ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 30, 2012

> -ရုရှားအာကာသ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ -
အာကာသရေးရာနည်းပညာနဲ့ အာကာသ
ခရီးစဉ်တွေ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ရုရှားနိုင်ငံက
 လာမယ့် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ဘီလီယံ ၇ဝ ခန့် အသုံးပြု
သွားမယ်လို့ ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်က
 ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြား
လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ အာကာသရေးရာနည်းပညာနဲ့ လုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုနိုင်ဖို့နဲ့ အာကာသနည်းပညာဖွံ့ဖြိုး တိုးတက်စေဖို့အပြင် အာကာသရေးရာကာကွယ်ရေးနဲ့ လုံခြုံ ရေးရာ ကိစ္စတွေကို ဆောင်ရွက်သွားဖို့အတွက် အခုလို ငွေကြေး အမြောက်အမြားသုံးစွဲသွားဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံတကာအာကာသစခန်းယာဉ်စီမံကိန်း၊ လေ့လာရေး စီမံကိန်းနဲ့အင်္ဂါဂြိုဟ်အပြင် အခြားကြယ်တာရာအဖွဲ့အစည်း တွေကို လေ့လာသုတေသနပြုလုပ်ဖို့ဆိုတဲ့ စီမံကိန်းတွေကို ရုရှား နိုင်ငံက အလေးအနက်ထားပြီး အောင်မြင်အောင်စွမ်းဆောင် သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ရုရှားအာကာသအေဂျင်စီဟာ လောလောဆယ်မှာ နာဆာနဲ့ ပူးတွဲပြီး အာကာသကို လူလိုက်ပါမယ့် ခရီးစဉ်စေလွှတ်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒီ လူလိုက် ပါမယ့် အာကာသခရီးစဉ်အတွက်ျွီ-၁၈ဝ အင်ဂျင်ကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ျွီ-၁၈ဝ အင်ဂျင်ဟာ လူလိုက်ပါမယ့် အာကာသယာဉ်မှာ အသုံးပြုမှာဖြစ်လို့ ပြုပြင် တပ်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီအာကာသယာဉ်ကို လာမယ့် ၂ဝ၁၄ ခုနှစ်မှာ လွှတ်တင် ဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ဒေါ်လာ ၁၁ သန်းခန့်အကုန် အကျခံတည်ဆောက်ထားတဲ့ အဲဒီအာကာသဒုံးပျံအင်ဂျင်ဟာ ရုရှားနိုင်ငံ အိုကာတီအမ်ကေအက်စ်သုတေသနဌာနက ဒီဇိုင်းပုံစံ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လူလိုက်ပါမယ့် အာကာသယာဉ်ခရီးစဉ်ဟာ နိုင်ငံတကာ အာကာသယာဉ်စခန်းမှာ ရက်ပေါင်း ၁၈ဝကြာ ချိတ်ဆက်ပြီး အာကာသယာဉ်မှူးတွေက လုပ်ငန်းတွေလုပ်ကိုင်ကြမှာဖြစ်ပါ တယ်။ ပထမအစီအစဉ်အရ လူလိုက်ပါမယ့် ရုရှားအာကာသ ယာဉ်ကို ၂ဝ၁၅ ခုနှစ်မှာ လွှတ်တင်ဖို့စီစဉ်ခဲ့ပေမယ့် အခုအခါ မှာတော့ ၂ဝ၁၄ ခုနှစ်မှာ လွှတ်တင်ဖို့ အားလုံးကသဘောတူညီ လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ရုရှားအာကာသ အေဂျင်စီရဲ့ ၂ဝ၁၃- ၂ဝ၂ဝ အာကာသရေးရာ စီမံကိန်းရဲ့ အစီအစဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ယခင် ဆိုဗီယက်ပြည်ထောင်စု လက်ထက်ကတည်းက အာကာသရေးရာ အစီအစဉ်တွေကိုဆောင်ရွက်ဖို့ ဆိုဗီယက် ပြည်ထောင်စု အာကာသအေဂျင်စီကို ၁၉၂၂ ခုနှစ်ကနေပြီး ၁၉၉၁ ခုနှစ်အထိ ထူထောင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကစတင်ပြီး ရုရှားအာကာသ အေဂျင်စီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကာ အခုအချိန်အထိ အာကာသရေးရာလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ရုရှားအာကာသအေဂျင်စီဟာ မော်စကိုမြို့ရှက်ချက် ကင်လမ်းမှာတည်ရှိပြီး ဘိုင်ကိုနော့စခန်းနဲ့ ပလီဆက်အာကာသ ယာဉ် လွှတ်တင်ရေးစခန်းတို့ကနေပြီး အာကာသယာဉ်တွေ၊ ဒုံးပျံတွေကို လွှတ်တင်နေခြင်းပဲဖြစ်ပါတယ်။ ဗလာဒီမာပိုပေါဗ် ကင်ဦးစီးတဲ့ ရုရှားအာကာသအေဂျင်စီဟာ ၂ဝ၁၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ငွေကြေးသုံးစွဲခွင့်ရ ထားပါတယ်။ အာကာသခရီးစဉ်မှာလိုက်ပါမယ့်အာကာသယာဉ်မှူးတွေ ဟာ ကိုရိုလက်ဗ်မြို့အနီးမှာရှိတဲ့အာကာသယာဉ်လေ့ကျင့်ပျံ သန်းရေးစခန်းမှာ လက်တွေ့လေ့ကျင့်ကြရပြီး စတားစီးတီးမှာ ကြိုတင်လေ့ ကျင့်မှုတွေပြုလုပ်ကြရပါတယ်။ ရုရှားနိုင်ငံဟာ ဆိုယုဇ်နဲ့ပရို ဂရက်အာကာသ ယာဉ်ခရီးစဉ်တွေကို ဆက်လက် ပျံသန်းဖို့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပြီးလာမယ့်နှစ်အနည်း ငယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ ရုရှားအာကာသအေဂျင်စီအနေနဲ့ အာကာသရေးရာလုပ်ငန်း တွေ ဆောင်ရွက်ဖို့ ၂ဝ၁၂ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၇ ဘီလီယံသုံးစွဲခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၆ ဘီလီယံခန့် သုံးစွဲဖို့ခွင့်ပြုပေးမှာဖြစ်သလို ၂ဝ၁၄ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံကို သုံးစွဲခွင့်ပြုထားပါတယ်။ လောလောဆယ်မှာတော့ အာကာသမှနေပြီး ကမ္ဘာမြေ လေ့လာရေးအာကာသယာဉ်တွေ၊ အာကာသဒုံးပျံယာဉ်လွှတ်တင် မှုတွေ၊ နိုင်ငံတကာ အာကာသစခန်းယာဉ်သို့ စေလွှတ်မယ့် ခရီးစဉ်တွေ၊ အင်္ဂါဂြိုဟ်နဲ့လကို လေ့လာရေးစေလွှတ်မယ့် အာကာသခရီးစဉ်တွေဆောင်ရွက်နေပြီး ရုရှားနိုင်ငံရဲ့ အာကာသ ရေးရာလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ (ရိုက်တာ) 

**တိုး** 

-ရုရှားအာကာသ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ -

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)