(နိုဝင်ဘာလ ၁၁ရက်၊ ၂၀၁၂၊ )
ဖြစ်ရပ် ၁။ ။ ကျောင်းရံပုံငွေရရှိရန်
ရည်ရွယ်လျက် ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ရှိ
နေ့သစ်အလက ကျောင်းမှ ဆရာများနှင့် ကျောင်းသားများသည် စက်ရုံအလုပ်ရုံငယ်များနှင့်ကျောင်းသားမိဘ
များရှိရာ တန်းလျားများသို့ ကွင်းဆင်းကာ ၁၀ဘတ်တန် ကံစမ်းမဲများဖြန့်ဝေခဲ့ကြသည်။ (မြန်မာပြည်သားသတင်းစဉ်)
ဖြစ်ရပ် ၂။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တနေရာတွင် ဗီယက်နမ်အမျိုးသမီးတစ်ဦး ကို မလေးရှား ရဲ ၃ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲပြီး ယင်းတို့ကို ရုံးတင်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ (RFA) (နိုဝင်ဘာလ ၁၀ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းဟာ လက်နက်ကိုင်အဖွဲ့များတင်မက တိုင်းရင်းသားအဖွဲ့များ၊ ပါတီများနဲ့ လူမှုရေးအဖွဲ့များပါ တွေ့ ဆုံလျက်ရှိတယ်လို့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ပြောကြား လိုက်ပါတယ်။ဝန်ကြီးဦးအောင်မင်းအနေနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာအဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံပြီး ယုံကြည်မှု တည်ဆောက်နေတာဖြစ်တယ်လို့ ဝန်ကြီးနဲ့ လိုက်ပါလာတဲ့ အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။( RFA)
(နိုဝင်ဘာလ ၉ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ မလေးရှားနိုင်ငံသားတစ်ဦးက သူ့ပြည်နယ်အစိုးရကို ဝေဖန်မှုနှင့်ပတ်သက်ပြီးအဖမ်းခံနေရ ကြောင်း၊ ရှေ့နေနှင့် တွေ့ဆုံခွင့်အပါအ၀င်
လူ့အခွင့်အရေးခံစားခွင့်များကို ဆုံးရှုံးနေကြောင်း ၄င်း၏မိသားစုဝင်များက ပြောဆိုသည်။ (RFA)
ဖြစ်ရပ် ၂။ ။ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် တို့ တက်ရောက်သည့် ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး နှစ်နိုင်ငံ ပူးတွဲကော်မတီ အစည်းအဝေးကိုနိုဝင်ဘာလ ၇ ရက်နေ့က ဘန်ကောက်မြို့ရှိ Shangri–La ဟိုတယ်၌ ကျင်းပခဲ့ကြသည်။စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် အတူ ဒေသစီးပွားရေး၊ ဖွံ့ဖြိုး တိုးတတ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ထို့အပြင် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဘဝများ မြှင့်တင်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတို့အပြင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတတ်မှု ရရှိရေးဆိုင်ရာတို့ကိုလည်း ညှိနှိုင်း ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။(မဇ္ဈိမ)
ဖြစ်ရပ် ၃ ။ ။လွန်ခဲ့သော ၄ နှစ် (၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်) က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တွင် ကွယ်လွန်သွားခဲ့သော တော်လှန်ရေးရဲမေကြီးဒေါ်နုနုအေးအတွက် ရည်စူးလျက် မြန်မာ သံဃာတော်များအား ဆွမ်းကျွေးပွဲတစ်ရက်ကို ယနေ့ကျင်းပကြသည်။ (မြန်မာပြည်သားသတင်းစဉ်)
(နိုဝင်ဘာလ ၈ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံးသွားကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာက ရေးသား ဖေါ်ပြသည်။စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေမှ မလေးရှားကို ထွက်ခွာစဉ် ယမန်နေ့ (နိုဝင်္ဘာလ ၇ ရက်) နံနက်က ကမ်းခြေမှ ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ်သွားသည်ဟု ဆိုသည်။လှေပေါ်တွင် လိုက်ပါသွားသူ ၅၁ ဦး ကို နီးစပ်ရာ ငါးဖမ်း ဘုတ်များနှင့် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရပြီး ကျန် လူ ၆၀ မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းစာက ရေးသားဖေါ်ပြသည်။ဘင်္ဂလာဒေခ်ျ့ရေတပ်မှ လူ (၁၁) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုအခါ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် (သူတို့ အခေါ် ရိုဟင်ဂျာ) ဆိုသူ နှစ်ဦးပါဝင်ပြီး ကျန် ၉ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။အဆိုပါ စက်လှေသည် လူပေါင်း ၆၀ ခန့်ကိုသာ တင်ဆောင်နိုင်သော အရွယ်အစား စက်လှေ ဖြစ်သော်လည်း လူပေါင်း ၁၁၀ ကိုတင်ဆောင်ရာမှ အလေးချိန်များပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။(နိရဉ္စရာ)
ဖြစ်ရပ် ၂။ ။ ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့မှာ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာဖြစ်သူ တစ်ယောက်ရဲ့နေအိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာ ရာဘ ခေါ် စိတ်ကြွ ဆေးပြားအလုံးရေ ၅ သိန်းကျော်နဲ့ သေနတ် တစ်လက် အပါအ၀င် သိန်းနဲ့ချီတဲ့ နိုင်ငံခြားငွေတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။(RFA)
(နိုဝင်ဘာလ ၆ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှု့ ပမာဏကို ၃ ဆ မြှင့်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Royal Orchid Sheraton ဟိုတယ်၌ ပြုလုပ် သည့် ဆဋ္ဌမအကြိမ် မြန်မာ-ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးမှတဆင့် သိရသည်။ “ထိုင်း-မြန်မာ ကုန်သွယ်မှု ပမာဏကို ၂ဝဝ၉ ခုနှစ် ကုန်သွယ်မှု ပမာဏကို အခြေခံပြီး ၂ဝ၁၅ ခုနှစ်မှာ ၃ ဆ မြှင့်သွား ပါမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောကြားခဲ့ခြင်း ဖြစ်သည်။နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ လယ်ယာထွက်ကုန်နှင့် စက်မှုထွက်ကုန်များဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။(မဇ္ဈိမ)
(နိုဝင်ဘာလ ၅ရက်၊ ၂၀၁၂)
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။ခရီးစဉ် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုင်း ဒု-၀န်ကြီးချုပ် ချလုံယူဘန့်လွန်နှင့် သက်ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်တို့က မစ္စတာသက်ဆင်အား လူတစုက လုပ်ကြံရန် ကြံစည်နေသည် ဆိုသော ကြေညာချက်များကြောင့် ဖြစ်နိုင်သည်။သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မိမိ ဖခင် ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ကို တာချီလိတ်ခရီးစဉ်အတွင်း အုပ်စုတစုက လုပ်ကြံရန် ကြံစည်ခဲ့ကြောင်း၊ လာမည့်သောကြာနေ့ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံပုံတူ စေတီတွင် ပြုလုပ်မည့် မစ္စတာသက်ဆင်နှင့် ရှပ်နီများ ပြုလုပ်မည့် ကောင်းမှုကုသိုလ်ပွဲတွင် အုပ်စုတစုက လုပ်ကြံရန် ကြံစည်နေခြင်းဖြစ်သည်ဟု ရေးသားထားသည်။ထိုင်းကာကွယ်ရေး ၀န်ကြီး စုကမ်ဖု စုဝမ့်နာထက်က အဆိုပါ သတင်းများသည် ကောလဟာလများသာဖြစ်သည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် သောကြာနေ့က တာချီလိတ်မြို့မစ္စတာသက်ဆင် တည်းခိုမည့် ရက်ဂျီနားဟိုတယ်အနီးရှိ ဆန်ဆိုင်းရပ်ကွက်တွင် အာပီဂျီ ဗုံးသီး ၃ လုံးနှင့် အမ် ၁၆ ကျည်ကပ် တခုကို မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။စ္စတာသက်ဆင်အနေဖြင့် ၀န်ကြီးချုပ်တာဝန်ယူစဉ်က ထိုင်း- မြန်မာနယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး နိုမ်နင်းရေးကို အပြင်း အထန် ပြုလုပ်ခဲ့ဖူးရာ တချို့သော မူးယစ်ဆေးဝါး ထုတ်လုပ်သည့်အဖွဲ့များက လုပ်ကြံနိုင်သည်ဟု ဖန်ထုံထေ့ရှင်နာဝပ်က ရေးသား ဖော်ပြသည်။(ဧရာဝတီ)
(နိုဝင်ဘာလ ၃ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရပ်ခ်ျဘူရီခရိုင်၊ ချာအမ်မြို့၊ Holiday Inn ဟော်တယ်မှာ ပညာသင်ဆုထောက်ပံ့ရေး သပြေဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတဲ့ ပညာသင်ကျောင်းသားများ ကွန်ယက်တည်ဆောက်ခြင်းနဲ့ အတွေ့အကြုံနှီးနှော ဖလှယ်ပွဲကို ဒီကနေ့ တက်ရောက်ခဲ့ကြပါတယ်။(RFA)
(နိုဝင်ဘာလ ၃ရက်၊ ၂၀၁၂)
သီတဂူဆရာတော် အရှင်ဥာဏိဿရရဲ့ထိုင်းနိုင်ငံမှာ ၅ ရက်တိုင်တိုင် ဟောကြားမယ့် တရားတော်တွေကို အင်တာနက် အွန်လိုင်းပေါ်ကနေ တိုက်ရိုက်နာယူနိုင်ကြမယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့) ထိုင်းနိုင်ငံကို ကြွရောက်လာတဲ့ ဆရာတော်ဟောကြားမယ့် တရားတော်တွေကို တပည့်သာဝက ရဟန်းတော်တွေ စီစဉ်မှုနဲ့ ကမ္ဘာတဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များဟာ အသံနဲ့တမျိုး၊ ရုပ်ရောအသံပါ ပါမယ့်တီဗီလိုင်းနဲ့ တမျိုး၊ နှစ်မျိုးစလုံးကို ဆရာတော်တရားဟောနေစဉ် တိုက်ရိုက် နာယူနိုင်မယ်လို့ ဆရာတော်ရဲ့ တပည့်ရဟန်း အရှင် ကိတ္တိသာရက မိန့်ပါတယ်။နိုဝင်ဘာ ၂ ရက်နေ့ည ထိုင်းစံတော်ချိန် ည (၈) နာရီမှာ ဆရာတော်ဟာ ဘန်ကောက်မြို့ ဝပ်ကြာတဲ ဘုန်းတော်ကြီးကျောင်းမှာ စတင်တရားဟောမှာဖြစ်ပြီး၊ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းနဲ့ ကော့ဖငန်ကျွန်းတွေကို နောက်ရက်တွေမှာ သွားရောက်ဟောကြားမယ်လို့ ဦးကိတ္တိသာရက ဆက်လက် မိန့်ကြားပါတယ်။(RFA)
(နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သို့ ယခုရက်ပိုင်း အတွင်း ရောက်ရှိလာမည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ကို ရှပ်နီအဖွဲ့ဝင် ၁၀၀၀ ခန့်က သွားရောက် ကြိုဆိုကြမည်ဟု သိရသည်။တာချီလိတ်မြို့တဖက်ကမ်းရှိ ချင်းရိုင် မယ်ဆိုင်မြို့နယ်မှ တဆင့် သွားရောက်ကြရန် စီစဉ်ထားသည်ဟု ချင်းမိုင်မြို့ရှိ ရှပ်နီခေါင်း ဆောင်တဦး ဖြစ်သူ ဖိချစ် တာမွန်း (Pichit Tamoon) က ပြောကြောင်း ယမန်နေ့က ချင်းရိုင်တိုင်းမ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။သက်ဆင်ကို ထောက်ခံ သူတွေကြားမှာလည်း စိတ်လှုပ်ရှားနေကြသည်ဟု ၎င်းက ဆိုသည်။ တာချီလိတ်မြို့နယ်စပ်နှင့် ထိစပ်နေ သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်၊ ချင်းမိုင်မြို့တို့သည် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ အမာခံနယ်များလည်း ဖြစ်သည်။ပြီးခဲ့သည့် ဧပြီလကလည်း ၀န်ကြီးချုပ် ဟောင်းသက်ဆင် လာအိုနိုင်ငံသို့ အလည် အပတ်ရောက်ရှိခဲ့စဉ် ရှပ်နီ အဖွဲ့ဝင် ၃၀၀ ခန့်က ကားများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း ဖိချစ်တာမွန်းက ပြောသည်။သက်ဆင်၏ တရားဝင် အကြံပေး အရာရှိ နော့ပဒုံ ပတ္တနာ ၏ ပြောကြားချက် အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ဒူဘိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံကို ယခုတပတ်အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း ဆိုသည်။ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်ရှိ ထိုင်းလုပ်ငန်းရှင် အများစု လုပ်ကိုင်နေသည့် ရက်ဂျီးနား ဟိုတယ်တွင် ယခုလ ၂ ရက်နေ့မ စတင်၍ ၂ ရက်ကြာ တည်းခိုပြီး ၄ ရက်နေ့တွင် နေပြည်တော်သို့ ပြန်ရောက်မည် ဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။(ဧရာဝတီ)
ဖြစ်ရပ် ၂။ ။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် ဆားပြင်ကျေးရွာကနေ မလေးမှာ အလုပ်သွားလုပ်မယ့် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ အတွက် လူ ၁၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအတွင်းက သတင်းမှာရော၊ ဒေသခံ ပြည်သူတွေကပါ ပြောကြပါတယ်။ဒါပေမယ့်လည်း ပျောက်ဆုံးနေတဲ့သူ အလောင်းတစ်လောင်းကိုမှ ယခုအချိန်ထိ ရေထဲက ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ရခိုင်အခေါ် အုန်းကျွန်း (ဘင်္ဂလီ အခေါ် စိန့်မာတင်ကျွန်း)မှ ဒေသခံ တစ်ဦးက ပြောပါတယ်။“ စက်လှေနစ်တာက ကုရင်ဘင်နီ အိဒ်ပွဲ အပြီးမှာ နစ်တာပါ။ ၆ ယောက်ဘဲ အသက်ရှင်တယ်။ ကျန်တဲ့ ၁၂၆ ယောက်က ခုအချိန်ထိ ရှာဖွေ မတွေ့သေဘူး။ စက်လှေ နစ်တာက အုန်းကျွန်းတောင်ဘက် ၅ မိုင်ခန့် အကွာမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။လူတင်လာတဲ့ စက်လှေဟာ မောင်တောမြို့နဲ့ တဘက်တကမ်း ဘင်္ဂလာဘက်ခြမ်း နတ်မြစ်အတွင်းကနေ ထွက်ခွာလာရာမှာ အိုဟောင်းနေတာကြောင့် တင်ဆောင်လာတဲ့ လူရဲ့ အလေးချိန်ကို မခံနိုင်ဘဲ ရုတ်တရက် နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။အောက်တိုဘာလ ၂၇ ရက်နေ့က မွတ်ဆလင် ဘာသာဝင်တို့၏ အိဒ်ပွဲတော် ဖြစ်ပါတယ်။ အဲဒီး ပွဲတော် အပြီး မလေးရှားသို့ ခိုးထွက်စဉ်မှာ အဆိုပါ လှေမှာ နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ (နိရဉ္စရာ)
-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-

No comments:
Post a Comment