ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 11, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**သီရိလင်္ကာထောင်တွင်း ပဋိပက္ခ ၂
၇ ဦးသေဆုံး** 

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုရှိ အကျဉ်းထောင်၌ နိုဝင်ဘာ ၃ ရက်က အကျဉ်းသားများနှင့်စစ်ဘက်တပ်ဖွဲ့ဝင် များ
အကြားအပြန်အလှန်သေနတ်
ပစ်ခတ်ကြသဖြင့် သေဆုံးသူ ၂၇ ဦး အထိ ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်
အကျဉ်းသားများက ပြောသည်။ ယမန်နေ့ညက အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆေးရုံ၌ သေဆုံးသူ ၁၆ ဦး၏ ရုပ်အလောင်းများကို တွေ့ရ ကြောင်း ကိုလံဘိုဆေးရုံ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြော သည်။ ထောင်အတွင်း၌လည်း ရုပ်အလောင်း ၁၁ လောင်းကျန်ရှိ နေဆဲဖြစ်ကြောင်း ထောင်များဆိုင်ရာ ဝန်ကြီးက ပြောကြားသည်။ သီရိလင်္ကာ ဝီလီကာဒါအကျဉ်းထောင်၌ ရဲကွန်မန်ဒိုများက အကျဉ်းသားများ မူးယစ်ဆေးဝါးများနှင့် မိုဘိုင်းဖုန်းများ မှောင်ခိုတင်သွင်းမှုကို ရှာဖွေရန် ကြိုးစားရာမှ ပဋိပက္ခဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

 **ယီမင်ထောက်လှမ်းရေးအရာရှိ ပစ်သတ်ခံရ**
 (ဆာနာ နိုဝင်ဘာ ၁ဝ)
ယီမင်နိုင်ငံ ဆာနာမြို့တွင် အမည်မသိလက်နက်ကိုင် တစ်ဦးက ယီမင်ထောက်လှမ်းရေးအရာရှိတစ်ဦးအား ပစ်သတ် ခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်က ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။မိုဟာမက်အယ်လ်ဖေးလ်အမည်ရှိ အဆိုပါထောက် လှမ်းရေးအရာရှိသည် နိုဝင်ဘာ ၇ ရက်က ဆာနာမြို့လယ် ပြည်ထဲရေးဝန်ကြီးဌာနအနီး မော်တော်ဆိုင်ကယ်စီးနင်း လာသည့် အမည်မသိလက်နက်ကိုင်တစ်ဦး၏ ပစ်ခတ် မှုကြောင့် ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသူယီမင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြော ကြားခဲ့သည်။ ၄င်းထောက်လှမ်းရေးအရာရှိ ပစ်ခတ်ခံရမှုနှင့် ပတ် သက်ပြီး မည်သည့်အုပ်စုအဖွဲ့အစည်းဖြစ်သည်ကို ရှင်းလင်း စွာမသိရသေးဟု ဆိုသည်။ မကြာသေးမီလများကလည်း ယီမင် နိုင်ငံအတွင်း ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအရာရှိ များအား ပစ်မှတ်ထားပြီး အလားတူလုပ်ကြံမှု အများအပြားရှိ ခဲ့သည်။ နိုင်ငံတစ်ဝန်းပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်ကတည်းက ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့အရာရှိပေါင်း ၅ဝ ကျော် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြ သည်။ (ဆင်ဟွာ)

**အာဆတ်အားလုပ်ကြံရန် အစ္စရေးဆွေးနွေးဟုဆို**
 ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်အား လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်နေမှုအပေါ် လျှို့ဝှက်စည်းဝေးခဲ့ကြကြောင်း လက်ဘနွန်သတင်းစာတစ်စောင်က ရေးသားသည်ကို ပရက်စ် တီဗွီက အောက်တိုဘာ ၁ဝ ရက်တွင် ရေးသားဖော်ပြသည်။ ကာတာဝန်ကြီးချုပ် ရှိတ်ဟာမက်ဘင်ဂျက်ဆင်ဘင်ဂျာ အယ်လ်တာနီနှင့်အစ္စရေးမော့ဆက် ထောက်လှမ်းရေး အကြီး အကဲ တာမီယာပါဒရို၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ လျှို့ဝှက်ဆွေးနွေးကြကြောင်း အာရပ်ဘာ သာဖြင့်ထုတ်ဝေသော အက်ဒီယာ သတင်းစာက ရေးသားဖော်ပြ သည်။ (အင်တာနက်) 

**အမေရိကန်စစ်ဘက်လေယာဉ်များ ဆော်ဒီအာရေဗျသို့ရောင်းမည်**

 (ဝါရှင်တန် နိုဝင်ဘာ ၁ဝ) 
အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံခန့်တန်ဖိုးရှိသည့် စစ်ဘက်ကုန်တင်လေ ယာဉ် အစင်း ၂ဝ နှင့် လောင်စာဆီဖြည့်တင်းရေးလေယာဉ်ငါးစင်းအား ဆော်ဒီအာရေဗျနိုင်ငံသို့ ရောင်းချရေးစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။ ပင်တဂွန်ဌာနခွဲတစ်ခုဖြစ်သည့် ပြည်ပသို့လက်နက် ရောင်းချရေးဆိုင်ရာ အမေရိကန်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံ မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အစီရင်ခံစာတစ်ရပ်၌ ဆော်ဒီအာရေဗျနိုင်ငံသို့ ဃ-၁၃ဝဲ-၃ဝ လေယာဉ်များနှင့်ုဃ-၁၃ဝဲ အမျိုးအစားလောင်စာဆီဖြည့်တင်းရေးလေယာဉ် ငါးစင်းနှင့်အတူ အထောက်အကူပြုပစ္စည်းများ၊ လေယာဉ်ပစ္စည်း အပိုအစိတ်အပိုင်းများ၊ လေ့ကျင့်မှုအစီအစဉ်များကို ထောက်ပံ့ ကူညီပေးသွားမည်ဖြစ်သည်။ ထိုသို့စစ်ဘက်လေယာဉ်များ ရောင်းချခြင်းသည် မိတ်ဆွေနိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးကိုတိုးမြင့် စေရန် ကူညီသည့်အနေဖြင့် အမေရိကန်နိုင်ငံအမျိုးသား လုံခြုံရေးနှင့် ပြည်ပရေးရာမူဝါဒအရ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါအေဂျင်စီမှ ပြောကြားသည်။ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်ရေးနှင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေရန် အရေးပါသည့်အကောင်အထည် ဖော်ဆောင်ရွက်မှုတစ်ရပ်လည်းဖြစ်ရာ ဆော်ဒီအာရေဗျနိုင်ငံသို့ ဆက်လက်ထောက်ပံ့မှုများ ပေးသွားမည်ဖြစ်သည်။ ဆော်ဒီအာရေဗျနိုင်ငံ၏ တော်ဝင်လေတပ်တွင် စွမ်း ရည်မြင့်သည့်စစ်ဘက်လေယာဉ်များ နည်းပါးလျက်ရှိရာ တိုက် ခိုက်ရေး၊ ထောက်ပံ့ရေးနှင့် လေ့ကျင့်ရေးသုံးစစ်ဘက်လေ ယာဉ်များလည်း လိုအပ်လျက်ရှိသည်။ သို့သော်လည်း အရှေ့ အလယ်ပိုင်းဒေသ စစ်ဘက်ရေးရာကိစ္စတွင်အင်အား ချိန်ခွင် ညှာ မျှစေရန် ရည်ရွယ်ချက်မျိုးမဟုတ်ကြောင်း ၄င်းအေဂျင်စီက ထပ်မံပြောကြားသည်။ (ဆင်ဟွာ) 

 **အိုင်အေအီးအေနှင့် အီရန်တို့ တွေ့ဆုံဆွေးနွေးမည်**
 (ဗီယင်နာ နိုဝင်ဘာ ၁ဝ) 
အီရန်နျူကလီးယားအစီအစဉ်နှင့်ပက်သက်ပြီး နိုင်ငံ တကာအဏုမြူ စွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) မှ ကျွမ်း ကျင်သူများနှင့်အီရန်အရာရှိများ လာမည့် ဒီဇင်ဘာ ၁၃ ရက်၌ တီဟီရန်မြို့တွင် ဆွေးနွေးပွဲအသစ် ပြန်လည်စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း အိုင်အေအီးအေက နိုဝင်ဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။အီရန်၏နျူကလီးယားအစီအစဉ်သည် လက်နက်ထုတ် လုပ်မည့် အနေအထားရှိမရှိကို အိုင်အေအီးအေကျွမ်းကျင် သူများက စစ်ဆေးနိုင်ရေးအတွက် အီရန်အာဏာပိုင်များနှင့် သဘောတူညီမှုတစ်ရပ်ရရှိရန် မျှော်လင့်ထားကြောင်း သတင်း၌ ဖော်ပြသည်။အိုင်အေအီးအေနှင့်အီရန်နိုင်ငံမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် သြဂုတ်လက နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း တစ်စုံတစ်ရာသဘောတူညီမှုမရခဲ့ချေ။ အီရန်နိုင်ငံ၏နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရေးဖြစ်ကြောင်း အီရန်အရာရှိများက ပြောကြားထား သော်လည်း အစ္စရေးတို့က နျူကလီးယားလက်နက်ထုတ်လုပ်မည့် အစီအစဉ်ရှိကြောင်း စွပ်စွဲထားပြီး ဆက်လက်ပြုလုပ်ပါကလေ ကြောင်းမှတိုက်ခိုက်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။ (ဆင်ဟွာ) 

စုစည်းဘာသာပြန် - တင်မောင်လွင်

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)