ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 12, 2012

> .-ကြင်ယာ...စတိုး......(ဘာသာပြန်)- 

နယူးယောက်မြို့မှာ အသစ်စက်စက်ဖွင့်
လိုက်တဲ့စတိုးဆိုင်အမည်က ကြင်ယာစတိုး တဲ့။
အမျိုးသမီးတွေ အဲဒီဆိုင်သွားပြီး ကြ င်ယာရွေးမယ်ဆိုရင် လိုက်နာရမယ့်စည်းကမ်းချက်တွေကို စတိုးဆိုင်အ၀င်ဝမှာ ရေးထားတယ်။
စည်းကမ်းချက်ကတော့.. “သင်သည်
ဤစတိုးဆိုင်အားတကြိမ်သာလာရောက်
ခွင့်ရှိသည်။ ဤစတိုးဆိုင်သည် ခြောက်ထပ်
ရှိပြီး အပေါ်တထပ်စီတိုင်းရှိ အမျိုးသားများ၏
တန်ဘိုးမှာလည်း ပိုမို မြင့်မားသွား၏။
သင်နှစ်သက်သော အထပ်မှ ကြိုက်နှစ်သက်ရာ
အမျိုးသားအား ရွေးချယ်ခွင့်ရှိသည်။
စိတ်တိုင်းကျမဖြစ်လျှင် အပေါ်ထပ်သို့တက်ရောက်ရွေးချယ်နိုင်သည်။ သို့သော်သင်သွားရောက်ခဲ့ပြီးသော အထပ်သို့ နောက်တခေါက်ပြန်လည်သွားခွင့်မရှိ” ဟုရေးထားလေသည်။ တနေ့တွင် ၄င်းစတိုးဆိုင်သို့ အမျိုးသမီးတဦး ကြင်ယာရှာသွားလေသည်။ ပဌမအထပ်တံခါးဝရှိဆိုင်းဘုတ်၌ “ဤအမျိုးသားများသည် အလုပ်အကိုင်ရှိသည်” ဟုရေးထားလေသည်။ “ဒါလေးများ” ဟုတိုးတိုးဆို၍ ဒုတိယအထပ်သို့တက်သွားရာ “ဤအမျိုးသားများသည်အလုပ်အကိုင်ရှိပြီး ကလေးများကိုလည်း ကြင်နာတတ်သည်” ဟုရေးထားလေသည်။ “မဆိုးပါဘူး” ဟုတွေး၍ ဆက်တက်သွားရာ တတိယအထပ်၌ “ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည့်အပြင် ရုပ်ရည်ချောမော၏” ဟုရေးထားလေသည်။ အမျိုးသမီးမှာ များစွာသဘောကျလျက်ရှိသော်လည်း အပေါ်ထပ်တွင်ရှိမည့် အမျိုးသားများအား သိချင်ဇောဖြင့် ဆက်တက်သွားလေသည်။ စတုတ္ထအထပ်တွင် “ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည့်အပြင် ရုပ်ရည်ချောမောပြီး အိမ်မှုကိစ္စ၌လည်းကူညီတတ်လေသည်” ဟုရေးထားလေသည်။ မိမိနှစ်သက်သောအရည်အချင်းများ ကျေနပ်ဖွယ်ရှိနေသော်လည်း နောက်အထပ်တွင် ပိုကောင်းရချည်ရဲ့ဟုတွေးပြီး ပဉ္စမအထပ်သို့ဆက်တက်သွားပြန်သည်။ ပဉ္စမအထပ်၌မူ “ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည်။ ရုပ်ရည်ချောမောပြီး အိမ်မှုကိစ္စများ၌ကူညီတတ်သည့်အပြင်နွေးထွေးကြင်နာစွာ ယုယချစ်ခင်တတ်၏” ဟုရေးထားလေသည်။ အမျိုးသမီးမှာ ထိုအမျိုးသားများအား သဘောကျနှစ်သက်၍ ရွေးချယ်လိုပြီဖြစ်သော်လည်း ကောင်းသထက်ကောင်းနိုင်သော အပေါ်ဆုံးအထပ်တွင်ရှိမည့် ယောင်္ကျားများအား စိတ်ကူးလျက် စိတ်လှုပ်ရှားမှုများစွာဖြင့် ဆက်တက်သွားပြန်သည်။ ခြောက်ထပ်မြောက်သို့ ရောက်သောအခါ တံခါးဝဆိုင်းဘုတ်၌ “သင်သည် ဤအထပ်သို့ရောက်လာသော သုံးသန်း လေးသိန်း ငါးသောင်း ခြောက်ထောင် နှစ်ရာ့တစ်ဆယ်ဦးမြောက် အမျိုးသမီးဖြစ်သည်။ ဤအထပ်တွင် အမျိုးသားကြင်ယာ မရောင်းပါ။ ဤနေရာကား မိန်းမတို့၏ မဆုံးနိုင်သောဆန္ဒကိုဖြည့်ဆည်းရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သက်သေ ပြုရာနေရာပင်တည်း။ ဤစတိုးအားလာရောက် အားပေးသောကြောင့် ကျေးဇူးတင်ပါသည်” ဟုရေးထားလေသည်။ 

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1850143&xgs=1&xg_source=msg_share_post မှ ...

 Posted by sai -- 

Posted By Blogger လူဗိုလ်

.-ကြင်ယာ...စတိုး......(ဘာသာပြန်)- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)