ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 13, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ဥရောပအကောင်းဆုံးတေးဂီတဆု တေလာဆွစ်နဲ့ ဂျပ်စတင်ဘီဘာ ဆုသုံးဆုစီဆွတ်ခူး**
(ဖရန့်ဖွတ် နိုဝင်ဘာ ၁၂)
ကမ္ဘာကျော် အဆိုတော်တွေဖြစ်ကြတဲ့ တေလာဆွစ်နဲ့ ဂျပ်စ တင်ဘီဘာတို့ဟာ နိုဝင်ဘာ၁၂ရက်ကဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့မှာကျင်းပတဲ့ အမ်တီဗွီ ဥရောပတေးဂီတဆုပေးပွဲမှာဆုသုံးဆုစီ ဆွတ်ခူးသွားခဲ့ပါတယ်။ ကန်းထရီးအဆိုတော် တေလာဆွစ်က အမျိုးသမီးအကောင်းဆုံး သီဆို ဖျော်ဖြေမှုဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။ဒါ့အပြင် သူမဟာ အကောင်း ဆုံး စင်တင်ဖျော်ဖြေမှု ဆုနဲ့ ကြည့်ရှုမှုအကောင်းဆုံးဆုများကိုပါ ဆွတ်ခူးသွားခဲ့ပါတယ်။ကနေဒါအဆိုတော်လေး ဂျပ်စ တင်ဘီဘာဟာ ဒီဆုပေးပွဲမှာအကောင်းဆုံးအမျိုးသား သီဆိုဖျော်ဖြေမှုဆုနဲ့ အကောင်းဆုံး အမျိုးသားပေါ့ပ်သီချင်းဆု၊ အကောင်းဆုံးစတိတ်စင်ဖျော်ဖြေမှု ဆုများ ဆွတ်ခူးသွားခဲ့ပါတယ်။''ကျွန်မဒီဆုပေးပွဲမှာဆုသုံးဆုဆွတ် ခူးမယ်လို့ လုံးဝမျှော်လင့်မထားမိပါဘူး။အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်'' လို့ အဆိုတော် တေလာဆွစ်က ပြောပါတယ်။''ဒီဆုဟာ အကြီးအကျယ်အခမ်း နားဆုံးဆုပါပဲ''လို့ အသက် ၁၈ နှစ်အရွယ် ဂျပ်စတင်ဘီဘာက သူ့ပရိသတ် များထံသို့ သူ့ရဲ့ ဝက်ဘ်ဆိုက်မှတစ်ဆင့်ပြောကြားခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ တောင်ကိုရီးယားပေါ့ပ်စတား ပီအက်စ်ဝိုင်က ဂမ်နမ်းစတိုင်အကနဲ့ သီဆိုဖျော် ဖြေခဲ့ပါတယ်။ဆုပေးပွဲမှာ စတိုင်လ်အကျဆုံးသီဆိုနိုင်မှုအတွက် Best look ဆုကို ဆွတ် ခူးနိုင်ခဲ့တာပါလို့ အသက် ၂၂ နှစ်အရွယ်တေလာဆွစ်က ပြောပါတယ်။ (ဘီဘီစီ)

**ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ တစ်နှစ်တာအတွင်း ၇၆ ဂိုးသွင်း**
 (စင်ကာပူ နိုဝင်ဘာ ၁၂)
 (မက်ဒရစ်၊ နိုဝင်ဘာလ ၁၂) ဘာစီလိုနာအသင်းနှင့် မာယော့ကာအသင်းတို့သည် နိုဝင်ဘာ ၁၁ ရက် ညနေ ပိုင်းက စပိန်လာလီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာက လေးဂိုး-နှစ်ဂိုး ဖြင့်နိုင်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။ ဘာစီလိုနာအသင်း အတွက် အနိုင်ဂိုးများသွင်းယူခဲ့ရာတွင် တိုက်စစ်မှူးမက်ဆီက နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ဘာစီလိုနာတို့ ယင်းအနိုင်ပွဲရပြီးနောက်စပိန်လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံး နေရာ၌ ဆက်လက်ရပ်တည်လျက်ရှိသည်။ ဘာစီလိုနာတို့ ၁၁ ပွဲကစားခဲ့ပြီး ရမှတ် ၃၁ မှတ်ရရှိထားသည်။မက်ဆီသည် ယင်းပြိုင်ပွဲတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့၍ ၂ဝ၁၂ ခုနှစ်အတွင်း ဂိုးပေါင်း ၇၆ ဂိုးသွင်းယူနိုင်သူဖြစ်လာပြီး ဘရာဇီးဘောလုံးသမားကြီး ပီလီသွင်းယူနိုင်ခဲ့သည့် ဂိုးပေါင်း ၇၅ ဂိုး သွင်းယူနိုင်မှုအပေါ် စံချိန်ချိုးခဲ့သည်။မက်ဆီသည် ပြက္ခဒိန်နှစ်တစ်နှစ်တာ အတွင်း ဂိုးပေါင်း ၈၅ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့သည့် ဂျာမနီဘောလုံး သမားဂတ်မူလာ၏စံချိန်ကို အမီလိုက်ရန် နီးကပ်လာပြီဖြစ်သည်။ (ရိုက်တာ)

**ဂျိုကိုဗစ်နှင့် ဖက်ဒဲရား ဗိုလ်လုမည်**
(လန်ဒန် နိုဝင်ဘာ ၁၂)
လန်ဒန်မြို့၌ ကျင်းပသောATP World Tour တင်းနစ် ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ဖက်ဒဲရားက အင်ဒီမာရေးကို ၇-၆(၇-၃)၊ ၆-၂ ဖြင့် နိုင်ပွဲရပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့ရာ ဗိုလ်လုပွဲ၌ဂျိုကိုဗစ်နှင့်ဖက်ဒဲရားတို့ ယှဉ်ပြိုင် ရမည် ဖြစ်သည်။ (ဆင်ဟွာ)  

**စင်ကာပူအိုးပင်းဂေါက်သီးအီတလီလူငယ်ဖလားဆွတ်ခူး**
 စင်ကာပူအိုးပင်းဂေါက်သီးရိုက် အားကစားပြိုင်ပွဲတွင် အီတလီနိုင်ငံမှ အသက် ၁၉ နှစ်အရွယ်ရှိ ဂေါက်သီးကစားသမား မတ်တီယိုမန်နက်ဆီရိုက ဖလားဆွတ်ခူးသွားခဲ့သည်။မန်နက်ဆီရိုနှင့် တောင်အာဖရိကဂေါက်သီးကစားသမား အူးစ်တူးဇန်တို့သည် နောက်ဆုံးနေ့ပြိုင်ပွဲအပြီး အမှတ်ချင်းတူနေ၍ ကျင်းပိုကစားခဲ့ရသည်။ အသက် ၁၉ နှစ်ရှိ မန်နက်ဆီရိုသည် တတိယမြောက်ကျင်းပိုတွင် ၁၂ ပေအကွာမှ အီးဂဲရအောင်ကစားနိုင်ခဲ့၍ ဖလားဆွတ်ခူးသွားခဲ့သည်။ (ဆင်ဟွာ) 

**ယူရေးရှားမာရသွန်ပြိုင်ပွဲကင်ညာကစားသမားများ ဆုတံဆိပ်အားလုံးဆွတ်ခူး**
 (အစ္စတန်ဘူလ် နိုဝင်ဘာ ၁၂) 
ကင်ညာနိုင်ငံမှ အပြေးသမားများသည် တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့၌ နိုဝင်ဘာ ၁၁ ရက်က ကျင်းပခဲ့သော ယူရေးရှားမာရသွန်ပြိုင်ပွဲတွင်ဆုတံဆိပ်အားလုံး ဆွတ်ခူးသွားခဲ့ကြသည်။ကင်ညာအပြေးသမား စတီ ဖန်ချီဘိုဂတ်ဆိုသူသည် အမျိုးသားပြိုင် ပွဲတွင် စံချိန် ၂ နာရီ ၁၁ မိနစ် ၅စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲခဲ့သည်။ ယင်းနောက်မှ ကင်ညာအပြေးသမားများ ဖြစ် ကြသည့် ကီပရိုတစ်ရေဂွန်းနှင့် အီဗန်းစ်ကီပလာဂတ်တို့က ဒုတိယနှင့်တတိယ ဆုများဆွတ်ခူးခဲ့ကြသည်။ပါဝင်ယှဉ်ပြိုင်ခဲ့အမျိုးသမီးပြိုင်ပွဲတွင် အီသီယိုးပီးယားနိုင်ငံမှ ကိုရန်ဂျယ်လီနာယားလ်က စံချိန် ၂၄ နာရီ ၂၈ မိနစ် ဝ၆ စက္ကန့် ဖြင့် ပန်းဝင်ဗိုလ်စွဲခဲ့သည်။ အဆိုပါမာရသွန်ပြိုင်ပွဲတွင် ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ တူရကီနိုင်ငံတို့မှ အားကစားသမားများအပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံမှ အားကစားသမား ၁၃ဝဝဝနီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ (ရိုက်တာ)

 **အားကစားသတင်းအတိုအထွာနှင့် ပွဲရလဒ်များ** 

 အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် မန်စီတီးတိုက်စစ်မှူး ဒီဇီကိုအား ခေါ်ယူရန် စီစဉ်နေသည်။ 

  ချယ်လ်ဆီးကွင်းလယ်ကစားသမား လမ်းပတ်အား လာမည့်ဇန်နဝါရီလတွင် စာချုပ်သစ် ထပ်မံချုပ်ဆိုမည်ဖြစ်ကြောင်း ချယ်လ်ဆီးကလပ် တာဝန်ရှိသူများက ပြောကြားသည်။  ဘာစီလိုနာအသင်းသည် နယူးကာဆယ်ခံစစ်မှူး အသက် ၂၇နှစ်အရွယ်ရှိ ဒီဘူချီအား စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ရန် ကြိုးစားနေသည်။

  တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းတွင်ကစားနေသော အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး အနယ်ကာအား ပရီမီယာလိဂ်ကလပ် ဝက်စ်ဟမ်းက ခေါ်ယူနိုင်ရေး ကြိုးစားလျက်ရှိသည်။  ကျူပီအာအသင်းပိုင်ရှင် တိုနီဖီမင်ဒက်က နည်းပြ မက်ဟုခ်ျအား လာမည့် ပရီမီယာလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်ပတန်အသင်းနှင့် ကစားမည့်ပွဲကို အနိုင် ရအောင်ကြိုးစားရန် သတိပေးလိုက်သည်။ 

  အာဖရိက ဖလားဘောလုံးပြိုင်ပွဲအတွက် တောင်အာဖရိကအသင်းတွင် ပါဝင်ကစားရန် နော့ဝှစ်ကွင်းလယ် ကစားသမားအင်ဒရူးဆာမင်အား ခေါ်ယူထား ကြောင်း တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်က ပြောကြားသည်။  လီဗာပူးဂိုးသမားဘရက်ဂျုန်း၏ စာချုပ်သက်တမ်းသည် ယခုနွေရာသီ၌ ကုန်ဆုံးမည်ဖြစ်ရာ စာချုပ်အသစ်ထပ်မံ ချုပ်ဆိုမည်ဖြစ်ကြောင်း လီဗာပူးကလပ် က ထုတ်ဖော်ပြောကြားသည်။ 

  ချယ်လ်ဆီးနှင့်လီဗာပူးတို့ယှဉ်ပြိုင် ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်(၁၁) တွင် ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီဒူးဒဏ်ရာရရှိခဲ့ရာ ဆေးစစ် မှုများအရ ရက်အတန်ကြာ အနားယူကုသရမည်ဖြစ်ကြောင်း ချယ်လ်ဆီးဆေး အဖွဲ့က ပြောကြားသည်။ (အင်တာနက်) 

 **အီတလီစီးရီးအေပွဲစဉ်(၁၂)ရလဒ်**
 ပါးမား ဝ-ဝ ဆီနာ 

တိုရီနို ၁-ဝ ဘိုလော့နာ

 အတ္တလန္တာ ၃-၂ အင်တာမီလန် 

**စပိန်လာလီဂါပွဲစဉ်(၁၁)ရလဒ်** 
 ဗယ်လာဒိုးလစ် ၁-၁ ဗလင်စီယာ 

ဘီလ်ဘာအို ၂-၁ ဆီဗီလာ 

မာယော့ကာ ၂-၄ ဘာစီလိုနာ

 အက်သလက်တီကို ၂-ဝ ဂီတာဖေး

 လီဗန်တေး ၁-၂ ရီးရဲမက်ဒရစ် **

ဘွန်ဒက်စ်လီဂါစဉ်(၁၁)ရလဒ်**

 ဝုဖ်ဘတ် ၃-၁ လေဗာကူဆင်

 ဂရုသာဖို့ဒ် ၂-၄ မွန်ချန် 

 စတုဂတ် ၂-၄ ဟန်နိုဗာ 

**ပြင်သစ်လိဂ်ပွဲစဉ်(၁၁)ရလဒ်** 

 မာဆေးလ် ၂-၂ နန့် 

 လောရင့် ဝ-၄ ဘော်ဒိုး

 ဆိုချော့ ၁-၁ လိုင်ယွန်

 မောင့်ပယ်လီယာ ၁-၁ ပဲရစ်စိန့်ဂျာမိန်း 

 (ဆင်ဟွာ) 

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)