လုပ်သားအများဆုံးသုံးစွဲ
သည့် နိုင်ငံဖြစ်လာမည်**
(ပေကျင်း နိုဝင်ဘာ ၁၁)
တရုတ်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ်၌ စက်မှုလုပ်ငန်းသုံးစက်ရုပ်ဝယ်လိုအား
မြင့်တက်ကာ စက်ရုပ်ပေါင်း ၃၂ဝဝဝ ခန့်အထိဝယ်ယူသုံးစွဲမှုရှိ လာ
မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ စက်ရုပ်
လုပ်သားသုံးစွဲမှုအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း
နိုင်ငံတကာစက်ရုပ်ဖက်ဒရေးရှင်းက နိုဝင်ဘာ ၁၁ ရက်၌ သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံတွင် နည်းပညာနှင့် ထုတ်ကုန်လုပ်ငန်းများတွင် လုပ် အားခများမြင့်တက်လာမှုကြောင့် စက်ရုပ်လုပ်သားများကို တဖြည်းဖြည်း အစား ထိုးအသုံးပြုမှု တိုးမြင့်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် စီးပွားရေး တိုးတက်ဖြစ်ထွန်းလာမှုကြောင့် စက်မှုလုပ်ငန်းများ၌ စက်ရုပ်လုပ်သားများ အစား ထိုး အသုံးပြုလာလျက်ရှိသည်။ တရုတ်နိုင်ငံတွင် ပြည်ပစီးပွား ရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံတကာစက်မှုပြပွဲ တစ် ရပ်ကို နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိကျင်းပခဲ့ရာတွင် တရုတ်နိုင်ငံထုတ်စက်ရုပ် များအပါအဝင် စက်ရုပ်ဒီဇိုင်းမျိုးစုံ၁၈ဝဝ ခန့် ပါဝင်ပြသခဲ့သည်။ တရုတ် နိုင်ငံရှိ စက်ရုပ်များထုတ်လုပ်သော စီရာဆမ်စက်ရုပ်ကုမ္ပဏီသည် စက်ရုပ်ပုံစံမျိုး စုံကို ထုတ်လုပ်လျက်ရှိပြီး အမေရိကန်၊ကနေဒါ၊ ရုရှားနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ (ဆင်ဟွာ)
**အီဂျစ်နိုင်ငံတွင် ရထားနှစ်စင်းတိုက်မှုဖြစ်ပွား ၄ ဦးသေဆုံး၊ ၃၀ ဒဏ်ရာရ**
(ကိုင်ရို နိုဝင်ဘာ ၁၁)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ဘက် ၈၅ ကီလိုမီတာအကွာ ဖိုင်ယမ်မြို့တွင် နိုဝင်ဘာ ၁ဝ ရက်က ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ အနည်းဆုံးလေးဦးသေဆုံးပြီး ၃ဝ ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရပိုင် မီနာသတင်းဌာနက သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှုမှာ အီဂျစ်နိုင်ငံ အလက်ဇန္ဒြရီးယားမြို့မှ ဖိုင်ယမ်မြို့သို့ ဦးတည် မောင်းနှင်လာသည့် အမှတ် ၃၂၆၅ ရထားနှင့် ကိုင်ရိုမြို့သို့ ဦးတည်နေသည့် အမှတ် ၃၆ဝ၇ ရထားတို့ ဖိုင်ယမ်မြို့အလယ်ပိုင်း စီလာကျေးရွာနှင့် နာဆာရီယာကျေးရွာနှစ်ရွာ အကြားတွင် နိုဝင်ဘာ ၁ဝ ရက် ညနေပိုင်းက တိုက်မိခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ရထားနှစ်စင်းတိုက်မှုကြောင့် လေးဦးသေဆုံးပြီး ၃ဝ ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား အရေးပေါ်ဆေးဝါးကုသရန် ဒေသတွင်းဆေးရုံ များကို ပို့ဆောင်ပေးထားကြောင်း၊ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရသည့်အကြောင်း အရင်းကို ချက်ချင်းမသိရဘဲ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မီနာသတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အီဂျစ်နိုင်ငံတွင် ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီလက အဆိုးရွားဆုံးရထားနှစ်စင်းတိုက်မှု ကြောင့် လူ ၃ဝဝ ထက်မနည်း သေဆုံးသည်ဟုဆိုသည်။ (ဆင်ဟွာ)
**လူလိုက်ပါမည့်အာကာသယာဉ် တရုတ်ထပ်မံလွှတ်တင်မည်**
(ပေကျင်း နိုဝင်ဘာ ၁၁)
တရုတ်နိုင်ငံက လာမည့် ၂ဝ၁၃ ခုနှစ်တွင် လူလိုက်ပါမည့် အာကာသယာဉ် တစ်စင်းကို ထပ်မံလွှတ်တင်ရန်စီစဉ်ထားကြောင်း ဒေသဆိုင်ရာမီဒီယာများက နိုဝင်ဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။အဆိုပါ အာကာသယာဉ်တွင်အာကာသယာဉ်မှူးသုံးဦး လိုက်ပါမည်ဖြစ်ပြီး ၄င်းအာကာသယာဉ်မှူးသုံးဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်း အာကာသယာဉ်လွှတ်တင်ရေးအစီအစဉ်၏ တာဝန်ခံ အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားသည်။ ရှန်ကျို့-၉လူလိုက်ပါသည့် အာကာ သယာဉ်လွှတ်တင်ခဲ့ပြီးနောက် နောက်ထပ်လူလိုက်ပါမည့် အာကာသယာဉ်ကို ထပ်မံလွှတ်တင်ရန် စီစဉ်ခြင်းဖြစ်သည်။ရှန်ကျို့-၉ အာကာသယာဉ်သည် ယခုနှစ်ဇွန်လနှောင်းပိုင်းက ကမ္ဘာမြေသို့ပြန်လည်ဆင်းသက်လာခဲ့သည်။ ရှန်ကျို့-၉ အာကာသယာဉ်သည်နိုင်ငံ၏ပထမဆုံး လူအားဖြင့်အာကာ သအတွင်း ချိတ်ဆက်လုပ်ဆောင်ခဲ့ပြီးတရုတ်နိုင်ငံ၏ကျယ်ပြောသော ရည်မှန်း ချက်များဖြစ်သည့် အာကာသရေးရာအစီအစဉ်တွင် ကြီးမားသော သမိုင်း မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။(ဆင်ဟွာ)
**ဖိလစ်ပိုင်ကလေးငယ်များအာဟာရပြည့်ဝရေး ဆောင်ရွက်ရန်လိုအပ်**
(မနီလာ နိုဝင်ဘာ ၁၁)
မိမိတို့အစိုးရက ကလေးသူငယ်များအာဟာရချို့တဲ့မှု လျော့နည်းပ ပျောက်ရေးကြိုးပမ်းနေပြီး ကုလသမဂ္ဂ၏ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နေမှုကို ပြည်သူများက ပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတ ကီနစ်အိုအကီနိုက နိုဝင်ဘာ ၁ဝ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။အစိုးရက အာဟာရချို့တဲ့မှုတိုက်ဖျက်ရေးကို အတော်အတန်အောင်မြင်အောင် ဆောင်ရွက်နေကြောင်း၊သို့သော် တစ်ချိန်တည်းမှာပင် ၂ဝ၁၅ခုနှစ်အရောက်၌ အလေးချိန်ပြည့်သည့်ဖိလစ်ပိုင်ကလေးသူငယ်အမျိုးအစားကို ၁၃ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချရေးထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် ပြည့်မီရန် များစွာကြိုးပမ်းရမည်ဟု သမ္မတအကီနိုက ပြောကြားသည်။ (ဆင်ဟွာ)
**ဆွီဒင်ဝန်ကြီးချုပ်နေအိမ်စောင့်လုံခြုံရေးဝန်ထမ်းသေဆုံး**
(စတော့ဟုမ်း နိုဝင်ဘာ ၁၁)
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ဆွီဒင်ဝန်ကြီးချုပ်၏ နေအိမ်ဂေဟာ၌ နှစ်ပေါင်း များစွာ နေထိုင်ကာ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦး နိုဝင် ဘာ ၉ ရက် မွန်းလွဲပိုင်းက သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာ ၁ဝ ရက်က ဆင်ဟွာသတင်းတွင် ဖော်ပြသည်။အသက် ၅ဝ ခန့်အရွယ်ရှိ အဆိုပါ လုံခြုံရေးအစောင့်ဝန်ထမ်းသည် စတော့ဟုမ်းမြို့ ဆွီဒင်ဝန်ကြီးချုပ်နေထိုင်ရာ ဆာဂျာနန်းတော်၏အဝင်လမ်းအနီးလုံခြုံရေးကင်းတဲတစ်ခု၌ သူ၏လက်ထဲတွင် သေနတ်တစ်လက်နှင့်အတူ သေဆုံးနေသည်ကို သူ၏ လုပ်ဖော်ကိုင်ဖက်တစ် ဦးဖြစ်သည့် နောက်ထပ်လုံခြုံရေးဝန်ထမ်းတစ်ဦးက နေ့လယ်စာစားပြီး ပြန် လာချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းဒေသဆိုင်ရာမီဒီယာများ၏ ပြောကြား ချက်အရ သိရှိရသည်။ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒစ်ရိန်းဖဲလ်နှင့်သူ၏မိသားစုဝင်များ သည်ထိုသို့ဖြစ်ပွားချိန်တွင် ဆာဂျာနန်းတော်အိမ်အတွင်း၌ မရှိကြကြောင်း မီဒီယာများက ဆက်လက်ပြောကြားသည်။ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ၄င်းလုံခြုံရေးဝန်ထမ်း မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စုံစမ်းဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**တရုတ်နိုင်ငံသည် ကမ္ဘာ့စက်ရုပ်
လုပ်သားအများဆုံးသုံးစွဲ
သည့် နိုင်ငံဖြစ်လာမည်**
(ပေကျင်း နိုဝင်ဘာ ၁၁)
တရုတ်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ်၌ စက်မှုလုပ်ငန်းသုံးစက်ရုပ်ဝယ်လိုအား
မြင့်တက်ကာ
စက်ရုပ်ပေါင်း ၃၂ဝဝဝ ခန့်အထိဝယ်ယူသုံးစွဲမှုရှိ လာ
မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ စက်ရုပ်
လုပ်သားသုံးစွဲမှုအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း
နိုင်ငံတကာစက်ရုပ်ဖက်ဒရေးရှင်းက နိုဝင်ဘာ ၁၁ ရက်၌ သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံတွင် နည်းပညာနှင့် ထုတ်ကုန်လုပ်ငန်းများတွင် လုပ်
အားခများမြင့်တက်လာမှုကြောင့် စက်ရုပ်လုပ်သားများကို တဖြည်းဖြည်း အစား
ထိုးအသုံးပြုမှု တိုးမြင့်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် စီးပွားရေး
တိုးတက်ဖြစ်ထွန်းလာမှုကြောင့် စက်မှုလုပ်ငန်းများ၌ စက်ရုပ်လုပ်သားများ အစား
ထိုး အသုံးပြုလာလျက်ရှိသည်။ တရုတ်နိုင်ငံတွင် ပြည်ပစီးပွား
ရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံတကာစက်မှုပြပွဲ တစ်
ရပ်ကို နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိကျင်းပခဲ့ရာတွင် တရုတ်နိုင်ငံထုတ်စက်ရုပ်
များအပါအဝင် စက်ရုပ်ဒီဇိုင်းမျိုးစုံ၁၈ဝဝ ခန့် ပါဝင်ပြသခဲ့သည်။ တရုတ်
နိုင်ငံရှိ စက်ရုပ်များထုတ်လုပ်သော စီရာဆမ်စက်ရုပ်ကုမ္ပဏီသည် စက်ရုပ်ပုံစံမျိုး
စုံကို ထုတ်လုပ်လျက်ရှိပြီး အမေရိကန်၊ကနေဒါ၊ ရုရှားနှင့် အိန္ဒိယနိုင်ငံများသို့
တင်ပို့ရောင်းချလျက်ရှိသည်။ (ဆင်ဟွာ)
**အီဂျစ်နိုင်ငံတွင် ရထားနှစ်စင်းတိုက်မှုဖြစ်ပွား ၄ ဦးသေဆုံး၊ ၃၀ ဒဏ်ရာရ**
(ကိုင်ရို နိုဝင်ဘာ ၁၁)
**လူလိုက်ပါမည့်အာကာသယာဉ် တရုတ်ထပ်မံလွှတ်တင်မည်**
(ပေကျင်း နိုဝင်ဘာ ၁၁)
တရုတ်နိုင်ငံက လာမည့် ၂ဝ၁၃ ခုနှစ်တွင် လူလိုက်ပါမည့် အာကာသယာဉ် တစ်စင်းကို ထပ်မံလွှတ်တင်ရန်စီစဉ်ထားကြောင်း ဒေသဆိုင်ရာမီဒီယာများက နိုဝင်ဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။အဆိုပါ အာကာသယာဉ်တွင်အာကာသယာဉ်မှူးသုံးဦး လိုက်ပါမည်ဖြစ်ပြီး ၄င်းအာကာသယာဉ်မှူးသုံးဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်း အာကာသယာဉ်လွှတ်တင်ရေးအစီအစဉ်၏ တာဝန်ခံ အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားသည်။ ရှန်ကျို့-၉လူလိုက်ပါသည့် အာကာ သယာဉ်လွှတ်တင်ခဲ့ပြီးနောက် နောက်ထပ်လူလိုက်ပါမည့် အာကာသယာဉ်ကို ထပ်မံလွှတ်တင်ရန် စီစဉ်ခြင်းဖြစ်သည်။ရှန်ကျို့-၉ အာကာသယာဉ်သည် ယခုနှစ်ဇွန်လနှောင်းပိုင်းက ကမ္ဘာမြေသို့ပြန်လည်ဆင်းသက်လာခဲ့သည်။ ရှန်ကျို့-၉ အာကာသယာဉ်သည်နိုင်ငံ၏ပထမဆုံး လူအားဖြင့်အာကာ သအတွင်း ချိတ်ဆက်လုပ်ဆောင်ခဲ့ပြီးတရုတ်နိုင်ငံ၏ကျယ်ပြောသော ရည်မှန်း ချက်များဖြစ်သည့် အာကာသရေးရာအစီအစဉ်တွင် ကြီးမားသော သမိုင်း မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။(ဆင်ဟွာ)
**ဖိလစ်ပိုင်ကလေးငယ်များအာဟာရပြည့်ဝရေး ဆောင်ရွက်ရန်လိုအပ်**
(မနီလာ နိုဝင်ဘာ ၁၁)
မိမိတို့အစိုးရက ကလေးသူငယ်များအာဟာရချို့တဲ့မှု လျော့နည်းပ ပျောက်ရေးကြိုးပမ်းနေပြီး ကုလသမဂ္ဂ၏ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နေမှုကို ပြည်သူများက ပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတ ကီနစ်အိုအကီနိုက နိုဝင်ဘာ ၁ဝ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။အစိုးရက အာဟာရချို့တဲ့မှုတိုက်ဖျက်ရေးကို အတော်အတန်အောင်မြင်အောင် ဆောင်ရွက်နေကြောင်း၊သို့သော် တစ်ချိန်တည်းမှာပင် ၂ဝ၁၅ခုနှစ်အရောက်၌ အလေးချိန်ပြည့်သည့်ဖိလစ်ပိုင်ကလေးသူငယ်အမျိုးအစားကို ၁၃ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချရေးထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် ပြည့်မီရန် များစွာကြိုးပမ်းရမည်ဟု သမ္မတအကီနိုက ပြောကြားသည်။ (ဆင်ဟွာ)
**ဆွီဒင်ဝန်ကြီးချုပ်နေအိမ်စောင့်လုံခြုံရေးဝန်ထမ်းသေဆုံး**
(စတော့ဟုမ်း နိုဝင်ဘာ ၁၁)
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ဆွီဒင်ဝန်ကြီးချုပ်၏ နေအိမ်ဂေဟာ၌ နှစ်ပေါင်း များစွာ နေထိုင်ကာ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦး နိုဝင် ဘာ ၉ ရက် မွန်းလွဲပိုင်းက သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာ ၁ဝ ရက်က ဆင်ဟွာသတင်းတွင် ဖော်ပြသည်။အသက် ၅ဝ ခန့်အရွယ်ရှိ အဆိုပါ လုံခြုံရေးအစောင့်ဝန်ထမ်းသည် စတော့ဟုမ်းမြို့ ဆွီဒင်ဝန်ကြီးချုပ်နေထိုင်ရာ ဆာဂျာနန်းတော်၏အဝင်လမ်းအနီးလုံခြုံရေးကင်းတဲတစ်ခု၌ သူ၏လက်ထဲတွင် သေနတ်တစ်လက်နှင့်အတူ သေဆုံးနေသည်ကို သူ၏ လုပ်ဖော်ကိုင်ဖက်တစ် ဦးဖြစ်သည့် နောက်ထပ်လုံခြုံရေးဝန်ထမ်းတစ်ဦးက နေ့လယ်စာစားပြီး ပြန် လာချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းဒေသဆိုင်ရာမီဒီယာများ၏ ပြောကြား ချက်အရ သိရှိရသည်။ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒစ်ရိန်းဖဲလ်နှင့်သူ၏မိသားစုဝင်များ သည်ထိုသို့ဖြစ်ပွားချိန်တွင် ဆာဂျာနန်းတော်အိမ်အတွင်း၌ မရှိကြကြောင်း မီဒီယာများက ဆက်လက်ပြောကြားသည်။ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ၄င်းလုံခြုံရေးဝန်ထမ်း မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စုံစမ်းဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်
No comments:
Post a Comment