-မဲဆောက်မြို့နေ့သစ်အလကကျောင်းမှ ဆရာများနှင့်ကျောင်းသားများ ကံစမ်းမဲကွင်းဆင်း ဖြန့်ဝေ-
( မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ လူထုတွေဆီ၊ ဒီလိုဒိလိုကွင်းဆင်းကြမည်)
(နိုဝင်ဘာလ ၁၁ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)ကျောင်းရံပုံငွေရရှိရန် ရည်ရွယ်လျက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေ့သစ်အလက ကျောင်းမှ ဆရာများနှင့် ကျောင်းသားများသည် စက်ရုံအလုပ်ရုံငယ်များနှင့်ကျောင်းသားမိဘ များရှိရာ တန်းလျားများသို့ ကွင်းဆင်းကာ ၁၀ဘတ်တန် ကံစမ်းမဲများဖြန့်ဝေခဲ့ကြသည်။
(အထည်ချုပ်စက်ရုံငယ်တွေဆီမှာခင်မင်ရင်းနှီးစွာ)

(သူ့လူထုနှင့် သူ့အလုပ်သမားအဖွဲ့အံဝင်ခွင်ကျ စည်းချက်ညီညီ။ )

လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဇွန်လမှ စတင်ကာ မဲဆောက်မြို့ ဝှေ့မုတ်ကျေးရွာ လောစုရပ်ကွက်၌ ကျောင်းသား ၁၄ ဦးဖြင့် မူကြိုကျောင်းငယ်လေးဘ၀မှ ၂၀၀၆ ခုနှစ်ဒီဇင်ဘာလတွင် ကျောင်းသား ၁၅၀ ရှိလာသော အမကကျောင်း၊ ထိုမှတဆင့် ၂၀၀၈ ခုနှစ်ဇွန်လတွင် ကျောင်းသား ၃၀၀ ခန့်ရှိလာသော အလကကျောင်း ထိုမှတဆင့် ၂၀၁၀ခုနှစ် ဇွန်လတွင် လက်ရှိကျောင်းတည်ရှိရာ မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက်(၁)ရှိ၊ကျောင်း မြေသစ်၌ကျောင် သား ၅၀၀ ခန့်ရှိသော အလကကျောင်းကြီးဘ၀သို့လည်းကောင်း၊ အဆင့်ဆင့်ဖြတ်သန်းလာခဲ့ သော မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်းဖြစ်ပါသည်။
(ကျောင်းသားမိဘ များရှိရာ တန်းလျားများသို့ )
ဤကျောင်းကို မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ကျောင်းသား ၁၄ ဦးမှသည် ယနေ့ ကျောင်း သား ၅၀၀ ခန့်အထိ ဦးစီးဦးဆောင်ကာ တည်ထောင်ထားခြင်းဖြစ်ပြီး ကွန်ပါစီအို၊ အိပ်ခ်ျဒဗလျူအက်ဖ်စသည့် အလှူရှင်အဖွဲ့အစည်းများက ကျောင်းသက်တမ်း (၇) နှစ်တာ ကာလ အတွင်း ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။
**သောင်ရင်းနဂါး**

No comments:
Post a Comment