( ဒေးဗစ်ပက်ထရာရက်စ်နှင့် သူ့အကြောင်းရေးသားနေသော သူ့ချစ်သူစာရေးဆ၇ာမ )
**စီအိုင်အေအကြီးအကဲရာထူး
မှနုတ်ထွက်**
စီအိုင်အေညွှန်ကြားရေးမှူး
ဒေးဗစ်ပက်ထရာရက်စ်သည်
လွန်ခဲ့သော နိုဝင်ဘာ ၉ ရက်က အမေရိကန် ထောက်လှမ်း ရေး
အေဂျင်စီအကြီးအကဲအဖြစ်မှ
နုတ်ထွက်သွားပြီဖြစ်ကြောင်း
နိုဝင်ဘာ ၁ဝ ရက်က အင်တာနက်သတင်းတစ်ရပ်တွင်
ဖော်ပြ သည်။သူသည် သမ္မတအိုဘားမားနှင့် နိုဝင်ဘာ ၈ ရက်က အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပြီးနောက် သမ္မတထံနုတ်ထွက်ခွင့် ပြုရန် ခွင့်တောင်းခဲ့ကြောင်း အသက် ၆ဝ အရွယ်ရှိ စီအိုင် အေညွှန်ကြားရေးမှူး ဒေးဗစ်ပက်ထရာရက်စ်က ပြောကြား သည်။အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာ ၆ ရက်က အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် လက်ခံ ရရှိခဲ့သည်။ပက်ထရာရက်စ်သည် သူ၏ စီအိုင်အေညွှန်ကြား ရေးမှူးအလုပ်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် အီရတ်နှင့်အာဖဂန်တပ်များ၏ တပ်မှူးတာဝန်ကို လည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သမ္မတအိုဘားမားက ချီးကျူးပြောကြားကြောင်း ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။(အင်တာနက်)
**တရုတ်နိုင်ငံ၏ စီးပွားရေးပမာဏကြီးထွားနိုင်**
တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂ဝ၁၆ ခုနှစ်တွင် အမေ ရိကန်နိုင်ငံ၏ စီးပွားရေးကိုကျော်ဖြတ်လျက် ကမ္ဘာ့စီးပွားရေး အင်အား ချိန်ခွင်လျှာဟြေင်းသွားမည်ဖြစ်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (အိုအီးစီဒီ)က ကြိုတင်ခန့်မှန်းလိုက်သည်ဟု ဆိုသည်။တရုတ်နိုင်ငံ၏ စီးပွားရေးမှာ နှစ်စဉ် တိုးတက်နေရာ ၂ဝ၁၆ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးထက် ပိုမိုကြီးမား မည်ဟု အိုအီးစီဒီက ခန့်မှန်းထားသည်။၂ဝ၂၅ ခုနှစ်တွင် တရုတ်နှင့် အိန္ဒိယတို့၏ ဂျီဒီပီသည်ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ကနေ ဒါ စုစုပေါင်းဂျီဒီပီထက် ကျော်လွန်သွားမည်ဟု အိုအီးစီဒီကတွက်ဆသည်။ (အင်တာနက်)
**တရုတ်နိုင်ငံတွင်ဆီးနှင်းများထူထပ်စွာကျဆင်း..အဝေးပြေးလမ်းမကြီးများပိတ်ထားရ**
(ဟာဘင် နိုဝင်ဘာ ၁၂)
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီး နှစ်လမ်း၌ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် ပိတ်ထားလိုက်ရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။ ဟေလုံကျန်ပြည်နယ်တွင် နိုဝင်ဘာ ၁၁ ရက်ကတည်းက နှင်းမုန်တိုင်းများ ဖြစ်ပေါ်မှုကြောင့် ဟေလုံကျန်ပြည်နယ် မြို့တော်ဟာဘင်နှင့် တွန်ကျန်မြို့တို့သို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ဟီဂန်မြို့နှင့် ကျင်မူစီမြို့တို့သို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကို ပိတ်ထားခဲ့ရပြီး ရထားခရီးစဉ်အများအပြား ရွှေ့ဆိုင်းခဲ့ရကာ ခရီးသည်များသောင်တင် နေခဲ့သည်ဟု ဆိုသည်။ အဆိုပါ နှင်းမုန်တိုင်းအတွက် ဟေလုံကျန်မိုးလေဝသအာဏာပိုင် များက ဟီဂန်မြို့နှင့် ကျင်မူစီမြို့တို့တွင် စိုးရိမ်အဆင့်လေးဆင့်မှ ဒုတိယမြောက်အမြင့်ဆုံးဖြစ်သည့် အဝါရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ပေးထားသည်။ ယင်းဆီးနှင်းများ ၁ဝ မီလီမီတာအထက်ထိ ကျဆင်းပြီး ဟီဂန်နှင့်ကျင်မူစီမြို့တို့တွင် နောက်ထပ်ဆီးနှင်းကျ မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ (ဆင်ဟွာ)
**အင်ဂျင်ချွတ်ယွင်းမှုကြောင့် အမ်းမရိတ်လေယာဉ်တစ်စင်းဆစ်ဒနီလေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရ** (ဆစ်ဒနီ နိုဝင်ဘာ ၁၂)
ဆစ်ဒနီမှ ဒူဘိုင်းမြို့သို့ ဦးတည်ပျံသန်းလာသည့် အမ်းမရိတ်လေကြောင်းမှ ခရီးသည်တင်လေယာဉ် တစ်စင်းသည် နိုဝင်ဘာ၁၁ ရက်ညက လေဆိပ်မှ ပျံတက်ပြီး အချိန်တိုတွင်းမှာပင် ရုတ်တရက်အင်ဂျင် ချွတ်ယွင်းမှုကြောင့် ဆစ်ဒနီလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ဒေသဆိုင်ရာမီဒီယာများက နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ခရီးသည်တင်လေယာဉ် သည် ဆစ်ဒနီ လေဆိပ်မှထွက်ခွာလာပြီး နာရီဝက်ခန့်အကြာ ပျံသန်းပြီး နောက် လေယာဉ်အင်ဂျင်များအနက် အင်ဂျင်တစ်ခုမှ ကျယ် လောင်သည့် အသံတစ်ခုကိုကြားရပြီး မီးတောက်ငယ်တစ် ခုဖြစ်ပေါ်လာမှုကြောင့် လေဆိပ်သို့ ပြန်လည်ဆင်းသက်လိုက် ရကြောင်း သြစတြေးလျသတင်းဌာန (အေဘီစီ)က ကြေညာသည်။ တစ်စုံတစ်ရာချွတ်ယွင်းမှုဖြစ်နေသည်ဟု လေယာဉ်မှူးများက ခရီးသည်များကို ပြောခဲ့ကြောင်း လေယာဉ်ခရီးသည်တစ်ဦး ယင်းသတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရာရှိတို့ စကားများ အရာရှိထံမှ ပစ္စတိုကိုလုယူပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်ရာ မှ အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများ၏ပြောကြားချက်အရ သိရသည်။ပစ္စတိုအား ယူဆောင်လာပြီး တပ်ဖွဲ့ဝင်နှစ်ဦးအားတွေ့ဆုံရန် အရပ်အဝတ်အစား ဝတ်ဆင်ပြီး ရောက်ရှိလာခဲ့ကြောင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူနှစ်ဦး စလုံးကို ဆရီနာဂါမြို့ စစ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့သည်။ (ဆင်ဟွာ)
**ပြည်ပမှ လာရောက်လုပ်ကိုင်သူများ စင်ကာပူနိုင်ငံ၌ ပိုမိုလိုအပ်နေ**
(စင်ကာပူ နိုဝင်ဘာ ၁၂)
စင်ကာပူနိုင်ငံသည် ပြင်ပမှလူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လျက်ရှိရာ အထူးသဖြင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ များတွင်ဖြစ်ကြောင်း စင်ကာပူအစိုးရက နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန် သည်။ စင်ကာပူနိုင်ငံကျန်းမာရေးဝန်ဆောင်မှုကဏ္ဍတွင် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်က စင်ကာပူ၌ နေထိုင်သည့် ပြည်ပအလုပ်သမား ၅ဝဝဝဝ ခန့်သာရှိခဲ့သော်လည်း ကျန်းမာရေးကဏ္ဍ၏ လိုအပ်မှုကြောင့် ၂ဝ၃ဝ ခုနှစ်တွင် ၉၁ဝဝဝ ခန့်အထိ လိုအပ်ချက် တိုးမြင့်လာမည်ဖြစ်သည်ဟု စင်ကာပူအမျိုးသားလူဦးရေနှင့် လူ့စွမ်းအားဌာနမှ ထုတ်ပြန်သောသတင်း၌ ဖော်ပြသည်။ ထို့အတူ စင်ကာပူနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် စင်ကာပူနိုင်ငံ၌နေထိုင်သည့် ပြည်ပအလုပ်သမားဦးရေမှာ ၂ဝ၁၁ ခုနှစ်၌ ၂၅ဝဝဝဝ ခန့်ရှိခဲ့ရာမှ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ၂၈ဝဝဝဝ ခန့်အထိ လိုအပ်ချက်တိုးမြင့်လာမည်ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်း များ၊ သူနာပြုများလိုအပ်မှုမှာ ပြည်သူ့စောင့်ရှောက်ရေးအစီအစဉ်ကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန်ရှိနေခြင်းဖြစ်သည်။ ယင်းမှာ စင်ကာပူနိုင်ငံတွင် လာမည့်လေးနှစ်တာ ကာလအတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဆောက်အအုံ ၁ဝ၅ ခု တည် ဆောက်သွားရန် စီစဉ်ထားခြင်းကြောင့်ဖြစ်သည်။စင်ကာပူအစိုးရသည် လွန်ခဲ့သည့် နှစ်နှစ် ခန့်ကပင် ပြည်ပမှ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိရေးအစီအစဉ်ချမှတ်ကာ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment