**ဟာနန်ဒက်ဇ်နှင့် ရွန်းနေ ဂိုး ၂၀ စီ သွင်းမည်ဟု ဖာဂူဆန်ပြော**
(လန်ဒန် နိုဝင်ဘာ ၁၁)
မန်ယူတိုက်စစ်မှူးများဖြစ်သည့် ဟာနန်ဒက်ဇ်နှင့် ရွန်းနေတို့သည် ယခုနှစ် ရာသီအတွင်း ဂိုး ၂ဝ စီအထိ သွင်းယူပေးနိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ဂိုးကွာခြားချက်များဖြင့် ပရီမီယာလိဂ်ဖလား လက်လွတ်ဆုံးရှုံးရခြင်းအပေါ် ရှောင် ရှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း နည်းပြဖာဂူဆန်က ပြောကြားသည်။ မန်ယူသည် ပြီးခဲ့သောရာသီက မန်စီးတီးအသင်းကို ဂိုးကွာခြား ချက်ဖြင့် ဖလားလက်လွတ်ဆုံးရှုံးခဲ့ရသည်။ ယခုနှစ်ရာသီတွင် ထိုကဲ့သို့ ဆုံးရှုံးမှုမဖြစ်နိုင်ကြောင်း နည်းပြဖာဂူဆန်က ယုံကြည်ထားသည်။ လက်ရှိ အနေအထားအရတိုက်စစ်မှူးဗန်ပါစီသည် မန်ယူအတွက် ၁၁ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူပေးထားသည်။ ဗန်ပါစီသည် ၁၄ ပွဲကစား ရာ ၁၁ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ သို့သော် ဗန်ပါစီအပေါ်မှီခိုနေခြင်း မဖြစ် သင့်ကြောင်းလည်း ဖာဂူဆန်ကပြောကြားသည်။ ရွန်းနေနှင့် ဟာနန်ဒက်ဇ် တို့သည်လည်း ဂိုး ၂ဝ စီ သွင်းကြလိမ့်မည်ဟုဆိုသည်။ ပြီးခဲ့သောရာသီက ချန်ပီယံ မန်စီးတီးက ၉၃ ဂိုး သွင်းပြီး မန်ယူက ၈၉ ဂိုး သွင်းယူခဲ့သည်။ (ရိုက်တာ)
** မောရစ်ဇ်ဝက်ရှ်ကိုအလဲထိုးပြီး ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့  သည့်  ဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော် ကလစ်ရှ်ကို**
IBF,IBO,WBC,WBAချန်ပီယံဆုများ ဆွတ်ခူးထားသည့် ဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော် ဝလာဒီမာ ကလစ်ရှ်ကိုသည် ပိုလန်နိုင်ငံသား ဟဲဗီးဝိတ်လက်ဝှေ့သမား မောရစ်ဇ်ဝက်ရှ်ကို ဒိုင်လူကြီး၏ အမှတ်ပေး စည်းမျဉ်းဆုံးဖြတ်ချက်ဖြင့် အနိုင်ရယူပြီး ¤င်း၏ ချန်ပီယံရွှေခါးပတ်များကို ဆက်လက်ကာကွယ်ထိန်း သိမ်း ကာကွယ်နိုင်ခဲ့သည်။ အဆိုပါပွဲစဉ်အတွင်း ကလစ်ရှ်ကိုသည် ဝက်ရှ်နှင့် ငါးချီထက်မနည်း ထိုးသတ်ရမည်ဟု ထင်ထားခဲ့သော်လည်း ငါးချီမြောက်တွင် ဝက်ရှ်၏ အားနည်းချက်၊ ဟာကွက်များကို ရှာဖွေထိုးသတ်နိုင်ခဲ့၍ ယခုကဲ့သို့ အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ ဒိုင်လူကြီး၏ အမှတ်ပေးစည်းမျဉ်းဆုံးဖြတ်ချက်အရ ကလစ်ရှ်ကိုသည် ၁၂ဝ-၁ဝ၇၊ ၁၂ဝ-၁ဝ၇၊ ၁၁၉-၁ဝ၉ မှတ်တို့ဖြင့်¤င်း၏ ချန်ပီယံရွှေခါးပတ်များကို (၁၃)ကြိမ်မြောက်အဖြစ် ဆက်လက်ထိန်းသိမ်းကာကွယ်နိုင်ခဲ့သည်။ (ဟိန်းထက်)
**ဘရာဇီးနောက်တန်းကစားသမား ဂျူဗင်တပ်စ်ခေါ်ရန် ကြိုးစား**
(ရောမ၊ နိုဝင်လဘာ ၁၁)
ဘရာဇီးကလပ် ဘိုတာဖိုရိုနောက်တန်းကစားသမား ဒိုရီယာအား ဂျူဗင် တပ်စ်က ပေါင် ၄ ဒသမ ၅ သန်းပေး ကမ်းလှမ်းခဲ့ရာတွင် ဘရာဇီးကလပ်က ငြင်းဆိုလိုက်သည်။အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်က ဒိုရီယာအား လွန်ခဲ့သော သီတင်းပတ်က ခေါ်ယူရန်ကမ်းလှမ်းခဲ့သည်။ ဂျူဗင်တပ်စ်က ပေါင် ၄ ဒသမ ၅ သန်းပေးသော်လည်း ဘရာဇီးကလပ်က ၄င်းထက်ပိုဈေးပေးရန် တောင်းဆို ထားသည်။ဒိုရီယာသည် အသက် ၁၇ နှစ်မျှသာ ရှိသေးသည်။ သို့သော် ဒိုရီယာသည် ဘရာဇီးကလပ်တွင် ခြေစွမ်းပြကစားနေမှုကြောင့် အီတလီစီးရီးအေကလပ်များ က အပြိုင်ခေါ်ယူရန် ကြိုးစားလျက်ရှိကြသည်။ (ရိုက်တာ)
**မန်ယူတို့အဝေးကွင်း၌ အောင်ပွဲခံနိုင်ခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၁၁)**
(လန်ဒန် နိုဝင်ဘာ ၁၁)
ပရီမီယာလိဂ်ပွဲစဉ်(၁၁) အဖြစ်နိုဝင်ဘာ ၁ဝ ရက်က ဗီလာနဲ့မန်ယူတို့ ယှဉ်ပြိုင်ကစားတဲ့အခါ မန်ယူတို့ကနောက်ကျဂိုးတွေနဲ့ အနိုင်ကစားခဲ့လို့ အဝေးကွင်းမှာ အဖိုးတန်သုံးမှတ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် တန်းစီဇယား ထိပ်ဆုံးကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲတိုင်းနိုင်ပွဲရဖို့ အလေးထား ကစားနေတဲ့မန်ယူအသင်းဟာ တိုက်စစ်မှာ ရွန်နေ၊ ဗန်ပါစီနဲ့ အဝေးကွင်းမှာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ဟာနန်ဒက်ဇ်တို့ကိုပွဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင် ဗီလာတို့က မန်ယူတိုက်စစ်ကိုဟန့်တားပြီးထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့တာမို့ ပွဲချိန် ၄၅ မိနစ်မှာ ဝီမင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူတို့ပထမ ပိုင်းပွဲချိန်ပြီးတဲ့အထိ ချေပဂိုး မသွင်းနိုင်ခဲ့ပါဘူး။ဒုတိယပိုင်းပွဲချိန် မိနစ် ၅ဝမှာ ဝီမင်းကပဲ ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာမို့ မန်ယူတို့ နှစ်ဂိုးပေးခဲ့ရပြီး ချေပဂိုးရရှိရေး တိုက်စစ်အားတင်ကာထိုးဖောက်ကစားခဲ့တာမို့ ပွဲချိန် ၅၈ မိနစ်မှာ ဟာနန်ဒက်ဇ်က ပထမဆုံးချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူတို့ ဆက်တိုက် ထိုးဖောက်တိုက်စစ်ဆင်ခဲ့တဲ့အတွက် ဗီလာခံစစ်မှူးတွေ အမှားအယွင်း ဖြစ်ပြီး ပွဲချိန် ၆၃ မိနစ်မှ ဗီလာကစားသမား ဗယ်လာရာကြောင့် မန်ယူတို့ ဒုတိယချေပဂိုးရရှိခဲ့ပြန်ပါတယ်။နှစ်ဂိုးစီဖြစ်နေချိန်မှာ မန်ယူတို့ အနိုင်ဂိုးရရှိရေး ကြိုးစားခဲ့တာမို့ ပွဲချိန်၈၇ မိနစ်မှာ ဟာနန်ဒက်ဇ်က တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာသုံးဂိုး-နှစ်ဂိုးနဲ့ မန်ယူတို့နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်ပါတယ်။ မန်ယူဟာဒီပွဲမှာ အနိုင်ရရှိခဲ့တာမို့ တန်းစီဇယားမှာ ၁၁ ပွဲကစား၊ ၂၇ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေဆဲဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ဖူလ်ဟမ် အသင်းတို့ပွဲကတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အိမ်ရှင်အာဆင်နယ်တို့က ပွဲချိန် ၁၁ မိနစ်မှာ ဂီရော့ဒ်က အဖွင့် ဂိုးသွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ လျင်လျင်မြန်မြန်တိုက်စစ်ဆင်ကစားနိုင်ခဲ့လို့ ပွဲချိန် ၂၃ မိနစ်မှာ ပိုဒေါစကီးက အာဆင်နယ်အတွက်ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၉ မိနစ်မှာ ဖူလ်ဟမ်တိုက်စစ်မှူး ဘာဘာ တော့ဗ်က ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးမိနစ် ၄ဝမှာ ကာနစ်လစ်က ဒုတိယ ချေပဂိုးသွင်းယူနိုင်ခဲ့လို့ ဖူလ်ဟမ်တို့ချေပဂိုးနှစ်ဂိုး ရရှိသွားခဲ့ပါတယ်။ ပထမ ပိုင်းပွဲချိန်အပြီးမှာ နှစ်ဂိုးစီသရေပွဲဖြစ်နေပြီး ဒုတိယပိုင်းပွဲချိန် ၆၇ မိနစ်မှာ တော့ဖူလ်ဟမ်တို့ ပယ်နယ်တီရရှိခဲ့တာမို့ ဘာဘာတော့ဗ်ကန်သွင်းယူနိုင်ခဲ့တာ ကြောင့် ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ပွဲချိန် ၆၉ မိနစ်မှာ အာဆင်နယ် အတွက် ချေပဂိုးကို ဂီရော့ဒ်က သွင်းယူနိုင်ခဲ့တာမို့ သုံးဂိုးစီဖြစ်နေခဲ့ပါတယ်။ နှစ်သင်းစလုံး ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဆန္ဒစောနေတာမို့ ဂိုးမသွင်းခဲ့ပါဘူး။ပွဲချိန် မိနစ် ၉ဝ မှာတော့ အာဆင်နယ် တို့ ပယ်နယ်တီရရှိခဲ့ပါတယ်။ အဲဒီပယ်နယ်တီကို အာတီကာကန်သွင်းခဲ့ တာ ဂိုးမဝင်ခဲ့တာကြောင့် နိုင်ပွဲရဖို့ လက်တစ်ကမ်းအလိုမှာ လွဲချော်မှုဖြစ် ပြီး သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရခြင်းဖြစ်ပါတယ်။ဝီဂန်နဲ့ ဝက်စ်ဘရွန်းတို့ ပွဲကတော့ ဝက်စ်ဘရွန်းတို့ အဝေးကွင်းမှာ ခြေစွမ်းပြနိုင်တဲ့ပွဲဖြစ်ပါတယ်။ ဝက်စ် ဘရွန်းဟာ ဝီဂန်ကွင်းမှာ ကစားရပေမယ့်ရှိန်မနေဘဲ ထိုးဖောက်ကစားနိုင်ခဲ့တာမို့ ပွဲချိန် ၃၁ မိနစ်မှာ မောရစ်ဆင်ကဦးဆောင်ဂိုး စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဝက်စ်ဘရွန်းတိုက်စစ်မှူးတွေကနေရာစုံက ထိုးဖောက်ကစားခဲ့တာမို့ ဝီဂန်ခံစစ်မှူးတွေ ကြိုးစားဟန့်တားခဲ့ပေမယ့် ပွဲချိန် ၄၃ မိနစ်မှာ ဝီဂန်ကစား သမား ကာလ်ဝယ်က ဘောလုံးရှင်းထုတ်ရင်း ဂိုးဝင်သွားတာမို့ ဝက်စ်ဘရွန်းတို့ လက်ဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ဒါပေမယ့် ဝီဂန်တို့က ချေပဂိုးရရှိ ရေး တိုက်စစ်ဆင်ကစားခဲ့တာကြောင့်ပွဲချိန် ၄၅ မိနစ်မှာ ကိန်းက ချေပဂိုးတစ် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဝီဂန်တို့ ဒုတိယပိုင်းပွဲချိန်တွေမှာ ဂိုးထပ်မံသွင်းယူနိုင် ရေးကြိုးစားပေမယ့် ဝက်စ်ဘရွန်းဂိုးဧရိယာအတွင်းမှာ ဘောလုံးဆုံးရှုံးမှု တွေသာများခဲ့ပြီး ဂိုးရလဒ်မပြောင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပွဲအပြီးမှာ ဝက်စ် ဘရွန်းတို့က နှစ်ဂိုး-တစ်ဂိုးနဲ့အနိုင်ရပြီး၁၁ ပွဲကစား၊ ခြောက်ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးနဲ့ အမှတ်ရရှိနေတာဖြစ်ပါတယ်။စတုတ်နဲ့ ကျူပီအာအသင်းတို့ပွဲ မှာ နှစ်သင်းစလုံး ခြေကုန်ထုတ်ခဲ့ကြလို့အပြန်အလှန် အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ စတုတ်အသင်းဟာ အိမ်ကွင်း ခြေစွမ်းမာကျောတာမို့ ကျူပီအာ တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမယ့် နှစ်သင်းစလုံးပထမပိုင်းပွဲချိန် အတွင်းမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းပွဲချိန် ၅၂ မိနစ် ရောက်မှာသာ စတုတ် အတွက် အဒမ်က တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး ဆောက်သမ်ပတန်နဲ့ ဆွမ်ဆီးအသင်းတို့ပွဲမှာတော့ တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပြီး ရီဒင်းနဲ့ နော့ဝှစ်တို့ပွဲကတော့ ဂိုးမရှိသရေပွဲဖြစ်ခဲ့ပါတယ်။ အဲဗာတန်နဲ့ ဆန်းဒါးလန်းအသင်းတို့ပွဲကတော့ အဲဗာတန်က နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး အိမ်ကွင်းမှာ သုံးမှတ်အပြည့်ရရှိခဲ့တာမို့ ပရိသတ်တွေ စိတ်ကျေနပ် စေတဲ့ပွဲဖြစ်ပါတယ်။ ။ (အင်တာနက်)
**အားကစားသတင်းအတိုအထွာများ**
ချယ်လ်ဆီးနောက်ခံလူ အက်ရှလေကိုးလ်အား ပဲရစ်စိန့်ဂျာမိန်း ကလပ် နည်းပြ ကာလိုအန်ဆယ်လော့တီက လာမည့်အပြောင်းအရွှေ့ကာလ၌ ခေါ်ယူ နိုင်ရန်ကြိုးစားလျက်ရှိသည်။
လီဗာပူးတောင်ပံကစားသမား ရာဟမ်စတာလင်းက တစ်ပတ်လုပ်ခ ပေါင် ၂ဝဝဝဝ ဖြင့် စာချုပ်သစ်ချုပ်ဆိုရေး လီဗာပူးအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချလိုက်သည်။ စတာလင်းက တစ်ပတ်လုပ်ခ ပေါင် ၅ဝဝဝဝ ရရှိရန်ဆန္ဒရှိ နေသည်။
ရီဒင်းနည်းပြ ဘရိန်းမက်ဒါမော့သည် လာမည့် ဇန်နဝါရီလ အပြောင်း အရွှေ့ကာလတွင် အာဆင်နယ်အသင်းတိုက်စစ်မှူး အသက် ၃၁ နှစ်အရွယ်ရှိ အင်ဒရီအာရှာဗင်အား ခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။
နယူးကာဆယ်နည်းပြအလန်ပါဒူးက အသက် ၂၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး အင်ဒီကာရိုးလ်အား ပြန်လည်ခေါ်ယူစာချုပ်လိုကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
လီဗာပူးနည်းပြ ဘရန်ဒန်ရိုဒ်ဂျာက တောရက်စ်အား အသင်းမှ ရောင်းချသကဲ့သို့ ဆွာရက်ဇ်ကို ရောင်းချမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြား သည်။
ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိပြီး နိုင်ပွဲများရရှိမည်ဟု ယုံကြည်ကြောင်း အင်္ဂလန်နောက်ခံလူ ဂါရီ ကာဟေးလ်က ပြောကြားသည်။
á မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် တိုက်စစ်မှူးများက သွင်းဂိုးစုစုပေါင်း ၁ဝဝ အထိ သွင်းယူနိုင်မည်ဟု ယုံကြည်နေကြောင်း နည်းပြကြီး ဖာဂူဆန်က ထုတ်ဖော်ပြောကြားသည်။
စတုတ်အသင်းဆေးအဖွဲ့က အသက် ၃၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး မိုက်ကယ်အိုဝင်အား ဒဏ်ရာပြဿနာများကြောင့် ကစားရန်မသင့်သေးကြောင်း ပြောကြားသည်။
မန်ယူတိုက်စစ်မှူး အသက် ၂၇ နှစ်အရွယ်ရှိ ရွန်းနေသည် ပြီးခဲ့သည့် သီတင်းပတ်က
အာဆင်နယ်နှင့်ပွဲတွင် ပယ်နယ်တီလွဲချော်ခဲ့သဖြင့် နောက်ပွဲစဉ်များ၌ ပယ်နယ်တီကန်သွင်းမှုလွဲချော်လျှင် မန်ယူ၏ပယ်နယ်တီကန်သွင်းခွင့်ရသည့် ဘောလုံးသမားနေရာအား အစားထိုးမည်ဟု မန်ယူတာဝန်ရှိသူများက ပြောကြား သည်။ (အင်တာနက်)
အင်္ဂလိပ်ပရီမီယာလိဂ် ပွဲစဉ်(၁၁) ၁၁-၁၁-၂ဝ၁၂
မန်စီးတီး ၂ - ၁ စပါး
နယူးကာဆယ် ဝ - ၁ ဝက်စ်ဟမ်း
ချယ်လ်ဆီး ၁ - ၁ လီဗာပူး
-အီတလီစီးရီးအေ ပွဲစဉ်(၁၂) ၁၁-၁၁-၂ဝ၁၂ -
ပါလာမို ၂ - ဝ ဆမ်ဒိုးရီးယား
ချီယေပို ၂ - ၂ အူဒီးနိစ်
ဂျီနိုအာ ၂ - ၄ နာပိုလီ
လာဇီယို ၃- ၂ ရိုးမား
အေစီမီလန် ၁ - ၃ ဖီအိုရင်တီးနား
ကာဂလီယာရီ ဝ-ဝ ကာတာနီးယား
ပက်စ်ကာရာ ၁-၆ ဂျူဗင်တပ်စ်
-စပိန်လာလီဂါရလဒ် -
ဗာလီကာနို ၃-၂ ဆဲလ်တာဗီဂို
အက်စ်ပန်ညို ဝ-၃ အိုဆာဆူနာ
ဇာရာဂိုဇာ ၅-၃ ဒီပို့တီဗို
မာလာဂါ ၁-၂ ရီးရဲဆိုစီဒက်
-ဘွန်ဒက်လီဂါပွဲစဉ် (၁၁)ရလဒ်-
အော့စဘတ် ၁-၃ ဒေါ့မွန်
ဘိုင်ယန်မြူးနစ် ၂-ဝ
ဖရန့်ဖွတ် ဒက်ဆယ်ဒေါ့ဖ် ၁-၁
ဟိုဖန်ဟင်း ဝ-ဝ ဟမ်းဘတ်
ရှော်လ်ကေး ၂-၁ ဝါဒါဘရီမင် (အင်တာနက်)
စုစည်းဘာသာပြန် - အာကာဟိန်း
-ယခုလအတွင်းဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment