**Public Health**
ညအချိန် အိပ်ရေးဝအောင် မအိပ်စက်သူများသည်
နှလုံးရောဂါနှင့် လေဖြတ်ခြင်းရောဂါများ ဖြစ်ပွားနိုင်
မှုအလားအလာ ပိုမိုများပြားကြောင်း တရုတ်သုတေသနပညာရှင်များ၏
သုတေသနပြုချက်၌ ဖော်ပြထားသည်။
တစ်ရက်လျှင် အိပ်ချိန် ၆ နာရီခန့်သာအိပ်စက်သူများကို လေးနှစ်ကြာ သုတေသနပြုလေ့လာခဲ့ရာ ၄င်းတို့အနက်၇ဝ ရာခိုင်နှုန်းသည် နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာခံစား ရနိုင်သူများဖြစ်နေကြောင်း တွေ့ရှိခဲ့ကြသည်ဟု ဖော်ပြထား သည်။ အမေရိကန်ဆေးဘက် ဆိုင်ရာသုတေသနပညာရှင်များနှင့် တရုတ် ဆေးဘက်ဆိုင်ရာ သုတေသနများလော့စ်အိန်ဂျလိစ်မြို့၌ နိုဝင်ဘာ ၁ဝ ရက်က တွေ့ဆုံဆွေးနွေးမှု၌ အိပ်ရေးပျက်ခြင်းသည် နှလုံးရောဂါရုတ်တရက် တိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ဖြစ်ပွားရန် အလားအလာများရှိကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ အိပ်ရေးဝအောင်မအိပ်ရသူများသည် သွေးပေါင်ချိန်မြင့်တက်ပြီး သွေးတိုးရောဂါဖြစ်ပွားရန် အလားအလာများရှိကြောင်း ယခင်သုတေသနပြုချက်များ၌ ဖော်ပြခဲ့ကြ သည်။ ယခုအခါ အိပ်ရေးပျက်ခြင်းသည်သွေးတိုးရောဂါ ဖြစ်ပွားနိုင်သည်သာမက နှလုံးရုတ်တရက် တိုက်ခိုက်ခံရနိုင်မှုနှင့်လေဖြတ်ရောဂါများ ခံစားရနိုင်ကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
အိပ်ချိန်ပြည့်ဝစွာမအိပ်ရသူများ၏ သွေးလည်ပတ် စီးဆင်းမှုသည် ပုံမှန်မဖြစ်ဘဲ နှေးကွေးနေတတ်ပြီး သွေးအတွင်း အဆိပ်ဓာတ် များ ထွက်ရှိနိုင်မှုကို ပိုမိုတွန်းအားပေးကြောင်း ၄င်းတို့သုတေသနပြုချက်၌ ဖော်ပြထားသည်။ အမေရိကန်နိုင်ငံရှိနှလုံးရောဂါ ဖြစ်ပွားနေသူများကို ၁ဝ နှစ်ကြာ သုတေသနပြုခဲ့ရာ ၆ဝရာခိုင်နှုန်းသည် အိပ်ချိန်တစ်နေ့ ၆နာရီအောက် လျော့နည်းသူများ ဖြစ်နေကြောင်းတွေ့ရှိရသည်ဟုဆိုသည်။ (ဆင်ဟွာ)
ဘာသာပြန် - မောင်ချစ်ကြည်
-လူထုကျန်းမာရေး (အိပ်ရေးပျက်သူများ နှလုံးရောဂါနှင့် လေဖြတ်ခြင်းများဖြစ်ပွားနိုင်)-

No comments:
Post a Comment