**Public Health**
ခွဲမွေးကလေးများသည် မခွဲမစိတ်ရဘဲ ဓမ္မတာအတိုင်းမွေးသော ကလေးများ ထက် ပို၍အဝလွန်ဖွယ်ရှိကြောင်း လေ့လာ
ဆန်းစစ်ချက်အသစ်တစ်ရပ်အရ သိရ သည်။ တရုတ်နိုင်ငံ ပေကျင်း ကျန်းမာရေးပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဂျီယင်မင်က သုတေသီများသည် လူပေါင်းနှစ်သိန်းကျော်ကို လေ့လာဆန်းစစ်မှု ကိုးကြိမ်လုပ်ဆောင်ခဲ့ကြရာ၌ ခွဲစိတ်မွေးသူများသည် ရိုးရိုးမွေးသူများထက် အဝလွန်ဖြစ်နိုင်မှုနှုန်း ၃၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိခဲ့ကြကြောင်း၊ အဝလွန် ရောဂါကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုနှင့် ခွဲစိတ်မွေးဖွားခြင်း ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ရောဂါများကို လျစ်လျူရှုမထားသင့် ကြောင်း ဆိုသည်။ ယခင်လေ့လာဆန်းစစ်ချက်များအရ ဓမ္မတာအတိုင်းမဟုတ်သည့် ခွဲစိတ် မွေးဖွားခြင်းကြောင့် ကလေးများတွင် ပန်းနာရင်ကျပ်၊ ဆီးချိုရောဂါနှင့် ဓာတ်မတည့် ခြင်း (ေူနမါပ)အပါအဝင် မလိုလားအပ်သော ကျန်းမာရေးဆိုင်ရာ အကျိုးသက် ရောက်မှုများ တွေ့ရှိခဲ့ကြကြောင်း၊ သို့သော် အဝလွန်ရောဂါသည် ခွဲမွေးခြင်း (သို့) ရိုးရိုးမွေးခြင်းတို့နှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိ၊ မရှိကို သေချာစွာမသိရှိရသေးကြောင်း ဆိုသည်။ အမေရိကန်ပြည်ထောင်စုရှိ လူ ၇ဝရာခိုင်နှုန်းမှာ အဝလွန်မှု(သို့)အဝလွန် ရောဂါ ဖြစ်ပွားနေကြပြီး အသက်(၆)နှစ်မှ (၁၁)နှစ်အရွယ်ရှိ ကလေးငါးဦးလျှင် တစ်ဦးမှာ အဝလွန်ရောဂါဖြစ်ပွားနေကြောင်း၊ အဝလွန်မှုသည် ကလေးအရွယ်မှ စတင်ခဲ့သော်လည်း အရွယ်ရောက်လာသည်အထိ ကပ်၍ ပါလာတတ်ကြောင်း၊ ထိုမှတစ်ဆင့် မလိုလားအပ်သော ကျန်းမာရေးပြဿနာများ ဖော်ဆောင်လာကြောင်း အဆိုပါ လေ့လာဆန်းစစ်ချက်က ဆိုသည်။
(ဒေါက်တာသာစိန်)
**ခွဲမွေးကလေးများကရိုးရိုးမွေးကလေးများထက်ပို၍အဝလွန်ဖွယ်ရှိ-

No comments:
Post a Comment