်အသင်းတို့က အပြိုင်အဆိုင်ကမ်းလှမ်းနေသော ၂၄ နှစ်အရွယ် နောက်ခံကစားသမား ဖော်ရန်အား ဖူလ်ဟမ်အသင်းက ခေါ်ယူ နိုင်ရေး ကြိုးစားလျက်ရှိသည်။

 မန်ယူအသင်းမှ ကွင်းလယ်ကစားသမားနာနီ အသင်းမှထွက်ခွာပါက ၄င်းနေရာတွင် အစားထိုးရန် ပေါ်တိုအသင်းတောင်ပံကစားသမား အသက် ၂၁ နှစ်အရွယ်ရှိ ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် စီစဉ်လျက်ရှိသည်။

ဒါဘီအသင်း ကွင်းလယ်ကစားသမား အသက် ၁၇ နှစ်အရွယ်ရှိ ဝဲလ် ဟက်စ်အား အာဆင်နယ်၊ မန်စီးတီးနှင့်လီဗာပူးအသင်းတို့က ခေါ်ယူနိုင်ရေး အပြိုင် ကမ်းလှမ်းလျက်ရှိသည်။

အက်စ်ပန်ညိုနှင့်ဗလင်စီယာအသင်းတို့က ချယ်လ်ဆီးကွင်းလယ် ကစား သမား ရိုမြူအား စပိန်မြေသို့ ပြန်လည်ကစားရန် ခေါ်ယူလျက်ရှိသည်။

 ဘရာဇီးတိုက်စစ်မှူး ဒါမီရာအိုက ရီးရဲမက်ဒရစ်အသင်းတွင် ကစားလို ကြောင်း၊ ဥရောပကလပ်အသင်းများအနက် ရီးရဲမက်ဒရစ်၌ ကစားလိုသည့်ဆန္ဒ သည် မိမိအိပ်မက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။  

လိုင်လီနောက်ခံလူ အသက် ၂၇ နှစ်အရွယ်ရှိ ဒီဘူချီအား နယူးကာဆယ် အသင်းကခေါ်ယူလိုကြောင်း၊ လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ၌ ခေါ်ယူ နိုင်ရေးကြိုးစားမည်ဖြစ်ကြောင်း ယင်းကလပ် တာဝန်ရှိသူများက ပြောကြားသည်။ 

အသက် ၃၄ နှစ်အရွယ်ရှိ မန်ယူနောက်ခံလူဖာဒီနန်သည် လာမည့် ဘောလုံးရာသီတွင် ဆက်လက်ကစားရန် စာချုပ်သစ်ချုပ်ဆိုရေးအတွက် မန်ယူက တစ်စုံတစ်ရာ ပြောကြားမှုမရှိသေးကြောင်း ၄င်းကပြောကြားသည်။ 

 လီဗာပူးနှင့် ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်၌ ဒူးဒဏ်ရာရရှိခဲ့သော ချယ်လ်ဆီးအသင်းခေါင်းဆောင် တယ်ရီသည် လာမည့်လ၌ ကစားရမည့် ဖီဖာ ကလပ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ ပါဝင်ကစားနိုင်မည်ဟုဆိုသည်။ 

မန်ယူတိုက်စစ်မှူး ဗန်ပါစီသည် ဂျာမနီအသင်းနှင့် ကစားရမည့်ပွဲ၌ နယ်သာလန်အသင်းတွင် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း၊ ယင်းမှာ မန်ယူနှင့် ဗီလာတို့ပွဲ၌ ပေါင်ကြောဒဏ်ရာရရှိခဲ့၍ဖြစ်ကြောင်း နယ်သာလန်ဘောလုံးအဖွဲ့ ချုပ်က သတင်းထုတ်ပြန်သည်။ 

 ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုသည် စပိန်လာလီဂါပွဲစဉ်အဖြစ် ရီရဲ မက်ဒရစ်နှင့် လီဗန်တေးတို့ပွဲတွင် မျက်စိထိခိုက်မိခဲ့သဖြင့် ဂါဘွန်အသင်းနှင့်ချစ်ကြည် ရေးခြေစမ်းပွဲကစားမည့် ပေါ်တူဂီအသင်းတွင် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ 

 အေစီမီလန်အသင်းအား ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့သူ အသက် ၃၄ နှစ်အရွယ်ရှိ ဂတ်တူဆိုက မိမိသည် ဘောလုံးကစားခြင်း မှ အနားယူလျှင် အေစီမီလန်အသင်း၌ နည်းပြတာဝန်ယူလိုကြောင်း ထုတ်ဖော်ပြော ကြားသည်။

 အသက် ၃၆ နှစ်အရွယ်ရှိ ယူကရိန်းတိုက်စစ်မှူးရှက်ဗ်ချင်ကိုအား ယူကရိန်း လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူရန် ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းထားသည်။ 

 စတီဗင်ဂျရတ်သည် ဒူးဒဏ်ရာရရှိနေသဖြင့် ဆွီဒင်အသင်းနှင့်ချစ်ကြည် ရေးပွဲကစားမည့် အင်္ဂလန်အသင်းတွင် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်) 

 **ဂျူဗင်တပ်စ်တို့ ရမှတ်တိုးနိုင်မယ့် စီးရီးအေပွဲစဉ် (၁၃)**
 (ရောမ နိုဝင်ဘာ ၁၃) 
ပရိသတ်တွေ ရင်ခုန်စောင့်မျှော်ကြည့်ရှုရယ့် အီတလီ စီးရီးအေပွဲစဉ် (၁၃)ကို နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေ မှာ ဆက်လက်ကစားကြမှာဖြစ်ပါတယ်။ တစ်ဦးချင်း ကျွမ်းကျင်မှုနဲ့ အသင်းလိုက်အင်အားအပြည့်နဲ့ ကစားတတ်တဲ့ စီးရီးအေပွဲစဉ်တွေဟာ ဘောလုံးပရိသတ်တွေရဲ့ရင်ထဲမှာ စွဲနစ်နေအောင် စိတ်အာရုံကို လွှမ်းခြုံဖမ်းစားနိုင်စွမ်း ရှိနေပါတယ်။ ကြံ့ခိုင်မှု၊ လျင်မြန်မှု၊ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်မှု၊ ပြိုင်ဘက်ခံစစ်မှူးတွေကို ရဲရဲဝံ့ဝံ့ကျော် ဖြတ်မှုစတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ စီးရီးအေ ဘောလုံးသမားတွေ ရဲ့ ကစားဟန်ဟာ ပရိသတ်တွေရဲ့ စိတ်ခံစား မှုကို ပွင့်အန်ပေါက်ကွဲထွက်စေအောင် လှုပ်ကိုင်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် စီးရီးအေပွဲစဉ်တွေကို ပရိသတ်တွေ အာရုံစူးနစ် စီးမျောကြည့်ရှုခံစားနိုင်ဖို့အတွက် စီးရီးအေပွဲစဉ် (၁၃)မှာ ယှဉ်ပြိုင်ကြမယ့် အသင်းတွေရဲ့ အနေအထားကို ပုံဖော် ကြည့်မယ်ဆိုရင် တန်းစီဇယားထိပ်ဆုံးက ဂျူဗင်တပ်စ်ဟာ လာဇီယိုအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်လို့ အားထည့်ကစားမှာဖြစ်သလို အင်တာမီလန်တို့ကလည်း အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ ကာဂလီရာရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာမို့ ရင်ပူစရာဖြစ်ရမယ့် ပွဲစဉ်ဖြစ်နေပါတယ်။ 

**ဂျူဗင်တပ်စ်နှင့် လာဇီယို** 

ပြီးခဲ့တဲ့ပွဲစဉ် (၁၂)မှာပက်စ်ကာရာအသင်းကို အိမ်ကွင်းမှာ ခြောက်ဂိုး အထိသွင်းယူပြီး ပြိုင်ဘက်အသင်းတွေကိုထိတ်လန့်စေခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း ဟာ လာဇီယိုအသင်းကိုတော့ ဂိုးပြတ်ဖို့သိပ်မလွယ်ပါဘူး။ လာဇီယိုအသင်းဟာ ရိုးမားလိုခြေမာတဲ့အသင်းကို ပွဲစဉ်(၁၂)မှာ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ကစားခဲ့ တာကြောင့် နိုင်စိတ်တွေဆူဝေနေတဲ့အသင်းဖြစ်ပါတယ်။ လာဇီယိုအသင်းရဲ့ ခံစစ်မှူးတွေဟာ စိုးရိမ်စိတ်များတတ်တာမို့ အမှားအယွင်းတွေကတစ်ဆင့် ဂိုးတွေပေးရတတ်တာကို ဂျူဗင်တပ်စ်တိုက်စစ်မှူးတွေ ကောင်းကောင်းအသုံးချ သွားနိုင်ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာကွာဂလီရီရာ နဲ့ ဗီဒယ် တို့က အဆုံးအဖြတ်ဂိုးတွေသွင်းယူပေးနိုင်ကြသလို လာဇီယိုအသင်းမှာလည်း ကလိုဆေးနဲ့ ဟာနန်ဒက်ဇ်တို့က ဂိုးရအောင် ဖန်တီးသွင်းယူတတ်ကြသူတွေ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်က ခြေသာတာမို့လာဇီယိုတို့ ဒီပွဲမှာ သရေဆိုတဲ့ရလဒ် ကိုပဲ မျှော်လင့်ပြီးကစားရမယ့် အနေအထားဖြစ်ပါတယ်။ 

 **နာပိုလီနှင့် အေစီမီလန်**
 ဒီနှစ်စီးရီးအေမှာ နာပိုလီတို့ခြေစွမ်းပြနေပြီး အံ့အားသင့်စရာရလဒ်တွေကို ရယူလျက်ရှိပါတယ်။ နာပိုလီ တိုက်စစ်မှူး ကာဗာနီဟာ ဒီနှစ်စီးရီးအေမှာ ပွဲစဉ် (၁၂)ပွဲ ကစားပြီးချိန်အထိ ရှစ်ဂိုးသွင်းယူနိုင်ခဲ့တာမို့ လက်ရှိအချိန်မှာ ဂိုးအများဆုံးသွင်းထားနိုင်တဲ့ တိုက်စစ်မှူးအဖြစ် ရပ်တည်နေပါတယ်။ ဒါ့ အပြင် နာပိုလီတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ဟမ်ဆစ်ကလည်း ၁၂ ပွဲကစားပြီးချိန်မှာ ငါးဂိုးအထိ သွင်းထားနိုင်တာဖြစ်လို့အေစီမီလန်ခံစစ်ကြောင်းကို အကြိမ် ကြိမ် ဖြတ်ကျော်ထိုးဖောက်နိုင်သူတွေဖြစ်ပါတယ်။ အေစီမီလန်ရဲ့ ဒီနှစ်ခြေစွမ်း ကတော့ ပရိသတ်တွေကို စိတ်ပျက်နေစေတဲ့အနေအထားဖြစ်ပါတယ်။ ဒါပေ မယ့် အေစီမီလန်တိုက်စစ်မှူး ရှာရာဝေးကတော့ ပုံမှန်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး ကောင်းဖြစ်ပြီး ၁၂ ပွဲကစားပြီးချိန်မှာရှစ်ဂိုးအထိ သွင်းယူထားနိုင်သူပါပဲ။ နာပိုလီနဲ့ အေစီမီလန်တို့ တိုက်စစ်အားမျှတနေပေမယ့် ခံစစ်အပိုင်းမှာ နာပိုလီ တို့က သိပ်သည်းမှုနဲ့ မာကျောမှုအကောင်းဆုံးအနေအထားရှိနေပါတယ်။ ဒီပွဲမှာ ခြေစွမ်းတည်ငြိမ်တဲ့ နာပိုလီတို့ရဲ့ ကြိုးစားအားထုတ်မှု အတက်အကျပေါ်မှာ ပွဲ ရလဒ် ဖြစ်ပေါ်သွားနိုင်ပါတယ်။ 

**ဘိုလော့နာနှင့် ပါလာမို**
 တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဘိုလော့နာရဲ့ပွဲရလဒ်တွေကြောင့် နည်းပြ ပီအိုလီလည်း ဖိအားပေးခံရမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဘိုလော့နာမှာ ဂီလာ ဒီနိုတို့လို တိုက်စစ်မှူးတွေရှိပေမယ့်အခင်းအကျင်း အားနည်းမှုကြောင့်ဆိုတဲ့ ဝေဖန်မှုတွေကြားထဲမှာ နည်းပြ ပီအိုလီလည်း ဒီပွဲကို ရလဒ်ကောင်းအောင် ကိုယ်တွယ်ပါလိမ့်မယ်။ သရေပွဲများနေတဲ့ ပါလာမိုလည်း တန်းဆင်းဇုန်နဲ့ အဝေး ဆုံးရောက်အောင် ဒီပွဲမှာရသမျှအမှတ်ယူဖို့ ကြိုးစားမှာ သေချာပါတယ်။ ဒါပေမယ့် ဒီနှစ်စီးရီးအေမှာ တိုက်စစ်အညံ့ဆုံးအသင်းက ပါလာမိုဖြစ်နေပြီး ခံစစ် အကောင်းဆုံးအသင်းထဲမှာတော့ပါလာမိုတို့ ပါဝင်နေတာမို့ ဘိုလော့နာ တိုက်စစ်မှူးတွေ ခက်ခက်ခဲခဲ ဂိုးသွင်းရမယ့်ပွဲပါပဲ။ကာတာနီးယားနှင့်ချေယေဗို အမှတ်လိုအပ်နေတဲ့ ချေယေဗိုတို့အဝေးကွင်းမှာ အမှတ်ရသမျှယူမယ့် ပွဲဖြစ်ပါတယ်။ ချေယေဗိုနည်းပြ ကိုရီနီဟာ ခံစစ်ကြောင်းမပြုပြင်ရင်တော့ ကာတာနီးယား တိုက်စစ်မှူးတွေအတွက်ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီး ရရှိသွားနိုင်ပါတယ်။ ချေယေဗိုခံစစ်မှူးတွေနဲ့ ဂိုးသမားရဲ့ဆုံးဖြတ်ချက် အမှား အယွင်းတွေကြောင့် ဒီနှစ် စီးရီးအေမှာဂိုးတွေအများဆုံး အသွင်းခံထားရတဲ့ အသင်းဖြစ်နေပါတယ်။ ကာတာနီးယားဟာ ဒီပွဲစဉ်မှာတော့ အိမ်ကွင်းဖြစ်ပေမယ့် အမာခံကစားသမားတွေ အကုန်ထုတ်သုံးပြီး တိုက်စစ်ပုံစံပြောင်းရင်တော့ မျှော်လင့်ချက်ပြည့်ဝနိုင်တဲ့ အနေအထားရှိပါတယ်။ 

**ဖီအိုရင်တီးနားနှင့် အတ္တလန္တာ**

 ဒီပွဲက အကြိတ်အနယ်ရှိမယ့် ပွဲစဉ်ပါပဲ။ ဖီအိုရင်တီးနားရဲ့ အကောင်း ဆုံးအပိုင်းက ခံစစ်ကြောင်း ခိုင်မာတောင့်တင်းခြင်းပဲဖြစ်ပါတယ်။ ဖီအို ရင်တီးနားဟာ ပွဲတိုင်းရလဒ်ကောင်းဖို့ကြိုးစားနေတဲ့အသင်းဖြစ်တာမို့ အိမ် ကွင်းမှာ သုံးမှတ်အပြည့်ရအောင်အားထုတ်မှာပါ။ တိုက်စစ်ပိုင်းမှာရော၊ ခံစစ်ပိုင်းမှာပါ ဖီအိုရင်းတီးနားတို့ကအားသာမှုရှိပြီး နည်းပြ မွန်တယ်လာ ဗျူဟာအခင်းအကျင်း ကောင်းရင် ရလဒ်ကောင်းထွက်နိုင်ပါတယ်။ 

**အင်တာမီလန်နှင့် ကာဂလီရာရီ**
 ဒီနှစ်စီးရီးအေမှာ ဖလားရယူဖို့စိတ်အားထက်သန်နေတဲ့ အင်တာမီလန် ဟာ တိုက်စစ်မှူး မီလီတိုနဲ့ ကတ်ဆာနိုတို့လို အားထားရတဲ့ ဂိုးသွင်းခြေစွမ်း ထက်သူတွေရှိနေတာမို့ အိမ်ကွင်းမှာတိုက်စစ်ဖွင့် ကစားမှာပါ။ တန်ပြန်တိုက် စစ်ကတစ်ဆင့် လျှပ်တစ်ပြက်ဂိုးသွင်းတတ်တဲ့ ကာဂလီရာရီကို အင်တာမီလန်တို့ အိမ်ကွင်းမှာဆိုပေမယ့် အလေးထားကစားရပါလိမ့်မယ်။ အတ္တလန္တာကို ပွဲစဉ်(၁၂)မှာ ပူပူနွေးနွေးရှုံးပွဲကြုံထားတဲ့အင်တာမီလန်တို့ သတိထားကစားမှ အခြေအနေကောင်းမှာဖြစ်ပါတယ်။

 **ဆီနာနှင့် ပက်စ်ကာရာ**

 တန်းဆင်းဇုန်နားက လွတ်မြောက်ဖို့အတွက် ရုန်းကန်နေရတဲ့ ပက်စ်ကာ ရာအတွက် ဒီပွဲရလဒ်က အရေးကြီးသလို တန်းစီဇယား အောက်ဆုံးကိုရောက်နေတဲ့ ဆီနာတို့ကလည်း ဆိုးရွားနေတဲ့ အနေအထားကြောင့် ဒီပွဲမှာအပြင်းအထန် ကြိုးစားမှာဖြစ်ပါတယ်။ နှစ်သင်းစလုံး လက်ရှိအခြေအနေကရုန်းထွက်ဖို့ အပြိုင်ကြိုးစားမှာမို့ အကြိတ် အနယ်ရှိမယ့်ပွဲအဖြစ် မြင်တွေ့ရမှာပါ။ 

**အူဒီးနိစ်နှင့် ပါးမား**
 နှစ်သင်းစလုံး ရမှတ်တူနေတဲ့အသင်းတွေဖြစ်ပြီး ရှေ့၊ လယ်၊ နောက် ကစားအားလည်း ကွာဟမှုမရှိတာမို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲဖြစ်မှာ သေချာ ပါတယ်။ အူဒီးနိစ်မှာ ဂိုးသွင်းခြေစွမ်းထက်မြက်တဲ့ နာတာလီ အားကိုးနဲ့ ပွဲထွက်လာမလားဆိုတာ ကြည့်ရမှာဖြစ်ပြီး အူဒီးနိစ်ရဲ့တိုက်စစ် ဘယ်လိုပုံ ဖော်မလဲဆိုတာက အိမ်ကွင်းရလဒ်ကိုအပြောင်းအလဲဖြစ်စေမယ့်ပွဲပါပဲ။ 

 **ဆမ်ဒိုးရီးယားနှင့် ဂျီနိုအာ** 

ဆမ်ဒိုးရီးယားရော ဂျီနိုအာပါအမှားအယွင်းမခံတဲ့ပွဲ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲကျရောက်နေတဲ့ ဂျီနိုအာဟာ ဆမ်ဒိုးရီးယားကို ခြေကုန်ထုတ်ပြီး အမှတ်ယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။ဆမ်ဒိုးရီးယားရဲ့ ဒီနှစ်ခြေစွမ်းက အားရ စရာမရှိပေမယ့် ခါးသီးတဲ့လက်ရှိရပ်တည်မှုအနေအထားကိုပြောင်းလဲပစ်ဖို့ အိမ် ကွင်းမှာ အားကုန်ထုတ်မယ့်ပွဲ ဖြစ်ပါတယ်။ 

 **ရိုးမားနှင့် တိုရီနို** 
ရိုးမားတို့ပြီးခဲ့တဲ့ ပွဲစဉ် (၁၂)မှာရှုံးပွဲကြုံထားလို့ အခုပွဲကို အိမ်ကွင်းမှာ အနိုင်ကစားပါလိမ့်မယ်။ ရိုးမားရဲ့တိုက်စစ်မှူး အော်စဗာဒိုက တစ်ကိုယ်တော်ထိုးဖောက်ဂိုးသွင်းနိုင်တာမို့ ရိုးမားတို့ ရလဒ်မဆိုးရွားနိုင်ပါဘူး၊ ဒါပေမယ့် တိုရီနိုရဲ့အားသာချက်က ခံစစ်မှူးတွေအားကောင်းနေတာပါပဲ။ ဒီနှစ်စီးရီးအေ မှာ ပေးဂိုးအနည်းဆုံးအသင်းတွေထဲမှာတိုရီနိုက ထိပ်ဆုံးမှာ ရှိနေတာမို့ ရိုးမား တို့ ဖိဖိစီးစီးမကစားနိုင်ရင် အိမ်ကွင်းမှာပရိသတ်တွေရဲ့ အောင်ပွဲခံအသံတွေ တိတ်ဆိတ်သွားနိုင်ပါတယ်။ ။ (အင်တာနက်) 

စုစည်းဘာသာပြန် - မောင်ချစ်ကြည်

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)