ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 11, 2012

> -ဘုန်းရှိပါတယ် -
အားလုံးပဲ မင်္ဂလာပါ ဗျာ ။ ဒီနေ့  အလုပ်ထဲမှာ ဟိုဟိုဒီဒီပြောရင်းက ယောက်ျားတွေမှာ ဘုန်းရှိတယ်ဆိုတဲ့ အကြောင်းပြောမိပါတယ် ။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး ။ ပြောနေတဲ့သူတွေအားလုံး က ယောက်ျားတွေဆိုတော့ ဘုန်းရှိတယ်ဆိုတာကို အားလုံးလက်ခံကြပါတယ် ။ ကျနော်တို့  ငယ်ငယ်ကတည်းက မိဘတွေသွန်သင်ဆုံးမ ထားတာတွေကလည်းရှိတယ်လေ ။ ထမီတန်းအောက်တို့  ၊ အိမ်အောက်တွေဆိုရင်မဝင်ရဘူး ယောက်ျားလေး ဆိုတာ
ဘုန်းရှိတယ်တဲ့ ။ လိုရင်းကိုပြောရရင် မြန်မာ အမျိုးသားတွေကို ဘုန်းရှိတယ်လို့ ပြောရင် အားလုံး ကန့် ကွက် မည့်သူမရှိလောက်ပါဘူးလို့ ထင်ပါတယ် ။ ကျနော် ကိုယ်တိုင်လည်း ယောက်ျားဆိုတော့ ဘုန်းရှိတယ် ဆိုတာလက်ခံပါတယ် ။ ဘာကြောင့် ကျနော် တို့  ယောက်ျားတွေက အလိုလို ဘုန်းရှိနေတာလည်းလို့  ငယ်ငယ်ကတော့ တစ်ခါမှ မတွေးမိခဲ့ပါဘူး ။ အရွယ်ရောက်လာတော့ တွေးမိပါတယ် ။ ဘာကြောင့်များအလိုလို ဘုန်းရှိနေတာလည်းပေါ့ ။ နောက်တစ်ခုက ဘုန်းရှိတယ်ဆိုတာ တစ်ကယ်ပဲလား ဒါမဟုတ် ရိုးရာအစဉ်အဆက် ယုံကြည်ခဲ့လို့  ကျနော်တို့ တွေ မိမိကိုယ်ကို ဘုန်းရှိတယ်လို့ များ ထင်နေတာများလားလို့  တွေးကြည့်မိပါတယ် ။ ဗုဒ္ဓဘာသာ စာပေထဲမှာပဲကြည့်ကြည့် ၊ မြန်မာ့ရာဇဝင် စာပေထဲမှာပဲကြည့်ကြည့် ယောက်ျားတွေမှာ ဘုန်းရှိတယ်ဆိုတာ အထင်အရှားကို တွေ့ ရပါတယ် ။ စာပေတွေထဲမှာ ယောက်ျားတွေဟာ ဘုန်းတန်ခိုးရှိတယ် ။ ဘုန်းကျက်သရေ ရှိတယ် … စတဲ့အရေးအသားများကိုတွေ့ ရပါတယ် ။ မြန်မာစကားပုံတစ်ခုမှာ “ ယောက်ျားတို့ ဘုန်း လက်ရုံး မိန်းမတို့ ဘုန်း ဆံထုံး ” လို့ ဆိုတဲ့ စကားပုံတစ်ခုမှာတော့ ဆံထုံးရှိတဲ့ အမျိုးသမီးတွေဟာ ကျက်သရေ ရှိတယ်လို့  ဆိုလိုခြင်းဖြစ်ပါတယ် ။ ယောက်က်ျားတွေလို ဘုန်းရှိတာကို ဆိုလိုခြင်းမဟုတ်ပါဘူး ။ ယနေ့ အချိန်မှာတော့ ဘုန်းရှိတယ်လို့  ဆိုတဲ့စကားရပ်ကို တန်ခိုး ရှိတယ် ၊ ကျက်သေရေ ရှိတယ် ဆိုတာထက် မြင့်မြတ်တယ်လို့ ပဲ အားလုံး နားလည်လက်ခံထားတာတွေ့ ရပါတယ် ။ ဆိုလိုချင်တာက ယောက်ျားတွေ ဘုန်းရှိတယ်ဆိုတာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မြင့်မြတ်တယ် လို့  အဓိပ္ပါယ်ရပါတယ် ။ ဟုတ်ပါပြီ … ။ ကျနော် တို့ ယောက်ျားတွေဟာ အမျိုးသမီးတွေ ထက်မြင့်မြတ် ပါတယ် ။ တနည်းဆိုရရင် ဘုန်းရှိပါတယ် ။ ဘာလို့ များ အလိုလို ဘုန်းရှိနေတာလည်း …. ???? ။ ဒီနေရာမှာ ရိုးရာအစဉ်အဆက် ယုံကြည်မှု ကိုခဏလောက်မေ့ထားပြီး တွေးကြည့်ရအောင်နော် … ။ လူတစ်ယောက်မွေးဖွားလာတာချင်းတူတူ ယောက်ျားတွေကမှ ဘုန်းရှိတယ် တယ်လို့  ဆိုရင် လက်ခံနိုင်မလား … ။ လက်မခံဘူး လို့ မပြောရင်တောင် နည်းနည်းလေးတော့ တွေဝေသွားမှာပါ ။ ကျနော် အထင်ပြောတာပါ ။ ကျနော် ပတ်ဝန်းကျင်မှ ဘုန်းရှိပါတယ်ဆိုတဲ့ သူတစ်ယောက်အကြောင်းပြောပြချင်ပါတယ် ။ လွန်ခဲ့တဲ့ သုံးလလောက်က ကောင်မလေးတစ်ယောက်နဲ့  living together နေကြပါတယ် ။ ကောင်မလေး မှာ ကောင်လေးအပေါ်ယုံကြည်လွန်းသဖြင့် အလုပ်မှထွက် ၊ overstay လုပ်ကာ ကောင်လေးအလုပ်ရှိရာ ဒေသမှာ လိုက်ပါနေထိုင်ခဲ့ပါတယ် ။ ဘာမှအဆင်သင့် မဖြစ်သေးတဲ့ ဘဝတစ်ခုကို လက်တွေ့ ရင်ဆိုင်တဲ့အခါ အခက်အခဲတွေအများ ရှိနေတက်တာပေါ့ ။ အဆိုးဆုံးက ကောင်းမလေးဖြစ်သူဟာ ကျန်းမားရေးမကောင်းတဲ့ ကြားထဲကမှ ကိုယ်ဝန်လွယ်ထားရပြန်ပါတယ် .။ တစ်နေ့ မှာ သူတို့ နှစ်ဦး ငွေကြေးကိစ္စတစ်ခုကို အခြေပြုပြီး စကားများကြပါတယ် ။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ။ အဲ့ဒါကိုအကြောင်းပြုပြီး ကောင်းလေးက ဖြစ်ဖြစ်ခြင်း နှစ်ရက်တိတိ ကောင်းမလေးရှိရာ အိမ်ကို မပြန်ပဲ နေလိုက်ပါတယ် ။ သုံးရက်မြှောက်တဲ့နေမှာတော့ ပျောက်သွားပါလေရောဗျာ .. ။ ဒီလိုနဲ့ ပေါ်လာနိုးစောင့်ရင်း နီးရာရဲစခန်းတွေမှာ ရှာ ဟိုရှာဒီရှာနဲ့  ပတ်ဝန်းကျင်ကပါ မနေနိုင်တော့ပဲ လိုက်ရှာရတာပေါ့ ။ နောက်ဆုံးသတင်းရလိုက်တာက မြန်မာပြည်ပြန်သွားပါပြီတဲ့ … ။ ဒီကောင်လေးဟာ မြန်မာပြည်မှာလည်း တရားဝင် ဇနီးမယားရှိ သတဲ့ ။ အဲ့ဒါအပြင်အခုလို living together နေတာဟာ သူ့အတွက် ဒုတိယ အကြိမ်ဖြစ်ပါသတဲ့ … ။ ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း သနားပြီးကောင်မလေးအတွက် တက်နိုင်သလောက်ကူညီပေးတဲ့ သူတွေရှိသလို … “ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး ” ဆိုပြီး ပြောတဲ့သူတွေလည်းရှိပါတယ် ။ ဒီဖြစ်ရပ်လေးရဲ့ အဆုံးမှာတော့ ကောင်းမလေးအတွက် နောင်တတွေရယ် ၊ ကိုယ်ဝန် ၅ လ ရယ်ကျန်ခဲ့ပါတယ် ။ဒီဖြစ်ရပ်လေးကို ကြည့်မယ်ဆိုရင် “ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် ” လို့ ဆိုပင်မဲ့ ဘုန်းရှိပါတယ်ဆိုတဲ့ ယောက်ျား တစ်ယောက်အနေတော့ ဘယ်လိုမှ မသင့်တော်ဘူးလို့ ဆိုရင် အားလုံးလက်ခံလောက်ပါတယ် ။
ကျနော် အထက်မှာပြောခဲ့သလို ကျနော် တို့ ယောက်ျားတွေဟာ ရိုးရာအစဉ်ဆက် မိမိကိုယ်ကို ဘုန်းရှိတယ်လို့  ယုံကြည်ခဲ့ပါတယ် ။ တနည်းပြောရရင် မွေးလာကတည်းက အလိုလို ပါလာတာပေါ့ ။ ဒါပင်မဲ့ ဘုန်းရှိပါတယ် ဆိုတဲ့ ယောက်ျားတချို့  လုပ်ရပ်ကြောင့် ကျနော်တို့ မှာ အလိုလိုနေရင်း ဘုန်းရှိတယ်ဆိုတာ သံတယ ဖြစ်လာမိပါတယ် ။ တစ်ကယ်သာ ဘုန်းရှိတယ်ဆိုရင် အထက်ပါ လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ပါဘူး… ။ ကျနော် ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်တိုင်းမှာ အထက်ပါ ဖြစ်ရပ်မျိုးတွေ မကြာမကြာတွေ့ ရပါတယ် ။ ဒါကြောင့် ကျနော် တို့  ယောက်ျားတွေမှာ မွေးလာကတည်းက အလိုလို ဘုန်းရှိတယ် ဆိုတဲ့ ရိုးရာအစဉ်ဆက် ယုံကြည်မှု့  ကိုကျနော် အနေနဲ့  တော့ လက်ခံမို့ တော်တော်ကို အခက်တွေ့ ရပါတယ် ။ ကျနော် တို့ မှာ ဘုန်းရှိပါတယ် …. ။ ဒါမင်မဲ့ ကျနော် တို့  ကိုယ်တိုင်ဘုန်းရှိအောင်နေထိုင်မှ ဘုန်းရှိမှာ ဖြစ်ပါတယ် ။ ဒါဟာ ကျနော် တို့ ယောက်က်ျားတွေ အတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပါပဲ ။ အမျိုးသမီးတွေ ဘယ်လိုပဲ ဘုန်းရှိအောင်နေ နေ ဘုန်းရှိတယ် သတ်မှတ်ခံရမှာ မဟုတ်ပါဘူး ။ ကျနော် တို့ ကတော့ ဘုန်းရှိအောင် နေရင် ဘုန်းရှိတယ်လို့  သတ်မှတ်ခံရမှာပါ ။ နယူတန်က တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ သီအိုရီကို တွေ့ ရှိခဲ့တာ ရာစုနှစ်တွေကြာခဲ့ပါပြီ ။ နယူတန်ဆိုတာ မမွေးခင်ကတည်းက ကျနော်တို့  ဗုဒ္ဓမြတ်စွာဘုရားက ကံ ကံ၏အကျိုးဆက်နှင့် ဝဋ်လည်တက်တယ်ဆိုတာ တရားတော်တွေထဲမှာ ဟောကြားထားပြီသားဖြစ်ပါတယ် ။ သဘောတရားတူတူပဲနော် …. ။ ဖြူစင်တဲ့ သတိုးသမီးကိုလိုချင်ရင် မိမိကိုယ်တိုင် ဖြူစင်သင့်ပါလား …. မြတ်နိုးတန်ဖိုးထားခံစေချင်ရင် မိမိကိုယ်တိုင် မြတ်နိုးတန်ဖိုးထား တက် သင့်ပါလား … အချစ်စစ်အချစ်မှန် ကိုလိုချင်ရင် မိမိကိုယ်တိုင် အချစ်စစ်အချစ်မှန် ရှိသင့်ပါလား …. ။ မြန်မာစကားပုံတွေထဲက “ ယောက်ျားကောင်း မောင်းမ တစ်ထောင် ” …. “ အသားမစားတဲ့ကျားမရှိဘူး ” …. စတဲ့ စကားပုံတွေဟာ ဘုန်းရှိပါတယ် မြင့်မြတ်ပါတယ် ဆိုတဲ့ ရိုးရာအစဉ်အဆက် ယုံကြည်မှု နဲ့  ကိုက်ညီပါလား … ။ တစ်ခုခုတော့လွဲနေပြီလို့  ထင်မိပါတယ် ။ သေချာတာကတော့ ကျနော်တို့  မှာ ဘုန်းရှိပါ …. အလိုလိုပဲရှိနေတာလား …… ဒါမှမဟုတ် ……. ……. ……………………………………………………………………………………………………………………………………… ……………………………………………………………………………………………………………………………………… ……………………………………………………………………………………………………………… ဘုန်းရှိပါတယ် ။ ဓာတ်ပုံကို google မှ ရယူခဲ့ပါသည် ။

 **မောင်ဘုန်း**

-ဘုန်းရှိပါတယ် -

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)