**သိမှမသိပဲ **
မြန်မာပြည်မှအဆိုတော်တစ်ယောက်သည် တနေ့တခြားနံမည်ကြီးလာပြီး ပြည်တွင်းသာမက
ပြည်ပသို့ပါမနားတန်းသွားရောက်ဖျော်ဖြေရ၏။
ရောက်သည့်နေရာတိုင်းမှလည်း ထူးထူး ဆန်းဆန်း
ပစ္စည်းတခုခုကို ဇနီးသည် ထံအမြဲပို့ပေး၏။ ယခုလဲ မြို့ကလေးတမြို့၏ ဆိုင်တဆိုင်မှ
ဘာသာစကား ၅ မျိုး ( ပြင်သစ်။ပေါ်တူဂီ။ဘရာဇီး။ဆွီဒင်။အာဖရိကစကား ) တတ်သည့်ကြက်တူရွေးတကောင်ကို မြင်ပီး ၀ယ်၏။
ဆိုင်ရှင်က မရောင်းပါဟု ငြင်းနေသည့်ကြားမှ ပိုက်ဆံအများကြီးပစ်ပေးကာ အတင်းဝယ်ယူလိုက်သည်။ ထို့နောက်...ကြက်တူရွေးကို မိန်းမထံ သို့ပို့ပေးလိုက်၏။ တလ ခန့်ကြာသော် အဆိုတော် မြန်မာပြည်ပြန်ရောက်လာ၏။ အဆိုတော် ကို မိန်းမ က အနမ်းဖြင့်ကြိုဆိုရင်း...... " ကျေးဇူးပဲမောင်။။။။မောင်ပို့ပေးလိုက်တဲ့ ကြက်တူရွေးက အရမ်း အရသာရှိတာပဲ။ " အဆိုတော်မျက်လုံးပြူးပြီး....... " ဘာပြောတယ်။ကြက်တူရွေးကိုမင်းချက်စားလိုက်တယ်ဟုတ်လား။ဒီကောင်ကဘာသာစကား ၅ မျိုးတတ်တောင်တာကွ..." အဲဒီခါမှာ မိန်းမဖြစ်သူပြန်ပြောလိုက်ပုံက..... " ဟုတ်လား။ အင်း။ ကျမ အမွှေးနုတ်တော့ ဒီကောင် တခုခု ပြောဖို့ ကြိုးစားတယ်လို့တော့ ထင်မိသား..."...တဲ့ ။ တိန် ။
ရီမောပျော်ရွှင်ပါစေ
**ကိုလုံ**
(Sent via Seesmic http://www.seesmic.com)
-အူတက်အောင်ရီရသောဟာသများနဲ့အခြား-

No comments:
Post a Comment